အခန်းဖော်ဆိုးအား ရှောင်ရှားနိုင်ရန် ထိပ်တန်းနည်းလမ်း

အခန်းဖော်ဆိုးအား ရှောင်ရှားနိုင်ရန် ထိပ်တန်းနည်းလမ်း - Property Knowledge in Myanmar from iMyanmarHouse.com
21 Sep 2017 11:03 am တွင် တင်ခဲ့သည်
1623 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

သင့်ကို စိတ်ဒုက္ခရောက်စေနိုင်တဲ့ အခန်းဖော်ဆိုးအမျိုးအစားတွေဆိုတာ
သေချာပေါက်ရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်နေမှာရှုပ်ရတာတင် အားမရတဲ့ သူတွေ၊ သင့်မုန့်ကို ခိုးစားမယ့်သူတွေ စသဖြင့်ပေါ့။ ဒီလိုအခန်းဖော်ဆိုးတွေနဲ့
အတူမနေမိစေဖို့ ကြိုတင်အကဲခတ်ရှောင်ရှားနိုင်တဲ့ ထိပ်တန်းနည်းလမ်းရဲ့ အဆင့် (၅) သွယ်ကို အောက်ပါအတိုင်း အစဉ်လိုက်ဖော်ပြပေးလိုက်ပါတယ်။

၁။ နောက်ခံကို စစ်ဆေးပါ

- သူ့အကြောင်းစစ်ဆေးဖို့ရာ အကောင်းဆုံးနည်းလမ်းကတော့ သူ့ရဲ့
လူမှုမီဒီယာပရိုဖိုင်းကို ကြည့်တာပါပဲ။ သူဖော်ပြထားရင် ဖော်ပြထားသလောက်
သူ့ရဲ့ အလုပ်အကိုင်၊ ပညာရေး၊ ၀ါသနာ၊ စိတ်ဝင်စားမှုနဲ့ ဘ၀နေထိုင်မှုဟန်ပန်
စသဖြင့် သင်သိဖို့လိုတဲ့ ပဏာမအချက်အလက်တွေအများကြီးကို အဲ့ဒီကနေ
ရလိုက်မှာပဲ ဖြစ်ပါတယ်။ ကံကောင်းလို့ သူ့သူငယ်ချင်းစာရင်းထဲမှာ
ကိုယ်နဲ့ဘုံသူငယ်ချင်းရှိတယ်ဆိုရင်တော့ အဲ့ဒီဘုံသူငယ်ချင်းကနေတစ်ဆင့်
သူ့အပေါ်ထင်မြင်ချက်ကို မေးမြန်းလို့ရမှာပါ။

၂။ မေးခွန်းအများကြီး မေးပါ

- မေးခွန်းများများမေးခြင်းအားဖြင့် သူ့အကြောင်းပိုသိခွင့်ရမှာပါ။ သူ့ကို
တစ်ခုခုလိုက်လံဧည့်ခံကျွေးမွေးပြီး သူဘာအစားအစာကြိုက်တယ်၊
ဆေးလိပ်အရက်ကြိုက်လား စသဖြင့် မေးချင်တဲ့မေးခွန်းတွေကို မေးမြန်းပြီး
သူ့အကြောင့် ပိုမိုသိခွင့်ရမှာပါ။

၃။ သင့်အကြောင်း ပြောပြပါ

- သင့်ဝါသနာ၊ သင့်အလုပ်အကိုင်၊ သင့်အကျင့်ကောင်းအကျင့်ဆိုး၊ သင်ကြိုက်တဲ့
သီချင်းအမျိုးအစား စသဖြင့် ပြောပြလို့အဆင်ပြေတာတွေ သူ့ကို ပြောပြပါ။
တစ်ယောက်အကြောင်း တစ်ယောက် ပဏာမသိရှိကြပြီး ကနဦးအဆင့်
ယုံကြည်မှုကို တည်ဆောက်ဖို့ရာ အထောက်အကူဖြစ်ပါတယ်။

၎။ စမ်းသပ်ကာလ စတင်ပါ

- အထက်ပါအဆင့် ၃ ဆင့်နဲ့တင် သူ့အကြောင်း သိရတာကို အားမရသေးဘူး
ဆိုရင်တော့ ဂဃနဏသိဖို့ရာ စမ်းသပ်နေထိုင်ကြည့်ပါ။ မိမိပိုင်အခန်းမှာ
နေတာဆိုရင်တော့ စမ်းသပ်ကာလကို စိတ်ကြိုက်သတ်မှတ်နိုင်ပေမဲ့
အဆောင်လိုမျိုး ကိုယ်ပိုင်မဟုတ်ဘဲ ငှားရမ်းနေထိုင်မှာဆိုရင်တော့ ပိုင်ရှင်၊
ကြီးကြပ်သူတွေနဲ့ ညှိရမှာပဲ ဖြစ်ပါတယ်။

၅။ စည်းမျဉ်းများ ချမှတ်ပါ

- တစ်မိုးအောက်မှာ အတူနေသူတွေအချင်းချင်း ပြဿနာနည်းနိုင်သမျှ နည်းဖို့ရာ
နှစ်ဖက်သဘောတူညီတဲ့ စည်းမျဉ်းတွေကို ချမှတ်လိုက်နာနေထိုင်ကြပါ။
ဒီအဆင့်ကတော့ အတူတူနေနေမိပြီးသား သူတွေကြားမှာလည်း
စိတ်အနှောင့်အယှက်မဖြစ်ကြရအောင် အကောင်အထည်ဖော်နိုင်တဲ့နည်းပဲ
ဖြစ်ပါတယ်။

ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service