နေပြည်တော်တည်ဆောက်ရန် သိမ်းယူခဲ့သည့်လယ်ယာမြေများအတွက် လျော်ကြေး ကျပ်လေးဘီလီယံကျော် ပေးအပ်ထားဟုဆို

နေပြည်တော်တည်ဆောက်ရန် သိမ်းယူခဲ့သည့်လယ်ယာမြေများအတွက် လျော်ကြေး ကျပ်လေးဘီလီယံကျော် ပေးအပ်ထားဟုဆို - Property News in Myanmar from iMyanmarHouse.com
7 Nov 2017 10:14 am တွင် တင်ခဲ့သည်
5503 ကြိမ် ကြည့်ရှု့ပြီး
နေပြည်တော် တည်ဆောက်ရေးစီမံကိန်းများ ကြောင့် လယ်ယာမြေအသိမ်းခံခဲ့ ရသည့်တောင်သူများကို နစ်နာ ကြေး ကျပ်လေးဘီလီယံကျော် ပေးလျော်ခဲ့ကြောင်း နေပြည် တော် စည်ပင်သာယာရေးကော်မ တီဝင်(၂) ဦးမင်းသူက 7Day Daily သတင်းစာအားပြောသည်။

နေပြည်တော်စည်ပင်သာ ယာရေးကော်မတီက နိုင်ငံတော် ထောက်ပံ့ရန်ပုံငွေမှ လယ်ယာ မြေနှင့် သီးနှံလျော်ကြေးငွေများ ကို ၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကစ တင်ကာ လက်ရှိဘဏ္ဍာနှစ်အထိ ခြောက်ကြိမ်ပေးလျော်ခဲ့ကြောင်း ဦးမင်းသူက အတည်ပြုသည်။

ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်က တောင်သူများအ တွက် နစ်နာကြေးထောက်ပံ့ငွေ အဖြစ် ၂၀၁၂-၁၃ ဘဏ္ဍာနှစ် တွင် ကျပ်သန်း ၈၀၀ ခန့်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် ကျပ် သန်း ၄၆၀ ကျော်၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၄၈၀ ကျော်နှင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ် တွင် ကျပ်သန်း ၇၁၀ ကျော်ဖြင့် လေးကြိမ် ပေးလျော်ခဲ့ကြောင်း ၎င်းက ဆိုသည်။

‘‘အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ နှစ်မှာပေးတဲ့သီးနှံနဲ့မြေလျော် ကြေးဟာ အများဆုံးပဲ’’ ဟုဦးမင်း သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရသစ်တက် လာပြီးနောက်ပိုင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၅ ဘီလီ ယံကျော်ကို တောင်သူများအား ထောက်ပံ့ကြေးအဖြစ် ဆက် လက်ပေးလျော်ခဲ့သည်။ ပြီးခဲ့ သည့်နှစ် ၂၀၁၆-၁၇ ဘဏ္ဍာနှစ် က နိုင်ငံတော်အစိုးရခွင့်ပြုငွေ အဖြစ် ၁ ဒသမ ၆ ဘီလီယံကျော် ရရှိထားပြီး ၁ ဒသမ ၅ ဘီလီယံ ကျော်အထိ တောင်သူများထံပေး လျော်ခဲ့သည်။ အစိုးရသို့ပိုငွေ ကျပ်သိန်း နှစ်ထောင်ကျော် ပြန် လည်အပ်နှံခဲ့ကြောင်း ဦးမင်းသူ ကဆိုသည်။

ယင်းကဲ့သို့ နိုင်ငံတော်သို့ ပြန်လည်ပေးအပ်ခဲ့သော ငွေကျပ် သိန်းနှစ်ထောင်ကျော်သည် နေ ပြည်တော်ကောင်စီနယ်မြေ ရွှေ နံ့သာရပ်ကွက်ရှိ မြေဧက ၂၀၀ကို တွက်ချက်ထားပြီး ပေးလျော်နိုင်ခဲ့ခြင်းမရှိသောကြောင့်ဟု ၎င်းက ရှင်းပြသည်။

‘‘ဒီနှစ်ဘတ်ဂျက်ခွင့်ပြုငွေက သိန်းပေါင်းတစ်ထောင်လောက် ရှိတယ်။ လက်ရှိမှာ ၄၀၀ နီးပါး ပေးထားပြီးဖြစ်တဲ့အတွက် သိန်း ပေါင်း ၆၀၀ ကျော်သီးနှံနဲ့မြေ လျော်ကြေးတွေ ပေးဖို့ရှိနေပါ သေးတယ်’’ ဟုဦးမင်းသူက ပြော သည်။ ယခုနှစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏမြို့နယ် မှ သစ်တောမြေ ၃၈ ဧကကျော်အတွက် မြေယာလျော်ကြေးကျပ်သိန်း ၄၀၀ ခန့်ကို အောက်တိုဘာ ၂၉ ရက်က တောင်သူ ၁၄ ဦးထံပေးအပ်ခဲ့သည်။ ယင်းသို့ပေးအပ် ရာတွင် စိုက်ပျိုးခဲ့သော တောင်သူ များ၏ သီးပင်စားပင်များအတွက် သီးနှံလျော်ကြေးများ ထည့်သွင်း တွက်ချက်ပြီး မြေတစ်ဧကလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် ပေးလျော် ခဲ့သည်။

‘‘စိစစ်တွက်ချက်တဲ့နေရာ မှာ အခက်အခဲဖြစ်တာက မြေစာ ရင်းမဟုတ်တဲ့ သစ်တောမြေတွေ ပေါ့။ အခက်အခဲဖြစ်တယ်ဆိုတဲ့ နေရာမှာ လုပ်ကိုင်စားသောက်တဲ့ သူတွေဟာ ပိုင်ဆိုင်မှုထပ်နေတာ တို့၊ အငြင်းပွားတာတွေကိုလည်း ထပ်မံစိစစ်နေပါတယ်’’ ဟု ဦး မင်းသူက ဆိုသည်။

Credit: 7Daydaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...

ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...

‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ

အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service