လယ်ယာမြေ ပြဿနာ ဘယ်လိုဖြေရှင်းပေးရမှာ

လယ်ယာမြေ ပြဿနာ ဘယ်လိုဖြေရှင်းပေးရမှာ - Property Knowledge in Myanmar from iMyanmarHouse.com
6 Sep 2017 11:53 am တွင် တင်ခဲ့သည်
2619 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ယနေ့ မြန်မာနိုင်ငံဟာ ကမ္ဘာအလယ်မှာဆိုရင် ဆင်းရဲနွမ်းပါးမှု အမြင့်ဆုံးနိုင် ငံစာရင်းမှာလည်း ပါဝင်နေပြန်ပါ တယ်။ မြေပိုင်ဆိုင်မှု ပြဿနာဆိုတာမျိုး က နှစ်ဦးနှစ်ဘက်ဖြစ်စေ၊ နှစ်ဦးနှစ်ယောက်ထက်ပိုပြီးတော့ဖြစ်စေ၊ အငြင်း ပွားနေကြတာ ရှိသလို ပွင့်လင်းမြင်သာမှု မရှိဘဲ ရင်ထဲမှာ ကြိတ်ခံစားနေ ပြီး နောက်တစ်ချိန် အခွင့်အရေး ပေါ်ပေါက်လာပါက ထုတ်သုံးရန်အတွက် မီးခဲပြာဖုံး တအုံနွေးနွေးလုပ်နေတဲ့သူတွေလည်း ရှိတတ်ကြတာပဲ။

အငြင်းပွားမှုတွေ ပြေလည်အောင် ဖြေရှင်းနည်း (၅)မျိုး

ဒီတော့ ဒီလို အငြင်းပွားမှုတွေကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ဖို့ရာ ချဉ်း ကပ်နည်းတွေ သုံးရပါမယ်။

(၁) မြေအရင်းအမြစ်ဆိုင်ရာများကို ချဉ်းကပ်ဖြေရှင်းဖြေရှင်းရာမှာ နယ်နိမိတ် ပိုင်းခြားသတ်မှတ်မှု ရှိနေတယ် ဆို တာကို သိထားရမယ်

(၂) မြေမျိုးများအပေါ် အခြေခံပြီးတော့ စီရင်ပိုင်ခွင့် ခွဲခြားသတ်မှတ်တာကို သိရှိရမယ်။

(၃) စီရင်ပိင်ခွင့်ရှိသော ပုဂ္ဂိုလ်ဌာနက ပြဌာန်းထုတ်ပြန်သော ဥပဒေများ အ မိန့်များကို အခြေခံပြီး ချဉ်းကပ်ဖြေ ရှင်းသင့်ပါတယ်။

(၄) စီရင်ပိုင်ခွင့်ရှိသော ပုဂ္ဂိုလ်၊ဌာနက ထုတ်ပြန်ထားသော အမိန့်ပေါ်မှာ အခြေခံပြီး နယ်နိမိတ် ပိုင်းခြားသတ် မှတ်ဖြေရှင်းဆောင်ရွက်ရမယ်

(၅) အထက်အမိန့်အရ လက်ရောက်ရယူသုံးစွဲမှု အခြေအနေကို အခြေခံပြီးေ တာ့ ဆောင်ရွက်ရန်မျိုး လိုအပ် ပါတယ်။

မြို့မြေ/ ရွာမြေ ပြဿာနာ တရားမမှုနဲ့ တရားရုံးမှာ ဖြေရှင်းပါ

ဒီတော့ မြို့မြေ၊ ရွာမြေများအတွင်းမှာ ပိုင်ဆိုင်မှု အငြင်းပွားမှုတွေ ပေါ်ပေါက် လာရင် သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးတရားရုံးတွေမှာ တရားမ မှုစွဲဆိုလျှောက်ထားခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

လယ်ယာမြေဆိုင်ရာ အငြင်းပွားမှုတွေ ဖြစ်လာရင် ဖြေရှင်းရန်နည်းလမ်း

လယ်ယာစိုက်ပျိုးမြေများနဲ့ ပတ်သတ်ပြီး " သူပိုင်/ ငါပိုင်" ပိုင်ဆိုင်မှု အငြင်း ပွားမှုတွေ ပေါ်ပေါက်လာခဲ့ရင်ဖြင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ ပြဌာန်း ချက်များအရသာ ဖြေရှင်းပေးရမှာ ဖြစ်ပါတယ်။ လယ်ယာမြေနဲ့ ပတ်သတ်ပြီး စီရင်ဆုံးဖြတ်ထားတဲ့ မြန်မာနိုင်ငံစီရင်ထုံးများကိုလည်း ကိုးကားဖြေရှင်းပေးဖို့ လိုပါတယ်။

ဒီနေရာမှာ ပုံစံ(၇) မရသေးတဲ့ လယ်ယာမြေနဲ့ ပုံစံ(၇) ရပြီးတဲ့ လယ်ယာမြေ ဆိုပြီး (၂)မျိုး ခွဲရှင်းပြမှ ရမယ်။

ပုံစံ(၇) ရနိုင်သူ ရွေးချယ်ပုံ

ပုံစံ(၇) မရသေးတဲ့ လယ်ယာမြေတွေ အငြင်းပွားမှု ပေါ်ပေါက်လာရင် ပါဝင် ပတ်သတ်တဲ့ သက်ဆိုင်သူအားလုံး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ထဲမှာ အပြိုင်အဆိုင် လျှောက်ထားစေရပါမယ်။ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ က အပြီးသတ်ဆုံးဖြတ်ချက်ချပေးမယ်။ သက်ဆိုင်သူအားလုံးအထဲက သင့်ေ တ်ာဆုံးသူတစ်ဦး(အထောက်အထားအပြည့်အစုံတင်ပြနိုင်သူ)ကို ပုံစံ(၇)[လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ်]ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။

ပုံစံ(၇) ရထားတဲ့ လယ်ယာမြေပြဿနာ (တိုင်းနဲ့ပြည်နယ်) အထိ တင်ပြပါ

ပုံစံ(၇) ရရှိပြီးတဲ့ လယ်ယာမြေတွေမှာ အငြင်းပွားမှု ပေါ်ပေါက်လာမယ်ဆိုရင် မကျေနပ်သူ/နစ်နာသူက မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို တိုင်ကြားေ စမှာ ဖြစ်ပါတယ်။ အဲ့ဒီလယ်စီမံအဖွဲ့က မြေယာမှုခင်းအမှု ဖွင့်လှစ်ဆောင် ရွက်ပေးမှာဖြစ်ပါတယ်။မြို့နယ်၊ ခရိုင်နဲ့ မပြီးပြတ်ရင် တိုင်းဒေသကြီး/ပြည် နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အထိ တင်ပြမယ် အဲ့ဒီအဖွဲ့ရဲ့ အဆုံးအဖြတ် ဟာ အပြီးအပြတ်ဖြစ်ပါတယ်။ ဒါဆိုလယ်ယာမြေပြဿနာ ဖြေရှင်းနည်း အေ ကြာင်းသိသွားပြီ

တောင်ယာမြေ/ စိုက်ပျိုးမြေ/စားကျက်မြေ/ စိုက်ပျိုးမြေတွေဟာ မြေရိုင်းတွေပါ

ဆက်လက်ပြီး မြေလွတ်/မြေရိုင်းပြဿနာတွေ ဖြေရှင်းနည်းကိုလည်း တင်ပြပေးပါဦးမယ်။ မြေလွတ်မြေရိုင်းဆိုတာကတော့ မြေရိုင်းနဲ့တောရိုင်းမြေများကို ခေါ်တာပါ။ မြေရိုင်း၊ တောရိုင်းမြေတွေဟာ တစ်ကြိမ်တစ်ခါမှ စိုက်ပျိုး လုပ်ကိုင်ခဲ့ဖူးခြင်းမရှိသေးတဲ့ မြေတွေဖြစ်ပါတယ်။ အဲ့ဒီမြေတွေကို လည်းေ တာင်ယာမြေများ၊ စိုက်ပျိုးမြေများ၊ သစ်တောမြေများ၊ စားကျက်မြေများ စ သည့် ခွဲခြားသတ်မှတ်ဖြေရှင်းပေးရန် လိုအပ်ပါတယ်။ ပြဿနာ ပေါ်လာ ရင်တော့ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ နည်းဥပဒေေ တွနဲ့အညီ ဆောင်ရွက်ရန်ဖြစ်ပါတယ်။

သိမ်းဆည်းမြေ ပြဿနာဗဟိုကော်မတီအဆင့်ဆင့်သို့ တင်ပြပါ

အခုဖော်ပြခဲ့တဲ့ လယ်ယာမြေနဲ့မြေလွတ်မြေလပ်မြေရိုင်းတွေကို မူလပိုင်ရှင် ထံကနေပြီး အစိုးရ၊ ပုဂ္ဂလိက တစ်စုံတစ်ဦးက အထောက်အထား မရှိဘဲဖြစ်ြ ဖစ် အထောက်အထားခိုင်လုံလို့ပဲဖြစ်ဖြစ် သိမ်းယူခံရတဲ့ပြဿနာတွေ ရှိနေ ရင် “လယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟို စိစစ်ရေးဗဟိုကော်မတီ” အဆင့်ဆင့်ထံသို့သာ တင်ပြလျှောက်ထားရ မှာဖြစ်ပါတယ်။

ကြိုတင်ကာကွယ်နိုင်တဲ့ ပြင်ဆင်ထားသင့်တဲ့ အချက်(၇)ချက် ဒါကြောင့် မြန် မာနိုင်ငံမျာ မြေယာမှုခင်းပြဿနာများနဲ့ တိုင်ကြားမှုပြဿနာများ လျော့ ပါးသွားစေရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့အချက်တွေကတော့

(၁) အငြင်းပွားမှုဆိုင်ရာ ပြဿနာများ ဖြေရှင်းခြင်းဆိုင်ရာ ဥပဒေများ လုပ် ထုံးလုပ်နည်းများ ခိုင်မာစွာ ရေးဆွဲပြဌာန်းထားရန်၊

(၂) ပြည်သူလူထုအား မိမိတို့ ရင်ဆိုင်တွေ့ကြုံနေသော ပြဿနာအလိုက် ရင်ဆိုင်ဖြေရှင်းရမည့် နည်းလမ်းများ ပေးပို့ရမည့် ဌာနများကို ပညာပေးရှင်း လင်းဆောင်ရွက်ထားရန်

(၃)ထိုသို့ ပညာပေးထားခြင်းဖြင့် သက်ဆိုင်ရာဌာနများသို့ ပေးပို့ရမည့် လိပ် စာ အတိအကျသိရသဖြင့် တိုင်ကြားစာ ဖောင်းပွမှု လျော့နည်းသွားစေရန်

(၄)မှန်ကန်သော တိုင်ကြားစာကို လက်ခံဆောင်ရွက်ပေးပြီး မမှန်မကန် တိုင်ကြားမှုများကို တန်ပြန်အရေးယူရန်အတွက် မိမိတို့တိုင်ကြားစာများ အပေါ်တွင် တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်သူလူထုသို့ အသိပေးထားရန်

(၅) မှန်ကန်သော တိုင်ကြားမှုများအပေါ်တွင် ထိထိရောက်ရောက် ဖြေရှင်းေ ပးခြင်း၊ မမှန်မကန် ဆောင်ရွက်သူများကို အရေးယူဆောင်ရွက်ခြင်းဖြင့် မမှန် မကန် ဆောင်ရွက်မှုများ မတရားသော ဆောင်ရွက်မှုများကို ဆင်ခြင်တုံးတ ရားကင်းမဲ့စွာ လွယ်ကူစွားကျူးလွန်မှုများ ဖြစ်ပေါ်မလာစေရန် ဟန့်တား ရာကောက်ခြင်း၊

(၆) တရားဥပဒေ စိုးမိုးမှုအား ပိုမိုမြှင့်တင်ဆောင်ရွက်ရန်

(၇)နိုင်ငံသူ/နိုင်ငံသားများရဲ့ လူမှုစီးပွားရေးဘဝကို တတ်စွမ်းသမျှ မြင့် တင်ပေးရန် စသည်တို့ ဖြစ်ပါတယ်။

အခုလို လယ်ယာမြေနဲ့ မြေလွတ်မြေရိုင်းများ သူပိုင်၊ ငါပိုင် အငြင်းအခုံဖြစ် ပွားလာပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဖြေရှင်းဆောင်ရွက်ရမည့် နည်း လမ်းများဟာ လက်ရှိ တာဝန်ယူ ဆောင်ရွက်နေရတဲ့ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များအတွက် အထောက်အပံ့ရနိုင်ပါတယ်။ ထို့အတူ ကြိုတင် ပြင်ဆင်ရေး ဆွဲထားသင့်တဲ့ အချက်တွေဟာလည်း မြေယာမှုခင်းပြဿနာတွေကို လွယ်ကူ စွာ ကိုင်တွယ်နည်းလမ်းတွေဖြစ်လို့ အလွန်သင့်တော်တဲ့ အကြံဥာဏ်တြွေ ဖစ်ပါကြောင်း လေ့လာတင်ပြလိုက်ရပါတယ်။

မှီငြမ်း။ ။ဦးမိုး(လယ်စန်း)ရဲ့ မြေယာလက်စွဲ


လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service