တိုက္ခန္း၀ယ္ယူျခင္းႏွင့္ လက္ေရာက္ရယူ ေနထုိင္မႈ

တိုက္ခန္း၀ယ္ယူျခင္းႏွင့္ လက္ေရာက္ရယူ ေနထုိင္မႈ - Property Knowledge in Myanmar from iMyanmarHouse.com
4 Aug 2017 12:15 pm တွင် တင်ခဲ့သည်
3307 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Zawgyi]

 

''တိုက္ခန္း အေရာင္းအဝယ္လုပ္ရာမွာ အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပုံတင္ခ်ဳပ္ဆိုမွ တရားဝင္တယ္ဆိုတာ ဟုတ္ပါသလား'' ဟု မိတ္ေဆြတစ္ဦးက ေဆြးေႏြးလာပါသည္။

''လက္႐ွိအေျခအေနမွာေတာ့ စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးက တိုက္ခန္းေတြနဲ႔ပတ္သက္လို႔ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုေပးတာ မ႐ွိေသးပါဘူး''

''မၾကာခင္ျပ႒ာန္းမယ့္ စာခ်ဳပ္စာတမ္းမ်ား မွတ္ပုံတင္ဥပေဒအရဆိုရင္ တိုက္ခန္းအေရာင္းအ ဝယ္မွာလည္း မွတ္ပုံတင္ခ်ဳပ္ဆိုမွ တရားဝင္မယ္လို႔ ေျပာၾကတယ္။ ဒါေၾကာင့္ ေသခ်ာသိခ်င္လို႔ပါ''

''အသစ္ျပ႒ာန္းမယ့္ စာခ်ဳပ္စာတမ္းမွတ္ပုံတင္ဥပေဒမွ မဟုတ္ပါဘူး။ ယခုက်င့္သုံးေနတဲ့ စာခ်ဳပ္စာ တမ္းမွတ္ပုံတင္ဥပေဒမွာလည္း မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္းေရာင္းခ်၊ လႊဲေျပာင္း ေပးကမ္းမယ္ဆိုရင္ မွတ္ပုံတင္စာခ်ဳပ္အျဖစ္ ခ်ဳပ္ဆိုရမယ္လို႔ ျပ႒ာန္းၿပီးသားျဖစ္ပါတယ္။ အဓိက အခ်က္ကေတာ့ ဝယ္ယူတဲ့ တိုက္ခန္းကို လက္ေရာက္ရယူေန ထိုင္ဖို႔ပဲလိုတယ္''

''တိုက္ခန္းဝယ္မယ္ဆိုၿပီး သတင္းစာမွာ ကန္႔ကြက္ရန္႐ွိမ႐ွိ ထည့္လိုက္ေတာ့ အေမြဆိုင္ အိမ္ျဖစ္တယ္ဆိုၿပီး ကန္႔ကြက္ထားလို႔ ဘယ္လိုဆက္လုပ္ရင္ေကာင္းမလဲ သိခ်င္တယ္''

''တိုက္ခန္းအမည္ေပါက္က ဘယ္သူလဲ၊ မိဘအမည္ပဲလား''

''အခု ေရာင္းမယ္ဆိုတဲ့ သားအမည္ေပါက္လို႔သိရတယ္။ ဒါေၾကာင့္လည္း ဝယ္ဖို႔ ဆုံးျဖတ္လိုက္တာေပါ့''

''ေရာင္းမယ္ဆိုတဲ့ သားအမည္ ေပါက္က ဘယ္လိုရတယ္လို႔ ေျပာသလဲ''

''ကန္႔ကြက္သူေပၚလာေတာ့ သြားၿပီးေမးျမန္းရတာေပါ့။ သူ႕ အေျပာကေတာ့ သူနဲ႔အတူ မိဘေတြက ဒီမွာပဲေနခဲ့တယ္။ အေမျဖစ္သူက သူ႕ကိုအပိုင္လႊဲေျပာင္းေပးခဲ့တဲ့ စာ ခ်ဳပ္႐ွိတယ္ဆိုၿပီးျပတယ္။ အေမမကြယ္လြန္မီကတည္းက ေျမ႐ွင္ထံအမည္ေျပာင္းထားတယ္ ေျပာတာပဲ''

''ဘာပဲျဖစ္ျဖစ္ မိဘပိုင္တိုက္ခန္း သေဘာျဖစ္ေနတယ္''

''အျခားသူေတြ ေျပာတာကေတာ့ လႊဲေျပာင္းေပးတဲ့စာခ်ဳပ္ဟာ မွတ္ပုံတင္မထားလို႔ တရားမဝင္ဘူးလို႔လည္း ေျပာေနၾကတယ္''

''ဥပေဒအရ အတိအက်ေျပာရရင္ေတာ့ ေပးကမ္းစာခ်ဳပ္၊ အေရာင္းစာခ်ဳပ္ေတြမွာ မွတ္ပုံတင္မွ သာ တရားဝင္အတည္ျဖစ္မွာျဖစ္တယ္။ ဒါေပမယ့္ တိုက္ခန္းအေဆာက္အအုံမ်ား ဆိုင္ရာဥပေဒ ျပ႒ာန္းထားျခင္းမ႐ွိေတာ့ ဒီအခ်က္ကိုလည္း အေကာင္အထည္မေဖာ္ႏိုင္ ျဖစ္ေနတာလည္း ပါတာေပါ့''

''ကြန္ဒို အေဆာက္အအုံဆိုင္ရာ ဥပေဒေတာ့ ျပ႒ာန္းထားတယ္မဟုတ္လား''

''ဟုတ္ပါတယ္။ ကြန္ဒိုအေဆာက္အအုံ (စုေပါင္းပိုင္အေဆာက္အအုံ)ဆိုင္ရာ ဥပေဒမွာ စုေပါင္းပိုင္ အေဆာက္အအုံဆိုင္ရာ စာခ်ဳပ္စာတမ္းမ်ားကို ဥပေဒႏွင့္အညီ မွတ္ပုံတင္ေပးရန္ သက္ဆိုင္ရာက စုေပါင္းပိုင္အေဆာက္အအုံဆိုင္ရာ မွတ္ပုံတင္အရာ႐ွိမ်ားကို ခန္႔အပ္တာဝန္ ေပးရမယ္လို႔ ျပ႒ာန္းထားေပမယ့္ ယခုတိုင္ မွတ္ပုံတင္အရာ႐ွိ ခန္႔အပ္ေဆာင္႐ြက္ထားေတာ့ မေတြ႕ ေသးဘူး''

''ကြန္ဒိုတိုက္ခန္းေတြ ေရာင္းဝယ္ရင္ေတာ့ မွတ္ပုံတင္စာခ်ဳပ္႐ုံးမွာ မွတ္ပုံတင္စာခ်ဳပ္ျပဳ လုပ္ရမယ္လို႔ပါတယ္ မဟုတ္လား''

''မွန္ပါတယ္။ ကြန္ဒိုတိုက္ခန္းေတြကို တစ္နည္းနည္းနဲ႔ေပးကမ္း၊ စြန္႔လႊတ္၊ လႊဲေျပာင္း၊ ေရာင္းခ်မယ္ဆိုရင္ လႊဲေျပာင္းေပးသူနဲ႔ လႊဲေျပာင္းရယူ သူတို႔သည္ လႊဲေျပာင္းသည့္ေန႔မွ ရက္ေပါင္း ၃ဝ အတြင္း သက္ဆိုင္ရာ မွတ္ပုံတင္အရာ႐ွိထံ လႊဲေျပာင္းသည့္ စာခ်ဳပ္စာတမ္းကို မွတ္ပုံတင္ရမယ္ လို႔ ကြန္ဒိုအေဆာက္အအုံဆိုင္ရာ ဥပေဒပုဒ္မ ၂ဝ မွာ အတိအလင္း ျပ႒ာန္းထားပါတယ္''

''ကြၽန္ေတာ္႕ အေပါင္းအသင္းေတြ ကြန္ဒိုတိုက္ခန္းဝယ္တာ မွတ္ပုံတင္ စာခ်ဳပ္-ခ်ဳပ္ဆိုတယ္လို႔ ေတာ့ မၾကားမိဘူး''

''႐ွင္းေအာင္ေျပာရရင္ ကြန္ဒို တိုက္ခန္းေတြသာမဟုတ္ဘူး။ ၂ဝ၁၂ ခုႏွစ္က ျပ႒ာန္းခဲ့တဲ့ လယ္ယာေျမ ဥပေဒအရ၊ လယ္ယာေျမကို လႊဲေျပာင္း ေရာင္းခ်မယ္ဆိုရင္ သက္ဆိုင္ရာ မွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္စာခ်ဳပ္ျပဳလုပ္ရမယ္လို႔ ျပ႒ာန္းထားေပမယ့္ ယခုတိုင္ အေကာင္အထည္ မေဖာ္ႏိုင္ေသးတာကိုေတြ႕ရတယ္။ ဆိုလိုတာက သက္ဆိုင္ရာဥပေဒျပ႒ာန္းေပးထားေပမယ့္ သက္ဆိုင္ရာဌာနမ်ားက လုပ္ထုံးလုပ္နည္းနည္းဥပေဒ၊ ၫႊန္ၾကားခ်က္ေတြ မ႐ွိေသးတဲ့အတြက္ မွတ္ပုံတင္ စာခ်ဳပ္- မခ်ဳပ္ဆိုႏိုင္တဲ့ ကိစၥေတြ႐ွိေနတာျဖစ္တယ္''

''ဒါဆိုရင္ ပိုင္ဆိုင္မႈမွာ အျငင္း ပြားမႈေတြ ျဖစ္လာႏိုင္တာေပါ့''

''ဒါေပမယ့္ တိုက္ခန္းေတြနဲ႔ ပတ္သက္လို႔က သီးျခားဥပေဒျပ႒ာန္း ခ်က္မ႐ွိတဲ့အျပင္ လုပ္ထုံးလုပ္နည္း ၫႊန္ၾကားခ်က္ေတြမ႐ွိေတာ့ ကတိစာခ်ဳပ္ေတြနဲ႔ပဲ လုပ္ေနၾကရတာျဖစ္တယ္''

''ေလာေလာဆယ္ေတာ့ အေရာင္းအဝယ္ ကတိစာခ်ဳပ္နဲ႔ပဲ တိုက္ခန္းေတြ ေရာင္းဝယ္ေန ၾကတာပဲ။ ျပႆနာမ႐ွိၾကဘူး မဟုတ္လား''

''အဓိက အခ်က္ကေတာ့ တိုက္ခန္းဝယ္သူဟာ လက္ဝယ္ရယူၿပီး ဝင္ေရာက္ေနထိုင္ဖို႔ ကလည္း အေရးႀကီးတဲ့ အခ်က္ျဖစ္တယ္''

အခ်ိဳ႕က ဝယ္ထားတဲ့တိုက္ခန္းကို ေသာ့ပိတ္ထားတာ၊ အိမ္ငွားခ်ထားတာေတြ႐ွိ တယ္ဆိုေတာ့ ဘာ ျပႆနာ႐ွိႏိုင္သလဲ''

''ေသာ့ပိတ္ထားၿပီး လူမေနလို႔ အေရာင္းအဝယ္ထပ္တဲ့ ကိစၥမ်ိဳးမွာ ေသာ့တပ္ဆင္ခတ္တာမ်ိဳး ေတြျဖစ္တတ္တယ္။ ဥပေဒအရ ေျပာရမယ္ ဆိုရင္ေတာ့...ေဒၚက်င္ေမႊးႏွင့္ ေဒၚပုစိန္ ၁၉၆၇ ခုႏွစ္ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ - ၅၈၈ အမႈမွာ အခ်င္းျဖစ္ေျမကိုဝယ္ၿပီးက တည္းက လက္႐ွိေနထိုင္သူျဖစ္သျဖင့္ အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပုံတင္ထားျခင္းမျပဳခဲ့ေသာ္လည္း မွတ္ပုံတင္ အက္ဥပေဒပုဒ္မ ၄၉ ႁခြင္းခ်က္အရ တရားဝင္စာခ်ဳပ္ျဖစ္တယ္လို႔ ဆုံးျဖတ္ထားတာ႐ွိတယ္။ ဒါေၾကာင့္ တိုက္ခန္းအပါဝင္ ကြန္ဒိုေတြမွာ အေရာင္းအဝယ္စာခ်ဳပ္ကို မွတ္ပုံတင္ထားျခင္း မျပဳလုပ္ႏိုင္ေပမယ့္ ဝယ္သူကိုယ္တိုင္ လက္ေရာက္ဝင္ေနမယ္၊ ဝင္ထြက္ေနမယ္ဆိုရင္ တရားဝင္ပိုင္ဆိုင္တယ္လို႔ ဥပေဒအရ သတ္မွတ္ေပးမွာျဖစ္တယ္''

''အခု ကိစၥမွာ အမည္ေပါက္သူ သားဆီကဝယ္ရင္ ကန္႔ကြက္ေပမယ့္ တရားဝင္တယ္ေပါ့''

''သူငယ္ခ်င္း ကိစၥကေတာ့ မိဘေတြပိုင္ တိုက္ခန္းျဖစ္ေနတယ္။ မိခင္က သားျဖစ္သူကို လႊဲေျပာင္းေပးတာကို က်န္သားသမီးေတြက သိ႐ွိသေဘာတူမယ္။ တိုက္ခန္း လႊဲေျပာင္းစာခ်ဳပ္မွာ က်န္သားသမီးေတြက သက္ေသအျဖစ္ လက္မွတ္ေရးထိုး ထားမယ္ဆိုရင္ေတာ့ ျပႆနာမ႐ွိဘူး။ က်န္သားသမီးေတြမသိဘဲ တိုက္ခန္းလႊဲေျပာင္း စာခ်ဳပ္လုပ္မယ္။ ေျမ႐ွင္ထံျပၿပီး တိုက္ခန္းအမည္ ေျပာင္းမယ္ဆိုရင္ေတာ့ ဥပေဒအရ အတည္မျဖစ္ဘူး သူငယ္ခ်င္း''

" ဒါဆိုရင္ မိဘေတြရဲ႕ အေမြဆိုင္ပစၥည္းျဖစ္သြားႏိုင္တာေပါ့''

''မွန္ပါတယ္။ အေမက သားကို တိုက္ခန္းလႊဲေျပာင္းေပးတဲ့ စာခ်ဳပ္မွာ က်န္သားသမီးေတြက လက္မွတ္ထိုး ထားျခင္း႐ွိမ႐ွိစိစစ္ၿပီး လက္မွတ္ေရး ထိုးသေဘာတူထားရင္ေတာ့ အမည္ ေပါက္သားထံမွ အေရာင္းအဝယ္ ကတိစာခ်ဳပ္-ခ်ဳပ္ဆို ဝယ္ယူၿပီး လက္ေရာက္ေနထိုင္ပါ''လို႔ အၾကံျပဳ ေဆြးေႏြးလိုက္ပါသည္။

Credit: ထီယု (ဥပေဒအတိုင္ပင္ခံ)

[Unicode] 

တိုက်ခန်းဝယ်ယူခြင်းနှင့် လက်ရောက်ရယူ နေထိုင်မှု

''တိုက်ခန်း အရောင်းအဝယ်လုပ်ရာမှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ချုပ်ဆိုမှ တရားဝင်တယ်ဆိုတာ ဟုတ်ပါသလား'' ဟု မိတ်ဆွေတစ်ဦးက ဆွေးနွေးလာပါသည်။

''လက်ရှိအခြေအနေမှာတော့ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးက တိုက်ခန်းတွေနဲ့ပတ်သက်လို့ မှတ်ပုံတင် စာချုပ်ချုပ်ဆိုပေးတာ မရှိသေးပါဘူး''

''မကြာခင်ပြဋ္ဌာန်းမယ့် စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေအရဆိုရင် တိုက်ခန်းအရောင်းအ ဝယ်မှာလည်း မှတ်ပုံတင်ချုပ်ဆိုမှ တရားဝင်မယ်လို့ ပြောကြတယ်။ ဒါကြောင့် သေချာသိချင်လို့ပါ''

''အသစ်ပြဋ္ဌာန်းမယ့် စာချုပ်စာတမ်းမှတ်ပုံတင်ဥပဒေမှ မဟုတ်ပါဘူး။ ယခုကျင့်သုံးနေတဲ့ စာချုပ်စာ တမ်းမှတ်ပုံတင်ဥပဒေမှာလည်း မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းချ၊ လွှဲပြောင်း ပေးကမ်းမယ်ဆိုရင် မှတ်ပုံတင်စာချုပ်အဖြစ် ချုပ်ဆိုရမယ်လို့ ပြဋ္ဌာန်းပြီးသားဖြစ်ပါတယ်။ အဓိက အချက်ကတော့ ဝယ်ယူတဲ့ တိုက်ခန်းကို လက်ရောက်ရယူနေ ထိုင်ဖို့ပဲလိုတယ်''

''တိုက်ခန်းဝယ်မယ်ဆိုပြီး သတင်းစာမှာ ကန့်ကွက်ရန်ရှိမရှိ ထည့်လိုက်တော့ အမွေဆိုင် အိမ်ဖြစ်တယ်ဆိုပြီး ကန့်ကွက်ထားလို့ ဘယ်လိုဆက်လုပ်ရင်ကောင်းမလဲ သိချင်တယ်''

''တိုက်ခန်းအမည်ပေါက်က ဘယ်သူလဲ၊ မိဘအမည်ပဲလား''

''အခု ရောင်းမယ်ဆိုတဲ့ သားအမည်ပေါက်လို့သိရတယ်။ ဒါကြောင့်လည်း ဝယ်ဖို့ ဆုံးဖြတ်လိုက်တာပေါ့''

''ရောင်းမယ်ဆိုတဲ့ သားအမည် ပေါက်က ဘယ်လိုရတယ်လို့ ပြောသလဲ''

''ကန့်ကွက်သူပေါ်လာတော့ သွားပြီးမေးမြန်းရတာပေါ့။ သူ့ အပြောကတော့ သူနဲ့အတူ မိဘတွေက ဒီမှာပဲနေခဲ့တယ်။ အမေဖြစ်သူက သူ့ကိုအပိုင်လွှဲပြောင်းပေးခဲ့တဲ့ စာ ချုပ်ရှိတယ်ဆိုပြီးပြတယ်။ အမေမကွယ်လွန်မီကတည်းက မြေရှင်ထံအမည်ပြောင်းထားတယ် ပြောတာပဲ''

''ဘာပဲဖြစ်ဖြစ် မိဘပိုင်တိုက်ခန်း သဘောဖြစ်နေတယ်''

''အခြားသူတွေ ပြောတာကတော့ လွှဲပြောင်းပေးတဲ့စာချုပ်ဟာ မှတ်ပုံတင်မထားလို့ တရားမဝင်ဘူးလို့လည်း ပြောနေကြတယ်''

''ဥပဒေအရ အတိအကျပြောရရင်တော့ ပေးကမ်းစာချုပ်၊ အရောင်းစာချုပ်တွေမှာ မှတ်ပုံတင်မှ သာ တရားဝင်အတည်ဖြစ်မှာဖြစ်တယ်။ ဒါပေမယ့် တိုက်ခန်းအဆောက်အအုံများ ဆိုင်ရာဥပဒေ ပြဋ္ဌာန်းထားခြင်းမရှိတော့ ဒီအချက်ကိုလည်း အကောင်အထည်မဖော်နိုင် ဖြစ်နေတာလည်း ပါတာပေါ့''

''ကွန်ဒို အဆောက်အအုံဆိုင်ရာ ဥပဒေတော့ ပြဋ္ဌာန်းထားတယ်မဟုတ်လား''

''ဟုတ်ပါတယ်။ ကွန်ဒိုအဆောက်အအုံ (စုပေါင်းပိုင်အဆောက်အအုံ)ဆိုင်ရာ ဥပဒေမှာ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းများကို ဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန် သက်ဆိုင်ရာက စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိများကို ခန့်အပ်တာဝန် ပေးရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် ယခုတိုင် မှတ်ပုံတင်အရာရှိ ခန့်အပ်ဆောင်ရွက်ထားတော့ မတွေ့ သေးဘူး''

''ကွန်ဒိုတိုက်ခန်းတွေ ရောင်းဝယ်ရင်တော့ မှတ်ပုံတင်စာချုပ်ရုံးမှာ မှတ်ပုံတင်စာချုပ်ပြု လုပ်ရမယ်လို့ပါတယ် မဟုတ်လား''

''မှန်ပါတယ်။ ကွန်ဒိုတိုက်ခန်းတွေကို တစ်နည်းနည်းနဲ့ပေးကမ်း၊ စွန့်လွှတ်၊ လွှဲပြောင်း၊ ရောင်းချမယ်ဆိုရင် လွှဲပြောင်းပေးသူနဲ့ လွှဲပြောင်းရယူ သူတို့သည် လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံ လွှဲပြောင်းသည့် စာချုပ်စာတမ်းကို မှတ်ပုံတင်ရမယ် လို့ ကွန်ဒိုအဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ ၂ဝ မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်''

''ကျွန်တော့် အပေါင်းအသင်းတွေ ကွန်ဒိုတိုက်ခန်းဝယ်တာ မှတ်ပုံတင် စာချုပ်-ချုပ်ဆိုတယ်လို့ တော့ မကြားမိဘူး''

''ရှင်းအောင်ပြောရရင် ကွန်ဒို တိုက်ခန်းတွေသာမဟုတ်ဘူး။ ၂ဝ၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေ ဥပဒေအရ၊ လယ်ယာမြေကို လွှဲပြောင်း ရောင်းချမယ်ဆိုရင် သက်ဆိုင်ရာ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်စာချုပ်ပြုလုပ်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် ယခုတိုင် အကောင်အထည် မဖော်နိုင်သေးတာကိုတွေ့ရတယ်။ ဆိုလိုတာက သက်ဆိုင်ရာဥပဒေပြဋ္ဌာန်းပေးထားပေမယ့် သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းနည်းဥပဒေ၊ ညွှန်ကြားချက်တွေ မရှိသေးတဲ့အတွက် မှတ်ပုံတင် စာချုပ်- မချုပ်ဆိုနိုင်တဲ့ ကိစ္စတွေရှိနေတာဖြစ်တယ်''

''ဒါဆိုရင် ပိုင်ဆိုင်မှုမှာ အငြင်း ပွားမှုတွေ ဖြစ်လာနိုင်တာပေါ့''

''ဒါပေမယ့် တိုက်ခန်းတွေနဲ့ ပတ်သက်လို့က သီးခြားဥပဒေပြဋ္ဌာန်း ချက်မရှိတဲ့အပြင် လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်တွေမရှိတော့ ကတိစာချုပ်တွေနဲ့ပဲ လုပ်နေကြရတာဖြစ်တယ်''

''လောလောဆယ်တော့ အရောင်းအဝယ် ကတိစာချုပ်နဲ့ပဲ တိုက်ခန်းတွေ ရောင်းဝယ်နေ ကြတာပဲ။ ပြဿနာမရှိကြဘူး မဟုတ်လား''

''အဓိက အချက်ကတော့ တိုက်ခန်းဝယ်သူဟာ လက်ဝယ်ရယူပြီး ဝင်ရောက်နေထိုင်ဖို့ ကလည်း အရေးကြီးတဲ့ အချက်ဖြစ်တယ်''

အချို့က ဝယ်ထားတဲ့တိုက်ခန်းကို သော့ပိတ်ထားတာ၊ အိမ်ငှားချထားတာတွေရှိ တယ်ဆိုတော့ ဘာ ပြဿနာရှိနိုင်သလဲ''

''သော့ပိတ်ထားပြီး လူမနေလို့ အရောင်းအဝယ်ထပ်တဲ့ ကိစ္စမျိုးမှာ သော့တပ်ဆင်ခတ်တာမျိုး တွေဖြစ်တတ်တယ်။ ဥပဒေအရ ပြောရမယ် ဆိုရင်တော့...ဒေါ်ကျင်မွှေးနှင့် ဒေါ်ပုစိန် ၁၉၆၇ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ - ၅၈၈ အမှုမှာ အချင်းဖြစ်မြေကိုဝယ်ပြီးက တည်းက လက်ရှိနေထိုင်သူဖြစ်သဖြင့် အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားခြင်းမပြုခဲ့သော်လည်း မှတ်ပုံတင် အက်ဥပဒေပုဒ်မ ၄၉ ခြွင်းချက်အရ တရားဝင်စာချုပ်ဖြစ်တယ်လို့ ဆုံးဖြတ်ထားတာရှိတယ်။ ဒါကြောင့် တိုက်ခန်းအပါဝင် ကွန်ဒိုတွေမှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ထားခြင်း မပြုလုပ်နိုင်ပေမယ့် ဝယ်သူကိုယ်တိုင် လက်ရောက်ဝင်နေမယ်၊ ဝင်ထွက်နေမယ်ဆိုရင် တရားဝင်ပိုင်ဆိုင်တယ်လို့ ဥပဒေအရ သတ်မှတ်ပေးမှာဖြစ်တယ်''

''အခု ကိစ္စမှာ အမည်ပေါက်သူ သားဆီကဝယ်ရင် ကန့်ကွက်ပေမယ့် တရားဝင်တယ်ပေါ့''

''သူငယ်ချင်း ကိစ္စကတော့ မိဘတွေပိုင် တိုက်ခန်းဖြစ်နေတယ်။ မိခင်က သားဖြစ်သူကို လွှဲပြောင်းပေးတာကို ကျန်သားသမီးတွေက သိရှိသဘောတူမယ်။ တိုက်ခန်း လွှဲပြောင်းစာချုပ်မှာ ကျန်သားသမီးတွေက သက်သေအဖြစ် လက်မှတ်ရေးထိုး ထားမယ်ဆိုရင်တော့ ပြဿနာမရှိဘူး။ ကျန်သားသမီးတွေမသိဘဲ တိုက်ခန်းလွှဲပြောင်း စာချုပ်လုပ်မယ်။ မြေရှင်ထံပြပြီး တိုက်ခန်းအမည် ပြောင်းမယ်ဆိုရင်တော့ ဥပဒေအရ အတည်မဖြစ်ဘူး သူငယ်ချင်း''

" ဒါဆိုရင် မိဘတွေရဲ့ အမွေဆိုင်ပစ္စည်းဖြစ်သွားနိုင်တာပေါ့''

''မှန်ပါတယ်။ အမေက သားကို တိုက်ခန်းလွှဲပြောင်းပေးတဲ့ စာချုပ်မှာ ကျန်သားသမီးတွေက လက်မှတ်ထိုး ထားခြင်းရှိမရှိစိစစ်ပြီး လက်မှတ်ရေး ထိုးသဘောတူထားရင်တော့ အမည် ပေါက်သားထံမှ အရောင်းအဝယ် ကတိစာချုပ်-ချုပ်ဆို ဝယ်ယူပြီး လက်ရောက်နေထိုင်ပါ''လို့ အကြံပြု ဆွေးနွေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service