မြန်မာ့ခရီးသွားလုပ်ငန်းဘဏ်ကို ကျပ်ဘီလီယံ ၂၀ မတည်ရင်းနှီးကာ ၂၀၁၈ နှစ် လယ်တွင် လုပ်ငန်းစတင်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန် မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ ချုပ်ဥက္ကဋ္ဌဦးရန်ဝင်းက ပြော ကြားသည်။
မြန်မာ့ခရီးသွား လုပ်ငန်းဘဏ်သည် အသေးစားနှင့် အလတ်စားခရီးသွားလုပ်ငန်းများ အား ငွေကြေးဆိုင်ရာဝန်ဆောင် မှုပေးမည်ဖြစ်ပြီး ရန်ကုန်၊ မန္တ လေးနှင့် နေပြည်တော်တို့တွင် ဘဏ်ခွဲသုံးခုစတင်ဖွင့်လှစ်ကာ လည်ပတ်မည်ဟု ၎င်းကဆိုသည်။
‘‘ကွန်ပျူတာစနစ်တွေ တပ်ဆင်တာနဲ့ ဘဏ်ခွဲတွေပြင်တာ တွေအတွက် အနည်းဆုံးငါးလ၊ ခြောက်လလောက်တော့ ပြင်ရဦး မယ်။ အဲဒါပြီးတာနဲ့ ၀န်ဆောင်မှု တွေစပေးသွားမှာဖြစ်ပါတယ်။ ဟိုတယ်နဲ့ခရီးသွားကဏ္ဍက လူ တွေ၊ SMEs တွေကို များများ ထောက်ပံ့ပေးနိုင်အောင် လုပ်ရ မှာဖြစ်ပါတယ်’’ ဟု ဦးရန်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်းအဖွဲ့ချုပ်မှ ခရီးသွားလုပ်ငန်း ရှင်များ စုပေါင်း၍မြန်မာ့ခရီးသွား လုပ်ငန်းဘဏ်အများပိုင်ကုမ္ပဏီ ကိုတည်ထောင်ကာ ဘဏ်လုပ် ငန်းအနေဖြင့် ၀န်ဆောင်မှုပေးနိုင် ရန် ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁ ရက်က ဘဏ်တည်ထောင်ရန် တရားဝင်ခွင့်ပြုချက်ရရှိခဲ့သည်။
ဗဟိုဘဏ်၏ သတ်မှတ်ချက် အရ ကျပ်ဘီလီယံ ၂၀ မတည်ကာ လုပ်ငန်း စတင်လည်ပတ်မည်ဟု ဦးရန်ဝင်းက ပြောသည်။
‘‘ဟိုတယ်နဲ့ခရီးသွားကဏ္ဍ က ငွေကြေးထိုက်သင့်သလောက် အကူအညီရအောင် အကုန်လုံး လုပ်ပေးသွားမယ်။ ဘဏ်တွေရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေဖြစ်တဲ့ ငွေ အပ်လက်ခံတာ၊ ငွေချေးတာတွေ လုပ်သွားမယ့်အပြင် အသေးစားနဲ့ အလတ်စားခရီးသွားလုပ်ငန်းတွေ အတွက် သီးခြားငွေထုတ်ချေးပေး တာ၊ ငွေကြေးဆိုင်ရာဝန်ဆောင်မှုတွေ ပေးတာမျိုးလည်း လုပ်သွား ဖို့ရှိပါတယ်’’ ဟု ၎င်းက ပြော သည်။ ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာန၏ စာရင်းများအ ရ နိုင်ငံတစ်ဝန်းတွင် လိုင်စင်ထုတ် ပေးထားသည့် ခရီးသွားလုပ်ငန်း ၂,၆၈၇ ခုရှိပြီး နိုင်ငံခြားသား ကုမ္ပဏီတစ်ခု၊ နိုင်ငံသားနှင့် နိုင်ငံ ခြားသားဖက်စပ်ကုမ္ပဏီ ၄၁ ခုနှင့် နိုင်ငံသားပိုင်ကုမ္ပဏီ ၂,၆၄၅ ခုရှိ ကာ အများစုသည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်သည်။
Credit: 7Daydaily