တိုက်ဆောက်လုပ်ခွင့်တင်မလို့လား ကြိုတင်သတိထားရမယ့် အချက်များ

တိုက်ဆောက်လုပ်ခွင့်တင်မလို့လား ကြိုတင်သတိထားရမယ့် အချက်များ - Property News in Myanmar from iMyanmarHouse.com
25 Oct 2017 11:54 am တွင် တင်ခဲ့သည်
3625 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအဝယ်နဲ့ တိုက်ခန်းအရောင်းအဝယ်တွေက အေးနေတယ်ဆိုပေမဲ့ သူနေရာနဲ့သူ ၊ သူမြို့နယ်နဲ့သူ အရောင်းအဝယ်တွေက တဖွဲဖွဲဖြစ်တောကြတာကို တွေ့မြင်နေရပါတယ်။ အဲဒီလို အရောင်းအဝယ်ဖြစ်တဲ့ နေရာမှာ မြေကွက်သက်သက်ကြိုက်သူတွေရှိသလို မြေနှင့်အိမ်ပါတာကို ကြိုက်သူတွေလည်းရှိပါတယ်။ အချို့ကြတော့လည်း ၊ ရေကန်အသင့် ၊ ကြာအသင့်ဖြစ်တဲ့ ကွန်ဒိုတို့ တိုက်ခန်းတို့ကို ပိုပြီး နှစ်သက်ကြတယ် ။

လူနေထိုင်ခွင့်ရပြီလား ရှေ့ပြေးမေးထား

ဒါပေမဲ့ မြေနှင့်အိမ်ပဲဝယ်ဝယ်၊ တိုက်ခန်းပဲဝယ်ဝယ် သူနေရာနဲ့သူတော့ အချိန်ပေးရတာတွေ ၊ ကြန့်ကြာမှုရှိတာတွေ စာရွတ်စာတမ်းစစ်ဆေးရတာတွေ စသဖြင့် အခက်အခဲတွေပေါ်လာတက်တဲ့အတွက် ‘ စိတ်ရှည်သည်းခံ ‘ ရတာတွေလည်းရှိပါတယ်။ အဲဒီအထဲမှာမှ တိုက်ခန်းဝယ်တဲ့အခါမှာပိုပြီး သတိထားရပါတယ်။ တိုက်ခန်းဝယ်မယ်ဆိုရင် လူနေထိုင်ခွင့်ရပြီလားဆိုတဲ့ မေးခွန်းနဲ့စတင်စုံစမ်းရပါတယ်။ BCC လူနေထိုင်ခွင့်ရမှသာလျင် ပြီးပြည့်စုံတဲ့ တိုက်ခန်းပါလားလို့ စိတ်အေးရပါတယ်။
ဘာကြောင့်လဲဆိုတော့ အဆောက်အအုံဆောက်လုပ်ခွင့်လျှောက်ထားရင် နှောင်နှေးကြန့်ကြာမှုရှိသလို ၊ ဝယ်လိုက်တဲ့တိုက်ခန်းက ဝယ်ပြီးကာမှ ခွင့်ပြုချက်မရှိတဲ့ အဆောက်အဦးတွေ ဖြစ်နေတာကို ဝယ်သူကမသိကြပါဘူး ။ဒါကြောင့် တိုက်ဆောက်တဲ့အခါ ကြန့်ကြာရတဲ့ အကြောင်းတွေအခုလိုလေ့လာ သိရှိရပါတယ်။

အဆောင်အအုံဆောက်လုပ်ခွင့် ကြန့်ကြာမှုမရှိဖို့ ၊ သတ်မှတ်ချက်တွေပြည့်စုံဖို့လို

အဆောက်အအုံဆောက်လုပ်ခွင့်မှာ အမှန်တကယ် ကြန့်ကြာနေခြင်းနဲ့ဆောက်လုပ်ခွင့်ကို ထုန်ပေးဖို့အတွက် အခွန်များကင်းရှင်းပြီးမှ ထုတ်ပေးရမယ်ဆိုတဲ့ အချက်ကိုပြန်လည် ဖြေလျော့ပေးမယ်လို့ သိရပါတယ်။ အဆောက်အအုံဆောက်လုပ်ခွင့် နှောင်နှေးကြန့်ကြာမှုကို ယခုနောက်ပိုင်းမှာ မြို့ပြစီမံကန်းနဲ့ မြေစီမံခန့်ခွဲမှု ဌါနက မြေပုံထုတ်ပေးဖို့ အချိန်သုံးလ ကန့်သတ်ထားပေမယ့် အမည်ပြောင်းခြင်းမရှိသေးဘဲ General Power (အထွေထွေကိုယ်စာလှယ်လွှဲစာ )နဲ့ အဆောက်အအုံလုပ်ဖို့အတွက် ၊ ခြံစည်းရိုးကာရံခြင်း ၊ အကြီးစားပြင်ဆင်ခြင်းတွေကို မြေရာဇဝင်လျှောက်ထားတဲ့အခါ မြေယာဌာန ကသက်မှတ်ထားတဲ့ အချက်များကို ပြည့်ပြည့်စုံစုံ တင်ပြဖို့လိုအပ်ပါတယ်။

အဲဒီလို တင်ပြလျှောက်ထားချက်အရ မြေရာဇဝင်မှာ ကြည့်တဲ့အခါမှာ ကန့်ကွက်ချက်မရှိတဲ့ အပြင်မြေပြင်မှာ ကွင်းဆင်းစစ်ဆေးတဲ့အခါမှာလည်း အရှုပ်အရှင်းကင်းတယ်ဆိုရင် လျောက်ထားသည့်နေ့ရက်နဲ့ခွင့်ပြုပြီးထုတ်ပေးတဲ့ နေရက်တွေကို နှုတ်ပယ်ပြီး ၊ ယခင်က (၁၅) ရက်အတွင်ူ မြေပုံထုတ်ပေးပါတယ်။ယခု ၂၀၁၆ ခုနှစ် ၊ ဇူလိုင်လကစတင်ပြီး (၇) ရက်အတွင်း ထုတ်ပေးနေတ်ာလို့ သိရပါတယ်။

မြေတိုင်းမြေပုံထုတ်ယူဖို့ (၁၃)ရက်သာကြာ

နယ်နိမိတ် လေးရပ်မြေတိုင်းတာခြင်းနဲ့ ပတ်သက်လို့ မြေပုံလျောက်ထားတဲ့အခါ ၊ အမည်ပေါက်ကိုယ်တိုင်ဖြစ်စေ ၊ ကိုယ်စာလှယ်လွှဲစာပါဝါနဲ့ ဖြစ်စေ ။ မှတ်ပုံတင်ပြီးတဲ့ စာချုပ်အချက်အလက်တွေကို ပြပြီး ပိုင်ဆိုင်သူကိုယ်တိုင်က လျှောက်ထားဖို့လိုအပ်ပါတယ်။ လျှောက်ထားချက်အရ ပိုင်ဆိုင်မှုအထောက်အထားမှန်ကန်တယ် ၊ မြေပြင်မှာလည်းရှင်းတယ် ၊ မြေစာရင်းမှာကန့်ကွက်ချက်လည်းကင်းတယ် ၊ ကွင်းဆင်းတိုင်းတာတဲ့အခါမှာလည်း မြေပြင်မြေစာရင်းနဲ့ ကိုကညီမှုရှိတယ်ဆိုရင် ယခင်က (၂၅)ရက် ပြည့်မှထုတ်ပေးခဲ့ပေမဲ့ ၊ ၂၀၁၆ ခုနှစ် ဇူလိုင်လကစပြီး (၁၃) ရက်အတွင်း မြေပုံထုတ်ပေးနေပြီဖြစ်ကြောင်း သိရပါတယ်။

ဆောက်လုပ်ခွင့်အမြန်ရဖို့ ဖုန်းဆက်လို့ အကြောင်းကြားစာပို့ကြစို

ဒါ့အပြင် အဆောက်အအုံဆောက်လုပ်မှု နှောင်နှေးကြန့်ကြာမှုမရှိစေရေး အတွက် အင်ဂျင်နီယာဌာန (အဆောင်အအုံ) ဌာနမှာ အဆောက်အဦးဆောက်လုပ်ခွင့်လျှောက်ထားတဲ့အခါမှာ
နှောင်နှေးကြန့်ကြာမှုမရှိစေရေးအတွက် သက်မှတ်ထားတဲ့ စာရွတ်စာတမ်းများပြည့်စုံ မှန်ကန်မှုရှိအောင် ဆောင်ရွတ်စေပြီး ၊ လက်ခံဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။
ဒါပေမဲ့ မြေပြင်မှာသွားရောက်စစ်ဆေးတဲ့အခါမှာ ၊ မြေကွက်အကျယ်အဝန်းအတိုင်းအတာမကိုက်ညီတာ တွေ့ရင် ပုံစံပြင်ရန်လိုအပ်ပါတယ်။ ဒါအပြင် လျှပ်စစ်ဓါတ်အားလိုင်းအကွာအဝေးနဲ့ လွတ်ကင်းနေတယ်ဆိုရင်လည်း လျှပ်စစ်ဓါတ်အားလိုင်းကော်ပိုရေရှင်းရဲ့ ထောက်ခံချက်ယူပေးဖို့ လိုအပ်ပါတယ်။
ထိုအတူဘဲ ကပ်လျက်မြေကွက်နဲ့ နယ်နိမိတ်အငြင်းပွားတာတွေရှိနေရင် ၊ မြေနယ်နိမိတ်သတ်မှတ်ချက် မြေပုံလည်း လိုအပ်ပါတယ်။ အခြာမြေပြင်ကွင်းဆင်းစစ်ဆေး မှ လိုအပ်တဲ့အမှုတွဲးတွေကိုလည်း ၊ ဆောင်ရွက်ပေးရန်ရှိနေတဲ့အတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ဖို့အတွက် အမှုတွဲး စတင်လက်ခံစဉ်ကထဲက ၊ ဆက်သွယ်ရမယ့်ပုဂ္ဂိုလ်ရဲ့ အမည်၊ တယ်လီဖုန်းနံပါတ်တွေကို ရယူထားဖို့လိုအပ်ပါတယ်။ သို့မှသာ လိုအပ်တဲ့အခါ တယ်လီဖုန်းနဲ့ ဆက်သွယ်သတိပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် ၂၂.၈.၂၀၁၇ နေ့ကစပြီး တယ်လီဖုန်းနံပါတ်မှတ်တမ်းတွေကို စနစ်တကျထားရှိကာ ၊ အကြောင်းကြာစာတွေကိုလည်း အချိန်နဲ့တပြေညီဆောင်ရွက်ပေးနေတယ်လို့ သိရတာ ဝမ်းသာစရာပါ ။

အိမ်ဆောက်ခွင့်ရလို့ (၂) ရက်သာကြာ

အမှုတွဲအဆင့်ဆင့် စိစစ်တဲ့ စည်းကမ်းများကြောင့် ကြန့်ကြာမှုမရှိစေဖို့လည် အမှုတွဲ တစ်ခုချင်းအလိုက်၊ လုပ်ငန်းဆောင်ရွက်မှု ကြာချိန်မှတ်တမ်း ထားရှိဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့စာရွတ်စာတမ်းတွေလည်း ပြည့်စုံတယ် ၊ မြေပြင်နဲ့လည်း အချက်အလက်ကိုက်ညီမှု ရှိတယ်ဆိုရင်၊ မြေအမည်ပေါက် ပိုင်ဆိုင်သူက (သုံးထပ်) အထိ ဆောက်လုပ်ခွင့်ကို (၂၁) ရက်အတွင်း ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

(၃)ထပ်တိုက်(၃၅)ရက်ကြာ ၊ ၄ထပ်တိုက် (၄၅) ရက်ကြာ

မြေ အမည်ပေါက်မဟုတ်ပဲ အရပ်ကတိစာချုပ်နဲ့ ဝယ်ထားသူတွေအတွက် ဆိုရင် (၃)ထပ်ထိ အဆောက်အအုံဆောက်လုပ်ခွင့်ကို ရုံးဖွင့်ရက် (၃၅) ရက်အတွင်းမှာ ပြီးစီးအောင်ဆောင်ရွက်ပေးပါတယ်။ (၄)ထပ်နဲက အထပ် ဆောက်လုပ်ခွင့်ကို တော့ ရုံးဖွင့်ရင် (၄၅)ရက် အတွင်းမှာ ဆောင်ရွက်ပေးတယ်လို့ သိရပြန်ပါတယ်။

ခွင့်ပြုချက်ပေးခြင်းနဲ့အတူကော်မတီသို့ တင်ပြခြင်း တစ်ပြိုင်နက်ဖြစ်အောင် ဖြေလျော့ပေး

(၄)ထပ်တိုက်အောက်ဆောက်လုပ်ခွင့်တွေကိုတော့ လုပ်ထုံးလုပ်နည်းနဲ့အညီဆောင်ရွတ်ပေးပြီး ၊ဗဟိုထိန်းချုပ်မှုစနစ်ကို ဖြေလျော့ပေးတဲ့ အနေနဲ့ ခွင့်ပြုမိန့်ပေးခြင်းနဲ့ကော်မတီသို့တင်ပြခြင်းတို့ကို၊ တစ်ပြိုင်တည်းဆောင်ရွက်ပေးတယ်လို့ သိရပါတယ် ။ဒါပေမဲ့ မူဝါဒအရ အမှုတွဲတစ်ခုချင်းအလိုက်ခွင့်ပြုမိန့်
ပေးတယ်လို့ သိရပါတယ်။

ခွင့်ပြုချက်မဲ့ အဆောင်အအုံများမပေါ်ပေါက်ရေး ၊ စိစစ်ပေးနေ

ယခုအခါ အဆောက်အအုံဆောက်လုပ်ခွင့်ပြုမိန့်တွေကို ကြန့်ကြာမှုမရှိရလေအောင် ဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ဒါအပြင် မြို့နယ်အသီးသီးမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံများမပေါ်ပေါက်စေရေးအတွက်၊ယခင်ကထက် ပိုမိုကြပ်မတ်နေတယ်လို့ သိရပါတယ်။ ၂၅.၇.၂၀၁၇ ရက်နေ့အထိ ခွင့်ပြုမိန့်လျှောက်ထားဆဲမှာ လုပ်ငန်းကြိုတင်ဆောင်ရွက်တဲ့ အဆောက်အအုံ (၁၅၁၆) လုံးနဲ့ ခွင့်ပြုချက်မဲ့ အဆောင်အအုံ (၁၇၅)လုံးကို တည်ဆဲ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေနဲ့ အညီ တရားစွဲးဆိုပြီး ၊ ယင်းတို့ကို ဥပဒေနဲ့အညီ ခွင့်ပြုမိန့်တွေကို စိစစ်ထုတ်ပေးနေကြောင်း သိရပါတယ်။
လက်ရှိမှာ ခွင့်ပြုချက်မဲ့ အဆောက်အအုံတွေထပ်မံ မတိုးပွားစေဖို့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စာလှယ်တွေနဲ့ ပေါင်းစစ်ပြီး ပြည်သူလူထုကို စည်းရုံးဆောင်ရွက်တော့မည် ဖြစ်ကြောင်းသိရပါတယ်။

ရေနဲ့မိလ္လာသန့်ရှင်းဖို့ အိမ်ရှင်များနဲ့ ညှိနှိုင်းစို့

အင်ဂျင်နီယာဌာန (ရေသန့်ရှင်းမှု) က Proposal များစိစစ်ပြီးတာနဲ့ မိလ္လာစွန့်
ပစ်မှုဆိုင်ရာ ခွင့်ပြုချက်လိုအပ်ပါတယ် ။မိလ္လာစွန့်ပစ်မှုဆိုင်ရာခွင့်ပြုချက်တွေကို ထုတ်ပေးဖို့အတွက် အိမ်ရှင်များအနေနဲ့ ပူးတွဲတင်ပြရမည့်အချက်တွေကို ဌါနရဲ့ ကြော်ငြာသင်ပုန်းမှာ ဖော်ပြပါတယ်။

ကွင်းဆင်းစစ်ဆေး ၊ဝန်ဆောင်ခတွေပေး

စာရွက်စာတမ်းမပြည့်စုံပဲ အမှုတွဲစိစစ်ခြင်းမပြုရပါဘူး ။အဲဒါအပြင် အမှုတွဲလက်ခံပြီးမှ သက်ဆိုင်ရယ မြေရှင်နဲ့ ကန်ထရိုက်တာက သူတို့ရဲ့ ကိုယ်စာလှယ်တစ်ဦးထံဆက်သွယ်ပေးရပါတယ် ။ ဆက်သွယ်ပြီးတာနဲ့ (၇) ရက်အတွင်းကွင်းဆင်းစစ်ဆေးပြီး ဝန်ဆောင်ခတွေ ပေးသွင်းရပါတယ်။
Proposal အဆိုပြုချက်တင်ပြချက်ကို စိစစ်ပြီး အဆောက်အအုံများအတွက် မိလ္လာစွန့်ပစ်မှုဆိုင်ရာ ထောက်ခံချက် ၊ ခွင့်ပြုချက်တွေကို (၁၄) ရက်အတွင်း ၊ ထုတ်ပေးနေတယ်လို့ သိရပြန်ပါတယ်။ ကွင်းဆင်းစစ်ဆေးတဲ့အချိန်မှာ လိုအပ်ချက်များတင်ပြလာပါက၊ ရုံစာနဲ့တိတိကျကျတင်ပြပြီး သက်ဆိုင်ရာအိမ်ရှင်ထံ အကြောင်းကြားပေးတယ်လို့ သိရပြန်ပါတယ်။ယင်းတို့ကပြန်လည်တင်ပြလာရင် ဆောင်ရွက်ပေးနေပြီးဖြစ်ပါတယ်။ တကယ်ကြန့်ကြာတဲ့ အမှုတွေကတော့ မပြည့်စံတာရယ်၊ မမှန်ကန်တာရယ်တို့ကြောင့် ကြန့်ကြာရခြင်းဖြစ်ကြောင်း သိရပါတော့တယ်။
ဒီပြဿနာတွေနဲ့ ပတ်သက်ပြီး ဗိုလ်တထောင်မဲဆန္ဒနယ်က ၊ လွှတ်တော်ကိုယ်စာလှယ် ဦးသက်ထွန်းဝင်းက မေးလို့ စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက (၃.၁၀.၂၀၁၇) နေ့ကပြန်လည်ဖြေကြားပေးခြင်းဖြစ်ပါတယ်။ မေးရခြင်းအကြောင်းကလည်း အဆောက်အအုံတွေဆောက်လုပ်ခွင့် လျှောက်ထားရင် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေတာရယ် ၊ ခွင့်ပြုချက်မဲ့အဆောက်အဦးတွေ မြို့နယ်အတွင်း ဖြစ်ပေါ်နေခြင်းကို အရေးယူဆောင်ရွက်ပေးဖို့ ပေးလာတဲ့အတွက် ၊ မြို့တော်ဝန်က ရှင်းလင်းတင်ပြချက်ကို တိုက်ခန်းဝယ်လိုသူများ ကြိုတင်သိထားစေလိုပါသဖြင့် လေ့လာတင်ပြလိုက်ရပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်ကြာ အချိန်ယူ ဆောက်လုပ်ခဲ့ပုံ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွားခဲ့တာလဲ...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...
‘Spider-Man’ သရုပ်ဆောင်က နယူးယောက်မြို့လယ်၊ ဘရွတ်ကလင်းအရပ်ရှိ ဒေါ်လာ ၂ ဒသမ ၄၅ သန်းတန် penthouse ခန်းကို လာရောက်ကြည့်ရှုသွားခဲ့...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service