စီးပွားရေးတိုးချဲ့မှုတိုင်းမှာ စဉ်းစားရမယ့် အချက် (၄) ချက်

စီးပွားရေးတိုးချဲ့မှုတိုင်းမှာ စဉ်းစားရမယ့် အချက် (၄) ချက် - Property Knowledge in Myanmar from iMyanmarHouse.com
11 Oct 2017 12:26 pm တွင် တင်ခဲ့သည်
1395 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

စီးပွားရေး တိုးချဲ့တယ်ဆိုတာ သင့်ကို နေ့စဉ်နဲ့အမျှ သင်တစ်ခါမှ မကြုံတွေ့ခဲ့ရဘူးတဲ့ စိန်ခေါ်မှုအသစ်သစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရမှာ သေချာပါတယ်။

စီးပွားရေးတိုးချဲ့ လုပ်ကိုင်တယ်ဆိုတာ စိန်ခေါ်မှုတွေနဲ့ သွားရောက်ရင်ဆိုင်လိုက်သလိုလည်း ဖြစ်နိုင်ပါတယ်။ စတိုးဆိုင် အသစ်လေးတစ်ခု ဖွင့်လိုက်တယ်ဆိုရင်ပဲ ဝယ်လက်အသစ်တွေရှာရမယ်။ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု အရေအတွက် မြှင့်တင်နိုင်ရေး အတွက် နည်းလမ်းအသစ်တွေ ရှာဖွေကြံဆရတော့မယ်။ အဲဒီလိုဆိုရင် သင်လည်း ဖိအားတွေ အရမ်းများလာတယ်လို့ ခံစားလာရ မယ်။ ဒါပေမဲ့လို့ သင့်အနေနဲ့ သင့်တော်သလို လုပ်တတ်မယ်ဆိုရင် အဲဒီ ဖိအားတွေက သင့်ကို ပိုပြီးအောင်မြင်လာအောင် တွန်းပို့ ပေးနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခု ချဲ့ထွင်တော့မယ်ဆိုရင်တော့ တိကျသေချာလောက်တဲ့ အစီအစဉ်တွေ ဆွဲထားတာမျိုး တော့ ရှိဖို့လိုပါတယ်။ အဲဒီလိုပဲ သင့်အနေနဲ့ ချဲ့ထွင်လိုက်တဲ့ စီးပွားရေးမှာလည်း အောင်မြင်မှုတွေ ပေါ်ထွက်လာစေချင်တယ် ဆိုရင်တော့ စီးပွားရေးတိုးချဲ့ဖို့ ဆုံးဖြတ်ချက်မချသေးခင်မှာ ကတည်းက အခုဖော်ပြပေးလိုက်တဲ့ (၄) ချက်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သင့်ပါတယ်။

(၁) သင့်ရဲ့ လက်ရှိစီးပွားရေးကိုရော ကာနိုင်ပြီလား

စွန့်ဦးလုပ်ကိုင်သူတိုင်း နီးပါးဟာ တစ်နေ့ကျရင် ဒေါ်လာသန်းချီတန်တဲ့ ကုမ္ပဏီတွေ အများကြီး run မယ်ဆိုတဲ့ စိတ်ကူးတွေ ရှိကြပါတယ်။ ဒါပေမဲ့ အဲဒီလို သမိုင်းမှတ်တိုင်ကို ရောက်ရှိသွားကြတဲ့ စွန့်ဦးလုပ်ကိုင်သူတွေဟာ သူတို့ ဝါးနိုင်တာထက်ပိုပြီး မကိုက်တတ်ကြပါဘူး။ သင့်အနေနဲ့ သင့်ကိုယ်သင် အလုပ်ပိုကြိုးစားပြီး ပိုလုပ်နိုင်ချင်တယ် ဆိုရင်တောင်မှ သင့်ကိုသင်တော့ ဒုက္ခမပေးချင်တာ အမှန်ပဲဖြစ်ပါလိမ့်မယ်။
အကယ်၍ သင့်အနေနဲ့ ချဲ့ထွင်ဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် အသစ်ချဲ့ထွင်မယ့် အလုပ်နဲ့ပတ်သက်ပြီး ဘယ်ရာတွေ လုပ်နိုင်စွမ်းရှိပြီး၊ ဘယ်အရာတွေကိုတော့ မလုပ်နိုင်ဘူးဆိုတာ ပထမဆုံး စဉ်းစားရွေးထုတ်ကြည့်ပါ။ ခေါင်းအေးအေးထားပြီး လက်လွှဲထားနိုင်ဖို့ရာ အတွက် သင်ကိုယ်တိုင် (သို့) သင့်ရဲ့ အဖွဲ့အစည်းမှာက ပြဿနာအခက်အခဲ တစ်ခုခု ရှိနေမယ်ဆိုရင် သင့်ကိုယ်သင် တာဝန်အသစ် တွေနဲ့ ပရောဂျက်အသစ်တွေတိုးပြီး ဝန်ပိကျဆုံးသွားအောင် မလုပ်မိပါစေနဲ့။ အဲဒီလိုလုပ်မယ့်အစား အရင်းအမြစ်တေနဲ့ သင့်ရဲ့ တိုးချဲ့မယ့် လုပ်ငန်းတွေအပေါ်မှာ အာရုံစိုက်ထုတ်နိုင်တဲ့အချိန် မရောက်မချင်း စောင့်ဆိုင်းပါ။

(၂) တိုးချဲ့မှုတစ်ခုအတွက် တတ်နိုင်မှုရှိရဲ့လား

သင့်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်နေပြီဆိုရင် “ငွေကို ငွေနဲ့ မျှားရမယ်” ဆိုတဲ့ စကားပုံလေးကို ကြားဖူးမယ် ထင်ပါတယ်။ မှန်လည်းမှန်ပါတယ်။ အဲဒီလိုပဲ သင့်အနေနဲ့ စီးပွားရေးတိုးချဲ့ဖို့ ကြံရွယ်နေတယ်ဆိုရင် လည်း ဒီစကားပုံလေးက အသုံးတည့်ပါတယ်။ တိုးချဲ့မှုက သင့်စီးပွားရေးအတွက် ငွေပိုဝင်စေတာတယ်ဆိုပေမဲ့ လည်း ရုတ်တရက်ဆိုသလို ချက်ချင်းတော့ လည်း လုပ်လို့ရမှာ မဟုတ်ပါဘူး။ အရင်ဆုံး ရင်းနှီးမြှုပ်နှံဖို့အတွက် ပြင်ဆင်ဖို့ လိုပါတယ်။
ဒါ့ကြောင့် စီးပွားရေးတွေကို တိုးချဲ့ဖို့ မဆုံးဖြတ်သေးခင်မှာ သင့်ရဲ့ ဘဏ္ဍာရေးနဲ့ပတ်သက်ပြီး အမြဲမပြတ် check လုပ်ပေးဖို့ လိုပါတယ်။ သင့်မှာ လိုအပ်တဲ့ငွေပမာဏ လုံလုံလောက်လောက်မရှိဘူးဆိုရင် လုပ်ငန်းတိုးချဲ့ခြင်းဟာ သင့်အတွက် အတော်လေး ပင်ပန်းခက်ခဲစေမယ့် အရာတစ်ခုလို ဖြစ်လာပါလိမ့်မယ်။ အဲဒီလိုမဟုတ်ဘဲ သင့်မှာ ရေရှည်အတွက် လုံလောက်တဲ့ငွေပမာဏ ရှိထားနှင့်ပြီ၊ လုပ်ငန်းတိုးချဲ့တဲ့အခါ အပြည့်အဝ ပံ့ပိုးပေးနိုင်ပြီဆိုတဲ့ အနေအထားမျိုးရှိနေမယ်ဆိုရင်တော့ သင့်အနေနဲ့ တခြား အချက်တွေကိုသာ စဉ်းစားဖို့ လိုပါတော့တယ်။

(၃) သင့်ရဲ့ပြိုင်ဘက်တွေက ချဲ့ထွင်နှင့်ပြီလား

စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပြိုင်ဘက်တွေကို စောင့်ကြည့်ခြင်းအားဖြင့် လေ့လာသင်ယူနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ပစ်မှတ်ထားတဲ့ လူထုချင်းက တူညီနေတဲ့အတွက်ကြောင့် ဖြစ်ပြီး ဝယ်ယူသုံးစွဲသူတွေကို ဆွဲဆောင်ကြတဲ့နေရာမှာ သင်တို့ရဲ့ အိုင်ဒီယာတွေ၊ နည်းဗျူဟာတွေဟာလည်း တူညီသလောက် ဖြစ်နေတတ်ပါတယ်။ ဆိုလိုတာက သူတို့ရဲ့ အောင်မြင်မှု၊ ကျဆုံးမှုတွေ ကနေ သင့်အတွက် အလုပ်ဖြစ်စေမယ့် အရာတွေကို လေ့လာသင်ယူပြီး အသုံးပြုနိုင်ပါတယ်။
သင့်ပြိုင်ဘက်တွေက အရင်ဦးအောင် တိုးချဲ့ထားနှင့်ပြီဆိုရင် နယ်ပယ်အသစ်တစ်ခုမှာ ရောက်နေနှင့်တဲ့ သူတို့ရဲ့ အောင်မြင်မှု တွေကို သင့်အနေနဲ့ အသုံးချလို့ရနိုင်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် သင့်အနေနဲ့က အဲဒီနယ်ပယ်မှာ သင့်ရဲ့ စီးပွားရေးအိုင်ဒီယာ အသစ်တွေကို တိတိကျကျ ချပြမိတ်ဆက်ထားတာမျိုး မရှိသေးလို့ပဲ ဖြစ်ပါတယ်။
ပြီးတော့ သင့်အနေနဲ့ အဲဒီနယ်ပယ်မှာ ပစ်မှတ်ထားတဲ့ လူထုနဲ့ပတ်သက်ပြီးတော့လည်း နားလည်အောင် အချိန်တွေ အများကြီး ပေးပြီး ကြိုးစားနေစရာလည်း မလိုတော့ပါဘူး။ ဒါပေမဲ့ ဒီနေရာမှာ တစ်ခုပြောချင်တာက ဒီလိုအခွင့်အရေးတွေ ရတယ်ဆိုပေမဲ့ လည်း အချိန်အရမ်းမဆွဲပါနဲ့။ သင့်မှာ အဘက်ဘက်က ပြည့်စုံမှု၊ ခိုင်မာမှုရှိနေပြီဆိုရင် သင့်ပြိုင်ဘက်တွေကို လက်ဦးခွင့် မပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

(၄) သင်ကိုယ်တိုင်နဲ့ သင့်အဖွဲ့အစည်းကရော စိန်ခေါ်မှုတွေအတွက် ရင်ဆိုင်ဖို့ အသင့်ဖြစ်ပြီလား

သင့်ရဲ့စီးပွားရေးကို အောင်အောင်မြင်မြင်နဲ့ တိုးချဲ့ချင်တယ်ဆိုရင် စိတ်ကူးပေါက်ရာ လျှောက်လုပ်လို့ မရပါဘူး။ သင့်မှာ ငွေကြေး ထောက်ပံ့နိုင်မှု လုံလုံလောက်လောက် ရှိနေမယ်ဆိုရင်တောင်မှ တိုးချဲ့ဖို့အတွက် အချိန်နဲ့ နေရာလိုအပ်ပါသေးတယ်။ သင့်မှာ motivation ရှိမနေဘူးဆိုရင်လည်း သင်အနေနဲ့ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။
စီးပွားရေး တိုးချဲ့တယ်ဆိုတာ သင့်ကို နေ့စဉ်နဲ့အမျှ သင်တစ်ခါမှ မကြုံတွေ့ခဲ့ရဘူးတဲ့ စိန်ခေါ်မှုအသစ်သစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ ရမှာ သေချာပါတယ်။ စီးပွားရေးတိုးချဲ့မှုကို အောင်အောင်မြင်မြင်နဲ့ ဖြစ်ချင်တယ်ဆိုရင်တော့ သင်ရော သင့်အဖွဲ့အစည်းပါ အဲဒီလိုကြုံတွေ့လာသမျှ အခက်အခဲ၊ စိန်ခေါ်မှုတွေကို ကိုင်တွယ်လျှောက်လှမ်း နိုင်ဖို့အတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ သင့်ရဲ့အဖွဲ့အစည်းဟာ မှန်ကန်တဲ့ လှုံ့ဆော်မှုမျိုး၊ ဒါမှမဟုတ် မှန်ကန်တဲ့ ဖွဲ့စည်းပုံမျိုး ရှိမထားဘူးဆိုရင် အောင်မြင်ဖို့ရာအတွက် အတော်လေးကို ရုန်းကန်ရပါလိမ့်မယ်။

Credit: entrepreneur

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service