ကြိုပွိုင့်စာချုပ် ဝယ်သူမနစ်နာအောင် ပြည့်ပြည့်စုံစုံချုပ်ပါ

ကြိုပွိုင့်စာချုပ် ဝယ်သူမနစ်နာအောင် ပြည့်ပြည့်စုံစုံချုပ်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
10 Oct 2017 12:22 pm တွင် တင်ခဲ့သည်
2789 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ကြိုပွိုင့်ကွန်ဒို ၊ တိုက်ခန်းတွေ ဝယ်ယူတဲ့အခါမှာ စာချုပ်အများစုက ဝယ်သူနစ်နာစေတဲ့ အချက်တွေ ပါဝင်တာမျိုးရှိတာကြောင့် အချက်အလက် ပြည့်စုံပြီးမျှတတဲ့ စာချုပ်ဖြစ်ဖို့လိုတယ်လို့ သိရတယ်။

ကြိုပွိုင့်စာချုပ်တွေမှာ ကန်ထရိုက်ဘက်က အသာစီးချုပ်ဆိုတာမျိုး အတွေ့ရများတယ်။ ကန်ထရိုက်နဲ့ ဝယ်သူချုပ်ဆိုတဲ့ စာချုပ်တွေမှာ အဆင်သင့်ပြင်ပြီးသား စာချုပ်ကိုပဲ ချုပ်ဆိုတဲ့အတွက် ဝယ်သူနစ်နာရတာတွေ ဖြစ်လာတယ်လို့ သိရတယ်။ စာချုပ်တွေမှာ ဥပမာအရစ်ကျ ငါးရစ်သွင်းပြီး ငွေချေရမယ်လို့ ချုပ်ဆိုထားရင် အဆောက်အအုံဘယ်အချိန်ပြီးမယ်ဆိုတာမျိုး (အချိန်ကာလ) မပါဝင်တဲ့အတွက် သတ်မှတ်ထားတဲ့အတိုင်း သွင်းနေကြရတာမျိုးတွေ ဖြစ်ပါတယ်။

အထက်တန်းရှေ့နေ ဒေါ်သီတာက "အဆောက်အအုံမပြီးသေးလဲ ငွေကိုအရစ်ကျသွင်းနေကြရတာပဲ၊ တချို့တွေဆို ငွေသာကျေသွားတယ်၊ အဆောက်အအုံက မပြီးသေးဘူး၊ မသွင်းဘဲနေရင်လဲ စာချုပ်ကပျက်ပြယ်သွားမှာဆိုတော့ ဝယ်သူကနစ်နာပေမဲ့ သွင်းရတာပဲ၊ အခုနောက်ပိုင်းတော့ ဘယ်အဆင့်ရောက်ရင် ဘယ်လိုအချိုးကျပြီး ငွေကိုပေးသွင်းလာကြတယ်၊ အရင်က ဝယ်သူတွေ အရမ်းနစ်နာ ခဲ့ကြတာတွေရှိတယ်" လို့ ရှင်းပြပါတယ်။

နိုင်ငံခြားကုမ္ပဏီဖြစ်စေ၊ ပြည်တွင်းကုမ္ပဏီဖြစ်စေ ဆောက်လုပ်မယ့်အဆောက်အအုံက တစ်နှစ်ကြာမလား၊ ဘယ်နှနှစ်ကြာမလဲ၊ ပိုင်ရှင်က ဘယ်သူလဲ၊ မြေကိုဝယ်ပြီးဆောက်တာလား၊ ဘယ်နှနှစ်သက်တမ်းလဲဆိုတာတွေ သိရမယ်၊ တကယ်လို့ အဆောက်အအုံက သတ်မှတ်ထားတဲ့ စာချုပ်ပါကာလအတိုင်းမပြီးရင် ဘယ်လိုမျိုးဆိုတဲ့ အချက်တွေ ပါဝင်ဖို့ စာချုပ်တွေမှာ လိုအပ်တယ်လို့ ပြောပါတယ်။

ကြိုပွိုင့်အမှုပြသနာတွေမှာ အများဆုံးတွေ့ရတာက ဆောက်လုပ်ရေးကုမ္ပဏီပေါ် ယုံကြည့်မှုလွန်ကဲပြီး လွယ်လွယ်ကူကူ ဝယ်ယူနေကြ တာကြောင့်ပါ။ စာချုပ်ထဲမှာ မပြည့်စုံတော့ တချို့တွေမှာ အခန်းနေရာတွေ စာချုပ်ထဲကအတိုင်း အဟုတ်တာတွေ ကြုံရတယ်။ တချို့ ကန်ထရိုက်တွေက အဆောက်အအုံအကြမ်းထည်ပြီးသွားလို့ အမိုးမိုးပြီးရင် ပိုက်ဆံကုန်သလောက်ရှိနေပါပြီ။ ဒါတွေကြောင့် ကျန်တဲ့လုပ်ငန်း ပိုင်းတွေကို ပြီးစလွယ်တွေလုပ်ကြတာမျိုးတွေ ရှိတာလို့သိရပါတယ်။

အကျိုးဆောင်ရှေ့နေ ဦးကျော်စွာက "စာချုပ်စာတမ်းကို သေချာမစိစစ်ကြတော့ဘဲ ယုံကြည်မှုလွန်ကဲပြီး လက်မှတ်ထိုးဝယ်ကြတာ၊ ပြသနာဖြစ်မှ စာချုပ်ပိုင်းက မပြည့်မစုံအားနည်းတာတွေ တွေ့ရတယ်၊ ဝယ်သူတွေဘက်က နစ်နာမှုတွေကိုကြည့်ရင် စာချုပ်တွေကို ခိုင်မာပြီးပြည့်စုံအောင် မလုပ်ခဲ့ကြလို့ပဲ" လို့ ပြောပါတယ်။

ဘယ်စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ် ကြော်ငြာကောင်းတိုင်း အလွယ်တကူမယုံဖို့လိုအပ်တယ်။ စာချုပ်စာတမ်းတွေကိုလည်း ရောင်းသူပြင် ဆင် ထားတဲ့အတိုင်း လက်မှတ်ထိုးပေးတာမျိုးမဟုတ်ဘဲ ဝယ်သူက မိမိအတွက်ပြည့်စုံပြီး နစ်နာမှုမရှိစေနိုင်တဲ့ အချက်တွေ ပါဝင်သင့်တယ်လို့ သိရပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service