လယ်ယာမြေ အမွေဆက်ခံခြင်း၊ မြေယာပြုပြင်ပြောင်းလဲခြင်း၊ ခွဲစိတ်ခြင်း ၊ ပေါင်းစည်းခြင်း

လယ်ယာမြေ အမွေဆက်ခံခြင်း၊ မြေယာပြုပြင်ပြောင်းလဲခြင်း၊ ခွဲစိတ်ခြင်း ၊ ပေါင်းစည်းခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
23 Oct 2017 12:18 pm တွင် တင်ခဲ့သည်
1514 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူတိုင်းသည် လယ်ယာမြေဥပဒေပုဒ်မ (၉)အရ သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီ လုပ်ပိုင်ခွင့်အခွင့်အရေးများ ရရှိစေပြီး ဖြစ်သဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်း၊ မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်များ အပါအဝင် လယ်ယာမြေ အားလုံးကို ဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ပုံစံ (၇) ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးရန် တင်ပြလာပါက၊ လယ်ယာမြေစီမံခန်.ခွဲမှုအဖွဲ. အဆင့်ဆင့်သည် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊သတ်မှတ်ချက်များနှင့်ကိုက်ညီစွာ လျှောက်ထားစေ မှတ်ပုံတင်ကြေးပေးဆောင်စေပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်ထုတ်ပေးရမည် ဖြစ်ပါသည်။

လယ်ယာမြေဥပဒေ အခန်း(၄)၊ အမွေဆက်ခံသော လယ်ယာမြေများနှင့်စပ်လျဉ်း၍ လယ်ယာမြေနည်းဥပဒေ ၂၉ တွင် လယ်ယာမြေ လုပ်ပိုင်ခွင့်ကို အမွေဆက်ခံသူသည်အမွေဆက်ခံခွင့်ရှိကြောင်း၊ အထောက်အထားနှင့်အတူ မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလတ်မှတ်မူရင်းပူတွဲ၍ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန်သတ်မှတ်လျှောက်လွှာပုံစံဖြင့် မြို.နယ်ဦးစီဌာနသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေနည်းဥပဒေပုဒ်မ ၃၀၊၃၁၊၃၂၊၃၃၊၃၄ တို.အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အမည်ပြောင်းလဲခွင့်ရရှိရန် လျှောက်ထားချက်နှင့် စပ်လျဉ်းပြီး နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန် ပြဌာန်းထားရှိပါသည်။

လက်ရှိ အသုံးပြုခွင့်ရရှိထားသော လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိပြီး ဦးပိုင်များအား အမွေဆက်ခံခြင်းကိစ္စရပ်၊ မြေယာပြုပြင်ပြောင်းလဲခြင်း ကိစ္စရပ်များအတွက်ခွဲစိတ်ခွင့်နှင့်ပေါင်းစည်းခြင်းတို.အား ပြုပြင်ပြောင်းလဲ ဆောင်ရွက်ပေးရန် အောက်ဖေါ်ပြပါ စာရွက်စာတမ်းများပူးတွဲ၍ မြို.နယ်လယ်ယာမြေစီမံခန်.ခွဲမှုအဖွဲ.အတွင်းရေးမှူးထံ လျှောက်ထားစေရန် ဖြစ်ပါသည်။

(က) အမွေဆက်ခံခြင်းကိစ္စရပ်နှင့် စပ်လျဉ်းလျှောက်ထားရာတွင် အောက်ပါတို.ပူးတွဲပါရှိရမည်-

(၁) လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ အမည်ဧရိယာပြောင်းလဲ မှတ်ပုံတင်ပေးရန် လျှောက်လွှာ ပုံစံ (၉ -က)

(၂) မူလထုတ်ပေးထားရှိသည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလတ်မှတ်ပုံစံ(၇)မူရင်း

(၃) သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန်.ခွဲမှုအဖွဲ.၏ စိစစ်ထောက်ခံချက်၊

(၄) လယ်ယာမြေကို အမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ပြုလက်မှတ် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းဖြစ်ပါက စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးမှထုတ်ပေးသော အမွေဆက်ခံခွင့်လက်မှတ် မိတ္တူ

(ခ) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိပြီးသော ဦးပိုင်များအား လယ်ယာမြေအဆင့်မြှင့်တင်ခြင်းကြောင့်ဧရိယာပြင်ဆင် ပြောင်းလဲရန် လိုအပ်လာသော ပုံစံ(၇) များနှင့် စပ်လျဉ်း၍ တင်ပြလျှောက်ထားရာတွင်
အောက်ပါတို.ပူတွဲပါရှိရမည် -

(၁) လုပ်ငန်း လိုအပ်ချက်အရ ပြောင်းလဲပြင်ဆင်ဆောင်ရွက်ရန် ဖြစ်ပါ၍ ဧရိယာ ပြောင်းလဲပြင်ဆင် မှတ်ပုံတင်ပေးရန်အတွက် တင်ပြသော လျှောက်လွှာပုံစံ (၁-ခ)၊

(၂) မူလထုတ်ပေးထားရှိသည့်လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)မူရင်း၊

(၃) တင်ပြသူအမည် ပါဝင်သော ရပ်ကွက်သို.မဟုတ် ကျေးရွာအုပ်စုအလိုက် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း (ပုံစံ-၁၁) မိတ္တူ၊

(၄) စနစ်ကျလယ်ယာမြေဖော်ထုတ်ခြင်း(သို.မဟုတ်) လယ်ယာမြေအဆင့်မြင့်တင်ခြင်းကို ဆောင်ရွက်ပေးသည့် အစိုးရဌာန အဖွဲ.အစည်း၏ ထောက်ခံချက်

Credit: Winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service