COLONEL SANDERS သို့မဟုတ် အောင်မြင်မှုအတွက် နောက်ဆုံးအချိန်မရှိကြောင်း သက်သေပြခဲ့သူ

COLONEL SANDERS သို့မဟုတ် အောင်မြင်မှုအတွက် နောက်ဆုံးအချိန်မရှိကြောင်း သက်သေပြခဲ့သူ - Property Knowledge in Myanmar from iMyanmarHouse.com
10 Aug 2017 11:43 am တွင် တင်ခဲ့သည်
1053 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဘ၀ဆိုတာက ဆန်းကြယ်တဲ့အရာတစ်ခုဖြစ်ပါတယ်။

ဘ၀မှာကြုံတွေ့ရတဲ့ စွန့်လွှတ်စွန့်စားစရာ အကြောင်းကိစ္စတွေကလည်း ဘယ်သူမှရင်မဆိုင်ချင်ကြပါဘူး။ ဒါ့ကြောင့်လည်း စွန့်စားစရာတွေဖြစ်နေတာပါ။ ကျွန်တော်တို့ ၀င်မပြိုင်တဲ့ ပြိုင်ပွဲတစ်ခုမှာ နောက်ကောက်ကျကျန်နေခဲ့မှာကို စိုးရိမ်စိတ်တွေက ကျွန်တော်တို့ ဆုံးဖြတ်မယ့် အဆုံးအဖြတ်တွေပေါ်မှာ သက်ရောက်မှုရှိနေပါတယ်။ လက်ရှိအခြေအနေတိုင်းလေးပဲ လည်ပတ်နေဖို့က လွယ်ကူပါတယ်။ အားလုံး အခြေတကျတည်ငြိမ်နေမှတော့ ဘာကြောင့်များ တခြားအရာတွေကို စွန့်စားရဦးမှာလဲလို့ တွေးမိမှာပါ။

Colonel Harland Sanders သာ ဒီလိုတွေ့မိခဲ့မယ်ဆိုရင် ဘယ်လိုတွေ ဖြစ်လာမှာပါလဲ။ ကျွန်တော်တို့ အခု စားသုံးနေတဲ့ KFC ကြက်ကြော်တွေ စားရဖို့ မသေချာပါဘူး။ ဟုတ်ပါတယ်။ Colonel Harland Sanders ဆိုတာ လူတွေကြက်သားစားတဲ့ နည်းလမ်းကို ပြောင်းလဲပေးခဲ့ပြီး နာမည်ကျော် Kentucky Fried Chicken – KFC ကြက်ကြော်ဆိုင်တွေကို တည်ထောင်ခဲ့သူဖြစ်ပါတယ်။

သင့်ရဲ့အကောင်းဆုံးအချိန်တွေကို ဆုံးရှုံးလိုက်ရပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဖို့ နောက်ကျနေပြီလို့ ခံစားရတဲ့အခါတိုင်းမှာ အသက် (၆၅)နှစ်ရောက်မှ ကမ္ဘာမှာအကြီးဆုံး စားသောက်ဆိုင်လုပ်ငန်းကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့တဲ့ Colonel Sanders ကို သတိရလိုက်ပါ။

Colonel Sanders အရွယ်မရောက်ခင်မှာတင် သူ့ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး ဆင်းရဲ ကျပ်တည်းလွန်းတာကြောင့် အသက်(၇)နှစ်မှာကတည်းက အချက်အပြုတ်အလုပ်တွေကို သင်ယူခဲ့ရပါတယ်။ အရောင်းသမားအဖြစ်နဲ့လည်း အလုပ်လုပ်ဖူးပြီး သူ့ဘ၀ရဲ့ အချိန်ကောင်းတွေကို ကားတာယာရောင်းတာ၊ ကူးတို့လှေမောင်းတာ၊ ရေနွေးငွေ့ရထားစက်ခေါင်းအလုပ်ရုံမှာ အလုပ်လုပ်တာ စတဲ့ အလုပ်ပေါင်းစုံကို လုပ်ရင်းနဲ့ ကုန်လွန်ခဲ့ပါတယ်။

အသက်(၄၀)မှာတော့ ကန်တပ်ကီမှာရှိတဲ့ ကားစက်ပြင်အလုပ်ရုံတစ်ခုက စားသောက်ခန်းမှာ အချက်အပြုတ်အလုပ်တွေ လုပ်ခဲ့ရပါတယ်။ ဒီနေရာ သူ့လက်ရာဟင်းလျာတွေကို လူကြိုက်များလာတဲ့အတွက် ဓာတ်ဆီဆိုင်ကို လမ်းဘေးစားသောက်ဆိုင်တစ်ခုအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။

၁၉၃၉ ခုနှစ်မှာတော့ သူကိုယ်တိုင် နှစ်ပေါင်းများစွာ ဆန်းသစ်တီထွင်နေခဲ့တဲ့ ပြီးပြည့်စုံပြီး မပြောင်းမလဲတဲ့ အရသာရှိတဲ့ ကြက်ကြော်ကို ဘယ်လိုကြော်ရမလဲဆိုတာကို သိရှိလာခဲ့ပါတယ်။ ဒီကြက်ကြော်တွေကြောင့် လူသိများကျော်ကြားလာခဲ့ပြီး ၁၉၅၀ ခုနှစ်မှာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ကြက်ကြော်နည်းလမ်းအတွက် ကန်တပ်ကီပြည်နယ်အုပ်ချုပ်ရေးမှူးက Colonel ဆိုတဲ့ ရာထူးကို ပေးအပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ရဲ့သူငယ်ချင်း၊ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူ Pete Harman နဲ့ ပူးပေါင်းပြီး သူ့ရဲ့ကြက်ကြော်တွေကို Kentucky Fried Chicken လို့ အမည်ပေးခဲ့ပါတယ်။ ကြက်ကြော်တစ်ခုရောင်းရတိုင်းမှာ သူ့အတွက် တန်ဖိုးရဲ့(၄)ရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိခဲ့ပါတယ်။

Colonel Sanders ဟာ စားသောက်ဆိုင်တွေ တစ်ဆိုင်ပြီးတစ်ဆိုင်လျှောက်သွားခဲ့ပြီး သူ့ရဲ့ကြက်ကြော်နည်းကို ကမ်းလှမ်းခ ရာခိုင်နှုန်းခံစားခွင့်ကို ရယူခဲ့ပါတယ်။ ၁၉၆၄ ခုနှစ်မှာတော့ အမေရိကန်နဲ့ ကနေဒါမှာရှိတဲ့ စားသောက်ဆိုင်ပေါင်း ၆၀၀ ကျော်က Kentucky Fried Chicken ကြက်ကြော်တွေကို ရောင်းချနေပြီဖြစ်ပါတယ်။ နောက်ထပ်ဆယ်စုနှစ်တစ်ခုကြာပြီးတဲ့နောက်မှာတော့ Colonel Sanders ဟာ ကမ္ဘာမှာ ဒုတိယလူသိအများဆုံး နာမည်ကျော်ပုဂ္ဂိုဟ်ဖြစ်လာခဲ့ပါတယ်။

၁၉၆၅ ခုနှစ်မှာတော့ KFC လုပ်ငန်းဟာ ကမ္ဘာတစ်လွှားအထိ ကျယ်ပြန့်ရောက်ရှိနိုင်တာကို သိရှိလာခဲ့ပြီး သူ့ကုမ္ပဏီရဲ့မူပိုင်ခွင့်ကို ဒေါ်လာနှစ်သန်းနဲ့ ရောင်းချခဲ့ပါတယ်။ Colonel Sanders ဟာ KFC အမှတ်တံဆိပ်ရဲ့ ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး တစ်သက်တာလုံးအတွက် တစ်လကို ဒေါ်လာ(၇၅၀၀၀) လစာရရှိခဲ့သလို ကနေဒါနိုင်ငံမှာရှိတဲ့ KFC ဆိုင်ခွဲအများစုကို ဆက်လက်ပိုင်ဆိုင်ခွင့်ရရှိခဲ့ပါတယ်။

Colonel Sanders ဟာ အသက်(၆၂)နှစ် မတိုင်ခင်အထိ KFC ကို မတည်ထောင်ရသေးပါဘူး။ ပြီးတော့ KFC လုပ်ငန်းအောင်မြင်မှုကလည်း သူ့ဘ၀အတွက် အရမ်းအရေးကြီးလှတဲ့ ကိစ္စမဟုတ်ခဲ့ပါဘူး။ သူက ချမ်းသာချင်တဲ့လူ မဟုတ်ပါဘူး။ သူ့ရဲ့ ရည်မှန်းချက်က ကမ္ဘာမှာ အကောင်းဆုံးကြက်သားကို ဖန်တီးနိုင်သူ ဖြစ်ချင်ခဲ့တာပါ။ သူ ရည်မှန်းထားတဲ့အတိုင်း ဖြစ်ခဲ့ရုံသာမက အများကြီး ပိုခဲ့ပါတယ်။

ဒါ့ကြောင့် ဘ၀မှာ အရှုံးတွေဆိုတာ ရှိနေမှာပါ။ အမြဲတမ်းလွယ်ကူနေဖို့လည်း မမျှော်လင့်ပါနဲ့။ အောင်မြင်မှုအတွက် အာမခံချက်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ ရင်ထဲ နှလုံးထဲက စိတ်ဆန္ဒဖြစ်ခဲ့မယ်ဆိုရင်တော့ အောင်မြင်ဖို့အတွက် နည်းလမ်းတစ်ခုကို ရှာတွေ့မှာဖြစ်ပါတယ်။ အောင်မြင်တဲ့ နေ့ရက်တွေကလည်း ရောက်ရှိလာမှာဖြစ်ပါတယ်။ Colonel Sanders လုပ်ခဲ့သလိုပေါ့။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service