အမွေစီမံမှုစာချုပ်

အမွေစီမံမှုစာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
25 Sep 2017 12:37 pm တွင် တင်ခဲ့သည်
5252 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

တစ်လောက ကျွန်မမိတ်ဆွေတစ်ယောက် သေတမ်းစာရေးဖို့ ကျွန်မကိုလာတိုင်ပင်ပါတယ်။ ကျွန်မမိတ်ဆွေဟာဗုဒ္ဓဘာသာကိုးကွယ်သူတစ်ဦးဖြစ်ပြီးကလေး(၅)ယောက် အဖေလည်းဖြစ်ပါတယ်။ သူမွေးထားတဲ့ သား / သမီး (၅) ယောက်အနက် အကြီးဆုံး သား (၃) ယောက်မှာ မိဘများနှင့် ခွဲနေသော အိမ်ထောင်သည်များဖြစ်ကြပြီး အငယ် (၂)ယောက်မှာအိမ်ထောင် မရှိသူ အရွယ်မရောက်သေးသောသမီး လေးများ ဖြစ်ကြပါတယ်။ ကျွန်မမိတ်ဆွေဟာ သူကွယ်လွန်ပြီးနောက်ပိုင်း ၎င်းရှာဖွေထားသောပစ္စည်းဥစ္စာများကို သားသမီး (၅) ယောက်လုံးကို မျှမျှတတ ခွဲပေးချင်တဲ့ ဆန္ဒ ရှိတဲ့ အတွက် သေတမ်းစာရေးချင်ကြောင်း ကျွန်မကိုလာတိုင်ပင်ပါတယ်။ ထို့ကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာမှာသေတမ်းစာရေးသားတယ်ဆိုတဲ့ အလေ့အထမရှိကြောင်းနှင့် အစ္စလာမ် ၊ ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင် မဟုတ်သူများသာသေတမ်းစာရေးသားနိုင်ကြောင်းမိတ်ဆွေကိုရှင်းပြခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင် တွေဟာတစ်ခြားဘာသာ ၀င်များ ကဲ့သို့မဟုတ်ဘဲ မိဘများသေဆုံးခဲ့ပါက ကျန်သားသမီးများက ကျန်ရစ်ခဲ့သော အမွေပစ္စည်းကိုညီတူညီမျှ ခွဲဝေယူနိုင်သည့် အခွင့်အရေးရှိပြီးအမွေပစ္စည်းနှင့်ပတ်သက်၍ အမွေဆက်ခံခွင့် ကိုဥပဒေနှင့်အညီ ပြဋ္ဌာန်းထားပါတယ်။ ဗုဒ္ဓဘာသာမှာသားကြီး သြရသ ဟာဖခင် သေဆုံးချိန်မှာ အရွယ်ရောက်သူ ဖြစ်ပါက မိခင်ထံမှာအမွေကိုဦးစွာတောင်းခံပိုင်ခွင့်ရရှိထားပြီး၊ ထို့အတူသမီးကြီး သြရသမှာလည်း ဖခင်သေဆုံးချိန်၌ အရွယ်ရောက်သူဖြစ်ပါ က ဖခင်ထံမှ အမွေကိုဦးစွာတောင်းခံပိုင်ခွင့် ရရှိထားပါတယ်။ သြရသ သားသမီးများ ဟာမိခင်(သို့မဟုတ်) ဖခင် ဖြစ်သူသေဆုံးချိန်၌ အရွယ်မရောက်သေးပါက ထိုအခွင့်အရေးကို ရရှိမည် မဟုတ်ဘဲအခြားသားသမီးများကဲ့သို့ မိဘနှစ်ပါးလုံးသေဆုံးပြီးချိန်၌သာအမွေကိုခံစားနိုင်မှာဖြစ်ပါတယ်။

ကျွန်မ မိတ်ဆွေခမျာ သူသေဆုံးပြီးနောက်ပိုင်းကျန်ရစ်ခဲ့မည့် အရွယ်မရောက်သေးသူ သမီးနှစ်ယောက် နှင့် အိမ်ထောင်သည် သား (၃) ယောက်တို့၏ အမွေပစ္စည်းခွဲယူမည့်အရေးကိုစိတ်မအေးနိုင် ဖြစ်နေရှာပါတယ်။ အဲဒါကြောင့် ကျွန်မမှ မိတ်ဆွေကိုအကြံဥာဏ်တစ်ခုပေးခဲ့ပါတယ်။ အဲဒါကတော့ သေတမ်းစာ ရေးသားခြင်း မပြုနိုင်သည့် ဗုဒ္ဓဘာသာဝင်များအတွက်မိသားစုတွင်းအမွေစီမံစာချုပ်ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ ၀င်များအနေနှင့် သားသမီး (၁) ယောက်တည်းအားအမွေများစုပုံပေး၍ မရသောကြောင့် ယင်းအမွေစီမံမှုစာချုပ်တွင် ပစ္စည်းအားလုံးကို လက်ရှိအသက်ရှင်လျက်ရှိသောဖခင်အတွက် ဝေစု (၁) ပုံထားပြီး ကျန်သားသမီး(၅)ယောက် အတွက်(၅)ပုံ၊ စုစုပေါင်း (၆)ပုံကိုရှင်းရှင်းလင်းလင်း ခွဲဝေရေးသားရပါမယ်။ ထိုအမွေပစ္စည်းများကို ဖခင်က သားသမီးများကိုလက်ရောက်ပေးအပ်နိုင်သကဲ့သို့ ထိန်းသိမ်းထားချင်သော ဆန္ဒရှိပါကလည်းထိန်းသိမ်း ထားနိုင်ပါသေးတယ်။

ဖခင် ကွယ်လွန်ပြီးနောက် ကျန်ရစ်ခဲ့သောဖခင်၏ဝေစု (၁)ပုံကိုသားသမီးများကအညီအမျှ ခွဲဝေယူနိုင်ပါတယ်။ မိသားစုအမွေစီမံမှုစာချုပ်ကိုတံဆိပ်ခေါင်းခွန် ၆၀၀ ကျပ် ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းအမွေစီမံမှုစာချုပ်ထဲ၌ ပါဝင်သူအားလုံး လက်မှတ်ရေးထိုးရမည်ဖြစ်ပြီးသက်သေ (၂) ယောက် ပါဝင်ရမည် ဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။

Credit: MPN

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service