တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို တင်းကျပ်လာလျက်ရှိချိန်တွင် ဖိုဆန်ကုမ္ပဏီက သြစတေးလျရှိ ရုံးခန်းတာဝါကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းထုတ်

တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို တင်းကျပ်လာလျက်ရှိချိန်တွင် ဖိုဆန်ကုမ္ပဏီက သြစတေးလျရှိ ရုံးခန်းတာဝါကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
21 Dec 2017 11:54 am တွင် တင်ခဲ့သည်
4023 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း သွင်းအားစုများ ပြည်ပသို့ စီးထွက်ခြင်းတားဆီးရန်အတွက် တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို တင်းကျပ်လာလျက်ရှိရာ ပြည်မကြီးအခြေစိုက် ဖိုဆန်ကုမ္ပဏီက သြစတေးလျနိုင်ငံ၊ ဆစ်ဒနီရှိ ရုံးခန်းတာဝါတစ်ခုကို သြစတေးလျဒေါ်လာ သန်း ၁၅၀ (ကန်ဒေါ်လာ ၁၁၅ သန်း) ဖြင့် ရောင်းထုတ်လိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဖိုဆန်ကုမ္ပဏီက အဆိုပါတာဝါကို ၂၀၁၅ ခုနှစ်အတွင်း ဝယ်ယူထားခဲ့ခြင်းဖြစ်ပြီး ဝယ်ယူခဲ့စဉ်က သြစတေးလျဒေါ်လာ ၁၁၆ ဒသမ ၅ သန်းပေးခဲ့ရသည်။
ဖိုဆန်ကမူ ယခုအရောင်းအဝယ်မှာ သာမန်အိမ်ခြံမြေအရောင်းအဝယ်လှုပ်ရှားမှုတစ်ခုသာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

ဖိုဆန်သည် ပြီးခဲ့သောလအတွင်းကလည်း လန်ဒန်ရှိ တာဝါတစ်ခုကို ပေါင် ၁၀၅ သန်း ( ကန်ဒေါ်လာ သန်း ၁၄၀) ဖြင့် ရောင်းထုတ်ခဲ့ပြီးဖြစ်သည်။
တရုတ်အစိုးရသည် ပြည်တွင်းကုမ္ပဏီကြီးများဖြစ်သော ဖိုဆန်၊ အန်ဘန်နှင့် ဒါလျန်း ဝမ်းဒါး၊ အိပ်ခ်ျအန်အေ ဂရုပ်တို့၏ အိမ်ခြံမြေဝယ်ယူမှုများကို အဓိကတင်းကြပ်ခဲ့သည်။

ပြည်တွင်းသွင်းအားစုများ ပြည်ပသို့ စီးထွက်ခြင်းအား တင်းကြပ်ခဲ့ရာတွင် အဓိကအားဖြင့် အိမ်ခြံမြေ၊ ဟိုတယ်၊ ဖျော်ဖြေရေးနှင့် အားကစားကဏ္ဍများတွင် ပြည်ပ၌ ရင်းနှီးမြှုပ်နှံခြင်းများကို တင်းကြပ်ခဲ့ခြင်း ဖြစ်သည်။

“ ဖိုဆန်ဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အစိုးရရဲ့ လမ်းညွှန်ချက်၊ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ဖိုဆန်သည် ၂၀၁၅ ခုနှစ်အတွင်း ဆစ်ဒနီမြို့၊ မေလာလမ်း၊ အမှတ် ၇၃ ရှိ အဆောက်အအုံကို ဝယ်ယူကာ ဆစ်ဒနီ၏ အိမ်ခြံမြေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို တင်းကျပ်လာလျက်ရှိချိန်တွင် ဖိုဆန်ကုမ္ပဏီက သြစတေးလျရှိ ရုံးခန်းတာဝါကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို တင်းကျပ်လာလျက်ရှိချိန်တွင် ဖိုဆန်ကုမ္ပဏီက သြစတေးလျရှိ ရုံးခန်းတာဝါကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com
တရုတ်အစိုးရက ပြည်ပအိမ်ခြံမြေဝယ်ယူမှုများကို တင်းကျပ်လာလျက်ရှိချိန်တွင် ဖိုဆန်ကုမ္ပဏီက သြစတေးလျရှိ ရုံးခန်းတာဝါကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်ဖြင့် ရောင်းထုတ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ

စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr

အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service