အိမ်ခြံမြေ ဝယ်ခွန်၊ ရောင်းခွန် ဘယ်လို ဆောင်မလဲ

အိမ်ခြံမြေ ဝယ်ခွန်၊ ရောင်းခွန် ဘယ်လို ဆောင်မလဲ - Property Knowledge in Myanmar from iMyanmarHouse.com
11 Sep 2017 12:26 pm တွင် တင်ခဲ့သည်
3218 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မိတ်ဆွေတစ်ဦးက အိမ်နှင့်မြေ (ဂရန်မြေ) ဝယ်လိုက်သောကြောင့် ဝယ်ခွန်ေ ရာင်းခွန် မည်သို့ ထမ်းဆောင်ရပါသလဲဟု မေးလာသဖြင့် ဤဆောင်းပါးကို ဗဟုသုတ အဖြစ် ရေးသားလိုက်ပါသည်။

"ဝင်ငွေခွန်ကောက်ခြင်း"

ဥပဒေ ဝေါဟာရအခေါ် အခြေပစ္စည်းဖြစ်သည့် အိမ်၊ခြံ၊မြေ တိုက်ခန်းများေ ရာင်းခြင်း၊ ဝယ်ခြင်း ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း စသည့်တို့ ပြုလုပ်ပါက မြန် မာနိုင်ငံ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေနှင့်အညီ သတ်မှတ်ထား သည့် နှုန်းထားအပေါ် ဝင်ငွေခွန် ထမ်းဆောင်ကြရသည်။

"တန်ဖိုးစိစစ်ရေးအဖွဲ့သို့ တင်ပြရခြင်း"

ရန်ကုန်တိုင်းအတွင်းရှိသည့် အိမ်၊ခြံ၊မြေတိုက်ခန်းများ ရောင်းခြင်း၊ ဝယ်ခြင်းပြု လုပ်ပါက ပထမဦးစွာ ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ လောကနတ် အနုပ ညာခန်းမ အဆောက်အအုံ၏ ပထမထပ်ရှိ ရန်ကုန်တိုင်း တန်ဖိုးစိစစ်ရေး အဖွဲ့သို့ တန်ဖိုးစိစစ် သတ်မှတ်ပေးပါရန် အရောင်းအဝယ် ကတိစာချုပ်နှင့်အ တူ လိုအပ်သော စာရွက်စာတမ်းများကို ပူးတွဲတင်ပြပြီး အရောင်းအ ဝယ်ပြု သည့်နေ့မှ တစ်လအတွင်း ရောင်းသူဝယ်သူ ကိုယ်တိုင်သွားရောက်၍ ပုံစံမျာြး ဖည့်စွက်တင်သွင်းရ ပေသည်။

"တန်ဖိုးစိစစ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်"

တန်ဖိုးစိစစ်ရေးအဖွဲ့သည် လိုအပ်လျှင် ကွင်းဆင်းစစ်ဆေးပြီး အိမ်၊မြေ၊ တိုက် ခန်းတန်ဖိုး သတ်မှတ်ထားသည့် စံနှုန်းများ နှင့်အညီ စည်းဝေးဆုံးဖြတ် သတ် မှတ်ပေးပါသည်။

ထို့နောက် အိမ်၊ မြေ၊ တိုက် ခန်းတို့၏ တန်ဖိုးသတ်မှတ်ချက် အကြောင်း ကြား စာကို အဆိုပါ အိမ်၊ မြေ၊ တိုက်ခန်းရှိရာ မြို့နယ် အခွန်ဦးစီးမှူးရုံးသို့ တစ်လ အတွင်း ပေးပို့ပါသည်။ အခွန်ထမ်းသည် သက်ဆိုင်ရာ မြို့နယ်အခွန် ဦးစီး မှူးရုံးတွင် ကျသင့်သည့် ဝင်ငွေခွန်ကို ပေးသွင်းရမည်ဖြစ်သည်။

"အခွန်နှုန်းသတ်မှတ်ချက်များ"

အများပြည်သူက အလွယ်ကူဆုံး သတ်မှတ်ခေါ်တွင်နေကြသော
- ရောင်းခွန်ဖြစ်သည့် ရောင်းရသည့် အခြေပစ္စည်း အိမ်မြေ တိုက်ခန်းတို့မှ ရရှိသော အမြတ်အစွန်းငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေခွန်နှင့်
- ဝယ်ခွန်ဟု သတ် မှတ် ခေါ်တွင်နေကြသော အိမ်၊ မြေ၊ တိုက်ခန်းတို့ ဝယ် ယူသည့် ငွေပေါ်တွင် ကောက်ခံသည့် ဝင်ငွေ ခွန်ဟူ၍ နှစ်မျိုးရှိပါသည်။

"သတ်မှတ်သည့်ရောင်းခွန်နှုန်းထား"

၂ဝ၁၅ ခုနှစ် ပြည်ထောင် စု၏ အခွန်အကောက် ဥပဒေ ပုဒ် မ-၂၇တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရောင်းချ ခြင်း လဲလှယ်ခြင်း၊ အခြားတစ် နည်းနည်းဖြင့် လွှဲပြောင်းခြင်းမှ မြတ်စွန်းငွေရရှိလျှင် ထိုသို့မြတ် စွန်းသည့် ကျပ်ငွေ သို့မဟုတ် နိုင်ငံခြားငွေ အပေါ် ၁ဝ ရာခိုင်နှုန်းဖြင့် ဝင်ငွေ ခွန် စည်းကြပ်ရမည်ဟု ပြဋ္ဌာန်းထားပေသည်။

ဆိုလိုသည်မှာ -

အိမ်၊မြေ တိုက်ခန်းများ ရောင်းချ၊ လွှဲပြောင်း ပေးခြင်းကြောင့် မူလဝယ်စဉ်က တန်ဖိုးပေါ်တွင် အမြတ်အစွန်းရရှိ ခဲ့သော် ယင်းရရှိသည့် အမြတ်အစွန်းပေါ် တွင် တစ်ဆယ်ရာခိုင်နှုန်းအခွန်ထမ်းဆောင်ရမည်ဖြစ်သည်။

ခြွင်းချက်အနေဖြင့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ-၂၈တွင် အခြေပစ္စည်းတစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ ရောင်းချခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲ ပြောင်းခြင်းပြုလုပ်သည့်နှစ်တစ်နှစ် အတွင်း အခြေပစ္စည်း၏ တန်ဖိုးစုစုပေါင်းသည် ကျပ်သိန်းတစ်ရာ ထက်မပို လျှင် အခြေပစ္စည်းမှ မြတ်စွန်းငွေ ပေါ်ပေါက်စေကာမူ ဝင်ငွေခွန် စည်းကြပ်ြ ခင်း မပြုရဟု ပြဋ္ဌာန်းထားပါသည်။

ထိုကြောင့် အခြေပစ္စည်း ရောင်းရသည့် တန်ဖိုးမှာ ကျပ်သိန်းတစ်ရာထက် မကျော်လျှင် အခွန်စည်း ကြပ်ခြင်းမရှိဘဲ အလိုအလျောက် ကင်းလွတ်ခွင့်ရ မည်ဖြစ်သည်။

"သတ်မှတ်သည့် ဝယ်ခွန်နှုန်းထား"

၂ဝ၁၅ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေ ပုဒ်မ(၂၄) တွင် နိုင်ငံ သားမည်သူမဆို အခြေပစ္စည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်းအတွက် အသုံးပြု သည့် ဝင်ငွေမှာ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ဝင်ငွေ (တစ်နည်းအားဖြင့် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေ)ဖြစ်ပါက၊ ယင်းဝင်ငွေအပေါ် ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန်စည်းကြပ်ရမည်ဟု ပြဋ္ဌာန်း ထားပေသည်။

ထို့ကြောင့် အိမ်၊ မြေ၊ တိုက်ခန်းများဝယ်ရာတွင် အသုံးပြု သောငွေမှာ ဝင်ငွေ ရလမ်းမဖော် ပြနိုင်သည့် ဝင်ငွေဖြစ်နေလျှင် ယင်းဝင်ငွေ အပေါ် ၃ဝ ရာ ခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်ခံရမည်ဖြစ်ပေ သည်။

သို့ရာတွင် အိမ်၊ မြေ၊ တိုက်ခန်း ဝယ်ရာတွင် အသုံးပြုသော ငွေထဲ၌ ဝင်ငွေ ရလမ်းတင် ပြနိုင်သည့် ဝင်ငွေပါရှိနေပါက ယင်းဝင်ငွေ ကို နုတ်၍ ကျန်ရှိ သည့် ဝင်ငွေရလမ်း မဖော်ပြနိုင်သော ဝင်ငွေအပေါ်တွင်သာ အောက်ပါနှုန်း ထားအတိုင်း ထမ်းဆောင်ရမည်ဟု ပြဋ္ဌာန်း ထားသည်။

ဆိုလိုသည်မှာ -

အိမ်၊ မြေ၊တိုက်ခန်းများ ဝယ်ယူရာတွင် အသုံးပြုသော ဝင်ငွေမှာ ယခင်က အ ခြေပစ္စည်း အိမ်၊ မြေ၊ တိုက်ခန်း အပါအဝင် မော်တော်ကား စသဖြင့် အခိုင်အမာ ပစ္စည်းများ ရောင်းချစဉ်၊ တရားဝင် အခွန်စည်း ကြပ်ထားပြီးေ သာငွေ၊ ဝင်ငွေရ လမ်း ဖော်ပြနိုင်သည့်ဝင်ငွေကို သုံးစွဲကြောင်း အခွန်ထမ်းမှ တင်ပြခွင့် ရှိပေသည်။

ထိုအခါ အိမ်၊ မြေ၊ တိုက် ခန်း ဝယ်ယူသည့် ဝင်ငွေထဲမှ ယခင်က ပစ္စည်းေ ရာင်းချ၍ အခွန် စည်းကြပ်ထားသော ဝင်ငွေကိုနုတ်ပြီး ကျန်ရှိသည့်ဝင်ငွေ အပေါ် အောက်ပါနှုန်းထားအတိုင်း ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်း ထားခြင်းဖြစ်သည်။

ကျန်ရှိသည့်ဝင်ငွေရလမ်း မဖော်ပြနိုင်သော၊ အခွန်စည်းကြပ်ထားခြင်း မရှိေ သာငွေမှာ -
* ၁ ကျပ်မှ သိန်း ၃၀၀ အတွင်း ၁၅ ရာခိုင်နှုန်း။
* သိန်း ၃၀၀ မှ သိန်း ၁၀၀၀ အတွင်း ၂၀ ရာခိုင်နှုန်း။
* သိန်း ၁၀၀၀ အထက် ၃၀ ရာခိုင်နှုန်း ။ ထမ်းဆောင်ရမည် ဟု သတ်မှတ်ြ ပဋ္ဌာန်းထားပေသည်။

(မှတ်ချက်။ ။စည်းကြပ်နှုန်းထားများမှာ နှစ်အလိုက်အပြောင်းအလည်းရှိနိုင်ပါသည်။)

ထို့ပြင် ယင်းဥပဒေ ပုဒ်မ ၂၄ ၌ အခြေပစ္စည်း တစ်ရပ်ရပ် ကို ဝယ်ယူရာတွင် အသုံးပြုသောငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန်ထမ်းဆောင်ရန် မလိုဟု ဖော် ပြထားပေသည်။

ဆိုလိုသည်မှာ -

အိမ်မြေ၊ တိုက်ခန်း ဝယ်ယူရာတွင် သုံးစွဲသည့် ငွေကြေးပမာဏမှာ ယခင်က အိမ်မြေ တိုက်ခန်း မော်တော် ကား စသဖြင့် ခိုင်မာသည့် ပစ္စည်း ရောင်းချ ခဲ့စဉ် အခွန်စည်းကြပ်ထားပြီးဖြစ်သော ဝင်ငွေ သို့မဟုတ် အခြားနည်းလမ်း တစ်ခုခုဖြင့် ဥပမာ- ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခုခုဖြင့် ရရှိထားသော ဝင်ငွေအပေါ်အခွန်စည်းကြပ်ထားပြီး ဖြစ်သည့် ဝင်ငွေ ပမာဏေ အာက်ေ လျာ့နည်းနေပါက ထပ်မံအခွန် ထမ်းဆောင်ရန် မလိုအပ်တော့ဘဲ အခွန်စည်းကြပ်ခြင်းမှ ကင်းလွတ် ခွင့်ရမည်ဖြစ်သည်။

ထို့ကြောင့် မိမိထမ်း ဆောင်ရမည့် ဝင်ငွေခွန်များကို မှန်မှန်ထမ်းဆောင်ခြင်ြး ဖင့် ရရှိလာသော ဝင်ငွေများအား အိမ်၊မြေ၊ တိုက်ခန်း စသည့် အခြေပစ္စည်း များကိုဝယ်ယူရင်းနှီးမြှုပ်နှံခြင်းဖြင့် အကျိုးအမြတ်များ အဆက်မပြတ် ရရှိလာ မည်ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ပါသည်။

Credit : Zaykwat Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service