အဆောက်အဦးတစ်ခု တရားဝင် ဆောက်လုပ်ရန် အတွက် လိုအပ်သော စာရွက်စာတန်းများ

အဆောက်အဦးတစ်ခု တရားဝင် ဆောက်လုပ်ရန် အတွက် လိုအပ်သော စာရွက်စာတန်းများ - Property Knowledge in Myanmar from iMyanmarHouse.com
11 Dec 2017 11:55 am တွင် တင်ခဲ့သည်
2590 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အဆောက်အဦးတစ်ခု တရားဝင် ဆောက်လုပ်ရန် အတွက် လိုအပ်သော စာရွက်စာတန်းများအဆောက်အဦးတစ်ခု တရားဝင်ဆောက်လုပ်ရန်အတွက် လိုအပ်သော စာရွက်စာတန်းများနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ချမှတ်ထားသော စည်းကမ်းအချို့ကို အများပြည်သူ မှတ်သားထားနိုင်ရန်အလို့ငှာ ပြန်လည်မျှဝေတင်ပြလိုက် ပါသည်…..

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင်

၁။ ဌာနမှသတ်မှတ်လျှောက်လွှာ

၂။ သတ်ဆိုင်ရာ ဌာနမှ ၃ နှစ်အတွင်းထုတ်ပေးထားသော မြေပုံ/မြေရာဇ၀င်မူရင်း

၃။ဂရန်မိထ္တူ ( သို့ ) နယ်နိမိတ်တိုင်းတာမှတ်သားထားသည့်မြေပုံ ( မူရင်း နှင့်တိုင်ဆိုင်စစ်ဆေးရန် )

၎။မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အခွန်အကြွေးအကျန်ကင်းရှင်းကြောင်းထောက်ခံချက်

၅။လျှောက်ထားသူ၏မှတ်ပုံတင်မိထ္တူ

၆။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၇။ဘေးမြေကွက်များမှကန့်ကွက်ရန်မရှိကြောင်းနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၈။အိမ်ငှားမရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် နှင့် အိမ်ငှားရှိလျှင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက် အပြင်မြို့နယ်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၉။လိုင်စင်ရအင်ဂျင်နီယာမှလက်မှတ်ရေးထိုးထားသော အဆိုပြုပုံစံ (၃)စုံနှင့် ပစ္စည်းစာရင်း (၃)စုံ

၁၀။ ၃ထပ်နှင့်အထက်အဆောက်အဦများအတွက် SEC မှတွက်ချက်ထားသော ခိုင်ခံမှုဆိုင်ရာတွက်ချက်မှုပုံစံ (၂) စုံ

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် လိုက်နာရမည့်မြေကျန်များ

၄၀ x ၆၀ ကျယ်ဝန်းသည့်မြေကွက်ပေါ်တွင် ၃ထပ်နှင့်အောက်ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ )၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၃ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

၄၀ x ၆၀ အောက်ငယ်သည့်မြေကွက်ပေါ်တွင် ကိုယ်ပိုင်လုံးချင်းတည်ဆောက်လိုပါကအဆောက်အဦဆောက်လုပ်ခွင့်ရသူသည်မိမိမြေပေါ်တွင် ရှေ့ဘက် ၁၂ ပေ ၊ အနောက်ဖေး ၆ ပေ ( နောက်ဖေးလမ်းကြားရှိပါက ၁ ပေ)၊ ဘေးဖက်နှစ်ဖက်အား အမိုးစွန်းမှ ၁ ပေ ချန်ပြီးဆောက်လုပ်ရပါမည်။

ကိုယ်ပိုင်လုံးချင်း အဆောက်အဦဆောက်လုပ်ခွင့်လျှောက်ထားရာတွင် အနည်းဆုံးထားရှိရမည့်အခန်းအမြင့်များမှာ မြေညီ ၁၀ ပေ၊ကျန်အထပ်များ ၉ ပေဆီထားရှိရမည်ဖြစ်ပြီး အထက်ပါသတ်မှတ်ချက်အားပြောင်းလဲလိုပါကခိုင်လုံသောအကြောင်းပြချက်ဖြင့်သီးခြားခွင့်ပြုချက်ရယူဆောင်ရွက်ရ
ပါမည်။

အထက်ပါအစည်းမျည်းစည်းကမ်းများအတိုင်းတည်ဆောက်ပြီးစီးသွားသောအခါ သက်သေခံလက်မှတ် ( BCC ) လျှောက်ထားရာတွင်

၁။ BCC လျှောက်လွှာ

၂။လျှောက်ထားသူ/ ပိုင်ရှင် ၏မှတ်ပုံတင်မိထ္တူ

၃။လျှောက်ထားသူကိုယ်တိုင်သတ်ရှိထင်ရှားရှိပြီးလက်မှတ်ရေးထိုးကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ထပ်ဆင့်ထောက်ခံချက်

၎။ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ

၅။ဆောက်လုပ်ခွင့်ပုံစံ Drawing မိတ္တူ ၁ စုံ

၆။ဆောက်လုပ်ခွင့်ပုံစံ စစ်ဆေးခငွေသွင်းချလံမိတ္တူ

၇။အဆောက်အဦဆောက်လုပ်ပြီးစီးကြောင်း လိုင်စင်အင်ဂျင်နီယာနှင့် ၈။စစ်ဆေးရေးအင်ဂျင်နီယာ၏ မှတ်ချက်ပါရှိသော log-book

၉။သန့်ရှင်းရေးဌာန၏အမှိုက်ပုံးဝယ်ပြီးကြောင်း ထောက်ခံချက်

၁၀။ပြည်တွင်းအခွန်ဦးစီးဌာန၏အခွန်ဆောင်ပြီးကြောင်း ထောက်ခံချက် တို့လိုအပ်ပါသည်။


Credit : KYAW Construction & Interior Design

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service