လယ်ယာမြေ၊ ဥယျဉ်မြေ၊ ရွာမြေ ကွက်ရိုက် မြေကွက်တွေ ဝယ်မယ်ဆိုရင်......
လယ်ယာမြေ၊ ဥယျဉ်မြေ၊ ရွာမြေ ကွက်ရိုက် မြေကွက်တွေ ဝယ်မယ်ဆိုရင်...... - Property Knowledge in Myanmar from iMyanmarHouse.com
19 Sep 2017 12:20 pm တွင် တင်ခဲ့သည်
2848 ကြိမ် ကြည့်ရှု့ပြီး
ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
ဈေးကွက်ထဲမှာ ဥယျာဉ်မြေ၊ လယ်ယာမြေ၊ ရွာမြေတွေကို အကွက်ရိုက် ပြီး ရောင်းနေတာတွေ ရှိပါတယ်။
သည်မြေတွေဟာ တရားဝင်အဖြစ် အိမ်ဆောက်ပြီး နေလို့ရတဲ့ ကွက်ရိုက်မြေတွေ ဖြစ်မဖြစ် ဝယ်သူတွေ သိ ထားဖို့လိုပါတယ်။
ဝယ်ယူကြတဲ့အခါမှာ အပေါ်မှာ ဖော်ပြထားတဲ့ မြေအမျိုးအစားတွေက အရောင်းအဝယ် ပြုလုပ်ရင် တရား ဝင်ရဲ့လား၊ ဝယ်ခွင့်ရှိလို့လား၊ လူနေလို့ရ လို့လားဆိုတဲ့ မေးစရာ မေးခွန်းတွေ ရှိနေပါတယ်။ ဥပဒေအရ ဥ ယျာဉ်မြေ၊ လယ်ယာမြေတွေကို လူနေခွင့်မရှိတာ၊ လူနေဖို့ ကွက်ရိုက်ရောင်းတာတွေက တရားမဝင် ဘူးလို့ လည်း ပြောကြပါတယ်။ ဝယ်ထားမိသူတွေအတွက် လိမ်ရောင်းခံရတာတွေ၊ မြေယာပြဿနာတွေလည်း ကြုံ ကြရတာတွေကြောင့် တချို့က မဝယ်ရဲကြပါဘူး။ ဈေးကွက်ထဲမှာ လယ်မြေ တွေပဲ အကွက်ရိုက်ရောင်းတာ မျိုးမဟုတ်ဘဲ ဥယျာဉ်မြေ၊ ရွာမြေတွေကိုပါ ကွက်ရိုက်ပြီး ဈေးနည်း နည်းနဲ့ ရောင်းနေကြတာတွေလည်း ရှိ တယ်။
ဥယျာဉ်ခြံမြေ
ဥယျာဉ်မြေတွေဟာ လယ်ယာမြေထဲမှာ ပါဝင်တယ်။ မြေစာရင်းဌာနမှာ ဥ ယျာဉ်ခြံမြေလို့ အမည်ပေါက်နေ ပေမဲ့ လူနေရပ်ကွက်အတွင်း ရောက်နေ တဲ့ မြေကွက်တွေလည်း ရှိတယ်။ မြေစာရင်းဦးစီးဌာနမှာ ဥယျာဉ်ခြံ မြေဖြစ်နေပေမဲ့ မြေကွက်က မြို့နယ်စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှိပြီး လူနေရပ်ကွက်ဖြစ်နေ တာ၊ ဝယ်ထားသူက အိမ်ခွန်စည်းကြပ်ထားရင် လယ်မြေအဖြစ် အကျုံးမဝင်ဘူး။ ဒါတွေကြောင့် မြို့ရွာ ရပ်ကွက်အတွင်း ရောက်ရှိနေတဲ့ ဥယျာဉ်ခြံမြေ တွေကို အရောင်းအဝယ်ပြုလုပ်နေကြတာလို့ အကျိုးဆောင် ရှေ့နေ မသူသူက ရှင်းပြပါတယ်။
မသူသူက “ဥယျာဉ်မြေ၊ ရွာမြေတွေကို ဂရန်အထိ လျှောက်ထားလို့ ရ တာတွေရှိတယ်၊ ဥယျာဉ်ခြံမြေ တွေ ကတော့ လူနေရပ်ကွက်အတွင်း ရှိနေ တယ်၊ စီမံချက်နဲ့ လျှောက်ခွင့်ပြုလိုက်တဲ့ နေရာတွေလဲ ရှိတော့ မြေ ဂရန်အ ထိ လျှောက်ခွင့်ရတဲ့ နေရာတွေလဲ ရှိနေတာကြောင့် စိတ်ပူစရာတော့ မရှိဘူး၊ ဒါပေမဲ့ ဝယ်ထားတဲ့ မြေကွက်က အချက်အလက်တွေ၊ စာရွက်စာတမ်းတွေ၊ စစ်မှန်ဖို့တော့ လိုတယ်” လို့ ပြောပါတယ်။
ရွာမြေဆိုတာ
ရွာမြေဆိုတာ လူနေရပ်ကွက်အတွင်းရှိ နိုင်ငံတော်က တရားဝင်ချပေးထား တဲ့ မြေ မဟုတ်သေးတဲ့ မြေအ မျိုးအစားလို့ သိရပါတယ်။ စီမံချက်နဲ့ ဂရန်လောက်ထားခွင့် ရနိုင်တဲ့ အမျိုးအစားဖြစ်တယ်။ တချို့က ကျေးရွာ တိုးချဲ့မြေ လို့လည်း ခေါ်ကြပါတယ်။ လူနေမြေ မဟုတ်ဘဲနဲ့ လယ်ယာမြေ အဖြစ် သတ် မှတ်ထား သေးတဲ့ နေရာတွေလည်း ရှိတာကြောင့် ဝယ်ယူတဲ့အခါမှာ သက် ဆိုင်ရာ မြေတိုင်းရုံးတွေမှာ စိစစ်ဖို့တော့ လိုပါတယ်။
“ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်နေရင်တော့ ပိုပြီး ကောင်းတယ်၊ လူမနေ သေး တဲ့ ကွင်းပြင်တွေမှာ အကွက်ရိုက်ရောင်း တာတွေကိုတော့ ဝယ်လို့မရတာတော့မဟုတ်ဘူး၊ ဝယ်လို့ရတယ်၊ လူနေလို့တေ့ မရဘူး၊ တရားမဝင်ဘူး၊ လူနေရပ်ကွက်အတွင်းမှာ လူနေထိုင်မှုများတဲ့ နေရာတွေ၊ ကျေးရွာ တိုးချဲ့တွေမှာ ရှိတဲ့ ဥယျာဉ်မြေ၊ ရွာမြေ တွေကိုတော့ လယ်ယာမြေထဲ ထည့်မှတ်လို့ မရတာတွေရှိတယ်” လို့ မသူသူက ပြောပါ တယ်။
၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေ ပုဒ်မ ၃(က)မှာ လယ်ယာမြေကို လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုး ထားတဲ့ မြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ၊ ဟင်းသီးဟင်းရွက် ပန်းမန် စိုက်ပျိုး တဲ့ခြံမြေ၊ မြေနုကျွန်းမြေ၊ စတာတွေကို ခေါ်ဆိုတာလို့ ပါဝင်ပါတယ်။ အဲ သည်ထဲမှာ မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာတွေ၊ ဘာသာရေး အဆောက်အအုံ နယ်နိမိတ်တွေ မပါဝင်ဘူးလို့ သတ်မှတ်ထား တယ်လို့ သိရပါတယ်။
လယ်ယာမြေ ဆိုတာ
အရင်က ပြဋ္ဌာန်းတဲ့ လယ်ယာမြေ ဥပဒေတွေအရ လယ်ယာမြေတွေကို လွှဲပြောင်းရောင်းချဖို့ ခွင့်မပြုထား ပါဘူး။ ၂၀၁၂ ခုနှစ်မှာ ပြန်လည်ပြဋ္ဌာန်း ထားတဲ့ လယ်ယာမြေ ဥပဒေမှာတော့ လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ငှားရမ်း၊ လဲလှယ်၊ ပေးကမ်းမှုတွေ ပြုနိုင်တယ်လို့ ပြဋ္ဌာန်းပါတယ်။ ဒါပေ မဲ့ ပြုလုပ်မယ်ဆို သက် ဆိုင်ရာ မြို့နယ်၊ ကြေးတိုင်နဲ့ မြေစာရင်း ဦးစီးဌာန ရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ပြီး ပြုလုပ်မှ တရားဝင်တာဖြစ်ပြီး လူနေခွင့် မရှိဘဲ စိုက်ပျိုးရေးလုပ်ငန်းပဲ လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ သိရပါ တယ်။
ဈေးကွက်ထဲမှာ အကွက်ရိုက်ရောင်းချနေတဲ့ လယ်ယာမြေတွေ၊ ဥယျာ ဉ်မြေတွေ၊ ရွာမြေတွေက လူနေ ရပ် ကွက်အတွင်းမှာ ရှိတာတွေ ရှိသလို လူနေရပ်ကွက် မဟုတ်ဘဲ လယ်ယာမြေအဖြစ်ဘဲ ရှိနေတဲ့ မြေကွက်တွေ လည်း ရှိနေတာကြောင့် သတိပြုသင့်တယ်။ မြေကွက်ဝယ်မယ်ဆိုရင် မြေ စာရင်းဦးစီးဌာနကို လယ်ယာ မြေအဖြစ် သတ်မှတ်ထားတာ ဟုတ်မဟုတ် စုံစမ်းရမှာပါ။ မြေစာရင်းဥိးစီးဌာနမှာ ဝယ်ယူတာဆိုရင်တော့ မြို့မြေစာရင်း ထဲမှာ ပါဝင်မှ ဝယ်သင့်တယ်လို့ သိရပါတယ်။
ဈေးကွက်ထဲမှာ အကွက်ရိုက် ရောင်းချနေကြတဲ့ မြေကွက်တန်ဖိုးတွေက ပေ ၄၀ x ပေ ၆၀ တစ်ကွက်ကို ကျပ် ၁၀ သိန်းကျော်ကနေ ကျပ် သိန်း ၄၀ ကြား အထိ ရှိပါတယ်။
Credit: The Modern
[Zawgyi]
သည်မြေတွေဟာ တရားဝင်အဖြစ် အိမ်ဆောက်ပြီး နေလို့ရတဲ့ ကွက်ရိုက်ြေ မတွေ ဖြစ်မဖြစ် ဝယ်သူတွေ သိ ထားဖို့လိုပါတယ်။
ဥယျာဉ်ခြံမြေ
ရွာမြေဆိုတာ
“ဝယ်မယ်ဆိုရင်တော့ လူနေရပ်ကွက်အတွင်းမှာရှိတဲ့ မြေဖြစ်နေရင်တော့ ပိုပြီး ကောင်းတယ်၊ လူမနေ သေး တဲ့ ကွင်းပြင်တွေမှာ အကွက်ရိုက်ရောင်း တာတွေကိုတော့ ဝယ်လို့မရတာတော့မဟုတ်ဘူး၊ ဝယ်လို့ရတယ်၊ လူနေလို့ေ တာ့ မရဘူး၊ တရားမဝင်ဘူး၊ လူနေရပ်ကွက်အတွင်းမှာ လူနေထိုင်မှုများတဲ့ေ နရာတွေ၊ ကျေးရွာ တိုးချဲ့တွေမှာ ရှိတဲ့ ဥယျာဉ်မြေ၊ ရွာမြေ တွေကိုတော့ လယ်ယာမြေထဲ ထည့်မှတ်လို့ မရတာတွေရှိတယ်” လို့ မသူသူက ပြောပါ တယ်။
လယ်ယာမြေ ဆိုတာ
Credit: The Modern
နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service