ဆယ်ကျော်သက် ဗြူးတီးဘလော့ဂါကနေ သန်းကြွယ်သူဌေးဖြစ်လာသူ အစ္စဘယ်လာ လိုဝမ်ဂရစ်

ဆယ်ကျော်သက် ဗြူးတီးဘလော့ဂါကနေ သန်းကြွယ်သူဌေးဖြစ်လာသူ အစ္စဘယ်လာ လိုဝမ်ဂရစ် - Property Knowledge in Myanmar from iMyanmarHouse.com
14 Nov 2017 12:01 pm တွင် တင်ခဲ့သည်
989 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အလှအပရေးရာ ဘလောဂ်တစ်ခုကြောင့် နာမည်ကျော်လာပြီး နောက် အစ္စဘယ်လာလိုဝမ်ဂရစ်ဟာ ဆွီဒင်မှာ လူသိအများဆုံး အလှကုန်ကုမ္ပဏီတစ်ခုကို ထူထောင်ခဲ့ပါတယ် ။ ဒါပေမဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးအတွက် ဒါဟာ ပန်ခင်းတဲ့ လမ်းတော့ မဟုတ်ပါဘူး ။

သူဟာ သူ့ဘလောဂ်ကို အသက် ၁၄နှစ်အရွယ်မှာ စတင်ခဲ့ပါတယ် ။ အသက်ငယ်ငယ်လေးမို့ သူ့ကို ရုပ်သံနဲ့ စာနယ်ဇင်းတွေက မလောက်လေးမလောက်စား အဖြစ် သဘောထားခဲ့ကြပါတယ်။

‘ ဆွီဒင်မှာ အထူးသဖြင့် ဆယ်ကျော်သက် မိန်းကလေးတွေက သိပ်ပြီး သင်လွယ် ၊ တတ်လွယ်ကြတယ် ‘ လို့ သူကလွန်ခဲ့တဲ့ ၁၀ နှစ်က ဘလောဂ့်တွေ စတင်ခေတ်စားပုံကို ပြောပြပါတယ်။

‘ ဒါပေမဲ့ ဆွီဒင်မီဒီယာက ကျွန်မတို့ကို လှောင်တယ်၊ ကြည့်စမ်း ဒီကောင်းမလေးတွေက ဘလော့ဂ်နဲ့ စီးပွားရေးလုပ်မယ်တဲ့ ၊ ကျွန်မတို့က အရှုံးမပေးပါဘူး ၊ အဲဒါအတွက် ကျွန်မသိပ်ဂုဏ်ယူမိတယ် ‘

ဘလွန်ဒင်ဘယ်လာဆိုတဲ့ အနုပညာနာမည်နဲ့သူဟာ ဆွီဒင်မှာ လူဖတ်အများဆုံး ဘလော့ဂါတစ်ယောက်ဖြစ်လာပြီး အခုဆိုရင် သူ့ဘလောဂ်ကို လာရောက်ဖတ်ရှုသူ တစ်ပတ် ၁.၅ သန်းလောက်ရှိနေပါပြီ ။

အင်္ဂလိပ် ၊ ဂျာမာန်၊ ပြင်သစ်နဲ့ အာရဗီဘာသာစကားတွေနဲ့ ဘာသာပြန်ဖတ်ရှုနိုင်တဲ့ သူ့ဘလော့ဂ်မှာ ဖက်ရှင်နဲ့အလှအပ အကြောင်း ၊ မစ္စလိုဝမ်ဂရစ်ရဲ့ စီးပွားရေ လုပ်ငန်းအကြောင်း နဲ့က ကလေးငယ်နှစ်ယောက်တစ်ဖက် ၊ စီးပွားရေတစ်ဖက် ဘယ်လိုဟန်ချက်ညီအောင် နေထိုင်တဲ့ အကြောင်းတွေကို ဖတ်ရှုနိုင်ပါတယ်။

သူဟာဆွီဒင်မှာ လူသိအများဆုံး လူမှုရေးသြဇာကြီးမားသူတစ်ဦးဖြစ်လာသလို တက်သစ်စလုပ်ငန်းတွေအတွက် စံနမှုနာယူစရာလည်း ဖြစ်လာခဲ့ပါတယ်။
‘ ကျွန်မက ကိုယ့်ကိုယ်ကို စာရေး ဆရာ ဆိုတာထက် စွန့်ဦတီထွင်သမားလို့ ပိုမြင် တယ် ‘ လို့ သူက ဆိုပါတယ်။ ‘ ကျွန်မစာရေးညံ့တုန်းပဲ ‘ လို့ လည်း ဝန်ခံခဲ့ပါတယ် ။

မစ္စလိုဝမ်ဂရစ်ဟာ ဆယ်ကျော်သက်ဘဝကတည်းက စီးပွားရေးလာဘ်မြင်သူဖြစ်ပြီး ဘလော့ဂ်စတင်ကတည်းက ကြော်ငြာတွေ ။ စပွန်ဆာ ရယူထားခဲ့ပါတယ်။

ခေတ်ပြိုင် တခြားဘလော့ဂါတွေက သူတို့ရဲ့ ဝင်ငွေတွေကို ပါတီတက်သုံးဖြုန်းနေချိန် မစ္စလိုဝမ်ဂရစ်ကတော့ စီးပွားရေးလုပ်ငန်းသစ်ကို ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ သူဟာ ကိုယ်ပိုင် အလှကုန်ပစ္စည်းကုမ္ပဏီဖြစ်တဲ့ အယ်လ်စီစီ (LCC) ကိုထူထောင်ခဲ့ပြီး သည်ကုမ္ပဏီဟာ မနှစ်က ဆွီဒင်ရဲ့ ကြီးထွားမှုအမြန်ဆုံး အလှကုန်လုပ်ငန်းအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

ကုမ္ပဏီဟာ အသားအရေအတွက် နှုးညံတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်တယ် လို့ ဈေးကွက်တင်ပြီး မျက်နှာလိမ်းခရင်မ်တွေ ၊ မျက်တောင်ကော့ဆေးတွေ ၊ ခေါင်လျှော်ရည်တွေ ၊ ဘော်ဒီလိုးရှင်းတွေအပါအဝင် အရေပြားထိန်းသိမ်းမှုနဲ့ အလှပြင်ပစ္စည်းအမျိုးမျိုးကို ရောင်းချနေတာ ဖြစ်ပါတယ်။

LCC ဟာ ဆွီဒင်တင်မက ဆွစ်ဇာလန် ၊ အက်စတိုးနီးယားအထိ ခြေဆန့်နေပြီး မနှစ်က ဆွီဒင်ခရိုနာ ၃၅သန်း (ပေါင် ၃.၃ သန်း )ဖိုးရောင်းချခဲ့ပါတယ်။

‘ ကုမ္ပဏီတစ်ခု ထူးထောင်ဖို့က ကျွန်မရဲ့ ပြင်းပြတဲ့ ဆန္ဒပဲ ‘ လို့မစ္စလိုဝမ်ဂရစ်က ပြောပါတယ်၊ ‘ ကျွန်မက တခြားသူလုပ်တဲ့ မိတ်ကပ်တွေ ၊ အဝတ်အစားတွေကို သုံးရတာ သိပ်မကြိုက်ဘူး၊ ကိုယ်တိုင်ပဲ အားလုံးကို ဖန်တီးချင်တယ် ‘ လို့ ဆိုပါတယ်။

ဒါပေမဲ့ LCC နဲ့ ဘလော့ဂ်ဟာ ခွဲမရပါဘူး။ လုပ်ငန်းနှစ်ခုစလုံးဟာ ရုံးခန်းဝင်းတစ်ခုတည်းမှာဖြစ်ပြီး စုစုပေါင်း ဝန်ထမ်း ၄၀ ကို ခန့်ထားပါတယ်။

စီးပွားရေသမားဗီဇာပါလာတဲ့ မစ္စလိုဝမ်ဂရစ်ဟာ အလှကုန်တစ်ခုတည်းနဲ့တော့ ရပ်မနေပါဘူး ။သူ့ရဲ့ တခြားစီးပွားရေးတွေ ထဲမှာ ဖိနပ်ဘရန်းတစ်ခု ။ အဝတ်အစားလုပ်ငန်းတစ်ခု ၊ ရင်းနှီးမြှုပ်နံမှုလုပ်ငန်း တစ်ခုနဲက တစ်ကိုယ်ရေငွေကြေးစီမံခန့်ခွဲမှုဆွေးနွေးပွဲတွေ ပါဝင်ပါတယ်။ သည် လုပ်ငန်းအားလုံးပေါင်းရင် သည်နှစ် ဆွီဒင်ခရိုနာ ၇၅ သန်းလောက် ရောင်းအားရှိမယ်လို့ မျှော်လင့်ရပါတယ်။

အဲသည်လိုအောင်မြင်ရတာက စီးပွားရေးအတွက် ကိုယ့်အားကိုယ်ကိုးလေ့လားတဲ့ နာရီးပေါင်းမှားစွာနဲ့ စီးပွားရေးလုပ်ငန်း တွေမှာ ပိုတော်တဲ့ လုပ်ဖော်ကိုင်ဖက်တွေ ကို ခေါ်ယူနိုင်တာကြောင့် လို့ မစ္စလိုဝမ်ဂရစ်က ပြောပါတယ်။

သူဟာ အကောင်းဆုံးခေါင်းဆောင် မဟုတ်ကြောင်း ၊ အိုင်ဒီယာထုတ်ရာမှာ တော့ ပိုကောင်းပြီး ခေါင်းဆောင်းမှုစွမ်းရည် သိပ်မကောင်းကြောင်း လက်ခံပြီး LCC ဟာ တစ်နေ့မှာ အက်စ်တီးလော်ဒါကုမ္ပဏီကြီးဖြစ်လာရမယ်လို့ မျှော်မှန်းထားပါတယ်။

အဲဒါကြောင့် သူဟာ ကုမ္ပဏီမှာ အမှုဆောင်ချုပ်ရာထူးကို မယူဘဲ သူ့စီးပွားဖက် စီးပွားရေပညာရှင်နဲ့ ဂျာနယ်လစ်ပင်းဂစ်ဟေဒန်နူးရက်စ်ရဲ့ တရားဝင်ရာထူးက တီထွင်ဖန်တီးမှုဒါရိုက်တာဖြစ်ပေမဲ့ မျက်နှာ ပြရတာ သူပဲ ဖြစ်ပါတယ်။

သူ့ဘလော့ဂ်ကို ဖတ်ရင်း ကြီးပြင်လာကြတဲ့ ဆွီဒင်အမျိုးသမီး သုံးလေးသိန်းရဲ့ အသည်းကျော်ဖြစ်ပေမဲ့ မစ္စလိုဝမ်ဂရစ်ဟာလည်း အဝေဖန်လွတ်ကင်းတဲ့ သူတော့ မဟုတ်ပါဘူး။

သူဟာ ခင်ပွန်နဲ့ကွဲတာ ၊ အိမ်သန့်ရှင်းရေး ၊ ချက်ပြုတ်ရေးအတွက် အိမ်အကူငှါးရမ်းတာကို ထုတ်ပြောတာတွေကြောင့် ဝေဖန်ခံနေရပြီး သည်လိုအိမ်မှုကိစ္စ မနိုင်နင်းတာကို ဆွီဒင်လူမှုအသိုင်းအဝိုင်းက မနှစ်လိုကြလို့ ဖြစ်ပါတယ်။
ဒါပေမဲ့ ကလေးနှစ်ယောက်အမေကတော့ သူ့ဘဝကို သူတစ်ပါးဝေဖန်တဲ့ အတွက် မမှုပါဘူး။

‘ ကျွန်းမ စီးပွားရေးနဲ့ မိသာစုရေး တစ်ခုခုကို မရွေးခိုင်တာ ပိုကောင်းမယ် ‘ လို့ သူကပြောပါတယ်။ ‘ ကျွန်မက ကိုယ့်ကိုယ်ကို ပိုကျေနပ်ပျော်ရွင်လာရင် ပိုကောင်းတဲ့ အမေလဲဖြစ်လာမယ် ၊ ပိုကောင်းတဲ့လုပ်ဖော်ကိုင်ဖက်လဲဖြစ်လာမယ် ၊ ပိုကောင်းတဲ့ ခေါင်းဆောင်လဲဖြစ်လာမယ် ‘ လို့ သူက ခုခံပြေဆိုခဲ့ပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service