မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ?

မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
4 Dec 2017 12:07 pm တွင် တင်ခဲ့သည်
2227 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

၁။မီးပလတ္ခံုမ်ား

ဆောက်လုပ်ရေးလုပ်ငန်းခွင်များ ၏ထုံးစံအရမီးပလတ်ခုံများကိုမီးဖိုချောင်ထံတွင် လေးပေအကွာအဝေးတစ်ခုစီ ထားရလေ့ရှိသည်။

မီးသမားများမှာ အဖြူရောင်ပလတ်ခုံများအား ရွေးချယ်အသုံးပြုလေ့ရှိပြီး ထိုအဖြူရောင်ပလတ်ခုံများသည်အဖြူရောင်မဟုတ်သော မီးဖိုချောင် နံရံကပ်ကြွေပြားများ၏အလှကို ဖျက်ဆီးပစ်နေသည်။ထိုသို့မဖြစ်စေရန် ကြွေပြားနံရံနှင့် အရောင်တူသော ပလတ်ခုံအားရွေးချယ်အသုံးပြုခြင်းပင်။အရောင်နှင့်ပလတ်ခုံများကို လျှပ်စစ်ပစ္စည်းရောင်းသောဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

၂။ဗီရိုအောက်မှ ပုံစံခွက်ပလတ်ခုံများ

သန့်ရှင်းသော ကြွေပြားနံရံများ၏အလှကို မဖျက်ဆီးပစ်ချင်လျှင် နံရံကပ်ဗီရိုများ၏အောက်တွင် ပလတ်ခုံများတပ်ဆင်ထားနိုင်သည်။

၃။အရောစတိုင်

ပေါင်မုန့်မီးကင်စက်နဲ့ကော်ဖီဖျော်စက်ကိုစားပွဲပေါ်မှာထားမည်ဆိုလျှင် အမြဲပလတ်ထိုးပြီးအသုံးပြုနေရမှာဖြစ်၍ ဒီပစ္စည်းကိရိယာတွေရဲ့နောက်မှာနံရံကပ်ပလတ်ခုံတစ်ခုထားဖို့လိုသည်။ မဟုတ်ရင် လျှပ်စစ်ကြိုးအရှည်ကြီးကတန်းလန်း ကြီးဖြစ်နေရင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေပါမည်။ပလတ်ခုံဒီဇိုင်းကိုပုံစံခွက်ဒီဇိုင်းနဲ့ပေါင်းစပ်ထားတဲ့ ပလတ်ခုံမျိုးကိုသာအသုံးပြု သင့်သည်။

၎။မီးအားသွင်းရန်နေရာပြုလုပ်ခြင်း
ဒီနေ့ခေတ်ကများပြားတဲ့လျှပ်စစ်ပစ္စည်းကိရိယာတွေက အချိန်နဲ့တစ်ပြေးညီမီးအားသွင်းနိုင်ဖို့ အရေးကြီးပါတယ်။ အံဆွဲထဲမှာ လျှို့ဝှက်ပလတ်ခုံတစ်ခုတပ်ဆင်ထားမယ်ဆိုရင် မီးအားသွင်းထားတဲ့ဖုန်းတွေနဲ့ iPadတွေကိုမျက်စိရှေ့မှာ မြင် နေရတော့မှာမဟုတ်။

၅။နံရံကပ်ဗီရိုအောက်တွင်မီးထွန်းခြင်း

မီးဖိုချောင်ထဲမှနံရံကပ်ဗီရိုအောက်မှာမီးထွန်းရခြင်း၏အဓိကရည်ရွယ်ချက်မှာ အောက်မှာရှိသောစားပွဲမျက်နှာပြင် ကိုအလင်းရောင်ပေးနိုင်ရန်အတွက်ဖြစ်သည်။ဗီရိုအောက်ကမီးကိုဗီရိုရဲ့အနောက်ဘက်မဟုတ်ဘဲ အရှေ့ဘက်မှာတပ်ဆင်ပါ။ မီးက ဗီရိုရဲ့နောက်ဘက်ကိုရောက်နေမယ်ဆိုလျှင် စားပွဲမျက်နှာပြင်မဟုတ်ဘဲနံရံကပ်ကြွေပြားတွေသာပေါ်လွင်သွားမှာဖြစ်လို့ မီးရဲ့ မူလရည်ရွယ်ချက်ပျောက်ဆုံးသွားနိုင်ပါသည်။

၆။ဗီရိုတွေကိုတောက်ပအောင်လုပ်ပါ

အရင်ကဗီရိုထဲမှာမီးထွန်းတယ်ဆိုလျှင် အဆင့်တစ်ဆင့်စီတိုင်းက မှန်နဲ့ပိုင်းခြားထားတာဖြစ်ပါသည်။ ဗီရို၏အ တွင်းပိုင်းအမိုးကနေဖြာကျလာတဲ့အလင်းရောင်က အဆင့်တွေအားလုံးကိုဖြတ်ကျော်ပြီးဗီရိုအတွင်းပိုင်းတစ်ခုလုံးကို အ လင်းရောင်ပေးနိုင်ရန်လိုအပ်သည်။ မီးရောင်နဲ့ဝေးရာကိုရောက်လေလေ ဗီရိုထဲမှာမီးရောင်မှိန်သွားလေလေပါပဲ။ ဒါပေမဲ့ အချိန်ကာလတွေကြာမြင့်ပြီးမီးသီးတွေခေတ်မီလာတာနဲ့အမျှ ဒီနေ့ခေတ်မှာဆိုရင်တော့ ဗီရိုအတွင်းပိုင် နံရံနှစ်ဖက်လုံးမှာ LED မီးချောင်းတွေကိုသာတပ်ဆင်လိုက်ပါ။ မီးချောင်းကို ဗီရိုရဲ့မျက်နှာပြင်ဖရိန်ထဲမှာကွယ်ဝှက်တပ်ဆင်ပါ။ ဖရိန်မပါတဲ့ဗီရိုဆိုရင် ဗီရိုရဲ့ဘေး နံရံကမြောင်းအကြောင်းလေးထဲမှာတပ်ဆင်ပါ။

၇။မိုက်ခရိုဝေ့ဖ်မီးဖိုကိုအထဲထည့်ထားပါ။

အဖျော်ယမကာတွေနဲ့အစားအသောက်တွေကိုအပူပေးဖို့ မိုက်ခရိုဝေ့ဖ်မီးဖိုက မီးဖိုချောင်ရဲ့အဓိကကျတဲ့အစိတ် အပိုင်းတစ်ခုပါ။ အိမ်ရှင်အများစုက မိုက်ခရိုဝေ့ဖ်မီးဖိုကို စားပွဲပေါ်တင်ထားပြီးနေရာအယူခံနေမယ့်အစား မြင်ကွင်းကမမြင် ရအောင်လုပ်ထားရတာကိုပိုသဘောကျကြောင်းသိရသည်။

၈။ နယ်မြေတွေသတ်မှတ်ပါ။

မီးဖိုချောင်ကိုပုံစံချတဲ့အခါ ပြင်ဆင်တဲ့အပိုင်းနဲ့သန့်ရှင်းတဲ့အပိုင်းဆိုပြီးခွဲခြားထားပါ။ မီးဖိုချောင်အလယ်ကစားပွဲမှာ ညစ်ပတ်တဲ့ပန်းကန်တွေပြည့်နေတဲ့ သန့်ရှင်းရေးဘေစင်ထားမည်ဆိုလျှင်ပြန်စဉ်းစားပါ။ အစားအသောက်ပြင်ဆင်ရာမှာအ သုံးပြုမယ့်ဘေစင်ကိုသာအလယ်စားပွဲမှာထားပါ။ သန့်ရှင်းရေးလုပ်မယ့်ဘေစင်ကိုဘေးစားပွဲမှာပဲထားပါ။

၉။ပေါင်းမိုးအတွက်နေရာအများကြီးမပေးပါနဲ့။

မီးခိုးခေါင်းတိုင်ပေါင်းမိုးကိုအသုံးပြုတဲ့အခါ ပေါင်းမိုးနဲ့နံရံကပ်ဗီရိုကြားမှာဘယ်ဘက်ကိုရော၊ညာဘက်ကိုရော အ နည်းဆုံး ၂ လက်မကနေ ၃ လက်မအထိခြားထားပါ။ အမြင်အားဖြင့် ပေါင်းမိုးကကျုံ့ဝင်မနေတော့ဘဲ ဗီရိုရဲ့ဘေးဘက်တွေ ကလည်း ရေရှည်သန့်ရှင်းစင်ကြယ်နေပါလိမ့်မယ်။

၁၀။အုံးအဖုံးတွေထားဖို့သီးသန့်နေရာလုပ်ပါ။

အိုးအဖုံးတွေကိုသိမ်းဆည်းဖို့အတွက်ကခေါင်းခဲစရာပြဿနာတစ်ခုပါ။ ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းအများ ကြီးရှိပေမယ့် အကောင်းဆုံးကတော့ ပုံမှာပြထားသလိုအံဆွဲထဲမှာအကန့်လေးလုပ်ပြီးအိုးအဖုံးတွေထားပါ။

Credit: mm Home and Decoration
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com
မီးဖိုချောင်လှလှပပလေးဖြစ်စေဖို့ဘယ်လိုပုံစံ ထားကြမလဲ? - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service