တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီက ဗြိတိန်၊ အမေရိကန်နှင့် သြစတေးလျတို့ရှိ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်ရောင်းထုတ်လျက်ရှိ

တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီက ဗြိတိန်၊ အမေရိကန်နှင့် သြစတေးလျတို့ရှိ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်ရောင်းထုတ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com
17 Aug 2017 11:31 am တွင် တင်ခဲ့သည်
1371 ကြိမ် ကြည့်ရှု့ပြီး
တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီသည် ဗြိတိန်၊ အမေရိကန်နှင့် တရုတ်တို့ရှိ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်ရောင်းထုတ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဝမ်ကျန်းလင်၏ မိသားစုပိုင် ကုမ္ပဏီတစ်ခုဖြစ်သော Dalian Wanda Commercial Properties သည် ကွေးလင်၊ ချီကာဂို၊ လန်ဒန်၊ ဆစ်ဒနီနှင့် အခြားကမ္ဘာ့မြို့ကြီးများတွင် ဆောက်လုပ်ရေးစီမံကိန်းများစွာ အကောင်အထည်ဖော်လျက်ရှိရာ ယခုအခါ အဆိုပါစီမံကိန်းများကို ရောင်းချလာခြင်းဖြစ်သည်။

ဝမ်ကျန်းလင်ရောင်းထုတ်လျက်ရှိသော ဆောက်လုပ်ရေးစီမံကိန်းများတွင် သြစတေးလျနိုင်ငံရှိ စီမံကိန်း ၂ ခုလည်း ပါဝင်ရာ ဆစ်ဒနီရှိ One Circular Quay လူနေနှင့် ဟိုတယ်ဘက်စုံသုံး ဆောက်လုပ်ရေးစီမံကိန်း (တန်ကြေး-ကန်ဒေါ်လာ ၁ ဘီလီယံ) နှင့် Gold Coast ရှိ Jewel resort စီမံကိန်း (တန်ကြေး- ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ) တို့လည်း အပါအဝင် ဖြစ်သည်။

Dalian Wanda မှ ပြန်လည်ရောင်းချလျက်ရှိသော ဆောက်လုပ်ရေးစီမံကိန်းများတွင် လန်ဒန်ရှိ One Nine Elms စီမံကိန်း (ကန်ဒေါ်လာ ၁ ဘီလီယံ) ၊ ချီကာဂိုရှိ ဟိုတယ်နှင့် လူနေဘက်စုံသုံး Vista Tower စီမံကိန်း (တန်ကြေး- ကန်ဒေါ်လာ ၁ ဘီလီယံ) ၊ တရုတ်ပြည် အရှေ့တောင်ပိုင်း ကွေ့လင်းရှိ ဈေးဝယ်နှင့်လူနေဘက်စုံသုံးစီမံကိန်းများ ပါဝင်သည်။

နယ်စပ်ဖြတ်ကျော် အရောင်းအဝယ်များကို တရုတ်အစိုးရက အပြင်းအထန်ကိုင်တွယ်လာလျက်ရှိရာ Dalian Wanda မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကြီးမားစွာပြုလုပ်ခဲ့သည့်ကုမ္ပဏီဖြစ်ခြင်းကြောင့် ယခုကဲ့သို့ ရှယ်ယာပြန်လည်ရောင်းထုတ်ခြင်းများ ပြုလုပ်လာလျက် ရှိခြင်း ဖြစ်သည်။
ပြီးခဲ့သော ဇွန်လအတွင်း တရုတ်အာဏာပိုင်တို့က Dalian Wanda ကုမ္ပဏီမှ အကောင်အထည်ဖော်လျက်ရှိသော ပြည်ပဖျော်ဖြေရေးဆိုင်ရာ စီမံကိန်း ၆ ခုအတွက် ဘဏ်ချေးငွေရယူခွင့် ပိတ်ပင်ခဲ့သည်။

ဝမ်ကျန်းလင်သည် တရုတ်ပြည်၏ အကြီးမားဆုံး အိမ်ခြံမြေ developer ဖြစ်သော Dalian Wanda တည်ထောင်သူဖြစ်သည့်အပြင် ကမ္ဘာကျော်စပိန်ဘောလုံးကလပ်အသင်းဖြစ်သည့် အက်သလက်တီကို မက်ဒရစ်အသင်း၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားသည်။

ဝမ်ကျန်းလင်သည် တရုတ်နိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၃၁ ဒသမ ၃ ဘီလီယံကြွယ်ဝသည်ဟု ခန့်မှန်းထားပြီး တစ်ကမ္ဘာလုံးတွင် နံပါတ် ၁၈ နေရာ၌ ရပ်တည်လျက်ရှိသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တရုတ်ပြည်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဝမ်ကျန်းလင်ပိုင် Dalian Wanda ကုမ္ပဏီက ဗြိတိန်၊ အမေရိကန်နှင့် သြစတေးလျတို့ရှိ ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံတန်ကြေးရှိ ဆောက်လုပ်ရေး စီမံကိန်းများကို ပြန်လည်ရောင်းထုတ်လျက်ရှိ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်ကြီးနှင့် ကလော အိမ်ခြံမြေဈေး တည်ငြိမ်နေ

ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
ဆောက်လုပ်ရေးလုပ်ငန်းတချို့ ရပ်နားနေ
မြို့တော်ဝန် ဖြစ်လိုသူများအတွက် အမေရိကန်ပြည်၊ မွန်တားနားပြည်နယ်ရှိ မြို့တစ်မြို့လုံးကို ကန်ဒေါ်လာ ၁ ဒသမ ၇ သန်းမျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်နေ...

နေပြည်တော်တွင် အိမ်ငှားများလာပြီး အိမ်ငှားခဈေးများတက်နေ

ကမ္ဘာ့အချမ်းသာဆုံး အိမ်ခြံမြေလောက သူဌေးကြီး (၅) ဦး

ဂျက်ကီချန်း၏ တရုတ်ပြည် ဟန်ကျိုးမြို့ရှိ ဒေါ်လာ (၈) သန်းတန် စံအိမ်

ဒဂုံမြို့သစ်လေးမြို့နယ်ရှိ ဈေးအနိမ့်ပိုင်းအိမ်ခြံမြေတွေ အရောင်းအဝယ်ဖြစ်

အိပ်ခန်း ၃ ခန်းပါ ပေါင် ၁၂၀၀၀၀ တန် နေအိမ်ကို အခမဲ့ပေးကမ်းလှူဒါန်းသူ (သို့မဟုတ်) ပန်းခြံခုံတန်းတွင် အိပ်စက်ရသည့် အိမ်ရာမဲ့ဘဝမှ ဒေါ်လာသန်း ၄၀ ခန့် ချမ်းသာကြွယ်ဝလာသည့် အိမ်ခြံမြေလုပ်ငန်းရှင်ကြီး...

ပြင်သစ်နိုင်ငံရှိ မြို့ငယ်တစ်ခုတွင် မြို့လယ်ရှိ ၈၂၈ စတုရန်းပေ ကျယ်ဝန်းသော နှစ်ထပ်အိမ်တစ်လုံးကို ၁ ယူရို ဖြင့် ရောင်းချပေးမည်၊ လျှောက်လွှာများ လက်ခံနေပြီး ဇွန်လ (၁၅) ရက်အထိ လျှောက်လွှာတင် ဝယ်ယူနိုင်...

ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းအသစ်များ ရောင်းချမှု များနေ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်နှင့် ဘင်အက်ဖလက်တို့စုံတွဲ နယူးယောက်မြို့တွင် နေအိမ်ဝယ်ယူရန် လိုက်လံရှာဖွေနေသော ဓာတ်ပုံများ ထွက်ပေါ်လာ

ရေခဲခေတ်ထဲက အဖြေရှာမရပဲ ချောက်ကမ်းပါးမေးတင် ခိုတွယ်နေတဲ့ ဧရာမကျောက်တုံးကြီး အခုထိတိုင် တည်ရှိနေဆဲ ခရီးသွားလာမှုများပြားန

ရန်ကုန်အိမ်ခြံမြေ အ‌ရောင်းများသော်လည်း ဈေးတက်နေ

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်သော ကမ္ဘာ့အသက်ငယ်ဆုံး ဘီလျံနာများ စာရင်းတွင် ကျွဲရိုင်းအချိုရည် ၏ အမွေဆက်ခံလိုက်သူ အသက

ကမ္ဘာကျော် သူဌေးကြီး Charlie Munger သာမန်အိမ်ကလေးတစ်လုံးတွင် နှစ်ပေါင်း ၇၀ နေထိုင်ခဲ့၊ ကြီးကျယ်ခမ်းနားသော နေအိမ်ကြီးများ

နယူးယောက်ပြည်နယ်တွင် သမိုင်းဝင် နေအိမ်ကြီးတစ်လုံး ဒေါ်လာ ၄၀၀၀ မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်

ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး

တရုတ်ပြည်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော အဆောက်အအုံကြီးကို ဂျိုက်များ ၊ ဒလိမ့်ပြေးလမ်း များဖြင့် နေရာရွှေ့ပြောင်းခဲ့

Britain Got Talent ဒိုင်လူကြီး Simon Cowell ၏ အင်္ဂလန်ကျေးလက်စံအိမ်ခြံဝန်းအတွင်း ပွေးများ သောင်းကျန်းမှုကြောင့် ပန်းဥယျာ

shwe-wutthmone
mya-villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service