အသက် (၂၀) ဝန်းကျင်မှာ ချမ်းသာစေမယ့် အဆောင် (၅) မျိုး

အသက် (၂၀) ဝန်းကျင်မှာ ချမ်းသာစေမယ့် အဆောင် (၅) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
21 Aug 2017 12:06 pm တွင် တင်ခဲ့သည်
2243 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ကျွန်တော်တို့အားလုံး ဘယ်သူမဆို ချမ်းသာချင်ကြတာချည်းပါ။ မြန်မြန်ချမ်းသာလေ အကြိုက်ဆုံးဖြစ်လေပဲ မဟုတ်လား။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလည်း ချမ်းသာမဆို ဘာမဆိုလုပ်မယ့်သူက များပါတယ်။ လူတော်တော်များများ ပြောနေကြ တာကို အားလုံးလည်း ကြားမိခဲ့ကြမယ်ထင်ပါတယ်။ ချမ်းသာဖို့ အချိန်တွေ များကြီးပေးခဲ့ပေမဲ့ အသက် သုံးလေးဆယ် ရောက်တာတောင် ဖြစ်မလာကြဘူးဆိုတာပေါ့။

ဒါပေမဲ့ မိတ်ဆွေတို့ကို အသက်နှစ်ဆယ်ဝန်းကျင်မှာ ချမ်းသာနိုင်တယ်လို့ ပြောမယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ အမှန်တကယ် လည်း ဖြစ်နိုင်ပါတယ်။ လုပ်ဖို့ရာလည်း အရမ်း လွယ်ကူတယ်။ အောက်မှာဖော်ပြပေးထားတဲ့ နည်းဗျူဟာလေးတွေကိုသာ သင်ယူလိုက်ပါ။ မိတ်ဆွေတို့အတွက် အပန်းမကြီးဘဲ လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

၁။ အချိန်မဆွဲပါနဲ့

အရာအားလုံးအတွက် အချိန်ဆိုတာ ဘယ်တော့မှ လုံလောက်မှုမရှိဘူးဆိုတာ အမြှော်အမြင်ရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင် လူငယ်တိုင်းလိုလို လက်ခံယုံကြည်ထားကြတယ်။ သူတို့ဟာ အငြိမ်းစားယူတာတွေ၊ စည်းစိမ်ယစ် တာတွေက အောင်မြင်မှု လမ်းကြောင်းအောက်ကို ဆွဲချပစ်နိုင်တဲ့အရာတွေလို့ လက်ခံထားကြသူတွေဖြစ်တယ်။ ဒါကြောင့် သူတို့တွေဟာ အတတ် နိုင်ဆုံး နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခပ်မြန်မြန်ပဲ အကောင်းအထည်ဖော် လုပ်ဆောင်ကြလေ့ရှိတယ်။ ဘာလို့လဲဆိုရင် ကိုယ့်ဘက်က အချိန်ဆွဲနေလေ၊ ကိုယ့်အတွက် အခွင့်အလမ်း နည်းလေဖြစ်ပါတယ်။

၂။ ချမ်းသာဖို့ မှော်ပညာမရှိတာသိပါ

တကယ်တော့ ချမ်းသာဖို့လုပ်ဆောင်ကြတဲ့နေရာမှာ မှော်ပညာမရှိပါဘူး။ အဓိကက ကိုယ့်ရဲ့ goal ပဲဖြစ်ပါတယ်။ အဲဒီ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ပေါ်မှာ ကိုယ်အချိန်ပေးနေတာထက် ပိုပြီးပေးနိုင်အောင် လုပ်ဆောင်ပါ။ အတတ်နိုင်ဆုံး ဂရုတစိုက်နဲ့ အပြည့်အဝ ဖြည့်ဆည်းပြီး အသုံးချပေးပါ။အဲဒီကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ဘယ်လို ဖြည့်ဆည်း ပေးရမလဲ ဆိုတာတော့ ကိုယ့်အပေါ်မှာပဲ မူတည်နေပါတယ်။ နောက်မှ အမြတ်အစွန်းရနိုင်မယ့် ဖြစ်နိုင်ခြေအရှိဆုံး အရာတွေပေါ်မှာ စွန့်စားကြည့်ပါ။

၃။ ကိုယ့်ကိုယ်ကိုယ် အရင်းအမြစ်အဖြစ် သတ်မှတ်ပါ

နောက်တစ်ဆင့်ကတော့ ကိုယ့်ကိုယ်ကိုယ် ချမ်းသာမှုရဲ့ အရင်းအမြစ်အဖြစ် သတ်မှတ်ရမယ်။ ချမ်းသာဖို့ စုဆောင်း လုပ်ဆောင်ကြတဲ့အခါမှာ ကိုယ့်လောက် အကောင်းဆုံး၊ အလိုအပ်ဆုံးဆိုတာ မရှိပါဘူး။ အဓိကက ကိုယ်ကိုယ်တိုင်ပါပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ရင်းနှီးမြှုပ်နှံရမယ်။ ဘာတွေနဲ့ မြှုပ်နှံမလဲဆိုရင် လေ့ကျင့်ရေးတွေနဲ့ စွမ်းအင်ပိုတိုး အောင် လုပ်ဆောင်မြှုပ်နှံရမယ်။ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေ တွေ့လာအောင် ဖော်ဆောင်ရမယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ကို အကူအညီပေးနိုင်မယ့် လူမှုအသိုင်းအဝိုင်းတစ်ခု တည်ဆောက်ရမယ်

၎။ ငွေကြေးစီမံကိန်း ရေးဆွဲပါ

အချက်နှစ်ချက်ကို စိတ်ထဲမှာ စွဲနေအောင် မှတ်ထားရမယ်။ ဘာတွေလဲဆိုတော့ ဝင်ငွေတိုးအောင် လုပ်ဆောင်ပါ။ အသုံး အဖြုန်းကို လျှော့ချပါ။ ဒီနှစ်ချက်ကို နှစ်နှစ်ခြိုက်ခြိုက်ကို လုပ်ဆောင်ရမယ်။ ကိုယ့်အနေနဲ့ ကြိုတင်မျှော်မှန်းထားတဲ့ ဝင်ငွေနဲ့ အသုံးစရိတ်ကို ချင့်ချိန်ပြီး အသုံးချနိုင်မယ့် စီမံကိန်းတစ်ခု ရေးဆွဲထားရမယ်။

၅။ အကြွေးတွေကို ရှင်းပစ်ပါ

ငွေကြေးနဲ့ပတ်သက်ပြီး စုဆောင်းခြင်း၊ မြှုပ်နှံခြင်း ဆိုတာတွေနဲ့ စတင်မလည်ပတ်သေးခင်မှာ ကိုယ့်မှာ ရှိနေတဲ့ အကြွေး မှန်သမျှကို အရင်ရှင်းပစ်သင့်ပါတယ်။ အကြွေးမှန်သမျှ ဘယ်လိုအရာကိုမဆို အားလုံးရှင်းပစ်လိုက်ပါ။ အဲဒီလိုမှမဟုတ်ဘူး ဆိုရင်တော့ ကိုယ့်ရဲ့ အလားအလာမှန်သမျှကို သူက တစ်လျှောက်လုံး လိုက်လံဖျက်ဆီး ပစ်နေပါလိမ့်မယ်။

Credit: youngisthan

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service