စွန့် ဦးတီထွင်သူတိုင်းမှာ တွေ့ ရတတ်တဲ့ အလေ့အထ (၇) မျိုး

စွန့် ဦးတီထွင်သူတိုင်းမှာ တွေ့ ရတတ်တဲ့ အလေ့အထ (၇) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
23 Aug 2017 12:34 pm တွင် တင်ခဲ့သည်
1558 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စီးပွားရေး ပုံစံသစ်တွေ လိုအပ်နေတဲ့ ဒီခေတ်ကြီးထဲမှာ စွန့် ဦးတီထွင်တဲ့ လုပ်ငန်းရှင်တွေရဲ့ကဏ္ဍဟာ ရှေ့တန်းရောက်လာ ပါတယ်။ စွန်ဦးတီထွင်သူတစ်ဦးမှာ သူလို ကိုယ်လို လူတွေနဲ့ မတူတဲ့ အလေ့အထတွေရှိပါတယ်။ တကယ်တော့ အင်မတန် ရိုးစင်းပြီး
လူတိုင်းလိုက်နာနိုင်တဲ့ အလေ့အထ ကောင်းတွေပဲ ဖြစ်ပါတယ်။

(၁) ဖြစ်သလို မနေပါဘူး

ဘဝဆိုတာ နေသလိုဖြစ်တယ်ဆိုတာ အားလုံးလိုလို တစ်ချိန်မဟုတ် တစ်ချိန် ပြောဖူးကြပါလိမ့်မယ်။ နေသလို ဖြစ်တဲ့ ဘဝမှာ ဖြစ်သလို မနေပါနဲ့ ဆိုတဲ့ စကားကို အတိအကျ ကျင့်သုံးသူတွေကတော့ စွန့် ဦးတီထွင်သူတွေပဲ ဖြစ်ပါတယ်။ သူတို့ ကတော့ အိပ်မက်တွေ၊ ပန်းတိုင်တွေ အမြဲထားရှိပြီး ဒါတွေ တကယ်ဖြစ်လာဖို့ ကျားကုတ်ကျားခဲ ကြိုးပမ်းနေပါတယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် တွန်းတင်နေသူတွေ ဖြစ်လို့  အရှုံးနဲ့ ကြုံပြီး ဒူးထောက်လဲကျသွားရင်တောင် ဖုတ်ဖက်ခါပြီး အားနဲ့ မာန်နဲ့ ပြန်ထတတ်ပါတယ်။

(၂) ပန်းတိုင်ကြီးကြီးထားပြီး အိပ်မက်တွေကို မျက်ခြေအပြတ်မခံပါဘူး

လူတွေ အများစုဟာ တစ်ပတ်ကို နာရီပေါင်း ၄၀ ကနေ ၆၀ အထိ အလုပ်လုပ်ကြရပါတယ်။ တကယ်လို့ သာ ဒီလောက်များ တဲ့ အချိန်တွေကို တစ်ခုခုအကောင်အထည်ပေါ်အောင်လုပ်မယ်ဆိုရင် ဘဝလမ်းကြောင်းကို တစ်နည်းမဟုတ် တစ်နည်းနဲ့ အထက်တန်းရောက်အောင် တွန်းပို့ ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ ဒီလောက်များတဲ့ အချိန်နဲ့ ခွန်အားစိုက်ထုတ်မှုကို ကိုယ့်အတွက် ဘာအကျိုးမှ မရှိတဲ့ နေရာမျိုး၊ အလုပ်အကိုင်မျိုးမှာ ကုန်ဆုံးစေမယ်ဆိုရင်တော့ နောင်တတွေပဲ ကျန်ခဲ့မှာပါ။
အခွင့်အလမ်းတွေဟာ ကျွန်တော်တို့ အနားမှာ ဝိုင်းဝိုင်းလည်နေတာ ဖြစ်ပါတယ်။ စွန့် ဦးတီထွင်သူတွေကတော့ သူတို့ အိပ်မက်တွေနောက်ကို တစိုက်မတ်မတ်လိုက်ပြီး တကယ်ဖြစ်လာအောင် အကောင်အထည်ဖော်တဲ့ အလေ့အကျင့်လေးတွေ လုပ်ထားကြပါတယ်။

(၃) အသေးအမွှားကို အလေးထားမနေပါဘူး

ဘဝမှာ ဦးစားပေးလုပ်စရာတွေ အများကြီး ရှိပါတယ်။ ဒီလို ဘဝကြီးမှာ ဘာမှ မဟုတ်တဲ့ အသေးအဖွဲလေးတွေကို လိုက်ပြီး ရေးကြီးခွင်ကျယ်လုပ်ပြီး ခံစားနေမယ်ဆိုရင် ရှေ့ရောက်မယ့်လူ ဖြစ်ဖို့ ခက်ပါလိမ့်မယ်။ စိတ်ပိုင်းဆိုင်ရာ ဘာမဟုတ်တာ လေးတွေကို ခေါင်းထဲ စွဲမထားပါနဲ့။ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ် နေပါ။ စွန့်ဦးတီထွင်သူတိုင်းဟာ ကိုယ်သွားနေတဲ့ ပန်းတိုင်နဲ့ မဆိုင်တာတွေကို ဘေးထုတ်ထားနိုင်အောင် ကြိုးစားကြပါတယ်။

(၄) မနာလိုစိတ်နဲ့ စိတ်ရှုပ်မခံဘူး

မနာလိုခြင်း ဝန်တိုကင်းဖို့ ဆိုတာ မလွယ်ပါဘူး။ သို့ သော်လည်း စွန့် ဦးတီထွင်သူများကတော့ ဒါကို အရေးကြီးတဲ့ အကန့် ထဲမှာ ထည့်မထားပါဘူး။ သူတို့ ရဲ့ အကျင့်ကိုက ကိုယ့်လမ်းကြောင်းကို ဘယ်လိုတိုးတက်အောင် လုပ်မလဲ စူးစိုက်နေတာ ဖြစ်လို့ မနာလိုစိတ်ကို ခေါင်းထဲ သိပ်မထည့်ပါဘူး။ ဒီနေ့ လို လူမှုကွန်ရက်ခေတ်မှာ တစ်ခြားသူတွေရဲ့ အောင်မြင်မှုတွေကို အွန်လိုင်းမှာ လွယ်လင့်တကူ မြင်ရချိန်မှာ စွန့် ဦးတီထွင်သူတွေကတော့ ကိုယ့်ဘဝ ရပ်တည်မှုနဲ့ ကိုယ့်ရဲ့ ရှင်သန်ခြင်းကိုပဲ ပျိုးထောင်ပြီး ဝမ်းမြောက်စိတ်မွေးတတ်ပါတယ်။

(၅) တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို ဘယ်တော့မှ မနှိုင်းယှဉ်တတ်ပါဘူး

ဒါကလည်း သူတို့ ရဲ့ အလေ့အကျင့်တစ်ခုပါ။ လူတိုင်းရဲ့ မတူကွဲပြားတဲ့ စွမ်းရည်နဲ့ ဖြတ်သန်းချက်ကို အသိအမှတ်ပြုပေမယ့် ကိုယ့်ကိုယ်ကို သူများတွေနဲ့ ယှဉ်ကြည့်ပြီး စိတ်ပျက်တာမျိုး မရှိပါဘူး။ တစ်ခြားသူတွေနဲ့ ကိုယ့်ကိုယ်ကို နှိုင်းယှဉ်တယ်ဆိုတာ ခါးသီးမှုတွေနဲ့ ခေါင်းကိုက်တာပဲ အဖတ်တင်ပြီး ဘာမှ အကျိုးမရှိပါတယ်။ တစ်ခြားသူတွေရဲ့ ခြေလှမ်းကိုပဲ အာရုံစိုက်ရင် ကိုယ်သွားမယ့် ခရီးကို ကြိုမြင်နိုင်စွမ်းနဲ့ စိတ်သတ္တိစွမ်းရည်တွေ လုံးပါးပါးရုံပဲ ရှိပါလိမ့်မယ်။

(၆) အဆိုးမြင်သူတွေကြောင့် နောက်တွန့် မသွားဘူး

ရှေ့ ကို လှမ်းမယ့်သူဟာ နောက်ဆုတ်သွားမယ့် အဆိုးမြင်အတွေးတွေကို မတွေးဖို့ လိုသလို အဆိုးမြင်သူတွေရဲ့ ထင်မြင် ယူဆချက်တွေကိုလည်း ခေါင်းထဲ မထည့်တတ်ပါဘူး။ အဆိုးမြင်စိတ်ဟာ တိုးတက်ခြင်းအတွက် အဆိပ်အတောက် ဖြစ်ပါတယ်။ အဆိုးမြင်စကားတွေပဲ ထပ်တလဲလဲ ကြားနေရရင် ကြာတော့ ကိုယ်ကိုယ်တိုင် လက်ခံမိပြီး နောက်ဆုတ် တတ်ပါတယ်။ စွန့် ဦးတီထွင်သူတွေကတော့ အဆိုးမြင်သူတွေရဲ့ အပြောကြောင့် နောက်မတွန့် တဲ့အပြင် သူတို့ ရဲ့ စကားကိုပါ နားမထောင်တတ်ပါဘူး။

(၇) ချက်ချင်းလုပ်တယ်

မနက်ဖြန်မှ လုပ်တာပေါ့ ဆိုတဲ့ အချိန်ရွှေ့ ဆိုင်းခြင်းမျိုးကို စွန့် ဦးတီထွင်သူများဆီမှာ တွေ့ ရမှာမဟုတ်ပါဘူး။ သူတို့ အတွက် တစ်နေ့ ချင်းစီဟာ လက်ဆောင်ကောင်းတွေ ဖြစ်လို့ အဲဒီတစ်နေ့ တာကို အလဟဿ အဖြစ်မခံပါဘူး။ ဘဝဟာတိုတောင်းလွန်းလို့ နက်ဖြန် သန်ဘက် ရက်ရွှေ့ ပြီး မလုပ်တာကြောင့်ပဲ သူတို့ ဟာ သွားလိုရာ ပန်းတိုင်ကို လှမ်းကိုင်ဖို့ အမြဲအသင့် ဖြစ်နေတာ ဖြစ်ပါတယ်။

Credit: entrepreneur

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service