စပေါ်စနစ်နှင့် နှစ်ချုပ်စနစ်ခြားနားချက်

စပေါ်စနစ်နှင့် နှစ်ချုပ်စနစ်ခြားနားချက် - Property Knowledge in Myanmar from iMyanmarHouse.com
17 Nov 2017 12:16 pm တွင် တင်ခဲ့သည်
992 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ယခုအခါ အိမ်ငှားနယ်ပယ်တွင် ``စပေါ်´´စနစ်သည် တစ်စတစ်စ လျော့ပါးသွားပြီး ``နှစ်ချုပ်´´စနစ်သည် ကျယ်ပြန့်စွာ နေရာယူလာသည်ကို တွေ့ရပါသည်။

ယခင်ကဆိုလျှင် အိမ်ကောင်းလျှင် ကောင်းသလောက်၊ အိမ်ညံ့လျှင် ညံ့သလို ``စပေါ်ငွေ´´များကို ခွဲခြား၍ ယူတတ်ပါသည်။ ငှားရမ်းခမှာလည်း အိမ်အခြေအနေ၊ ရပ်ကွက်အခြေအနေအလိုက် ကွဲပြားပါသည်။ ယခုအခါ မြို့ပြတိုက်ခန်းများ တိုးတက်များပြားလာပြီး တိုက်ခန်းများ ငှားရမ်းရာတွင် ``စပေါ်´´ဖြင့် ငှားရမ်းမှုသည် သိသိသာသာ လျော့ပါးသွားသည်ကို တွေ့ရပါသည်။ (၁)လလျှင် ၅၀၀၀၀ိ/-၊ ၁၀၀၀၀၀ိ/- ကျပ် စသည်ဖြင့် (၁)နှစ်အတွက် ငှားရမ်းခကို (၁)ကြိမ်တည်း ကြိုတင်ရယူကာ (၁)နှစ်သက်တမ်း ``နှစ်ချုပ်´´ငှားရမ်းလာကြသည်ကို တွေ့ရပါသည်။

``စပေါ်´´စနစ်နှင့် ``နှစ်ချုပ်´´စနစ်၏ ခြားနားခြင်းများအနက် ခြားနားချက်တစ်ရပ်ကို တင်ပြပါမည်။ ``စပေါ်´´စနစ်သည် အစဉ်အလာအားဖြင့် ငှားရမ်းကာလ သတ်မှတ်ချက် မရှိဟု ဆိုရပါမည်။ ``စပေါ်´´ယူ၍ ငှားရမ်းထားသောစာချုပ်များတွင် ငှားရမ်းခကို ရပ်ဆိုင်းခြင်းကိစ္စနှင့် ပတ်သက်၍ ``အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုပါက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်အကြောင်းကြားရမည် ဖြစ်သည်။´´ဟူ၍ ထည့်သွင်းချုပ်ဆိုတတ်ကြပါသည်။

သို့ဖြစ်ရာ မထားလို၊ မနေလိုသူဘက်က သတ်မှတ်ချက်အတိုင်း ကြိုတင် အကြောင်းမကြားမချင်း ငှားရမ်းမှုကို တည်ရှိနေသည်ဟု မှတ်ယူစရာ ဖြစ်ပါသည်။ တစ်နည်းဆိုသော် ငှားရမ်းမှု ရပ်ဆိုင်းခြင်းကို အိမ်ရှင်ဘက်နှင့် အိမ်ငှားဘက် နှစ်ဘက်စလုံးကို အခွင့်အရေးပေးခြင်း ဖြစ်ပါသည်။

`နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်မှာမူ မထားလို၊ မနေလိုက ကြိုတင် အကြောင်းကြားရန်ကိစ္စ ပါရှိရန်မလိုဘဲ စတင်ငှားရမ်းသည့် အချိန်မှအစပြု၍ (၁)နှစ်တိတိ ငှားရမ်းခြင်းဖြစ်ရာ (၁)နှစ်သက်တမ်းပြည့်သည်နှင့် စာချုပ်သက်တမ်းလည်း စေ့၊ ငှားရမ်းခြင်းလည်း ဆုံးခန်းတိုင် ရောက်ပါသည်။

သို့သော် အချို့သော ``နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်တို့တွင် အောက်ပါစာပိုဒ်ကို မလိုအပ်ဘဲ ထည့်သွင်းချုပ် ဆိုကြသည်ကို တွေ့ရသည်။ ``အိမ်ရှင်ကသော်လည်းကောင်း၊ အိမ်ငှားကသော်လည်းကောင်း မထားလို၊ မနေလိုက ၁ လ (သို့မဟုတ်) ၂ လ ကြိုတင်၍ အကြောင်းကြားရမည်´´ဆိုသည့်အချက် ဖြစ်ပါသည်။

စင်စစ် ``နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်အရ သက်တမ်း(၁)နှစ်ပြည့်သည်နှင့် ကြိုတင်အကြောင်းကြားရန်မလိုဘဲ အလိုအလျောက် စာချုပ်သက်တမ်းကုန်ဆုံးပါသည်။ ငှားရမ်းမှုမှာလည်း ဆုံးခန်းသို့ ရောက်ပါသည်။ သို့သော် ဖော်ပြပါ အချက်ကို ``နှစ်ချုပ်´´ငှားရမ်းမှုစာချုပ်တွင် ထည့်သွင်းချုပ်ဆိုလိုက်သောအခါ (၁)နှစ်သက်တမ်းပြည့်သည်ပင်ဖြစ်သော်လည်း ၂ လ ကြိုတင် အကြောင်းကြားခြင်းမရှိပါက စာချုပ်သက်တမ်း မကုန်ဆုံးသေးသည့်သဘော၊ ငှားရမ်းမှု ဆုံးခန်းမတိုင်သေးသည့်သဘော ဖြစ်သွားပါသည်။

ထို့အပြင် အငြင်းပွားစရာများ ပေါ်ပေါက်ပါသည်။ ``နှစ်ချုပ်´´ငှားရမ်းမှု စာချုပ်သက်တမ်း ကုန်ဆုံးသောရက်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် သုံးလသာနေထိုင်ပြီး မထားလိုတော့သဖြင့် ကြိုတင် ၂ လ အကြောင်းကြားသောရက် စေ့ရောက်ချိန်သည် ငှားရမ်းမှု ဆုံးခန်းတိုင်သောရက် ဖြစ်သလော၊ သို့မဟုတ် (၁)နှစ်ကျော်ပြီးနောက်တွင် ၂ လ ကြိုတင် အကြောက်းကြားရာ အဆိုပါ အကြောင်းကြားသော ၂ လပြည့်မြောက်သောနေ့သည်ပင် ဆုံးခန်းတိုင်သောရက် ဖြစ်သလော ဆိုသည့် အငြင်းပွားစရာများ ဖြစ်ပါသည်။

ထိုသို့ ရှုပ်ထွေးမှုများ၊ အငြင်းပွားစရာများ မဖြစ်စေရန် ``နှစ်ချုပ်´´ငှားရမ်းသော စာချုပ်တွင် ``မထားလို မနေလိုက ၂ လ ကြိုတင် အကြောင်းကြားရမည်´´ဆိုသည့် မဆီမဆိုင်ကိစ္စများ ထည့်သွင်း မချုပ်ဆိုမိကြဖို့ အရေးကြီးကြောင်း အသိပေး ဖော်ပြလိုက်ရပေသည်။

Credit: ဦးကျော်ဇေယျ( ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service