ကွန်ဒိုနည်းဥပဒေတွင် နိုင်ငံခြားသားကို တည်ထောင်သူအဖြစ် ခွင့်ပြု

ကွန်ဒိုနည်းဥပဒေတွင် နိုင်ငံခြားသားကို တည်ထောင်သူအဖြစ် ခွင့်ပြု - Property News in Myanmar from iMyanmarHouse.com
21 Dec 2017 10:00 am တွင် တင်ခဲ့သည်
3979 ကြိမ် ကြည့်ရှု့ပြီး
အစိုးရသည် နှေးကွေး အေးစက်နေသော ဆောက်လုပ်ရေးဈေးကွက်ကို ပြန်လည်လှုပ်ရှားလာစေရေးအတွက် စုပေါင်းပိုင်အဆောက်အအုံဟုခေါ်သော ကွန်ဒိုမီနီယံ အဆောက်အအုံများအတွက် ပြဠာန်းလိုက်သည့်နည်းဥပဒေတွင် နိုင်ငံခြားသားများကို ဆောက်လုပ် တည်ထောင်သူ (Developer) အဖြစ် ဆောင်ရွက်ခွင့်ပေးထားကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါနည်းဥပဒေကို ယခုလ ၇ ရက်ကအစိုးရက လက်မှတ်ရေးထိုး အတည်ပြုထားပြီး မကြာမီဖြန့်ဝေသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သော ယင်းနည်းဥပဒေသစ် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

အစိုးရသည် နှေးကွေး အေးစက်နေသော ဆောက်လုပ်ရေးဈေးကွက်ကို ပြန်လည်လှုပ်ရှားလာစေရေးအတွက် စုပေါင်းပိုင်အဆောက်အအုံဟုခေါ်သော ကွန်ဒိုမီနီယံ အဆောက်အအုံများအတွက် ပြဠာန်းလိုက်သည့်နည်းဥပဒေတွင် နိုင်ငံခြားသားများကို ဆောက်လုပ် တည်ထောင်သူ (Developer) အဖြစ် ဆောင်ရွက်ခွင့်ပေးထားကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါနည်းဥပဒေကို ယခုလ ၇ ရက်ကအစိုးရက လက်မှတ်ရေးထိုး အတည်ပြုထားပြီး မကြာမီဖြန့်ဝေသွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ဒီဇင်ဘာ ၁၄ ရက်ကပြုလုပ်ခဲ့သော ယင်းနည်းဥပဒေသစ် မိတ်ဆက်ပွဲတွင် ပြောကြားခဲ့သည်။

ကွန်ဒိုမီနီယံဥပဒေသည် အိမ်ခြံမြေဈေးကွက် ပြန်လည်အသက်ဝင်လှုပ်ရှားလာစေရန် တွန်းအားဖြစ်စေနိုင်သဖြင့် ဆောက်လုပ်ရေးလုပ်ငန်းအသိုင်းအဝိုင်းက စောင့်မျှော်နေခဲ့ကြပြီး ခန့်မှန်းသည်ထက် နောက်ကျပြီးမှ ပြဠာန်းနိုင်ခဲ့သည်။ ဥပဒေပြဠာန်းပြီးနောက်တွင်လည်း နည်းဥပဒေကို ထပ်မံစောင့်ဆိုင်းနေခဲ့ရရာ ယခုအခါတွင် နည်းဥပဒေလည်းပြဠာန်းလိုက်ပြီဖြစ်ပြီး အထက်ပါအချက်ကို ထည့်သွင်းထားခြင်းဖြစ်သည်။

နိုင်ငံခြားသားများကို ကွန်ဒိုမီနီယံ ဆောက်လုပ်ခွင့် တည်ထောင်ခွင့် ပေးသော်လည်း မြေပိုင်ဆိုင်ခွင့်ပေးထားခြင်း မဟုတ်ကြောင်း ဒေါ်မိုးသီတာက ပြောသည်။ '' Developer အဖြစ် ရပ်တည်လို့ရပေမဲ့ မြေကို တရားဝင်ပိုင်ဆိုင်တဲ့ နိုင်ငံသားနဲ့ သူကတွဲပြီး အလုပ်လုပ်ရမှာဖြစ်ပါတယ်''ဟု သူကဆိုသည်။

ထို့ကြောင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူအနေဖြင့် တည်ထောင်သူဖြစ်နိုင်သော်လည်း မြေပိုင်ရှင် မဖြစ်နိုင်သလို ထိုသို့ ဆောက်လုပ်သူ၊ သို့မဟုတ် တည်ထောင်သူအဖြစ် ဆောင်ရွက်လိုပါက မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်လိုသည်။

နည်းဥပဒေတွင် ဆောက်လုပ်သူများသည် ငွေကြေးအရင်းအနှီး စောစီးစွာ ရရှိနိုင်ရန် အုတ်မြစ်ချလုပ်ငန်း Foundation ၃ဝ ရာခိုင်နှုန်းပြီးသည်နှင့် အခန်းများကို ကြိုတင်ရောင်းချခွင့်ပြုထားသည်။

နိုင်ငံခြားသားများ အိပ်ခန်းဝယ်ယူခွင့် တွင်မူ ပြဠာန်းပြီးဖြစ်သော ဥပဒေပါအချက်နှင့် အနည်းငယ် ကွာခြားမှုရှိသည်။ ဥပဒေတွင် 'အဆောက်အအုံ၏ ၄ဝ ရာခိုင်နှုန်းထက်မပိုသော အိမ်ခန်းများကို နိုင်ငံခြားသားများအား ရောင်းချနိုင်ခွင့်ရှိသည်'ဟု ပြဠာန်းထားသော်ငြား ထိုဥပဒေကို အခြေပြု၍ ပြဠာန်းသောနည်းဥပဒေတွင်မူ 'အဆောက်အအုံ၏ရောင်းချ၍ရသော စုစုပေါင်း ကြမ်းခင်းဧရိယာ၏ ၄ဝ ရာခိုင်နှုန်းထက် မပိုစေရ'ဟု ပြဠာန်းထားသည်ကို တွေ့ရသည်။

ထိုသို့ အနည်းငယ်ပြင်ဆင်ထားခြင်းသည် ပိုပြီးမျှတမှုရှိစေရန်ဖြစ်ကြောင်း ဒေါ်မိုးသီတာက ပြောသည်။ ''အဆောက်အအုံဧရိယာတစ်ခုလုံးမှာ တစ်သောင်း စတုရန်းမီတာရှိတယ်ဆိုရင် လေးထောင် စတုရန်းမီတာကို ထုတ်ရောင်းလို့ ရပါတယ်။ လေးထောင်စတုရန်းမီတာဟာ အိပ်ခန်းပေါင်း ခြောက်ရာလည်း ဖြစ်နိုင်တယ်၊ ခြောက်ဆယ်လည်းဖြစ်နိုင်တယ်။ ပိုပြီးမျှတအောင် ပေးထားတာ ဖြစ်ပါတယ်''ဟု ၄င်းက တုံ့ပြန်သည်။

ထို့ပြင် အိမ်ခန်းဝယ်ခွင့်ရှိသည့် နိုင်ငံခြားသားဟုဆိုရာတွင် နိုင်ငံတွင်းရှိ နိုင်ငံခြားသားများရော ပြည်ပရှိ နိုင်ငံခြားသားများပါ အကျုံးဝင်နိုင်စေရန်အတွက် 'မည်သည့် နိုင်ငံ ခြားသားမဆို'ဟု ပြဠာန်းထားသည်။

နိုင်ငံခြားသားများကို အိမ်ခန်းများငှားရမ်းခြင်း၊ ပေါင်းနှံခြင်းကိုမူ မူလဥပဒေတွင်ကန့်သတ်မထားသကဲ့သို့ နည်းဥပဒေတွင်လည်း ပြင်ဆင်ထားခြင်းမရှိပေ။ ''ငှားရမ်းတာကိုတော့ မကန့်သတ်ပါဘူး''ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောသည်။

စုပေါင်းပိုင်အဆောက်အအုံ သတ်မှတ်ရန် အနည်းဆုံးဧရိယာ ဧကဝက်ရှိရန်နှင့် အနည်းဆုံး ခြောက်ထပ်ရှိသော အဆောက်အအုံများလျှောက်ထားနိုင်ပြီး လက်ရှိတွင် ရွှေတောင် ဒီပလော့မင့်ကုမ္ပဏီက စတင်၍ကမ်းလှမ်းထားကြောင်းလည်း သိရသည်။

ကွန်ဒိုမီနီယံဥပဒေကို ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း သုံးနှစ်ခန့် အချိန်ယူဆောင်ရွက်ခဲ့ပြီးနောက် လွှတ်တော်သက်တမ်း၏ နောက်ဆုံးကာလရောက်မှ အတည်ပြုနိုင်ကာ ၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်တွင် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ယခုနည်းဥပဒေကိုလည်း နှစ်နှစ်နီးပါးကြာမှ ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

Credit: The Myanmar Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
စပိန်တွင် မိဘ ၂ ဦးက ကလေး ၃ ဦးကို COVID-19 ကူးစက်မည်စိုးရိမ်သောကြောင့် ကျောင်းမတက်ခိုင်းဘဲ အိမ်ထဲတွင် ၄ နှစ်ကျော် ပိတ်လှေ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service