ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး အစိုးရထံမှ တင်ဒါ အောင်သည့်ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ဆောက်လုပ်ရေး၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်(CHIB)က ချေးငွေများ စတင် ထုတ်ပေးမည်ဟု ဘဏ်အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်း ဇော်က ပြောကြားသည်။
လက်ရှိတွင် တင်ဒါအောင် ထားသည့် ဆောက်လုပ်ရေးကုမ္ပ ဏီလေးခုသို့ အတိုး ၁၃ ရာခိုင်နှုန်းဖြင့် ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။ ကုမ္ပဏီနှစ်ခုကို ချေးငွေ ထုတ်ပေးပြီးဖြစ်ကာ ကျန်နှစ်ခုကို ယခုလအတွင်း ပေးအပ်မည်ဟု အထွေထွေမန်နေဂျာ ဦးကျော်စိုး က ပြောသည်။
‘‘နိုင်ငံတော် ဘဏ္ဍာငွေနဲ့ လုပ်တဲ့ ထူထောင်ရေးလုပ်ငန်း တွေမှာ အဆင်ပြေအောင် ဘဏ် က လုပ်ပေးတာပါ။ ဌာနတွေက ဆောက်လုပ်ရေးကုမ္ပဏီတွေကို တည်ဆောက်ရေးပြီးစီးမှုရာခိုင် နှုန်းအလိုက် ငွေချေတာပါ။ ဥပမာတည်ဆောက်ရေးလုပ်ငန်း ၂၅ ရာခိုင်နှုန်းပြီးတိုင်း ငွေတစ်ခါချေ တာမျိုးပါ။ စာချုပ်တစ်ခုနဲ့ တစ်ခု အလိုက် ရာခိုင်နှုန်းသတ်မှတ်တာ တော့ မတူဘူးပေါ့။ များသောအားဖြင့် ကုမ္ပဏီတွေက ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုံး ကုန်ကျစ ရိတ်ရဲ့ ၁၅ ရာခိုင်နှုန်းလောက်ပဲ တတ်နိုင်ကြတယ်’’ဟု ဦးဝင်းဇော် က ပြောသည်။
တည်ဆောက်မှုကုန်ကျစ ရိတ်စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ ချေးငွေထုတ် မည်ဖြစ်ပြီး ငွေပမာဏကို သတ်မှတ်ထားခြင်း မရှိဟု ဆိုသည်။
တင်ဒါအောင်သည့်ဆောက် လုပ်ရေးကုမ္ပဏီများ ချေးငွေရယူ လိုပါက သက်ဆိုင်ရာ ဆောက် လုပ်ရေးလုပ်ငန်းရာခိုင်နှုန်း မည် မျှပြီးစီးကြောင်း ဆိုင်ရာအစိုးရ ဌာန၏ထောက်ခံချက်လိုအပ်မည် ဖြစ်သည်။ ယင်းနောက် တည် ဆောက်မှုလုပ်ငန်း ရာခိုင်နှုန်းအ လိုက် ပြီးစီး၍ အစိုးရက ငွေပေး ချေမည့်အချိန်တွင် ငွေကို CHIB ဘဏ်မှတစ်ဆင့် လွှဲရမည်ဖြစ်ပြီး ယင်းငွေမှ ချေးငွေနှင့် ကျသင့် သည့် အတိုးငွေကို ဘဏ်ကနုတ် ယူကာ ပိုသည့်ငွေကို ဆောက်လုပ်ရေး ကုမ္ပဏီအား ပေးမည်ဖြစ် ကြောင်း ဦးဝင်းဇော်က ဆိုသည်။
‘‘ပြည်ထောင်စုဝန်ကြီးဌာန များနဲ့ ပြည်နယ်အစိုးရအဖွဲ့များရဲ့ အခြေခံ အဆောက်အအုံ တည် ဆောက်ရေးတွေမှာ တင်ဒါအောင် မြင်ပြီး ငွေကြေးလည်ပတ်ဖို့ အ ခက်အခဲရှိတဲ့ ကုမ္ပဏီတွေကို လည်း ချေးငွေပေးဖို့ စီစဉ်ဆောင် ရွက်နေတာ ရှိပါတယ်’’ ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒီဇင်ဘာ ၉ ရက်တွင် ပြုလုပ်သည့် ဘဏ်နှစ်ပတ်လည် အစည်းအဝေး၌ ပြောကြားထားသည်။
နှစ်ပတ်လည်အစည်းအဝေးတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်(CHDB)အမည်အစား ဆောက်လုပ်ရေး၊ အိမ်ရာ နှင့် အခြေခံအဆောက်အအုံ ဖွံ့ ဖြိုးရေးဘဏ် (CHIB)ဟူ၍ ပြောင်းလဲခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့သည်။
Credit: 7Daydaily