သင်၏ နေအိမ် မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသော နည်း

သင်၏ နေအိမ် မျက်နှာလှည့်သော အရပ်ကို ကြည့်၍ လာဘ်လာဘ ပွင့်လန်းစေသော နည်း - Property Knowledge in Myanmar from iMyanmarHouse.com
17 Aug 2017 12:29 pm တွင် တင်ခဲ့သည်
4863 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

လာဘ်ပွင့်စေသော ယတြာ မျိုးစုံ ရှိပါသည်။ ထိုယတြာ နည်းများစွာတွင် လူတစ်ဦး တစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိက ထား၍ ဆောင်ရွက်ခြင်း များကိုသာ တင်ထားတာ များပါတယ်။

အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာ အရပ်ကို အဓိက ထား၍ လာဘ်ပွင့်အောင် လာဘ် လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသော နည်း ကို ပြောပြပါမည်။

အဲဒီလို ဆောင်ရွက်တဲ့ အတွက် ဘာ အကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲ ဆိုတော့ အဲဒီနေအိမ် မှာ နေထိုင်တဲ့ လူသား အားလုံး မိမိ တို့၏ လုပ် ငန်းေ ဆာင်တာ များ မှာ ထူးထူး ကဲကဲ အောင်မြင်ခြင်း၊ အေးအေး ချမ်းချမ်း ဖြတ် သန်းနိုင်ခြင်း၊ စီးပွားရေး များ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲေ တွ ပြဿနာတွေ အဆင် မပြေမှု့တွေ အတိုက် အခိုက်တွေ ကနေ လွတ်ြေ မာက်နိုင်ပါတယ်။

မိမိတို့နေအိမ် သယာစေရန် တိုးတက်စေရန် အကျိုးပြုစေ ပါတယ်။ ဒီနည်း ကို ဆောင်ရွက်မယ့် သူတွေ က မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိ ကျကျ သိစရာ မလိုပါဘူး။ မိမိနေအိမ် က ဘယ်ဘက် ကို မျက်နှာ မူသလဲ။ အဲဒီ မျက်နှာ မူရာ အရပ်ဒေသ ကို အဓိက ထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါ တယ်။

အရှေ့အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ် ပွင့်စေရန်

အရှေ့ အရပ်ကို မျက်နှာ လှည့်သော အိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုး အ ကျိုးပြုသော အိမ်ဟု သတ်မှတ်သည်။ ထို အိမ်တွင် နေထိုင်သူ အပေါင်း တို့ သည် ကြံရည် လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော် များကို ကြံရည် ကပ်လှူနိုင်သည်။

ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ် တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘု ရား တစ်ဆူဆူ ၏ တနင်္လာဒေါင့် တွင်လည်း လှူဒါန်းနိုင် ပါသည်။ ကြံပန်းခိုင် တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။

အရှေ့တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင် သူများ လာဘ်ပွင့်စေရန်

အရှေ့တောင် အရပ် ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်း က စိုးမိုးေ စာင့်ရှောက်ခြင်းကို ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ဘုရား တွင် စံပယ် ပန်း မကြာခဏ လှူဒါန်း ဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူး လှူ၍လည်း ရပါ သည်။ ဆီးယို လည်း မကြာခန ဒါနပြုနိုင်ပါသည်။

သံဃာတော်များ အား ဆပ်ပြာ အလှူ ဒါနပြုနိုင်ပါသည်။ ထိုယတြာ ကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင် သူများသည် စွမ်းအားကောင်းခြင်း ၊ သြဇာ တိုးခြင်း၊ စီးပွားတက်ခြင်း များ ဖြစ်နိုင်ပါသည်။

တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ် ပွင့်စေရန်

တောင် အရပ်ကို မျက်နှာလှည့်သော နေအိမ် များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးေ စာင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ် ဖျတ် လှုပ်သော ကြက်လျှာ ကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရား တင်ပါ။ ရွက်လှ ညွန့် လှူပါ။ သံဃာတော် များ အား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ် လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေ ရတနာ ပေါကြွယ်ဝခြ များ ဖြစ်မည်။

အနောက်တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင် သူများ လာဘ်ပွင့်စေရန်

အနောက်တောင် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များကို စနေဂြိုဟ် မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် ထီးနီ တစ်လက် တင်ထားပါ။

သံဃာတော်များကို ထီး ဒါနပြုပါ။ နာနတ်ယို လှူဒါန်း ဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွား တိုးတက်ခြင်းများ ဖြစ်ပေါ် လာမည်။

အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အနောက်အရပ်ကို မျက်နှာ လှည့်သော နေအိမ်များကို ကြာသပတေးဂြိုဟ် မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ ပန်းပွင့် များ ဘုရားစင်တွင် မပြတ်လှူဒါန်း ဆက်ကပ်ပေး ပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖေ ယာင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းေ တ်ာကပ်ခြင်း မကြာခဏ ပြုပါ။

သံဃာတော်များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာ စီးပွား တိုးတက်ခြင်းများ ရရှိ ခံစားရမည်။

အနောက်မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ်များတွင် နေထိုင်သူ များ လာဘ်ပွင့်စေရန်

အနောက်မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များကို ရာဟုဂြိုဟ် မင်း က စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။ အိမ်ေ ရှ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်း ပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းေ ပးပါ။ ရှောက်ယို ၊ ရှောက်သီး သုပ် ဆက်ကပ်လှူဒါန်ပေးပါ။

သံဃာတော် များကိုလည်း ဆက်ကပ် လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာ တိုး တက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်း များ ဖြစ်မည်။

မြောက် အရပ်ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ ကို သောကြာဂြိုဟ်မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ် ဘုရားတွင် သစ်သီး မပြတ်တင်ပါ။ သီဟိုဠ်ညွန့် ဒါနပြုပါ။

သံဃာတော် များကို သတ်သတ်လွတ် ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ် တွင် နေထိုင် သူများ လည်း မကြာခဏ သတ်သတ်လွတ် စားပေး ပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

အရှေမြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ် များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန်

အရှေ့မြောက် အရပ် ကို မျက်နှာ လှည့်သော နေအိမ်များ ကို တနင်္ဂနွေဂြိုဟ် မင်း မှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ် ဟု သတ်မှတ်ပါသည်။

အိမ်ရှေ့တွင် အုန်းခွံ စာကလေး အိမ် ချိတ်ဆွဲ ထားခြင်း၊ အိမ်ဘုရား အား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာေ တ်ာများအား လည်း ကပ် လှူဒါန်းပေးခြင်း ၊ အောင်အိုး တစ်လုံးတွင် အုန်း ညွန့် (၆) ညွန့်ထိုးထား ၍ အိမ်ရှေ့တွင် ထားခြင်း ဆောင် ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။

Credit: မင်းခယောက်ျား

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service