မော်ဂျူလာအိမ် ဆောက်နေမလား

မော်ဂျူလာအိမ် ဆောက်နေမလား - Property News in Myanmar from iMyanmarHouse.com
13 Dec 2017 11:43 am တွင် တင်ခဲ့သည်
3520 ကြိမ် ကြည့်ရှု့ပြီး
ဦးခင်မောင်သန်း တစ်ယောက် ရေမီးအစုံပါသည့် အဆောက်အအုံ တစ်ခုကို နာရီပိုင်းအတွင်း တည် ဆောက်နိုင်သော၊ ဖြုတ်၍ တပ်၍ ရပြီး တစ်နေရာမှ တစ်နေရာနာရီ ပိုင်းအတွင်း ရွှေ့ပြောင်းနိုင်သော အဆောက်အအုံငယ်လေးတွေကို သဘောအကျကြီးကျနေသည်။

ဦးခင်မောင်သန်း မန်နေဂျာ အဖြစ် တာဝန်ယူသော မင်္ဂလာဒုံ မြို့နယ်ရှိ ငွေကျီးသာတည်းခိုခန်း တွင် ထိုအဆောက်အအုံလေးလုံး ကို လွန်ခဲ့သည့် တစ်နှစ်ကတည်း က အသုံးပြုခဲ့သည်။ သူတို့က ထို အဆောက်အအုံလေးများကို လေး ထောင့်အိမ်၊ ကွန်တိန်နာအိမ်ဟု အလွယ်ခေါ်လေ့ရှိကြသည်။ မော် ဂျူလာအိမ်များမှာ တပ်ဆင်ရန် လွယ်ကူသည့် အလူမီနီယံပေါင် များ၊ အပူကာဖော့ပြားပါ (Sand- wich Panel)နံရံများကို ဖြုတ်တပ် ရလွယ်ရန် အရှင်တပ်ဆင်နိုင် သည့် စံပုံစံများ ကြိုတင်တည် ဆောက်ထားခြင်းဖြစ်သည်။ ထို့ ပြင် သယ်ယူပို့ဆောင်ရာတွင် လည်း ခေါက်သိမ်းပြီး သယ်ယူနိုင် သဖြင့် အဆင်ပြေသည်။

အမှန်တွင် မော်ဂျူလာအိမ်၊ မော်ဂျူလာအဆောက်အအုံ စသ ဖြင့် ခေါ်ပြီး အသင့်တပ်ဆင်နိုင်၍ ရောင်းချသည့် လေးထောင့်အ ဆောက်အအုံများဖြစ်သည်။

‘‘သုံးတာ တစ်နှစ်ကြာပြီ။ လောလောဆယ်တော့ ချွတ်ယွင်း တာမျိုး မရှိသေးပါဘူး။ ဧည့်သည် တွေဆီက ကွန်ပလိန်းတက်တာ မျိုး မရှိသေးဘူး’’ဟု ငွေကျီးသာ တည်းခိုခန်းမန်နေဂျာ ဦးခင်မောင် သန်းက မော်ဂျူလာအိမ်များနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။

မော်ဂျူလာဟောက်စ်များ ကို အရွှေ့အပြောင်းအတွက် အ ဆင်ပြေပြီး နာရီပိုင်းအတွင်း အ လွယ်တကူတပ်ဆင်နိုင်သည်ဆို၍ ဝယ်ယူ အသုံးပြုကြည့်ခြင်းဖြစ် ကြောင်း ဦးခင်မောင်သန်းက ရှင်း ပြသည်။

‘‘အရွှေ့အပြောင်းဆို ထိခိုက် ပွန်းပဲ့ခံနိုင်တယ်။ တကယ်လို့ နောက်ထပ် အဆောက်အအုံတွေ လိုအပ်လာမယ်ဆိုရင်လည်း ဒီလို မျိုးဟာပဲ ဆက်သုံးဖို့ စဉ်းစားမှာ ပါ’’ဟု ဦးခင်မောင်သန်းက ဆို သည်။

နိုင်ငံတကာတွင် မော်ဂျူလာ အဆောက်အအုံများ အသုံးပြု တွင်ကျယ်နေပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ် ခန့်မှ အနည်းငယ်စတင်အသုံးပြု လာသည်။

လက်ရှိအချိန်ထိ မြန်မာ ပြည်သူများနှင့် မရင်းနှီးသေးခြင်း ကြောင့် ဈေးကွက်တွင်ကျယ်ခြင်း မရှိသေးသော်လည်း မကြာမီယင်း အဆောက်အအုံများကို ပြည်တွင်း တွင် အသုံးပြုမှုကျယ်ပြန့်လာမည် ဟု လုပ်ငန်းရှင်အချို့က ခန့်မှန်း နေသည်။

ပုံမှန်အားဖြင့် အကျယ် ၁၀ ပေ၊ အရှည် ပေ ၂၀ ရှိပြီး အမြင့် ၉ ပေခန့်ရှိသည့် မော်ဂျူလာအ ဆောက်အအုံတစ်လုံးကို နေရာချ တပ်ဆင်ပြီးစီးရန် သုံးနာရီခန့်သာ အချိန်လိုသည်။ အခန်းဖွဲ့စည်းပုံ ကို လိုအပ်သလိုလည်း ရွှေ့ပြောင်း တပ်ဆင်နိုင်သည်။ ယင်းအ ဆောက်အအုံ၏ အားသာချက်က အလွယ်တကူ ရွှေ့ပြောင်းနိုင်ခြင်း ဖြစ်သည်။

ယင်းအားသာချက်များ ကြောင့် ယာယီရုံးခန်း၊ ဆိုင်ခန်း၊ ယာယီစခန်းများ တည်ဆောက်လို သူများအတွက် အဆင်ပြေပြီး အ များဆုံးမှာယူကြောင်း Myanmar Modular Konstruction မှ ဒါရိုက် တာ ကိုအောင်ထွန်းဦးက ပြော ကြားသည်။

Construction ဟု စာလုံး ပေါင်းရမည်ဖြစ်သော်လည်း ၎င်း တို့ ကုမ္ပဏီခွဲဖြစ်သည့် မိုးမခ (MMK)၏ အတိုကောက်စာလုံး နှင့်တူစေရန် Myanmar Modular Konstruction ဟု K ဖြင့် အမည် ပေးထားခြင်း ဖြစ်​​သည်​ဟု ဆို သည်။

‘‘ရွှေ့ပြောင်းချင်တဲ့သူတွေ အတွက် အကောင်းအတိုင်းရွှေ့ ပြောင်းနိုင်တယ်။ ပြန်ဆောက်ချိန် ကလည်း သုံးနာရီပဲ ကြာတယ်။ အဲဒါကြောင့် ဆိုင်ခန်းတွေ၊ ယာယီ စခန်းတွေအတွက် သင့်တော် တယ်’’ဟု ၎င်းကပြောသည်။

၎င်းတို့လုပ်ငန်းက မော်ဂျူ လာအဆောက်အအုံများဆောက် လုပ်လာသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။ လုပ်ငန်းလုပ်ကိုင်စက ဈေးကွက်တွင် မိတ်ဆက်ရန် ခက် ခဲခဲ့သော်လည်း ယခုအခါမှာယူမှု မြင့်တက်လာကြောင်း ကိုအောင် ထွန်းဦးက ဆိုသည်။ ယခုနောက် ပိုင်းတွင် တစ်လလျှင် အလုံး ၂၀၊ ၃၀ ခန့် အမှာရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့မှ အများဆုံးဝယ် ယူကြပြီး နယ်ဒေသအချို့မှလည်း ဝယ်ယူလာကြောင်း ၎င်းက ဆို သည်။ စစ်ကိုင်းတိုင်း၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ် တို့သို့ ပို့ဆောင်ပေးရကြောင်း ကို အောင်ထွန်းက ဆိုသည်။

မော်ဂျူလာအိမ်လေးများ နည်းတူ ကွန်တိန်နာ (ကုန် သေတ္တာ)များကို နေအိမ်ကဲ့သို့ ပြန်ပြုပြင်တည်ဆောက်သည့် အ ဆောက်အအုံလေးများမှာလည်း ယခုလအနည်းငယ်အတွင်း ပေါ် ပေါက်လာသည်။ ပေ ၂၀ ကွန်တိန်နာအလုံးများကို တံခါးပေါက်များ ဖောက်ပြီး အခန်းဖွဲ့ကာ လေအေး ပေးစက်၊ လျှပ်စစ်မီး စသည်တို့ တပ်ဆင်၍ ပသာဒဆင်ခြင်းဖြစ် သည်။

‘‘ကွန်တိန်နာတွေကတော့ ပို အကြမ်းခံတယ်။ အထပ်များများ ပိုပြီး ဆင့်ထားလို့ရတယ်။ ရှစ်ထပ် လောက်ထိ ဆင့်လို့ရတယ်’’ဟု ကွန်တိန်နာအဆောက်အအုံများ တည်ဆောက်သည့် Demon မှ Chief Operation Officer ဦးသန်း ထိုက်စိုးက ပြောသည်။

လုပ်ငန်းစတင်လုပ်ကိုင် သည်မှာ ခြောက်လခန့်သာရှိသေး ပြီး ဈေးကွက်ရှာဖွေမှုကောင်းစွာ မလုပ်နိုင်သေးသော်လည်း အချင်း ချင်း ချိတ်ဆက်မိသည့်လုပ်ငန်းရှင် များက မှာယူသဖြင့် လုပ်ကိုင်ပေး နေရပြီဖြစ်ကြောင်း ကိုသန်းထိုက် စိုးက ပြောသည်။

ကွန်တိန်နာအဆောက်အအုံ များကို များသောအားဖြင့် ကုမ္ပဏီ ရုံးခန်းများ၊ စားသောက်ဆိုင်၊ စတိုး ဆိုင်နှင့် ဆောက်လုပ်ရေးဆိုင်များ တွင် အလုပ်သမားများ ယာယီနေ ထိုင်သည့် အခန်းများအဖြစ် အသုံးပြုသည်။

‘‘တခြားနိုင်ငံတွေမှာလည်း အဲဒီနေရာတွေပဲ အသုံးများတယ်။ စားသောက်ဆိုင်တွေဆိုရင် တချို့ တွေက ကွန်တိန်နာခန်းလေးတွေ ရဲ့ ဖီလင်ကိုမှ ယူချင်တာမျိုးရှိ တယ်’’ဟု ဦးသန်းထိုက်စိုးက ပြော ကြားသည်။

ကွန်တိန်နာနှင့် မော်ဂျူလာ အဆောက်အအုံများကို အခြား နိုင်ငံများတွင် သဘာဝဘေးကြုံပါ က အရေးပေါ်နေနိုင်သည့် စခန်း များအဖြစ် အမြန်တည်ဆောက်ရန် အဆင်ပြေသည့်အတွက် အသုံးပြု တတ်သေးကြောင်း ၎င်းက ရှင်း ပြသည်။ ငလျင်များ၊ ရေကြီးခြင်း များနှင့် နှစ်စဉ်ကြုံတွေ့ရတတ် သည့် ဂျပန်နိုင်ငံတွင် ယင်းအ ဆောက်အအုံအလုံးရေအမြောက် အမြားကို ဂျပန်အစိုးရက ထောက် ပံ့ပေးရတတ်သည်။

မြန်မာနိုင်ငံတွင်လည်း အစိုး ရဝန်ကြီးဌာနများက ဒုက္ခသည် စခန်းများအတွက် မော်ဂျူလာအ ဆောက်အအုံများကို စတင်အသုံး ပြုလာသည်။ ပြီးခဲ့သည့် စက်တင် ဘာ ၁၈ ရက်တွင် ဆောက်လုပ် ရေးဝန်ကြီးဌာနက စစ်တွေနှင့် ကျောက်တော်မြို့မှ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူများအတွက် မော် ဂျူလာအိမ် ၁၀ လုံးကို ရခိုင်ပြည် နယ်အစိုးရအဖွဲ့သို့ လွှဲပြောင်းပေး အပ်ခဲ့သည်။

မတ်လအတွင်းက ရန်ကုန် တိုင်း တိုက်ကြီးမြို့နယ်တွင် လှုပ် ခတ်ခဲ့သည့် ငလျင်ကြောင့် နေအိမ်ပျက်စီးသူများ ယာယီနေထိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က မော်ဂျူလာများ စီစဉ်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြ ထားသည်။

မော်ဂျူလာများ၊ ကွန်တိန်နာ အိမ်များကို အဆောက်အအုံအ ဖြစ် တည်ဆောက်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ တိတိကျကျ သတ် မှတ်ပြဋ္ဌာန်းထားသည့် အချက်များ မရှိသေးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အ အုံ) ဒုတိယဌာနမှူး ဦးနေဝင်းက ပြောသည်။ သို့သော် တည် ဆောက်ခွင့်တင်ပြလာလျှင် စိစစ် ခွင့်ပြုပေးနေကြောင်း ၎င်းက ပြော သည်။

‘‘အဲဒီအဆောက်အအုံလေး တွေနဲ့ ဟိုတယ်လုပ်မယ်ဆိုပြီး ဆောက်လုပ်ခွင့်တင်ဖို့ လာစုံစမ်း တာလည်း ရှိပါတယ်။ တကယ် တင်တာတော့ စားသောက်ဆိုင် နှစ်ဆိုင်၊ သုံးဆိုင်တော့ရှိတယ်။ ကျွန်တော်တို့ စိစစ်ခွင့်ပြုထားတာ ရှိပါတယ်ဗျ’’ဟု ဦးနေဝင်းက ပြော သည်။

ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်တွင် ကွန်တိန်နာအခန်း များဖြင့် ဖွဲ့စည်းထားသည့် The First Container Bar သည် ကွန်တိန်နာ ပြုပြင်တည်ဆောက်သည့် အဆောက်အအုံများကြားတွင် နာ မည်ကျော်သည်။

‘‘ကွန်တိန်နာက ဘားစတိုင် နဲ့ တော်တော်အဆင်ပြေတယ်။ နိုင်ငံခြားသားတွေလည်း ကြိုက် တယ်’’ဟု The First Container Bar မန်နေဂျာ ကိုလင်းသူက ပြော သည်။

ငွေကျီးသာတည်းခိုခန်း မန်နေဂျာ ဦးခင်မောင်သန်းကလည်း မော်ဂျူလာအိမ်များ အသုံးပြုရ သည်မှာ အဆင်ပြေသည်ဟုဆို သည်။

‘‘ဧည့်သည်တွေက သီးသန့် နေရတာကို ကြိုက်တယ်။ ကျွန် တော်တို့က ဟိုနေရာတစ်လုံး၊ ဒီ နေရာတစ်လုံး ချထားပေးတာဆို တော့ သီးသီးသန့်သန့်လေး၊ ဘန်ဂလိုလေးတွေလို ဖြစ်နေတာပေါ့’’ ဟု ဦးခင်မောင်သန်းက ပြော သည်။

မော်ဂျူလာအိမ်လေးလုံးကို တည်းခိုခန်းအဖြစ် အသုံးပြုနေ သည်မှာ တစ်နှစ်ကျော်ကြာပြီဖြစ် ကြောင်း ၎င်းကဆိုသည်။

သို့သော် အဆိုပါအိမ်လေး များတွင် အားနည်းချက်များလည်း ရှိပါသည်။ ၁၀ ပေ၊ ပေ ၂၀ တစ် လုံးလျှင် ကုန်ကျစရိတ် အနည်းဆုံး ကျပ် ၇၅ သိန်းခန့် ရှိသည်။ ထို့ပြင် ခိုင်ခံ့မှု၊ ရာသီဥတုဒဏ်ခံနိုင်မှုက သာမန်အိမ်များထက် အားနည်း သည်။

‘‘နွေဘက်ဆိုရင် ပူတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ညနေဘက် မှ ဖွင့်တာဆိုတော့ အဲဒီကိစ္စက သိပ်ပြဿနာမရှိဘူး’’ဟု ကိုလင်း သူက ပြောသည်။

အဆိုပါ အဆောက်အအုံ လေးများအကြောင်း လူမှုကွန်ရက် စာမျက်နှာများတွင် ပျံ့နှံ့လာရာ လူအများ စိတ်ဝင်စားခဲ့သည်။ အ များစု လက်လှမ်းမီ အသုံးပြုနိုင်ရန် မျှော်လင့်ကြသူများ ရှိနေသော် လည်း တစ်လုံးလျှင် ကျပ် ၇၅ သိန်း ဆိုသည့် အတိုင်းအတာသည် သာမန်လူအများအတွက် လက် လှမ်းမမီနိုင်သေးပေ။

အဆိုပါအိမ်များသည် ရေတိုကာလတွင်သာ နေထိုင်နိုင်ပြီး ရေ ရှည်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် အ ချို့က ပြောသည်။ ရွှေ့ ပြောင်းရန် လွယ်ကူသော်လည်း သဘာဝဘေး ကြုံသောဒေသများ၌ ယာယီနေ ထိုင်ရန် အဆင်ပြေသောကြောင့် တိုက်ခန်းဈေးကွက်ကိုမူ အကျိုး သက်ရောက်မှု မရှိနိုင်ကြောင်း Three Friends ဆောက်လုပ်ရေး ကုမ္ပဏီမှ ဒါရိုက်တာဦးကိုကိုလေး နှင့် မြန်မာနိုင်ငံ လိုင်စင်ရကန်ထ ရိုက်တာအသင်း အထွေထွေအ တွင်းရေးမှူး ဦးလားဇာတို့က သုံး သပ်သည်။

အခြားနိုင်ငံများတွင် ကုန်ကျစရိတ်နည်းသည့် အိမ်ရာများအ ဖြစ် တည်ဆောက်ကြသဖြင့် လူနေအိမ်များအဖြစ် နေထိုင်နိုင် ကြောင်း အင်တာနက်သတင်းများတွင် တွေ့ရသည်။

ကုမ္ပဏီတစ်ခုကလည်း မော်ဂျူလာအဆောက်အအုံလေးများ ဖြင့် တန်ဖိုးနည်းအိမ်ရာ တည် ဆောက်ရန် စိတ်ဝင်စား၍ လာ ရောက် ဆွေးနွေးခဲ့ဖူးကြောင်း ဦးနေဝင်းကပြောသည်။

‘‘တန်ဖိုးနည်းအိမ်ရာကို ဒီ ကွန်တိန်နာတွေနဲ့လုပ်ပေးမယ်ဆို ပြီး လာပြောတဲ့ ကုမ္ပဏီတစ်ခု လည်းရှိတယ်ဗျ။ ပြည့်ပြည့်စုံစုံ လုပ်ပေးတယ် ဆိုရင်တော့လည်း ကျွန်တော်တို့ ပေးလို့ရပါတယ်။ နိုင်ငံခြားက လာတဲ့ဟာတွေက တော့လည်း အဲကွန်းနဲ့ မီးအလင်း ရောင်အပြည့်အစုံနဲ့ဆိုတော့ ပေး လို့ရပါတယ်’’ဟု ဦးနေဝင်းက ဆက်လက်ပြောသည်။

သို့သော် ကွန်တိန်နာများဖြင့် သာမန်လူတန်းစားများ လက်လှမ်း မီလာစေရန် ပြုလုပ်နိုင်သည့်အ လားအလာရှိကြောင်း ဦးသန်း ထိုက်စိုးက ဆိုပါသည်။

‘‘ဖြစ်နိုင်မယ်လို့ ပြောလို့ရ တယ်။ ဒါပေမဲ့ အဓိကလိုအပ်တာ ကတော့ ရင်းနှီးမြှုပ်နှံမယ့်သူပေါ့။ ဒုတိယအနေနဲ့ ခွင့်ပြုချက်လို တယ်။ ခွင့်ပြုချက်ဆိုတာက အစိုး ရအနေနဲ့ စာရွက်စာတမ်းပိုင်းအရ ပေါ့။ ဘာတွေလိုမလဲပေါ့။ ကျန် တာတွေက အတူတူပဲ။ အဓိကက အဲဒီနှစ်ချက်ပဲ’’ဟု ဦးသန်းထိုက်စိုး က အခြေခံလူတန်းစားများအ တွက် ကွန်တိန်နာအိမ်များ လက် လှမ်းမီလာစေရေး ဖြစ်နိုင်ခြေနှင့် ပတ်သက်၍ သုံးသပ်သည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် ကားပြတိုက်နှင့် ကားဝပ်ရှော့တစ်ခုပါသော စံအိမ်ကြီး ကန်ဒေါ်လာ ၁၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွားပြီးနောက် ကြော်ငြာများ ရိုက်ကူးလာရ၊ ဖခင်ကြီးအတွက် အိမ်တစ်လုံး ဝယ်ပေးနိုင်ရန် စိတ်ကူးအိပ်မက်လျက်ရှိ ……………...

ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဒါးလက်စ်မြို့လယ်တွင် ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသော အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ ကလေးဘဝက နေထိုင်ခဲ့သောအိမ် ကန်ဒေါ်လာ ၆ ဒသမ ၄ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံးအုံးကြွက်ကြွက်ဖြစ်ကာ လယ်ထဲတွင် စိန်ရှာပွဲကြီး အလုအယက်လုပ်နေကြပုံ...
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖြင့် ထီထိုးခဲ့ရာ ရင်းဂစ် ၂ သန်းကျော် ကံထူးခဲ့ပြီး ထီပေါက်သောငွေအားလုံးကို မိမိ၏ ငယ်ဘဝ မူလတန်းကျောင်းလေးသို့ လှူဒါန်းပစ်ခဲ့ပုံ...

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လမ်းတစ်ပိုင်းလုံး ပိတ်ထားခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးက ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသွာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
မိဘများက ၇ ဒေါ်လာဖြင့် ရောင်းစားခံရသော ကလေးတစ်ဦးဘဝမှသည် ရေခဲမုန့်လုပ်ငန်းရှင် ဘီလျံနာ သူဌေးကြီးဘဝသို့ အရောက်လှမ်းခဲ့သူတစ
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service