ကျောင်းနေရင်းနဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းများ

ကျောင်းနေရင်းနဲ့ လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းများ - Property Knowledge in Myanmar from iMyanmarHouse.com
7 Sep 2017 12:29 pm တွင် တင်ခဲ့သည်
1735 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဒီနေ့ ခေတ်မှာ ကျောင်းသားတစ်ယောက်ဟာလည်း ကျောင်းတက်ရင်းနဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်နိုင်တဲ့ အခွင့်အလမ်း တွေ ရှိနေပြီ ဖြစ်ပါတယ်။ တကယ်တော့ ဘွဲ့ ရတဲ့ လူတစ်ယောက်တောင် အလုပ်ရဖို့ မလွယ်တဲ့ ခေတ်ကြီးမှာ ကျောင်းတက် ရင်း လုပ်ငန်းတစ်ခု တည်ထောင်နိုင်သူ ဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့လည်း အခုပြောမယ့် နည်းလမ်းလေးတွေကို အသုံးချမယ်ဆိုရင်တော့ ကျောင်းတက်ရင်းနဲ့လုပ်ငန်းရှင်တစ်ယောက်အဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

(၁) ကော်ပိုရေးရှင်းတွေကနေ ပေးတဲ့ လေ့ကျင်ရေးသင်တန်းများ

ဒီဘက်ခေတ်မှာ ကုမ္ပဏီကြီးတွေကနေ ကျောင်းတွေမှာ စပွန်ဆာပေးပြီး အပြင်သင်တန်းတွေ (ဥပမာ- Programming ၊ Web Design ၊ HR ၊ Business & Management အစရှိသည်) ဖွင့်ပြီး လူ့ စွမ်းအားအရင်းအမြစ်ကို မြှင့်တင်လာကြပါတယ်။ ဒီလို သင်တန်းတွေကို မလွတ်တမ်းတက်ဖို့ လိုပါတယ်။ ဒါမှသာ သင်တန်းပြီးတာနဲ့ ကျောင်းသားတွေဟာ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦးရဲ့ တွေးပုံတောပုံကို တွေးနိုင် သိနိုင်သလို လုပ်ငန်းတစ်ခုကို ဘယ်လို အကောင်အထည်ဖော်လို့ ရမလဲဆိုတာကို နားလည်သွားမှာ ဖြစ်ပါတယ်။

(၂) အလုပ်သင်အစီအစဉ်မှာ ပါဝင်လိုက်ပါ

အလုပ်အတွေ့ အကြုံမရှိသေးသူတစ်ဦးအတွက် ပြတင်းတံခါးတစ်ချပ်ကတော့ အလုပ်သင်ပရိုဂရမ်တွေပဲ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ ကျောင်းပြီးမှ Intern ဆင်းစရာ မလိုဘဲ ကျောင်းမှာကတည်းက Intern ဆင်းနိုင်တဲ့ အစီအစဉ်တွေ ရှိနေပါပြီ။ ဒီလို intern ဆင်းတဲ့ အတွေ့ အကြုံကနေ ကျောင်းတက်နေရင်းနဲ့ အပြင် ပရောဂျက်လေးတွေမှာ ကိုယ့်ဘာသာ လုပ်နိုင်တဲ့ ပညာရလာမှာပါ။

(၃) ကျောင်းမှာ ရသလောက် လေ့လာ

ဒီအချက်က တကယ်ကို ရိုးရှင်းလွန်းပါတယ်။ ကျောင်းမှာ ရနိုင်သလောက် ပညာယူပါ။ လူမှုအသိုင်းအဝိုင်းကောင်းတွေ ဖော်ဆောင်ပါ။ အိုင်တီကျောင်းသားတစ်ယောက်ဆိုရင် ကျောင်းမှာ programming ပိုင်းတွေ နှံ့ စပ်နေအောင် ကျောင်းသင်ခန်းစာတင်မဟုတ်ဘဲ ကိုယ့်ဘာသာ ကျောင်းစာကြည့်တိုက်က စာအုပ်တွေ ဆက်ဖတ်လေ့လာနေရပါမယ်။ ဖြစ်နိုင်ရင် ကျောင်းပြီးလို့ ကွန်ပျူတာပညာနဲ့ လုပ်ငန်းလေးလုပ်ချင်တယ်ဆိုရင် iOS ဖြစ်ဖြစ် Android အက်ပ်ဖြစ်ဖြစ် ကောင်းကောင်းရေးနိုင်ရင် ဘယ်ကုမ္ပဏီမှ ဝင်စရာ မလိုတော့ပါဘူး။

(၄) အောင်မြင်နေသူတွေနဲ့ တွေ့ ပါ

ကျောင်းမှာ Seminar တွေ Work shop တွေ လုပ်ရင် တက်ပါ။ Bar Camp တွေ Success Talks တွေ ဟောပြောပွဲတွေ ရှိရင် တက်ပါ။ အောင်မြင်တဲ့ သူတွေနဲ့ တွေ့ နိုင်အောင် ကြိးစားပါ။ သူတို့ နဲ့စကားပြောပါ။ အကြံတောင်းပါ။ ကိုယ့်ခံယူချက် ကိုယ့်အမြင်ကို သူတို့ နဲ့ဆွေးနွေးနှီးနှောပါ။ ကိုယ်အတွက် အခွင့်အလမ်းတွေ၊ အမြော်အမြင်တွေ၊ ဗဟုသုတတွေ နင့်နေအောင် ရမှာ ဖြစ်ပါတယ်။

(၅) ကျောင်းနေရင်းနဲ့ ကိုယ့်စိတ်ကူးကို အစီအစဉ်ရေးဆွဲနေပါ

အိုင်ဒီယာကောင်းတစ်ခု ရှိရင် သူ့ ကို ဆွဲထုတ်ပါ။ ချဲ့ ထွင်ပါ။ အလုပ်ဖြစ်အောင် မွေးယူနေပါ။ ကိုယ့်ရဲ့ စိတ်ကူးကို အကောင် အထည်ဖော်ဖို့ လိုအပ်တဲ့ လူ့ စွမ်းအား၊ ပညာဗဟုသုတနဲ့ အဆက်အသွယ်တွေ ရှာဖွေပါ။ အခွင့်ရတာနဲ့ ဒါကို အကောင် အထည်ဖော်ပါ။ ဒါဆိုရင် ကျောင်းတက်နေရင်းနဲ့ လုပ်ငန်းရှင်လေးတစ်ယောက် ဖြစ်လာဖို့ အလားအလာကောင်းမှာ ဖြစ်ပါတယ်။

Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service