ရန်ကုန်မြို့လယ်တွင် ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့်ဟိုတယ်ဖွင့်လှစ်မည်

ရန်ကုန်မြို့လယ်တွင် ၂၅ ထပ်အမြင့်ရှိ ကြယ်ငါးပွင့်ဟိုတယ်ဖွင့်လှစ်မည် - Property News in Myanmar from iMyanmarHouse.com
18 Sep 2017 11:11 am တွင် တင်ခဲ့သည်
3080 ကြိမ် ကြည့်ရှု့ပြီး
စင်ကာပူအခြေစိုက် Pan Pacific ဟိုတယ်လုပ်ငန်းစု က ရန်ကုန်မြို့ Junction City ၌ ၂၅ ထပ်ရှိသည့် ကြယ်ငါးပွင့်ဟိုတယ်ကို လာမည့် နိုဝင်ဘာတွင်စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းလုပ်ငန်းစုက ထုတ်ပြန်ကြေ ညာသည်။

ကြယ်ငါးပွင့်အဆင့်ရှိ အဆို ပါဟိုတယ်သည် ရန်ကုန်မြို့ အ ချက်အချာကျသည့် ဗိုလ်ချုပ်ဈေး၊ဆူးလေစေတီနှင့် ရွှေတိဂုံစေတီ အနီးတစ်ဝိုက်တွင် ဖွင့်လှစ်ခြင်း ကြောင့် ဈေးကွက်အလားအလာ ကောင်းသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

‘‘အခုလို ဟိုတယ်ဖွင့်လှစ် ခြင်းက အာရှ-ပစိဖိတ်ဒေသမှာ ခြေလှမ်းသစ် ထပ်မံလှမ်းယူတာ ပါ။ နောက်ပြီး မြန်မာနိုင်ငံရဲ့ ခရီး သွားလုပ်ငန်းနဲ့ ဟိုတယ်ကဏ္ဍ တွေ တိုးတက်ဖို့လည်း အထောက် အကူပြုသွားမှာပါ’’ဟု Pan Pacific ဟိုတယ်အုပ်စု အမှု ဆောင်အရာရှိချုပ် မစ္စတာလိုသာ နက်စ်မန်းက ပြောသည်။

ယခုဖွင့်လှစ်သည့် ဟိုတယ် သည် စီးပွားရေးလုပ်ငန်းရှင်ကြီး များနှင့် ဇိမ်ခံအနားယူလိုသည့် ခရီးသွားများကို ဦးတည်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ Pan Pacific ဟိုတယ် အုပ်စုသည် မြန်မာနိုင်ငံတွင် ParkRoyal အမည်ဖြင့် ရန်ကုန်နှင့် နေပြည်တော်၌ ဟိုတယ်နှစ်လုံး ဖွင့်လှစ်ထားသည်။

‘‘သူတို့က ကြယ်ငါးပွင့်အ ဆင့်ဆောက်ထားလို့ သတ်မှတ် လိုက်တာဖြစ်မယ်။ အခုနောက် ပိုင်း ကြယ်တွေနဲ့ ဟိုတယ်တွေ ကို သတ်မှတ်လေ့မရှိတော့ဘူး’’ ဟု မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်း ရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ပြုံးက ပြောသည်။

လက်ရှိတွင် ရန်ကုန်မြို့၌ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ် ရှစ်လုံးခန့်သာ ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ဟိုတယ် ၁,၄၃၂ လုံးဖွင့်လှစ်ထားပြီး ရန်ကုန်၌ ၃၅၄ လုံး ဖွင့်လှစ်ထားသည်။ မြန်မာနိုင်ငံတွင် ၁၀ နိုင်ငံက ဟိုတယ်လုပ်ငန်း ၅၆ ခုလာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင် နေသည်။ ယင်းတို့အနက်စင်ကာပူနိုင်ငံက ဟိုတယ်လုပ်ငန်း ၂၆ ခုဖြင့် အများဆုံးရင်းနှီးမြှုပ်နှံထားပြီးထိုင်းနိုင်ငံက ဒုတိယအများဆုံး ဖြစ်သည်။ ထို့နောက် ဟောင် ကောင်နှင့် ဂျပန်တို့က အဆင့် လိုက် အများဆုံးရင်းနှီးမြှုပ်နှံထား သည်။

Credit: 7DayDaily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီး လူမှုကွန်ရက်သုံးစွဲသူများ များစွာသဘောကျလျက်ရှိ...

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြောင်း လတ်တလောတွင် သတင်းကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက မိန်းကလေးများ မိမိကို စိတ်ဝင်စားစေရန်အတွက် အိမ် ၂ လုံးပိုင်ကြောင်း လည်ပင်းတွင် ဆိုင်းဘုတ်ဆွဲကာ လူစည်ကားသည့် ပွဲတော်သို့ သွားခဲ့ပုံမှာ ပြည်မကြီးတွင် သတင်းကြီးနေ...

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင့် နှစ်ဦးသဘောတူ လဲလှယ်ရန် စီစဉ်...

[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ...

တရုတ်ပြည်တွင် အသက် ၉၂ နှစ်အရွယ် အဘွားအိုမှာ နေ့စဉ် ဒိုက် အကြိမ် ၂၀၀၊ ထိုင်ထ အကြိမ် ၁၀၀ ကို သက်သောင့်သက်သာ လုပ်ဆောင်နိုင်မှု ပြည်မကြီး လူမှုကွန်ရက်တွင် နာမည်ကြီးနေ...

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော်ရှိသော အဆောက်အအုံကြီးကို စက်ရုပ်ပေါင်း ၄၃၂ ခုဖြင့် နေရာရွှေ့ပြောင်း...

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကို ပေါက်ဈေးထက် ၂ ဆ၊ ၃ ဆပေးကာ ဝယ်ပေးခဲ့ပုံ...

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာရုံတို့အပြင် တစ်မြို့လုံးအနှံ့ သား၏ ရုပ်ပုံ ဆိုင်းဘုတ်ကြီးများ စိုက်ထူနေမှု သတင်းကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ

ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service