ကမ္ဘာ အံ့ဖွယ်အလျှို့ ဝှက်ဆုံး နေရာများ

ကမ္ဘာ အံ့ဖွယ်အလျှို့ ဝှက်ဆုံး နေရာများ - Property News in Myanmar from iMyanmarHouse.com
16 Nov 2017 11:17 am တွင် တင်ခဲ့သည်
3524 ကြိမ် ကြည့်ရှု့ပြီး
ကျွန်ုပ်တို့သည် မိမိတို့မှီတင်းနေထိုင်ရာ ကမ္ဘာကြီးအကြောင်း အတော်အတန် သိကြပါသည်။ ကိုကာကိုလာအချိုရည်၏ အရသာမည်သို့ရှိသည်ကို ကျွန်တော် တို့အားလုံးသိကြ၏။ ကင်ညေးဝက်စ်က ကင်မ်ကာဒါရှီယန်အပေါ် မည်သို့ ရူးသွပ်စွဲလမ်းသည်ဟူသည့် အချစ်ရေးဇာတ်လမ်းအသေးစိတ်နီးပါးကို သိကြ၏။ ကင်မ်ကာဒါရှီယန် မည်သည့်ရှူးဖိနပ်များဝတ်သည် ကို သိကြ၏။ ကျွန်ုပ်တို့ စားသောက်နေသည့်အစားအသောက်များ မည်သည့်နေရာမှ ထုတ်လုပ်သည်ကို သိကြ၏။

သို့စေကာမူ အပြောကျယ်သည့် ဤကမ္ဘာမြေတွင် ကျွန်ုပ်တို့မသိသည့်အရာများ အများအပြား ရှိနေဆဲဖြစ်လေသည်။ ဤသို့ဆိုရာတွင် သိပ္ပံပညာဖြင့် မဖြေရှင်းနိုင်သေးသည့် စိတ်နယ်လွန်ဖြစ်ရပ်များ၊ ပရလောကဖြစ်ရပ်များ မပါဝင်သေးချေ။ ကမ္ဘာပေါ်ရှိ အံ့ဖွယ်နေရာများကိုသာ ဆိုလိုသေးခြင်းဖြစ်၏။

အောက်တွင် ဖော်ပြသွားမည်များမှာ ကမ္ဘာပေါ်ရှိ လျှို့ ဝှက်နေရာများဖြစ်ပြီး ကျွန်ုပ်တို့အများစု မသိရှိသေးသည့် သိရှိရန်လိုအပ်သည့် နေရာများဖြစ်လေသည်။ ကမ်္ဘာပေါ်ရှိ လူသားအများစုသည် မိမိတို့၏ဘ၀သက်တမ်းတွင် အဆိုပါနေရာများသို့ ကိုယ်တိုင်ကိုယ်ကျ ရောက်နိုင်ရန် အလွန်ခဲယဉ်းကြ မည်ဖြစ်သည်။ ဖော်ပြပါနေရာများအနက် အချို့မှာ သတ်္တလောကကြီးတွင် တည်ရှိနေကြောင်း သင် သိပင်မသိသည့် နေရာမျိုးလည်း ပါဝင်မည်ဖြစ်၏။

ကမ္ဘာ့အဋ္ဌမမြောက် အံ့ဖွယ် (သို့မဟုတ်) ပယင်းခန်းမ

ပယင်းခန်းမကို ကမ္ဘာ့အဋ္ဌမမြောက် အံ့ဖွယ်အဖြစ် သတ်မှတ်ထားကြသည်။ ၁၇၁၆ ခုနှစ်တွင် ပရပ်ရှားနိုင်ငံက ရုရှားဧကရာဇ် ပီတာကို ငြိမ်းချမ်းရေးအထိမ်းအမှတ် လက်ဆောင် အဖြစ် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပယင်းပြားပေါင်း ၆ တန်ခန့် ပါဝင်ပြီး ယနေ့ခေတ် တန်ဖိုးအရ ကန်ဒေါ်လာ သန်း ၁၅၀ ခန့် တန်ကြေးရှိသည်ဟု ခန့်မှန်းထားသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း ကက်သရင်းနန်းတော်သို့ နာဇီတို့ ရောက်ရှိပြီး ၃၆ နာရီအကြာတွင်ပင် ဂျာမန်စစ်သည် တို့က ပယင်းခန်းမကို ခိုးယူခဲ့ကြသည်ဟု ဆိုသည်။

ပယင်းခန်းမကို ဖြိုဖျက်ကာ ဘောလ်တစ်ကမ်းခြေ သို့ သယ်ဆောင်ရန် ကြိုးပမ်းခဲ့ကြသည်ဟုလည်း ဆိုကြသည်။
ပယင်းခန်းမ မည်သို့ဖြစ်ပျက်သွားသည်ဆိုခြင်းမှာမူ အံ့ဖွယ် တစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။

စစ်ကြီးအတွင်း ဖျက်ဆီးခံခဲ့ရသလော။ သို့မဟုတ် လုံခြုံသည့်တစ်နေရာတွင် လျှို့ဝှက်စွာ သိုဝှက်ထားခဲ့ခြင်းခံရ သလောဟူသည်ကို မည်သူမျှ မသိကြချေ။

ရတနာသိုက်ရှာဖွေသူများက ကမ္ဘာတစ်လွှားရှာဖွေ ခဲ့ကြသော်လည်း တွေ့ရှိခဲ့ကြခြင်း မရှိ။ ၁၉၉၇ ခုနှစ်အတွင်း တွင်မူ ပယင်းခန်းမှ ကျောက်ပြားချပ်ဟောင်းတစ်ခုကို ဂျာမန် ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့သည်။

အဆိုပါ ပယင်းခန်းကြီးသည် ဂျာမနီနိုင်ငံ၊ ဆက်ဇွန် အရပ်တစ်နေရာရာရှိ မြေအောက်ဂူကြီးတစ်လုံးထဲတွင် ရှိနေနိုင် ကြောင်း ယူဆထားသူ များစွာရှိနေသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်တွင်မူ ပီးယော့ထ်ကိုပါးနှင့် အင်ဒရေ ရစ်ခ်ျတာဆိုသူနှစ်ဦးက နာဇီတို့ ၏ ရွှေရထားကြီးတစ်စင်းကို ရှာဖွေတွေ့ရှိကြောင်း ထုတ်ဖော် ကြေညာခဲ့ကြသည်။

တွေ့ရှိသည့်နေရာမှာ ပိုလန်နိုင်ငံတွင်ဖြစ်ပြီး ရွှေရထား တွင် မည်သည့်အရာများ ပါဝင်သည်ကိုမူ မသိရသေးချေ။သို့ရာတွင် ပယင်းခန်းကြီး၏ မူရင်းအစိတ်အပိုင်းများ ပါဝင် မည်ဟု ယုံကြည်ရသည်။

တစ္ဆေမြို့တော် ဗာရိုရှာ (သို့မဟုတ်) သူစိမ်းများလာရောက် ပါက ပစ်သတ်ရန် အမိန့်ထုတ်ထားသည့် မြို့ ပျက်ကြီး

ဆိုက်ပရပ်နိုင်ငံ၏ အရှေ့ဘက်ကမ်းရိုးတန်း ဖာမာဂူစတာ မြို့တွင် တည်ရှိသည့် ဗာရိုရှာကို တစ္ဆေမြို့တော်ကြီးဟု ခေါ်ကြသည်။
၁၉၇၀ ပြည့်ဝန်းကျင် ကာလများကမူ ဗာရိုရှာသည် ကမ္ဘာပေါ်တွင် ကမ်္ဘာလှည့်ခရီးသည်တို့လည်ပတ်မှု အများဆုံးနေရာများတွင် တစ်ခု အပါအ၀င်ဖြစ်ခဲ့ပြီး အခြေချနေထိုင်သည့် မြို့ခံပေါင်း ၄၀၀၀၀ခန့် ရှိခဲ့၏။ ကမ္ဘာလှည့်ခရီးသည်တို့ ၀င်ရောက်မှု များပြားသည်နှင့် အမျှ မိုးမျှော်တိုက်များ၊ ဟိုတယ်များလည်း အပြိုင်းအရိုင်း ပေါ် ပေါက်လာခဲ့သည်။

အဲလစ်ဇဘက်တေလာ အပါအ၀င် အခြား ကမ္ဘာကျော် များစွာ ဗာရိုရှာသို့ လာရောက်လည်ပတ်ခဲ့ကြဖူးသည်။ ဗာရိုရှာ၏ လူနေမှုဘ၀နှင့် ပြီးပြည့်စုံသည့် ပင်လယ်ကမ်းခြေတို့တွင် ပျော်ဝင် စီးမျောရန် သန်းကြွယ်သူဌေးများနှင့် အကျော်အမော်များ အလုံးအရင်း လာရောက်ခဲ့ကြဖူးသည်။

ယခုအခါတွင်ကား ဗာရိုရှာ၏ အဆောက်အအုံအများစု မှာ ပြိုကျပျက်စီးနေပြီဖြစ်လေသည်။ အဆောက်အအုံနံရံများ၊ ပလက်ဖောင်းများပေါ်တွင် ခြုံနွယ်ပိတ်ပေါင်းများ အတိပြီးလျက်ရှိ နေလေပြီ။

လူသူကင်းမဲ့သော ပင်လယ်ကမ်းခြေသဲသောင်များပေါ် တွင် ပင်လယ်လိပ်တို့ အသိုက်ဖွဲ့နေကြပြီး အဆောက်အအုံတို့၏ ဧည့်ခန်းများတွင်ပင် ခြုံနွယ်တို့ ကျူးကျော်ဝင်ရောက်နေပြီ ဖြစ်၏။

၁၉၇၄ ခုနှစ်အတွင်း တူရကီတို့၏ ကျူးကျော်တိုက်ခိုက်မှု ကြောင့် ဗာရိုရှာမြို့သားများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်း ဖြစ် သည်။ တူရကီတို့သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ဗာရိုရှာမြို့ကလေးမှာ ယနေ့တိုင်လူသူကင်းမဲ့သော တစေ်္ဆမြို့တော်အဖြစ် တည်ရှိနေဆဲ ဖြစ်လေသည်။ ယနေ့အခါတွင်ကား မြို့တွင်းသို့ မည်သူကိုမျှ ၀င် ရောက်ခွင့်မပြုချေ ။

လက်ရှိအချိန်တွင် မြို့တွင်းသို့ ၀င်ရောက်ခွင့်ရှိသည်မှာ တူရကီစစ်ဘက်နှင့် ကုလသမဂ်္ဂမှ ၀န်ထမ်းများသာ ဖြစ်သည်။ မြို့ တွင်းသို့ ၀င်ရောက်ရန်ကြိုးစားလျှင် မည်သူကိုမဆို ပစ်ခတ်ရန် စစ်သည်များအား အမိန့်ပေးထားသည်။ ၀င်ခွင့်ရသည့် ကုလသမဂ်္ဂ ၀န်ထမ်းများကိုပင် ဓာတ်ပုံရိုက်ခွင့် ပေးမထားချေ။

မြို့ တွင်းရှိ ကားအရောင်းစင်တာများတွင် ၁၉၇၄ ခုနှစ်က ထုတ်လုပ်ခဲ့သည့် မော်တော်ကားများ အပြည့်အသိပ်ဖြင့် ယနေ့တိုင် ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

ဂျင်ဂျစ်ခန်၏ ဂူသင်္ချိုင်း

ဂျစ်ဂျစ်ခန်ဟူသည်ကား ကမ္ဘာ့သမိုင်းတွင် အကြီးကျယ် ဆုံး စစ်ဘုရင်များတွင် တစ်ဦးအပါအ၀င်ဖြစ်၏။ ယနေ့ခေတ်ရှိ လူပေါင်း၂၀၀ ဦးလျှင် တစ်ဦးမှာ ဂျင်ဂျစ်ခန်နှင့်အမျိုးတော်စပ် သည်ဟူသော သုံးသပ်ချက်များရှိသည်။

မျိုးနွယ်စုငယ်လေး၏ ခေါင်းဆောင်အဖြစ်မှ မွန်ဂို အင်ပိုင်ယာကြီးကို ထူထောင်နိုင်ခဲ့သူ ဖြစ်သည်။ ဂျင်ဂျစ်ခန်၏ ဂူသင်္ချိုင်းမည်သည့်နေရာတွင် တည်ရှိသည်ကို ယနေ့တိုင်မည်သူ မျှ မသိကြချေ။

မွန်ဂိုတို့၏ ယုံကြည်ချက်အရ အုတ်ဂူတစ်ခုသည် အခြားသူများက နှောင့်ယှက်ဖျက်ဆီးခြင်း မခံရဘဲ တည်ရှိနေသမျှ ကာလပတ်လုံး ၎င်းင်း၏၀ိဥာဉ် တည်ရှိနေနိုင်သည်ဟု ယုံကြည်ကြ သည်။

ဒဏ္ဍာရီများအရဆိုလျှင် ဂျင်ဂျစ်ခန်၏ ဈာပနတွင် လူပေါင်း ၂၀၀၀ ကျော်ကို သုတ်သင်ခဲ့ပြီး စစ်သည် ၂၀၀ ဦး မှာလည်း မိမိကိုယ်ကိုယ်အဆုံးစီရင်ခဲ့ကြ၏။ ယင်းနောက် ၎င်းင်း တို့အား မြှုပ်နှံထားသည့်နေရာကို မြင်းများဖြင့် လပေါင်းများစွာ နင်းစေကာ မြေသိပ်သည်းအောင် ပြုလုပ်ခဲ့၏။ နောက်ဆုံးတွင် ကား အုတ်ဂူတည်နေရာကို ဖုံးကွယ်နိုင်ရန်အတွက် မြစ်ကြီးတစ်စင်းကို အဆိုပါနေရာသို့ လမ်းလွှဲကာ ဖြတ်သန်း စီးဆင်းစေခဲ့ သည်ဟု ဆိုသည်။

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဒေါက်တာ အဲလ်ဘတ် ယူမင်လင်းသည် ဂျင်ဂျစ်ခန်၏ သင်္ချိုင်းရာကို ရှာဖွေရန်အတွက် မောင်းသူမဲ့လေယာဉ်အသုံးပြုကာ ဓာတ်ပုံပေါင်း ၈၄၀၀၀ ကျော် ရိုက်ကူးလေ့လာခဲ့သည်။

သူ၏ လေ့လာမှုတွင် လူပေါင်း ၁၀၀၀၀ ခန့် ပါဝင် ကူညီခဲ့ကြပြီးစတုရန်းမိုင် ၂၃၀၀ ခန့် နယ်ပယ်တစ်ခွင်ကို ရှာ ဖွေခဲ့ကြသည်။

ယခုအခါ ရှေးဟောင်းနယ်မြေ ၅၅ ခုတွင် ရှာဖွေ လျက်ရှိကြသည်။ အဓိကအားဖြင့် ဂျင်ဂျစ်ခန်၏ ဇာတိမြေဖြစ် သော မွန်ဂိုတို့ အထွတ်အမြတ်ထားရာ ဘာရ်ခန် ခါဒါန် တောင်တန်းဝန်းကျင်တွင်လည်း ရှာဖွေလျက်ရှိကြ၏။

ယခု ၂၁ ရာစုမကုန်မီတွင် ဂျင်ဂျစ်ခန်၏ ဂူသင်္ချိုင်း နေရာကို ဖော်ထုတ်နိုင်မည်ဟု ယုံကြည်ရသည်။

ထူးဆန်းသော လူရိုင်းကျွန်း

အိန္ဒိယနိုင်ငံပိုင်နက်အတွင်း ပင်လယ်ပြင်အတွင်းတွင် ဆန်တီနယ်အမည်ရှိ ကျွန်းကလေးတစ်ခုတည်ရှိပြီး ကျွန်းတစ်ခု လုံးနီးပါးကို သစ်တောများဖြင့် ဖုံးလွှမ်းထားသည်။

ကမ္ဘာက သိရသလောက်မှာ လူသွားလမ်းငယ်လေးများ ရှုပ်ထွေးစွာတည်ရှိပြီး ရွာငယ်လေးများ များစွာတည်ရှိသည့် အချက်လောက်သာ သိရသည်။

ကျွန်းသူကျွန်းသားများသည် အဆိုပါကျွန်းတွင် နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့ကြသည့် ရှေးဟောင်းတိုင်းရင်းသား လူမျိုးစုတစ်ခု ဖြစ်၏။

ပြင်ပကမ္ဘာမှ သူစိမ်းများနှင့် လုံးဝအထိအတွေ့မရှိ ဘဲ ကျွန်းပေါ်သို့ လမ်းမှားကာရောက်ရှိသွားသူများမှာ အသက်ရှင် ၍ ပြန်နိုင်ရိုး မရှိခဲ့ချေ။ ကျွန်းသားများမှာ အမဲလိုက်ခြင်းဖြင့်သာ အသက်မွေး ကြပြီး စိုက်ပျိုးခြင်း လုံးဝမရှိ။

ပြင်ပကမ္ဘာမှ အခြားလူမျိုးစုများနှင့် လုံးဝအထိအတွေ့ မရှိသည်မှာ နှစ်ပေါင်း ၆၀၀၀၀ ခန့် ရှိပြီဟု ခန့်မှန်းထားသည်။
မျက်မှောက်ခေတ်ယဉ်ကျေးမှုနှင့် လုံးဝထိတွေ့ခြင်းမရှိသည့် ကမ္ဘာပေါ်ရှိလူမျိုးစုအနည်းငယ်တွင် တစ်ခုအပါအ၀င် ဖြစ် သည်။

““သူတို့ဟာ တကယ့်လူရိုင်းတွေပဲ၊ ဖမ်းဆီးလို့ရသမျှ အရာတိုင်းကို စားသောက်ကြတယ်””ဟု ထိုကျွန်းပေါ်သို့ ရှေး ယခင်က ရောက်ရှိခဲ့ဖူးသူ မာကိုပိုလိုက ပြောခဲ့ဖူးသည်။

ပြင်ပကမ္ဘာမှ လူစိမ်းများရောက်ရှိသွားပါက မြှား၊ လှံတို့ဖြင့် သတ်ဖြတ်ခံရလေ့ရှိသည်။ ၂၀၁၂ ခုနှစ်အတွင်း တရားခံပြေးတစ်ဦးသည် ရာဇ၀တ်ဘေးမှ ထွက်ပြေးတိမ်း ရှောင်ရင်း အဆိုပါကျွန်းသို့ ရောက်ရှိသွားရာ လည်ပင်းတွင် ကြီးမားသောဒဏ်ရာကြီးဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ကြ ရသည်။

အိန္ဒိယအစိုးရက အဆိုပါကျွန်းကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားပြီး ကျွန်း၏ ၃ မိုင်ပတ်လည်သို့ သွားရောက် ခြင်းများ တားမြစ်ထားသည်။

ကိုကာကိုလာ ဖျော်စပ်နည်းလျှို့ဝှက်ချက်

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၂၀၀ ကျော်တွင် လူပေါင်း သန်း ၁၈၀၀ ကျော်သည် ကိုကာကိုလာအချိုရည်ကို နေ့စဉ် နေ့တိုင်းသောက်သုံးလျက်ရှိကြသည်။

၂၀၁၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာလေ့လာချက်အရ ကိုကာကိုလာသည် ကမ်္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အမှတ်တံဆိပ် ဖြစ်သည်ဟု ဆိုသည်။

ကိုကာကိုလာ ဖျော်ရည်တွင် ကိုလာစေ့များ၊ ကိုကာ ရွက်များ ပါဝင်ကြောင်း ကျွန်ုပ်တို့အားလုံးသိကြသည်။ သို့ရာတွင် မည်သို့ဖျော်စပ်သည့် နည်းလမ်းကိုမူ သိရှိသူမှာ အနည်း ငယ်သာရှိသည်။

၁၈၈၆ ခုနှစ်တွင် ဖျော်စပ်နည်းစတင်တီထွင်သူ ဂျွန်စတစ် ပန်ဘာတန်က ဖျော်စပ်နည်းကို ချရေးပေးခဲ့၏။ ၁၉၁၉ ခုနှစ်တွင်မူ ဖျော်စပ်နည်းလျှို့ဝှက်ချက် စာရွက်စာတမ်း များကို နယူးယောက်ရှိ Guranty Bank တွင် သိမ်းဆည်းထား ရှိခဲ့သည်။

ယင်းနောက်ပိုင်း ၁၉၂၅ ခုနှစ်တွင် ကိုကာကိုလာ သည် လျှို့ဝှက်ဖျော်စပ်နည်းကို အတ္တာလန်္တာမြို့သို့ ပြောင်းရွှေ့ သိမ်းဆည်းခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ အဆိုပါနေရာတွင် ထား ရှိခဲ့သည်။

ယခုအခါတွင်မူ ကိုကာကိုလာပြတိုက်ရှိ အထူးမြေ အောက်အလုံတိုက်ခန်းတစ်ခုထဲတွင် လျှို့ ဝှက်စွာ သိမ်းဆည်းထား၏။

အဆိုပါနေရာကို မည်သူမဆို ကြည့်ရှုခွင့် ပေးထား သည်။ သို့ရာတွင် အနက်ရောင်သေတ်္တာတစ်လုံးကိုသာ တွေ့မြင် ရမည် ဖြစ်သည်။ အဆိုပါသေတ္တာထဲတွင် ၁၉၁၉ ခုနှစ်က ရေးသားခဲ့သော မူရင်းဖျော်စပ်နည်း စာရွက်စာတမ်းများ သိမ်းဆည်းထား၏။

သံမဏိ တောင်တန်း- ကမ္ဘာပေါ်ရှိ တန်ဖိုးမဖြတ်နိုင်သည့် အထိမ်းအမှတ်များ၊ ရတနာများကို တရားဝင်ထိန်းသိမ်းထား သည့်နေရာ

သံမဏိတောင်တန်းဟူသည်မှာ ကမ္ဘာ္ဘပေါ်ရှိ တန်ဖိုး မဖြတ်နိုင်သည့် အထိမ်းအမှတ်များ၊ ရတနာများကို တရားဝင် ထိန်းသိမ်းထားသည့် နေရာတစ်ခု ဖြစ်သည်။

တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ် ဗေးနီးယားပြည်နယ်အနောက်ဘက်ရှိ တောင်ကုန်းများဆီတွင် တည်ရှိသည်။ အ၀င်ပေါက်တွင် လုံခြုံရေးဝန်ထမ်း ၈ ဦးက AR-15s ရိုင်ဖယ်များ ကိုင်ဆောင်စောင့်ကြပ်နေကြသည်။

ထိုနေရာသို့ ရောက်ရှိရန်အတွက် မြေအောက်သို့ ၂၂ ထပ်တိုက်အမြင့်ခန့် အောက်သို့ ဆင်းရမည် ဖြစ်သည်။ Fortune 500 စာရင်းဝင် ကုမ္ပဏီတို့၏ database များကို အဆိုပါနေရာတွင် သိမ်းဆည်းထားသည်။

ကမ္ဘာပေါ်တွင် နာမည်ကျော် ဓာတ်ပုံပေါင်း ၂၇ သန်းကျော်၏ မူရင်းနဂ္ဂတစ်ဖလင်များကို သံမဏိတောင်တန်း တွင် သိမ်းဆည်းထား၏။ အဲလ်ဘတ်အိုင်စတိုင်းကို ရိုက်ကူး ထားသည့်ဓာတ်ပုံ များ၏ မူရင်းဖလင်များပင် ပါဝင်သည်။

ထို့အပြင် ကမ္ဘာကျော်တေးသီချင်းအယ်လ်ဘမ်တို့ ၏ မူရင်းမာစတာခွေများကိုလည်း သိမ်းဆည်းထားရှိသည်။အဆိုပါ မာစတာခွေများတွင် အဲလ်ဗစ်ပရက်စလေနှင့် ဖရန့်ခ်စီနာထရာတို့၏ အခွေများလည်း ပါဝင်သည်ဟု ဆိုသည်။
ဘီလ်ဂိတ်စုဆောင်းထားသော ဓာတ်ပုံပေါင်း သန်း ၁၀၀ ခန့် လည်း အဆိုပါနေရာတွင် သိမ်းဆည်းထားသည်။

သံမဏိတောင်တန်းသည် အနုမြူဖြင့် တိုက်ခိုက်မှုများကိုပင် တစ်ကြိမ်ထက်ပိုမို၍ ခံနိုင်စွမ်းရှိသည်ဟု ဆိုသည်။ဧကပေါင်း ၁၅၀ ခန့်ကျယ်ဝန်းသည့် မြေအောက်ရေကန်ကြီး တွင် ၅၀ ဒီဂရီဖာရင်ဟိုက် အပူချိန်ရှိ ရေများ ဖြတ်သန်းစီးဆင်း နေရာ တန်ဖိုးကြီးအထိမ်းအမှတ်ပစ်္စည်းများ ထိန်းသိမ်းထားရှိရန် အတွက် သင့်လျော်သည့် အပူချိန်ကိုရရှိစေသည်။

အကျယ်အ၀န်း စတုရန်းပေ ၁ ဒသမ ၈ သန်း အတွက် စွမ်းအင်ပေးစွမ်းရန်ဂျင်နရေတာ ၁၅ လုံးကိုလည်း အသင့်အနေအထားထားရှိသည်။ ၀န်ထမ်းအင်အား ၂၇၀၀ ကျော် ခန့်အပ်ထားပြီး မီးသတ်ကား ၃စီးလည်းထားရှိသည်။

သံမဏိတောင်တန်းတွင် သိမ်းစည်းထားသော ပစ္စည်းများမှာ နှစ်ပေါင်း ၅၀၀၀ ကျော် တည်တံ့နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

အဲလစ်ဇဘက်ဘုရင်မကြီး ( II ) ၏ အိပ်ခန်းဘက်ကင်ဟမ်နန်းတော်

အဲလစ်ဇဘက် ဘုရင်မကြီးသည် ဘက်ကင်ဟမ် နန်းတော် ဒုတိယထပ် အရှေ့ ဘက်ခြမ်းရှိ အခန်းပေါင်းများစွာ တွင် စံမြန်းလေ့ရှိ၏။ အဆိုပါအခန်းများသို့
လျှို့ ဝှက်တံခါး တစ်ခုမှသာ သွားနိုင်သည်။

အဆိုပါတံခါး မည်သည့်နေရာတွင် တည်ရှိသည်ကို သိရှိသည့် သက်ရှိထင်ရှားပဂ္ဂိုလ်အနည်းငယ်သာရှိသည်။နန်းတော်၏ အခန်းပေါင်း ၁၉ နေရာသို့သာ အများပြည်သူသို့ ၀င်ရောက်ကြည့်ရှုခွင့်ပြုထားသည်။

အများပြည်သူဆက်ဆံရေးအရာရှိများအနေဖြင့်လည်း နန်းတော်၏ အခန်းတည်နေရာများကို ထုတ်ဖော်ပြောကြားခွင့် မရှိချေ။ အများပြည်သူများ မည်သည့်အခါမျှ တွေ့မြင်နိုင်ခွင့် မရှိသော ဘုရင်နှင့် ဘုရင်မကြီးသာ ၀င်ရောက်ခွင့်ရှိသည့် အခန်းများ နန်းတော်ကြီးတွင် ရှိနေသည်။

၁၉၈၂ ခုနှစ်အတွင်းတွင်မူ မိုက်ကယ်ဖာဂန်အမည် ရှိသူက ဘက်ကင်ဟမ်နန်းတော်အတွင်း လျှို့ ဝှက်ဝင်ရောက် ခဲ့ဖူး၏။ နန်းတော်အတွင်း လှည့်ပတ်ကြည့်ရှုရင်း ဘုရင်မကြီး ၏ အိပ်ခန်းသို့ ရောက်ရှိသွားသည်ဟူ၏။

““အိပ်ယာက နှစ်ထပ်အိပ်ယာဗျ။ ဘုရင်မကြီးက ဒီ အခန်းမှာ တစ်ယောက်ထဲပဲ အိပ်တယ်။ ည၀တ်အင်္ကျီက ဒူးထောက်အထိ ဖုံးတယ်။ အခန်းက အလျား ၁၆ ပေ၊ အနံ ၁၂ ပေလောက်ပဲရှိတယ်။ အိပ်ယာက ခပ်သေးသေးပဲ။ နံရံ တစ်လျှောက်မှာ အံဆွဲတွေ တွေ့တယ်””ဟု မိုက်ကယ်ဖာဂန်က ပြန်လည်ပြောပြခဲ့ဖူးသည်။

မိုက်ကယ်သည် ဘုရင်မကြီးနှင့် ၁၀ မိနစ်ခန့်ပင် စကားပြောခဲ့သေးသည်ဟု ဆိုသည်။ ထိုသို့ စကားပြောနေရင်း စီးကရက်သောက်လိုသဖြင့် စီးကရက်ပင်တောင်းလိုက်သေး သည်ဟူ၏။

ထိုအချိန်တွင် ဘုရင်မကြီးက လုံခြုံရေးကို ဆက်သွယ် ခေါ်ယူလိုက်လေသည်။ မိုက်ကယ်လည်း ဘုရင်မကြီးအခန်းမှ ထွက်ခဲ့ပြီး နန်းတော်တွင်းမှ မထွက်ခွာမီ ဘုရင်မကြီး၏ ၀ိုင်သို လှောင်ခန်းသို့ဝင်ကာ တန်ဖိုးကြီးရှားပါးဝိုင်များကို သောက်ရန် ပင် ကြိုးစားခဲ့သေးသည်။

ဖလောရန့်စ်အကျဉ်းထောင် ၊ အမေရိက၏ ထိပ်သီးရာဇ၀င် လူဆိုးကြီးများအား ထိန်းသိမ်းထားရှိသည့်နေရာ

ငရဲဘုံ၏ သန့်ရှင်းအောင်ပြုလုပ်ထားသည့် ပုံစံတစ်မျိုး ဟု အချို့ကခေါ်ဝေါ်ကြသည်။ အမိုက်တကာ့ထိပ်ခေါင်၊ ထိပ်သီး တို့ကို ထားရှိသည့်အကျဉ်းထောင်ကြီးဖြစ်၏။

နာမည်ကျော် ရာဇ၀င်လူဆိုးကြီးများကို အဆိုပါ အကျဉ်းထောင်ကြီးတွင် စုစည်းထားရှိရာ အယ်လ်ကေဒါအဖွဲ့မှ လေယာဉ်ပြန်ပေးဆွဲသူ၊ ဖိနပ်ဖြင့် ဗုံးခွဲရန်ကြံစည်သူ၊ အိုလံပစ် ကွင်းတွင် ဗုံးခွဲရန်စီစဉ်သူ၊ ၁၉၉၃ ခုနှစ်အတွင်း နယူးယောက်ရှိ ကမ္ဘာ့ကုန်သွယ်ရေး ဗဟိုအဆောက်အအုံကြီးကို ဗုံးဖောက်ခွဲမှု အား ကြိုးကိုင်သူ အစရှိသည့် ထိပ်သီးခေါင်းဆောင်ကြီးများကို ထိန်းသိမ်းထားသည့် နေရာဖြစ်သည်။

တစ်ဦးချင်းစီ၏ အကျဉ်းခန်းတွင် ရေချိုးရန်နေရာ တစ်ခု၊ အိမ်သာတစ်ခု၊ စာရေးစားပွဲငယ်တစ်ခုတစ်ခု၊ ကွန်ကရစ် ဖြင့် အခိုင်အမာလုပ်ထားသည့် အိပ်ယာကုတင်တစ်ခု၊ ၄ လက်မပတ်လည်ခန့်သာရှိသော ပြတင်းပေါက်ငယ်တစ်ခုရှိပြီး အဆိုပါ ၄ လက်မအပေါက်ငယ်သာလျှင် ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်ရာနေရာရှိသည်။

အကျဉ်းထောင်ဟုဆိုစေကာမူ ဆိတ်ငြိမ်ခြင်းသာ ကြီးစိုးလျက်ရှိသည့်နေရာဖြစ်၏။ အကျဉ်းသားတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆက်ဆံခွင့် လုံးဝပေးအပ်မထား။ မိမိအခန်းပြင်ပသို့ ထွက်ခွင့် တစ်နေ့လျှင် တစ်နာရီသာ ခွင့်ပြုသည်။ သို့တိုင် အခြားတိုက်ခန်းတစ်ခုသို့သာဖြစ်ပြီး မည်သည့်ရှုခင်းမျှ ကြည့်ရှုရန် မရှိချေ။

အကျဉ်းထောင်ကြီး စတင်ဖွင့်လှစ်ပြီးနောက် နှစ်ပေါင်း ၂၀ တာကာလအတွင်း မိမိကိုယ်မိမိ အဆုံးစီရင်မှု ၇ ကြိမ် ပေါ်ပေါက်ခဲ့သည်။ အကျဉ်းထောင်မှ ထွက်ပြေးလွတ်မြောက် သွားသူတစ်ဦးမျှမရှိခဲ့။

ရှေရီ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကမ္ဘာ အံ့ဖွယ်အလျှို့ ဝှက်ဆုံး နေရာများ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ အံ့ဖွယ်အလျှို့ ဝှက်ဆုံး နေရာများ - Property News in Myanmar from iMyanmarHouse.com
ကမ္ဘာ အံ့ဖွယ်အလျှို့ ဝှက်ဆုံး နေရာများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service