မေဝဲလ်သာလို အောင်မြင်ချင်တယ်ဆိုရင် ဒီသင်ခန်းစာ (၇) ခုကို အသုံးချပါ

မေဝဲလ်သာလို အောင်မြင်ချင်တယ်ဆိုရင် ဒီသင်ခန်းစာ (၇) ခုကို အသုံးချပါ - Property Knowledge in Myanmar from iMyanmarHouse.com
31 Aug 2017 11:56 am တွင် တင်ခဲ့သည်
1511 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အသွေးထဲ အသားထဲမှာ သွေးနဲ့ ချွေးနဲ့ မျက်ရည်နဲ့ ရောထွေးမွေးထုတ်ထားတဲ့ အိပ်မက်တွေကို အသက်သွင်းနေချိန်မှာ ဘဝကို ပျော်ပျော်ကြီး နေတတ်ဖို့ လည်း မေဝဲလ်သာက အမြဲသင်ယူနေသူ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀ ကျော် လက်ဝှေ့ သမိုင်းတစ်လျှောက်မှာ တစ်ပွဲမှ ရှုံးပွဲမရှိဖူးသေးတဲ့ ဖလွိုက်မေဝဲလ်သာကို အားလုံးသိမယ် ထင်ပါတယ်။ ဒီတစ်ပတ် မှာပဲ MMA ဖိုက်တာတစ်ဦး ဖြစ်တဲ့ မက်ဂရီဂေါ်ကို ဒိုင်ပွဲရပ်နဲ့ နိုင်ပြီး ကမ္ဘာ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့ သမိုင်းမှာ နိုင်ပွဲ ၅၀ နဲ့ အများဆုံး စံချိန်သစ်တင်နိုင်ခဲ့တာကလည်း မေဝဲလ်သာရဲ့ ထူးခြားတဲ့ အောင်မြင်မှု မှတ်တိုင်သစ်လည်း ဖြစ်ပါတယ်။ မေဝဲလ်သာရဲ့ အောင်မြင်ရေးနည်းဗျူဟာတွေကို လက်ဝှေ့ ကြိုးဝိုင်းအပြင်မှာလည်း အသုံးချလို့ ရပါတယ်။ ဒီအတွက် ဒီ သင်ခန်းစာ (၇) ခုကို နေ့ စဉ် ဆောင်ရွက်ချက်တစ်ခုလို လေ့ကျင့်ကြည့်ရအောင်။

(၁) တစ်ပွဲထိုး ဘယ်တော့မှ မလုပ်နဲ့ 

မေဝဲလ်သာရဲ့ထူးခြားတဲ့ အောင်မြင်မှုကို လက်ဝှေ့ စင်ပေါ်က လက်ဝှေ့ တစ်ပွဲလောက်နဲ့ တွေ့ ရမှာ မဟုတ်ပါဘူး။ သူ့ အတွက်တော့ ဒါဟာ ရေရှည်တည်ဆောက်ရမယ့် အလုပ်ဖြစ်ပါတယ်။ ဒီအတိုင်းပဲ နှစ်ပေါင်း ၂၁ နှစ်လုံးလုံး အောင်မြင်မှုကို တည်ဆောက်လာတာပါ။ အမြဲတမ်း အကောင်းဆုံးလုပ်တယ်။ ကိုယ့်ကိုယ်ကို မွမ်းမံနေတယ်။ ဒီထဲမှာ ဂုဏ်သိက္ခာနဲ့ နာမည်လည်း ပါလာပြီဆိုရင် တစ်နေ့ မှာ အောင်မြင်မှုက ကိုယ့်နောက်လိုက်လာပါမယ်။ ဒီတော့ တစ်ပွဲထိုး ကြိုးစားချင်စိတ်၊ ကောက်ရိုးမီး ဝီရိယကို ဒီနေ့ ကစပြီး ပယ်လိုက်ပါ။

(၂) အလုပ်မပါရင် ပင်ကိုယ်စွမ်းရည်ဆိုတာ အလကားပဲ

မေဝဲလ်သာ တော်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ တကယ်လည်း တော်ပါတယ်။ ဒါပေမဲ့ သူ့ ထက်တော်တဲ့ လက်ဝှေ့ သမားတွေ ကမ္ဘာအနှံ့ က စင်မြင့်ထက်မှာ ရှိနေတာပဲ။ မေဝဲလ်သာရဲ့ ထူးခြားတဲ့ အောင်မြင်မှုသင်ခန်းစာက တစ်ခြားလက်ဝှေ့ သမားတွေနဲ့ အများကြီး ကွဲပြားပါတယ်။ တကယ့်စင်ပေါ်မှာ မေဝဲလ်သာ လက်ဝှေ့ တက်ထိုးတော့ ၁၈ နှစ်ကျော်ကျော်ပဲ ရှိသေးတာပါ။ ဒါပေမဲ့ တကယ့်စင်ပေါ်မတက်ခင် အသက် ၅ နှစ်သားကတည်းက လက်ဝှေ့ စထိုးနေတာ သိတဲ့သူ အတော်နည်းပါတယ်။ တကယ်လို့ သာ သူ့ မှာ ပင်ကိုယ်စွမ်းရည်ပဲ ရှိပြီး အလုပ်မလုပ်ခဲ့ရင် ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး။

(၃) ကိုယ့်ရဲ့ အခြေအနေတွေထက် ကိုယ့်ကိုယ်ကိုယ် ပိုပြီး ကောင်းလာအောင်လုပ်တယ်

မေဝဲလ်သာရဲ့အဖေက ဆေးမှုနဲ့ ထောင်ကျ၊ အမေက ဆေးစွဲချိန်မှာ သူတို့ မိသားစု ၇ ယောက်ဟာ အိပ်ခန်းတစ်ခန်းပဲပါတဲ့ တိုက်ခန်းလေးထဲမှာ ဘာအပူပေးစနစ်မှ မရှိဘဲ ဖြစ်သလို နေခဲ့ရဖူးပါတယ်။ ဒီအတိုင်း ဆက်သွားရင် မေဝဲလ်သာလည်း ထောင်ထဲမှာပဲ ဘဝဆုံးရမှာပါ။ ဒါပေမဲ့ သူကတော့ သူ့ ရဲ့လက်ရှိဘဝထက် ပိုမြင့်မားတဲ့ အနေအထားတစ်ခုကို ရွေးချယ်ခဲ့ တယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအမြဲ မြှင့်တင်ထားတယ်

ကျွန်တော်က အမြဲတမ်းအကောင်းဆုံးပဲဆိုတာ မေဝဲလ်သာရဲ့ လက်စွဲစကားပါ။ တကယ်တော့ ဒါဟာ သူ့ ရဲ့ယုံကြည်မှုကနေ ထွက်လာတာပါ။ တကယ့်တကယ် ကမ္ဘာ့လက်ဝှေ့ သမိုင်းမှာ အကြီးကျယ်ဆုံးဆိုတဲ့ လက်ဝှေ့ ကျော်တွေကို ကျော်ဖြတ်နိုင်ဖို့ ဒီစကားနဲ့ သူ့ ကိုယ်သူ မောင်းနှင်ခဲ့ပါတယ်။ သူတကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံးလို့ ယုံကြည်သည် ဖြစ်စေ မယုံ ကြည်သည်ဖြစ်စေ သူ့ ရဲ့ယုံကြည်မှုဟာ သူ့ ကို ရှုံးပွဲမရှိ မှတ်တမ်းတင်နိုင်တဲ့ တစ်ဦးတည်းသော ကမ္ဘာ့လက်ဝှေ့ ကျော် ဖြစ်လာစေခဲ့ပါတယ်။ ယုံကြည်မှုက တကယ့်ဘဝကို ပုံဖော်ပေးတယ်ဆိုတာကို ယုံကြည်လိုက်ပါ။

(၅) လမ်းကြောင်းတွေ ဖွင့်ထားပါ

မေဝဲလ်သာရဲ့ နာမည်ပြောင်ထဲက တစ်ခုက "ငွေ- မန်းနီး"လို့ ခေါ်ပါတယ်။ ကမ္ဘာ့အားကစားသမိုင်းမှာ ကြေးအမြင့်ဆုံး ဖိုက်တာဖြစ်တဲ့ မေဝဲလ်သာဟာ လက်ဝှေ့ တင်တော်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် လူပိုသိအောင် ဘယ်လို promote လုပ်ရမလဲဆိုတာလည်း သိပါတယ်။ လက်ဝှေ့ သမားအများစုဟာ တစ်ခြား promoter တွေရဲ့အောက်မှာ လှုပ်ရှားနေချိန်မှာ မေဝဲလ်သာကတော့ ကိုယ့်လမ်းကြောင်းကို ကိုယ်ဖွင့်ထားသူဖြစ်ပါတယ်။ သူ့ကိုယ့်သူတောင် Mayweather Promotions ဆိုပြီး sign ထိုးတတ်သူဖြစ်ပါတယ်။ မေဝဲလ်သာအတွက် နာမည်ကြီးလူသိများမယ့် လမ်းကြောင်းတွေကို သူကိုယ်တိုင် အချိန်ပိုဆင်းသလိုမျိုး လုပ်ဆောင်ခဲ့တာပါ။

(၆) ကိုယ့်ကိုယ်ကိုယ် စိတ်အားမြှင့်တင်တယ်

တကယ် ထူးခြားတဲ့ အချက်တစ်ခု ရှိပါတယ်။ မေဝဲလ်သာရဲ့ အခက်ခဲဆုံး ပြိုင်ဘက်တွေ ကိုယ်တိုင် မေဝဲလ်သာနဲ့ ပတ်သက် ပြီး ခြောက်ခြားရတဲ့ ကိစ္စတစ်ခုက သူဟာ စိတ်ခွန်အားကို ကိုယ့်ဘာသာ ရာနှုန်းပြည့် မြှင့်တင်ထားတယ်ဆိုတာ လက်ခံရ ပါတယ်။ အဲလက် အရီဇာဟာ ပတ်ကီယို၊ ချာဗက်ဇ် နဲ့ မိုင်ဒါနာတို့ ကို လေ့ကျင့်ပေးခဲ့တဲ့ နည်ပြကျော် ဖြစ်ပါတယ်။ တစ်နေ့ မေဝဲလ်သာ လေ့ကျင့်နေတာကို ကြည့်ပြီးနောက် သူကိုယ်တိုင် အခုလို မှတ်ချက်ချခဲ့ပါတယ်။ "သူ (မေဝဲလ်သာ) နဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုက ဘယ်အချိန်မှာ ဘာလုပ်ရမယ်။ ဘယ်လို လုပ်ရမယ်လို့ သူ့ ကို ပြောစရာကို မလိုပါဘူး။ မေဝဲလ်သာဟာ လုပ်စရာရှိတာကို ၁၀၀% အားထည့်လုပ်တဲ့ လူတစ်ယောက်လို့ မြင်ပါတယ်။"

(၇) ပြင်းပြင်းထန်ထန် လုပ်၊ ကောင်းကောင်းနား

ပြိုင်ဘက်တွေ အိပ်နေချိန်မှာ မေဝဲလ်သာဟာ ညနက်သန်းခေါင် စက်ဘီးနဲ့ ၁၂ မိုင်ခရီးကို အပြေးလေ့ကျင့်နေပါတယ်။ ဒီလောက် အလုပ်ကြိုးစားတဲ့ မေဝဲလ်သာဟာ နားတဲ့အခါမှာလည်း ပြိုင်ဘက် မရှိလို့ ဆိုရမှာပါ။ မေဝဲလ်သာ နားပြီဆိုရင် အကြီးအကျယ်ပါတီပေးတာ၊ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လျှောက်လည်တာ၊ ဇိမ်ခံကားတွေ ထည်လဲ စီးနေတာကို တွေ့ ရမှာပါ။ သူ့ အနေနဲ့ ဘဝမှာ ဘယ်လိုမျိုး ပျော်အောင်နေရမယ်ဆိုတာကိုလည်း သိတယ်လို့ ပြောရမှာပါ။ အသွေးထဲ အသားထဲမှာ သွေးနဲ့ ချွေးနဲ့ မျက်ရည်နဲ့ ရောထွေးမွေးထုတ်ထားတဲ့ အိပ်မက်တွေကို အသက်သွင်းနေချိန်မှာ ဘဝကို ပျော်ပျော်ကြီး နေတတ်ဖို့ လည်း မေဝဲလ်သာက အမြဲသင်ယူနေသူ ဖြစ်ပါတယ်။

Credit: Duwun

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service