မြန်မာဘဏ်ကတ်များဖြင့် အာရှနိုင်ငံများသို့ ငွေချေနိုင်တော့မည်

မြန်မာဘဏ်ကတ်များဖြင့် အာရှနိုင်ငံများသို့ ငွေချေနိုင်တော့မည် - Property News in Myanmar from iMyanmarHouse.com
21 Dec 2017 10:26 am တွင် တင်ခဲ့သည်
4747 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံက ကတ်များဖြင့် အာရှနိုင်ငံများသို့ ငွေပေးချေနိုင်တော့မည့် အခွင့်အရေးတစ်ရပ် ရရှိလာတော့မည် ဖြစ်ကြောင်း မြန်မာပေးမန့် ယူနီယံ (အမ်ပီယူ) ကုမ္ပဏီထံမှ သိရသည်။

ကတ်အသုံးပြုငွေကြေးဝန်ဆောင်မှု နယ်ပယ်တွင် မြန်မာနိုင်ငံသည် အာရှငွေပေးချေမှုဆိုင်ရာကွန်ရက် (Asia Payment Network – APN) ၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာတော့မည်ဟု အမ်ပီယူကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်ဦးဇော်လင်းထွဋ်က ပြောကြားပြီး ထိုသို့ အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက အထက်ပါကဲ့သို့ အာရှနိုင်ငံများသို့ ငွေချေနိုင်တော့မည်ဖြစ်သည်။

အမ်ပီယူသည် အေပီအင်န်အဖွဲ့ဝင်နိုင်ငံဖြစ်လာရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံထားပြီးဖြစ်ရာ အဖွဲ့ဝင်အဖြစ် ကြေညာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရလျက်ရှိသည်ဟု ၎င်းက ပြောသည်။

အမ်ပီယူကုမ္ပဏီသည် ၎င်းတို့၏ နှစ်နှစ်မြောက် ကုမ္ပဏီနှစ်ပတ်လည် အစည်းအဝေးကို ဒီဇင်ဘာ ၁၇ ရက်က ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်တွင် ကျင်းပခဲ့ရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး လာမည့်နှစ်တွင် အဖွဲ့ဝင်ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။

'' အကျိုးကျေးဇူးကတော့ အဖွဲ့ဝင်ဖြစ်သွားရင် ကိုယ့်နိုင်ငံကလည်း အာရှနိုင်ငံတွေကြား နိုင်ငံဖြတ်ကျော် (ကူးသန်းရောင်းဝယ်ဖောက်ကားမှု) လုပ်တဲ့အခါမှာ အဖွဲ့ဝင်နိုင်ငံအဖြစ်နဲ့ ငွေပေးငွေချေလုပ်နိုင်တဲ့ အခွင့်အရေးကိုရနိုင်မှာဖြစ်ပါတယ်''ဟု အမ်ပီယူကုမ္ပဏီ တည်ထောင်သူနှင့် ကုမ္ပဏီ၏ သီးခြားလွတ်လပ်သည့် ဒါရိုက်တာလည်းဖြစ်သူ ဦးမြသန်းက ပြောသည်။

အေပီအင်န်အဖွဲ့ဝင်ဖြစ်ရေးသည် နိုင်ငံတစ်ခုချင်းစီအလိုက် အမျိုးသားအဆင့် ငွေပေးချေသည့်စနစ်တစ်ခု တည်ထောင်ထားရန်လိုအပ်ပြီး လက်ရှိတွင် မြန်မာပြည်၌ အမ်ပီယူကို ပုဂ္ဂလိကဘဏ်များ အားလုံးချိတ်ဆက်တည်ထောင်ထားပြီးဖြစ်ရာ ၎င်းကိုပင် အမျိုးသားအဆင့် ငွေပေးချေမှုစနစ် National Payment Switch အဖြစ် ဆက်လက်ထားရှိ၍ ဆောင်ရွက်သွားမည်ဟု ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းသန်းဆွေက ပြောသည်။

''ထိုင်းနိုင်ငံမှာဆိုရင် ပြည်တွင်းဘဏ်တွေက National Payment Switch ကိုတည်ထောင်ဖို့ နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားတယ်။ ဒါကတော့ အေပီအင်န်ကွန်ရက်ထဲကို ဝင်ချင်လို့ဖြစ်ပါတယ်။ အခုကျမှ ထိုင်းကစပြီး လုပ်နေတယ်။ ကျွန်တော်တို့ကတောင် လက်ဦးမှုရနေတယ်လို့ ပြောလို့ရတယ်။ ဒါကြောင့် ရှိပြီးသားကို ဆက်ပြီးကြီးထွားအောင်လုပ်ဖို့လိုပါတယ်''ဟု ဦးမြသန်းက ဆိုသည်။

ထိုနည်းတူ လာမည့်နှစ်ဆန်းမှ စတင်ကာ အမ်ပီယူကတ်အား ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ဦးဇော်လင်းထွဋ်က ပြောသည်။

ဝန်ဆောင်မှုကို အဆင့်မြှင့်တင်ပြီးလျှင် အမ်ပီယူကတ်များသည် လက်ရှိဝန်ဆောင်မှုများအပြင် အေတီအမ်စက်များမှတစ်ဆင့် ကတ်အချင်းချင်း ငွေလွှဲပြောင်းပေးခြင်း၊ အမ်ပီယူကတ်မှ ဘဏ်စာရင်းများထံသို့ ငွေလွှဲပေးခြင်းနှင့် ဘဏ်စာရင်းအချင်းချင်း ငွေလွှဲခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ၎င်းက ပြောသည်။

လက်ရှိတွင် အမ်ပီယူကတ်များသည် အေတီအမ်စက်များတွင် ငွေထုတ်ယူခြင်းနှင့် ဈေးဆိုင်၊ စားသောက်ဆိုင်နှင့် ဈေးဝယ်စင်တာများရှိ ငွေပေးချေစက် ပီအိုအက်စ်များတွင် ငွေပေးချေခြင်း နှစ်မျိုးကိုသာ လုပ်ကိုင်နိုင်သည်။

လက်ရှိအသုံးပြုနေသော တရုတ် ကုမ္ပဏီ၏ နည်းပညာနေရာတွင်လည်း အမေရိကန်ကုမ္ပဏီတစ်ခု၏ နည်းပညာနှင့် အစားထိုးသွားမည်ဖြစ်ပြီး လတ်တလောတွင်မူ နည်းပညာနှင့် အခြေခံအဆောက်အအုံများကို ပြောင်းလဲလုပ်ကိုင်နေဆဲကာလဖြစ်သဖြင့် တရုတ်နည်းပညာနှင့် အခြေခံအဆောက်အအုံများကိုသာ ဆက်လက်သုံးစွဲနေရဆဲဟု အမ်ပီယူမှ တာဝန်ရှိသူများက ပြောသည်။

လက်ရှိတွင် အေတီအမ်စက်များတွင် ငွေထုတ်ရာတွင် အဆင်မပြေမှုများရှိတတ်သလို၊ ပီအိုအက်စ်ဖြင့် ဆိုင်များနှင့် ဈေးဝယ်စင်တာများတွင် ငွေချေရာ၌ အခက်အခဲများရှိနေဆဲဟု အမ်ပီယူကတ်ကိုင်ဆောင်သူများထံမှ သိရသည်။

အမ်ပီယူသည် ၂ဝ၁၁ ခုနှစ်က စတင်ကာ ပြည်တွင်းဘဏ် ၁၇ ဘဏ်နှင့် ဗဟိုဘဏ်တို့က ပူးပေါင်းတည်ထောင်ထားသည့် လုပ်ငန်းဖြစ်သည်။ ၂ဝ၁၅ ခုနှစ်တွင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့ပြီး အဖွဲ့ဝင်ဘဏ် ၂၃ ဘဏ်အထိ ရှိလာနေသည်။

ပြည်တွင်းဘဏ်များက ထုတ်ဝေထားသည့် ငွေဖြည့်ကတ်များအနက် အမ်ပီယူအမှတ်တံဆိပ်ဖြင့် ကြိုတင်ငွေဖြည့်ကတ် (MPU Prepid Card) လေးသန်းကျော်နှင့် ငွေချေးကတ် (MPU Credit Card) ခုနစ်သောင်းကျော်ကို ထုတ်ဝေထားသည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။
မြေငှားဂရန်သက်တိုးခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဖော်ပြပေးလိုက်ပါတယ်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service