နောက်အိမ်ထောင်ပြုသော မိရင်းဖရင်းနှင့် သားသမီးများ ဆက်စပ်နေသည့် အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင်

နောက်အိမ်ထောင်ပြုသော မိရင်းဖရင်းနှင့် သားသမီးများ ဆက်စပ်နေသည့် အိမ်နှင့်မြေကို ၀ယ်မည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
2 Aug 2017 12:03 pm တွင် တင်ခဲ့သည်
3290 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

''မိရင်း၊ ဖရင်း ကွယ်လွန်သွားရင် မိထွေး၊ ပထွေးတို့ထံက အမွေရခွင့်ရှိတယ်မဟုတ်လား ဆရာ''

စာရေးသူ၏ တပည့်တစ်ဦးက စာရေးသူထံ လာရောက်ဆွေးနွေးခြင်းဖြစ်သည်။

''ဟုတ်တယ်လေ။ ဒါပေမယ့် မိရင်းဖရင်းထံက အမွေရဖူးခဲ့ခြင်းမရှိမှ မိထွေး၊ ပထွေးထံကနေ မိရင်း၊ ဖရင်းရဲ့ အမွေပစ္စည်းဝေစုကို ရမှာ ဖြစ်တယ်''

''မိထွေး၊ ပထွေးနဲ့အတူ နေခြင်း၊ မနေခြင်းက ဆိုင်သလားဆရာ''

''ဒီအချက်ကတော့ အဓိကမကျဘူး။ အတူမနေတဲ့ သားသမီးတွေကလည်း ရပိုင်ခွင့်ရှိပါတယ်။ အခု ဘာ ဥပဒေပြဿနာကိစ္စရှိနေလို့လဲ''

''လင်ယောက်ျား ကွယ်လွန်သွားတော့ ဇနီးဖြစ်သူက သူတို့နေတဲ့ မြေနဲ့အိမ်ကိုရောင်းမယ် လုပ်တယ်။ ပထမဇနီးနဲ့ရထားတဲ့ သားက ကန့်ကွက်လို့ပါ ဆရာ''

''များသောအားဖြင့် ဒီလိုကိစ္စတွေက ပထမဇနီးကွယ်လွန်ပြီး နောက်အိမ်ထောင်ပြုတဲ့ ကိစ္စရပ် တွေနဲ့ အကျုံးဝင်တယ်''

''ဟုတ်ကဲ့ ဆရာ၊ နည်းနည်းရှင်းပြပါဦး''

''ပထမဇနီးကွယ်လွန်တဲ့အခါ ကျန်ရှိတဲ့ သားသမီးတွေကို အမွေခွဲမပေးရသေးဘဲ နောက်အိမ်ထောင်ပြု တတ်ကြတယ်။ ကျန်ရှိတဲ့ သားသမီးတွေက ဖခင်နောက်အိမ်ထောင်ပြု တဲ့အခါမှာ အမွေခွဲဝေပေးဖို့တောင်း ဆိုခွင့်ရှိတယ်''

''အကယ်၍ဆရာ၊ သားသမီးတွေက ဖခင်ထံမှ အမွေမတောင်းဘဲ ဖခင် နောက်အိမ်ထောင်ပြု တာကို ခွင့်လွှတ်သဘောတူခဲ့တယ်ဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ''

''ဖခင်ကွယ်လွန်သွားရင် မိထွေးထံက မိရင်း၊ ဖရင်းတို့ရဲ့ အမွေဝေစုကို တောင်းပိုင်ခွင့်ရှိမှာဖြစ်တယ်။ အခုရောင်းမယ်ဆိုတဲ့ အိမ်က ပထမဇနီးနဲ့ အတူနေခဲ့တဲ့ အိမ်လား''

''မဟုတ်ဘူးထင်တယ် ဆရာ၊ ဒုတိယဇနီးနဲ့ အိမ်ထောင်ပြုပြီးမှ ဝယ်တာနဲ့တူတယ်။ လက်ထပ်ပြီးမှ ဖြစ်ထွန်းလာတဲ့ပစ္စည်းတော့မဟုတ်ဘူး ဆရာ''

''လင်ယောက်ျားဖြစ်သူက ဒုတိယဇနီးနဲ့ နေဖို့ဝယ်လိုက်တဲ့ ပစ္စည်းဖြစ်နေတာပေါ့။ ဥပဒေအရ ဆိုရင်တော့ လင်ယောက်ျားရဲ့ပါရင်း ပစ္စည်းလို့ ပြောရမှာပေါ့''

''ဟုတ်ကဲ့၊ ဒါကြောင့် ပထမဇနီးရဲ့သားက ကန့်ကွက်ပိုင်ခွင့်ရှိတယ် ပေါ့နော်''

''အစောကပြောခဲ့သလို သားဖြစ်သူက ဖခင်ထံကနေ အမွေတစ်ခါမှ တောင်းယူခံစားခဲ့ခြင်း မရှိဘူးဆိုရင်တော့ ဒီပစ္စည်းမှာ သားဖြစ်သူက ခံစားခွင့်ရှိမှာဖြစ်တယ်။ အခု မြေနဲ့အိမ်က ဘယ်သူ့အမည်ပေါက်လဲ''

''ရောင်းမယ်ဆိုတဲ့ ဇနီးသည်ရဲ့ အမည်ပေါက်လို့ သိရတယ်''

''သူက ဘာပြောသလဲ၊ ဘယ်လို ပိုင်ဆိုင်ခွင့်ရှိတယ်လို့ ပြောသလဲ''

''သူ့ရဲ့ ပြောစကားအရတော့ သားနေတဲ့တိုက်ခန်းကို ဖခင်က အမွေအဖြစ်ခွဲဝေပေးထားတာလို့ ပြောတယ်''

''ပထမဇနီးနဲ့က ဘယ်မှာနေလို့လဲ''

''ပထမဇနီးနဲ့ နေခဲ့တဲ့တိုက်ခန်းကို သားဖြစ်သူကို အမွေခွဲပေးခဲ့တာလို့ ပြောတာပဲ ဆရာ''

''အင်းလေ၊ အခုကိစ္စရပ်မျိုးက ဖခင်ရင်းထံက အမွေခွဲဝေရပြီးခြင်းရှိမရှိဆိုတဲ့အချက်က အငြင်းပွားစရာဖြစ်နေတယ်။ အမွေမှုဖြစ်လာနိုင်တဲ့အတွက် ဝယ်သူအနေနဲ့ စဉ်းစားပြီး ဝယ်သင့်တယ် လို့ပဲ ဆရာအနေနဲ့ အကြံပေးချင်တယ်''

''ဟုတ်ကဲ့ပါဆရာ။ အကယ်၍ ဆရာ ကန့်ကွက်တဲ့သားက အရွယ်မရောက်သေးတဲ့ ကလေးဆိုရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ''

''မိခင်ကွယ်လွန်သွားပြီး ဖခင်က နောက်အိမ်ထောင်ပြုခဲ့တယ်ဆိုရင်တော့ အရွယ်မရောက် သေးတဲ့ သားသမီး၊ အရွယ်ရောက်တဲ့ သားသမီး ခွဲခြားဖို့မလိုဘူး။ အမွေခွဲမပေးရသေးရင် ခံစားခွင့်ရှိမှာပဲ''

''ဟုတ်ကဲ့ပါ ဆရာ။ ဒါနဲ့ ဆက်စပ်ပြီး တစ်ခုမေးပါရစေ''

''အခြား ဘာကိစ္စရှိပြန်လဲ''

''မိဘတွေ ကွဲကွာသွားပြီး အမေနဲ့အတူလိုက်နေတဲ့ သားသမီးဟာ အဖေထံက အမွေမရဘူးဆိုတာ ဟုတ်ပါသလား ဆရာ''

''ဒီအပိုင်းက အစောက ပြောခဲ့တဲ့ မိရင်း၊ ဖရင်းတစ်ဦးကွယ်လွန်လို့ ကျန်ရှိတဲ့ သားသမီးနဲ့ မဆိုင်ဘူး။ အဖေ၊ အမေသက်ရှိထင်ရှားရှိစဉ်မှာ ကွဲကွာသွားကြတဲ့ ကိစ္စဖြစ်တယ်။ လင်မယား ကွာရှင်းခဲ့တဲ့ ကိစ္စလို့ ပြောရမှာပေါ့''

''ဟုတ်ကဲ့ ဆရာ''

''လင်မယား ကွာရှင်းစဉ်က ပစ္စည်းခန်းပါခွဲဝေသွားရမယ်ဆိုရင်တော့ သီးခြားစီဖြစ်သွားပြီလို့ ဆိုရမယ်။ အရွယ်မရောက်သေးတဲ့ သားသမီးရှိပြီး မိခင်ဘက်ဖြစ်စေ၊ ဖခင် ဘက်ဖြစ်စေပါသွားရင်တော့ ကျန်မိရင်းဖရင်းထံက အမွေဆက်ခံခွင့် မရနိုင်လို့ ဆုံးဖြတ်ထားတဲ့ စီရင်ထုံး တွေတော့ရှိတယ်။

မောင်ကျော်မြင့်နှင့် မောင်ကျော်ဆင့် (ငယ်ရွယ်သူ) ၄င်း၏ အုပ်ထိန်း သူ ဒေါ်ကျင်မြ၊ ၁၉၇၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၄၇ အမှုမှာ လင်မယား ကွာရှင်းပြီး တစ်ပြိုင်နက် အဖ၏ အိုးအိမ်၊ အမိ၏ အိုးအိမ်ဟုအိုးအိမ်သစ် နှစ်ခုပေါ် ပေါက်လာသည်။ အဖနှင့် အတူလိုက် နေသည့် သားသမီးများသည် အဖထံမှ အမွေကိုသာ ဆက်ခံခွင့်ရှိသည်။ အမိထံမှအမွေကို ဆက်ခံခွင့်မရှိ။ ထို့အတူ အမိနှင့် လိုက်ပါသွားသော သားသမီးများသည်လည်း ဖခင်ထံမှအမွေကို ဆက်ခံခွင့်မရှိလို့ ဆုံးဖြတ်ထားတဲ့အပြင် မိဘက ထောက်ပံ့ပေးကမ်းမှုကို ရရှိနေသော်လည်း အမွေဆက်ခံခွင့်နှင့်မဆိုင်ကြောင်း ဆုံးဖြတ်ထားတယ်''

''လင်မယား ကွာရှင်းစာချုပ်တွေမှာ ပစ္စည်းခန်းခွဲဝေကြတဲ့အပြင် အရွယ်မရောက်သေးတဲ့ သားသမီးများကို မည်သူက စောင့်ရှောက်ထိန်းသိမ်းကြမယ်ဆိုတဲ့ အချက်ပါ ထည့်ချုပ်ကြတာ တွေ့နေရတယ် ဆရာ''

''အချို့ကျတော့လည်း လင်မယားကွာရှင်းပြီး၊ နောက်အိမ်ထောင် ပြုလိုက်ကြတာရှိတယ်။ ဒါကြောင့်မို့ ရှင်းလင်းအောင်ချုပ်ဆိုကြတာလည်း ဖြစ်ပါမယ်''

''ဒါဆိုရင် ဆရာ၊ ဖခင်က ဒုတိယဇနီးနဲ့ ပေါင်းသင်းနေစဉ် ကွယ်လွန်ရင် ကွာရှင်းထားတဲ့ ပထမ ဇနီးရဲ့ သားသမီးက အမွေမရနိုင်ဘူး ပေါ့နော်''

''ပထမဇနီးနဲ့ ကွာရှင်းစဉ်က ပစ္စည်းခန်းပါခွဲဝေခဲ့ဖို့တော့ လိုတယ်လို့မပုံနဲ့ ဖိုးချမ်း၊ အထက်မြန်မာပြည်စီရင်ထုံး စာမျက်နှာ - ၁၁၆ မှာ ဆုံး ဖြတ်ထားတာရှိတယ်။ ဒါကြောင့် ကွာ ရှင်းစဉ်က ပစ္စည်းခန်းပါ ခွဲဝေပြီးဖြစ် ဖို့ လိုပါတယ်''

''ဒီလိုပါဆရာ၊ မိခင်နဲ့ ကွာရှင်းပြီးဖြစ်တဲ့ဖခင်က ကွယ်လွန်သွားပါတယ်။ ဖခင်ရဲ့ ဒုတိယဇနီးက သူတို့ နေတဲ့အိမ်ကို ရောင်းမယ်လုပ်တော့ ကွာရှင်းစဉ်က မိခင်နဲ့ပါသွားတဲ့သားက ကန့်ကွက်တဲ့ ကိစ္စရှိလို့ပါ ဆရာ''

''အစောက ပြောသလို အရွယ်မရောက်သေးမီကတည်းက မိခင်ထံပါ သွားခြင်းဟုတ်မဟုတ်၊ မိခင်နဲ့ ဖခင်ပစ္စည်းခန်းခွဲဝေထားခြင်းရှိမရှိစတဲ့ ကိစ္စတွေရှိတော့ အမှုအခင်းဖြစ်နိုင်တဲ့အတွက် စဉ်းစားဝယ်သင့်တယ်'' လို့သာ အကြံပေးလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service