ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ

ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
6 Dec 2017 11:45 am တွင် တင်ခဲ့သည်
3395 ကြိမ် ကြည့်ရှု့ပြီး
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။

Harpsden Court ဟု အမည်ရသော အဆိုပါနေအိမ်ကြီးကို ဂေါ့သစ်ရီဗိုက်ဗယ်လ်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ပေါင် ၄ ဒသမ ၉၅ သန်း ဈေးခေါ်ထားသည်။

ယင်းနေအိမ်ကြီးတွင် ဒင်နီရယ် ခရက်ဂ်၊ အော်လ်ဂါ ကူရာလန်းကိုတို့ ပါဝင်သရုပ်ဆောင်ထားသည့် ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace ၊ ဒင်နီရယ် ရက်ဒ်ကလစ်ဖ် ပါဝင်သရုပ်ဆောင်ထားသည့် Woman in Black ၊ ခရစ္စတိုဖာ အက်ကလက်စ်တန်နှင့် ကိတ်ဝင်းစလက်တို့ ပါဝင်သရုပ်ဆောင်ထားသည့် ၁၉၉၆ ရုပ်ရှင် Jude ဇာတ်ကားများ ရိုက်ကူးခဲ့သည်။

အိပ်ခန်း ၁၃ ခန်းအထိ ပါဝင်သည့် ယင်းနေအိမ်ကြီး၏ အချို့သော အစိတ်အပိုင်းများမှာ ခရစ်နှစ် ၁၂၀၄ ခုနှစ်ကတည်းက လက်ရာများ ဖြစ်ကြပြီး ပင်မအိပ်ခန်းကို Queen Mary’s Room ဟု ခေါ်ဆိုကြကာ အဆိုပါအခန်းတွင် ဘုရင်မကြီးမေရီ တည်းခို အိပ်စက်ခဲ့ဖူးသည်ဟု ဆိုကြသည်။

နေအိမ်မျက်နှာစာမှာ ဂေါ့သစ်ရီဗိုက်ဗယ်ဗိသုကာဟန်ဖြစ်ပြီး အတွင်းပိုင်းနှင့် ပြတင်းပေါက်များမှာမူ ဗိသုကာလက်ရာဟန် မျိုးစုံရောနှော ပေါင်းစပ်နေရာ ဂေါ့သစ်ရီဗိုက်ဗယ်လ်၊ ဗီနီရှန်း၊ ပယ်လဲဒီယမ်နှင့် တူးဒေါ်ရီဗိုက်ဗယ်ဟန်များ တွေ့ရသည်။

Harpsden Court နေအိမ်ကြီးကို မဟာစစ်ပွဲကြီးဟု ခေါ်ကြသော ၁၉၁၄ ခုနှစ်မှ ၁၉၁၉ ခုနှစ် ပထမကမ္ဘာစစ်ကြီးအတွင်း ထိခိုက်ဒဏ်ရာရသည့် ဗြိတိသျှစစ်သည်များအတွက် ဆေးရုံနေရာအဖြစ် အသုံးပြုခဲ့သည်။

သိမ်းမြစ်ကမ်းဘေးတွင် တည်ရှိပြီး လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဂေါက်ရိုက်ခြင်း၊ အမဲလိုက်ခြင်း၊ ခရစ်ကက်ကစားခြင်း ၊ ရပ်ဂ်ဘီကစားခြင်း၊ သေနတ်ပစ်လေ့ကျင့်ခြင်း၊ ငါးမျှားခြင်းနှင့် လှေစီးခြင်းများ ပြုလုပ်ကြရာ နေရာလည်းဖြစ်သည်။ခြံဝန်းအကျယ်မှာ ၄ ဒသမ ၁၈ ဧကရှိပြီး ဘိုးဘွားပိုင်မြေအမျိုးအစားဖြစ်သည်။

(အချက်အလက်များ)
-13 Bedrooms (3 en suite)
-5 Reception rooms
-Rococo music room and sitting room
-Formal lawns orchard and pond
-3 Bathrooms and 2 shower rooms
-Various domestic offices
-Circa 1 acre walled former kitchen garden
-In all about 4.18 acres

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
ဂျိမ်းစ်ဘွန်းရုပ်ရှင် Quantum of Solace အပါအဝင် အခြားဇာတ်ကားများစွာရိုက်ကူးခဲ့သည့် အင်္ဂလန်ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service