အရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံ ၂၈ ရုံနှင့်ပတ်သက်၍အပြီးသတ်အစီရင်ခံစာ ရေးသားရန် ယနေ့ကွင်းဆင်း လေ့လာမည်

အရှုံးပေါ်နေသော နိုင်ငံပိုင်စက်ရုံ ၂၈ ရုံနှင့်ပတ်သက်၍အပြီးသတ်အစီရင်ခံစာ ရေးသားရန် ယနေ့ကွင်းဆင်း လေ့လာမည် - Property News in Myanmar from iMyanmarHouse.com
6 Dec 2017 10:32 am တွင် တင်ခဲ့သည်
2684 ကြိမ် ကြည့်ရှု့ပြီး
ပြည်ထောင်စုလွှတ် တော်က လတ်တလောရပ်နားရန် ဆုံးဖြတ်ထားသည့် အရှုံးပေါ်နေ သော နိုင်ငံပိုင်စက်ရုံ ၂၈ ရုံနှင့် ပတ်သက်၍ ပဏာမအစီရင်ခံစာ ကို ပြီးခဲ့သည့် နိုဝင်ဘာလကုန် တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနသို့ တင်သွင်းခဲ့ပြီး ယခု ကွင်းဆင်းလေ့လာမှုမှ တွေ့ရှိ ချက်များနှင့် သဘောထားမှတ် ချက်များ ပါဝင်သည့် အပြီးသတ် အစီရင်ခံစာကို ဒီဇင်ဘာလကုန် တွင် တင်သွင်းရန် စီစဉ်ထား သည်။

‘‘ကျွန်တော်တို့ကတော့ လွှတ်တော်နားတဲ့ကာလလေးမှာ အမြန်ဆုံးဆင်းပြီးတော့ လေ့လာ သုံးသပ်ဖို့ရှိတယ်’’ဟု လတ် တလောဆိုင်းငံ့ထားသော နိုင်ငံ ပိုင်စက်ရုံများ ပြန်လည်လေ့လာ ဆန်းစစ်သုံးသပ်ရေးအဖွဲ့ (၁) ခေါင်းဆောင် ဇလွန်မြို့နယ်အ မတ် ဦးအောင်မင်းက ပြောသည်။

အဆိုပါ အရှုံးပေါ်နေသော စက်ရုံများကို လေ့လာရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ ပညာရှင် များ များ ပါဝင်သည့် အဖွဲ့နှစ်ဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့နှစ်ခု ပူးပေါင်း၍ ကွင်းဆင်းလေ့လာ မည်ဖြစ်ကြောင်း အဖွဲ့(၂)မှ အဖွဲ့ ဝင် ဆိပ်ကြီးခနောင်တိုအမတ် ဦးတင်ထွန်းနိုင်က ရှင်းပြသည်။

‘‘အဖွဲ့ရဲ့ အပြီးသတ်အစီရင် ခံစာမှာ သဘောထားမှတ်ချက် တွေပါမယ်။ အဲဒါတွေကို အစိုးရ အဖွဲ့ကစဉ်းစားမယ်၊ ချင့်ချိန်မယ်၊ လွှတ်တော်ကလည်း စဉ်း စားမယ်။ အကြံပြုချက်တွေကို မူတည်ပြီးမှသာလျှင် ဆုံးဖြတ် ချက်တစ်ရပ် အဖြူ၊ အမည်းထွက်လာမှာပေါ့’’ဟု ၎င်းက ဆိုသည်။

အရှုံးပေါ်နေသည့် နိုင်ငံပိုင် စက်ရုံ ၂၈ ရုံတွင် စက်မှုဝန်ကြီး ဌာနအောက်ရှိ စက်ရုံ ၂၄ ရုံ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အောက်ရှိ စက်ရုံလေးရုံတို့ ပါဝင် သည်။

‘‘ဒီစက်ရုံတွေက အခုအရှုံး ပေါ်နေတယ်။ ဒီစက်ရုံတွေကို ဘယ်လိုပြန်ပြီးတော့ လုပ်ဆောင် လို့ရှိရင် တိုင်းပြည်အတွက် အကျိုးရှိမလဲဆိုတာကိုပဲ ဦးတည်တာ။ ကိုယ်တို့တာဝန်ကလည်း အဲဒါပဲ’’ ဟု ဦးတင်ထွန်းနိုင်က ရှင်းပြ သည်။

စီးပွားရေးအရ တွက်ခြေ ကိုက်မှုမရှိ၍ လတ်တလော ရပ် နားသင့်သည့် နိုင်ငံပိုင်စက်ရုံ ၄၄ ရုံစာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၁၆ ရုံကို ဆက်လက်လည်ပတ်ခွင့်ပြုခဲ့ကာ ကျန် ၂၈ ရုံကို လတ်တလော ဆိုင်းငံ့ထားရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

အပြီးသတ် အစီရင်ခံစာ ထွက်ရှိလာချိန်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ် တော်ဥက္ကဋ္ဌတို့ထံ ပေးပို့မည်ဖြစ် သည်။

အပြီးသတ်အစီရင်ခံစာအ ပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက သုံးသပ်ကာ အရှုံးပေါ် နေသော စက်ရုံ ၂၈ ရုံကို လုံးဝ ရပ်နားရန် (သို့မဟုတ်) ပုဂ္ဂလိက နှင့် ပူးပေါင်းကာ ဆက်လက်လည်ပတ်ရန် စသည်ဖြင့် အဖြေ ထွက်ပေါ်လာနိုင်ကြောင်း ဆိပ် ကြီးခနောင်တိုအမတ် ဦးတင်ထွန်းနိုင်က ပြောသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua Van...

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည့် ဝန်ဆောင်မှု အကြီးအကျယ် နာမည်ကြီးနေ၊ ဝန်ဆောင်မှု ရယူသည့် မိန်းကလေးများ အလွန်များပြား...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service