အိမ်ခြံမြေတိုက်ခန်း အ၀ယ် မမှားစေဖို့

အိမ်ခြံမြေတိုက်ခန်း အ၀ယ် မမှားစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
26 Jul 2017 12:13 pm တွင် တင်ခဲ့သည်
2536 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

မြေအမျိုးအစားတွင် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေ၊ ပါမစ်မြေ၊ ဥယျာဉ်ခြံမြေ
စသည်ဖြင့်နိုင်ငံတော်ကမြေအမျိုးအစား သတ်မှတ်ပေးထားပါသည်။

ဘိုးဘွားပိုင်မြေနှင့် ဂရန် မြေတို့ကို အရောင်းအဝယ် ပြုလုပ်ပါက စာချုပ် စာ တမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုခွင့် ရပေ သည်။သို့ရာတွင် ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့မှာမူ စာချုပ်စာတမ်း မှတ်ပုံတင် ရုံးတွင် အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ပြုလုပ် ချုပ်ဆိုခွင့် မပြုသည့် မြေ အမျိုးအစားတွင် ပါဝင်သဖြင့် အရောင်း အဝယ် ကတိစာချုပ် - Sale Contract ဖြင့်သာ လွှဲပြောင်း ဝယ်ယူကြပြီး ထိုမှတစ်ဆင့် ဂရန်သစ် လျှောက် ထားကြရပေသည်။

လယ်ယာမြေ၊ ခြံမြေဆိုလျှင်လည်း လူနေရပ်ကွက်အတွင်းရှိ ရွာမြေအဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ မြေစာရင်း ဦးစီးဌာန သို့မဟုတ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှ သက်သေခံ
လက်မှတ် ရရှိထားရန် လိုအပ်ပေသည်။

ထိုသို့ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခွင့် မရသည့် ဥယျာဉ်ခြံမြေ၊ ပါမစ်မြေတို့ကို အရောင်းအဝယ် ပြုရာတွင် အရောင်းပဋိဥာဉ် ကတိစာချုပ် (အရပ်စာချုပ်) များပေါ် မူတည်၍ အဆင့်ဆင့် လွှဲပြောင်း၊ ရောင်းချကြသဖြင့် ပိုင်ဆိုင်မှု မခိုင်မာဘဲ ပြဿနာများဖြစ်ပေါ်လာလေ့ ရှိပေသည်။

ဤသည်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ထားသည့် တရားစီရင်ထုံးတစ်ခုကို ဖော်ပြ လိုပါသည်။

'ဦးစိုးမြင့်နှင့် ဦးအောင်ကျော်မင်း၊ ပါ (၂) ၂ဝဝ၁ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီ ရင်ထုံး၊ စာမျက်နှာ- ၁၆၇' အမှုမှာ ရွှေတောင် မြို့နယ် တရားရုံး၌ ဦးအောင်ေ ကျာ်မင်းနှင့် ဒေါ်သန်းနွဲ့တို့က ဦးစိုးမြင့် အပေါ် ပဋိဥာဉ်အတိုင်း မှတ်ပုံတင် စာချုပ် ချုပ်ဆိုပြီး မြေနှင့်အိမ်ကို လက်ရောက်ရလိုမှု စွဲဆိုရာ မြို့နယ် တရား ရုံးက အနိုင်ဒီဂရီ ချမှတ်ခဲ့သည်။

ဦးစိုးမြင့်က မြို့နယ်တရားရုံး၏ စီရင်ချက်နှင့် ဒီဂရီကို ပဲခူးတိုင်း တရားရုံး (ပြည်ခရိုင်) သို့ အယူခံဝင်ခဲ့ရာ ပလပ်ခြင်း ခံခဲ့ရသည်။

တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီဂရီကို မကျေနပ်၍ ဦးစိုးမြင့်က တရားရုံး ချုပ် သို့ ထပ်မံအယူခံ ဝင်ခဲ့ရာ အောင်မြင်မှု မရရှိခဲ့သဖြင့် အထူးအယူခံရုံးသို့ အယူခံဝင်ခဲ့သော အမှုဖြစ်သည်။

အထူးအယူခံခုံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ

(၁)အချင်းဖြစ် မြေကွက်ကို ဦးအောင်ကျော်မင်းတို့က ဦးစိုးမြင့်ထံမှ သက်ေ သခံမြေနှင့် အဆောက်အအုံ အရောင်းအဝယ် ကတိစာချုပ်အရ အဖိုးစား နားပေး၍ ဝယ်ယူခဲ့သဖြင့် ပဋိဥာဉ် အတိုင်း အရောင်းအဝယ် မှတ်ပုံတင် စာ ချုပ် ချုပ်ဆိုပြီး မြေနှင့်အဆောက်အအုံကို လက်ရောက် ပေးအပ်ရန် ဦးေ အာင်ကျော်မင်းတို့က အဆိုပြု၍ တရားစွဲဆိုခြင်းဖြစ်သည်။

(၂)ပဋိဥာဉ်အတိုင်း ဆောင်ရွက်ပေးစေလိုမှုတွင် တရားလိုနှင့် တရားပြိုင် အကြား ပြီးမြောက်သော ပဋိဥာဉ်ရှိဖို့ လိုပေသည်။

(၃) ယင်း ပဋိဥာဉ်ပါ စည်းကမ်းချက်များကို ကတိပါအတိုင်း ဆောင်ရွက်ေ ပးစေလိုခြင်း ဖြစ်၍ ကတိပဋိဥာဉ် အပေါ် အခြေခံစွဲဆိုခြင်း ဖြစ်သည်။

(၄)ပစ္စည်းကို လက်ရောက် ပေးစေလိုမှုများ၊ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ် ပဋိဥာဉ်အပေါ် အခြေခံ ဆုံးဖြတ်ရမည် ဖြစ်သည်။

(၅) ယခုအမှု သည် ပစ္စည်း လက်ရောက်ရရှိခဲ့ခြင်း မရှိသဖြင့် ပဋိဥာဉ် အ တိုင်း ဆောင်ရွက်ပေးစေလိုမှု အပြင် ပစ္စည်းလက်ရောက် ရလိုမှုပါ ပူးတွဲစွဲ ဆိုထားပေသည်။

(၆)ပစ္စည်းလက်ရောက် ရလိုမှုဖြစ်လျှင် အချင်းဖြစ်ပစ္စည်း၏ ပိုင်ဆိုင်မှုကို မူ တည်၍ တရားရုံးက ဆုံးဖြတ်ပေး ရမည် ဖြစ်သည်။

(၇)အချင်းဖြစ်မြေကွက်၏မြေပုံနှင့်မြေရာဇဝင်အရ မြေကွက်အမည်ပေါက် ပိုင်ရှင်မှာ ဦးမောင်ခနှင့် ဒေါ်စောရှင်တို့ အမည်ပေါက် ဖြစ်နေသည်။

(၈)ဦးစိုးမြင့်သည် အချင်းဖြစ်မြေကွက်ကို ခြံမြေ အရောင်းအဝယ် ကတိစာ ချုပ် အရ ငွေကျပ်တစ်ထောင်ဖြင့် ဦးသူတော်ထံမှ ဝယ်ယူခဲ့သည်။

(၉) ဦးသူတော်နှင့် မြေကွက်အမည်ပေါက် ဦးမောင်ခ၊ ဒေါ်စောရှင် တို့၏ တရားဝင် အရောင်းအဝယ် ပြုလုပ်ထားသည့် ဆက်စပ်စာချုပ် များလည်း မတွေ့ရပေ။

(၁၀) ဦးစိုးမြင့် တင်ပြသော ခြံမြေအရောင်းအဝယ် ကတိစာချုပ်မှာလည်း တံဆိပ်ခေါင်း ထမ်းဆောင်ထားခြင်း မရှိသည့်အပြင် မှတ်ပုံတင်ထားခြင်း မရှိသဖြင့် ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၅၄ နှင့် စာချုပ်စာတမ်း များ မှတ်ပုံတင် အက်ဥပဒေ ပုဒ်မ ၁၇ တို့အရ တရားမဝင်သောကြောင့် အချင်းဖြစ်မြေကွက်ကို ဦးစိုးမြင့်က တရားဝင် ပိုင်ဆိုင်ခွင့် မရှိနိုင်ပေ။ ရောင်း ချပိုင်ခွင့်လည်း မရှိချေ။

(၁၁)ထို့ကြောင့် အချင်းဖြစ်မြေနှင့် အိမ်ကို ဦးစိုးမြင့်က ပဋိဥာဉ်အတိုင်း
မှတ်ပုံတင် အရောင်းစာချုပ် ချုပ်ဆိုပြီး လက်ရောက်ပေးအပ်ရန် တရားရုံး က အမိန့်ချနိုင်မည် မဟုတ်ဟု ဆုံးဖြတ်ထားပေသည်။

(၁၂)သို့ရာတွင် ရောင်းကြေးငွေ အတွက် တစ်စိတ်တစ်ဒေသ ပေးသွင်း ထားပါက ရောင်းသူသော်လည်းကောင်း၊ ဝယ်သူသော် လည်းကောင်း၊ ပဋိ ဥာဉ်အတိုင်း ဆောင်ရွက်ရန် ပျက်ကွက်လျှင် ထိုငွေကို ပြန်လည် ပေးအပ်ရ မည်ဖြစ်သည်။

(၁၃) ဤအမှုတွင် ဦးစိုးမြင့်က ပဋိဥာဉ်အတိုင်း ဆောင်ရွက်မပေး နိုင်သော
အခြေအနေ ရှိသဖြင့် အရောင်း အဝယ် ကတိစာချုပ်ပါအတိုင်း ဆောင် ရွက်ပေးနိုင်မည် မဟုတ်ပေ။

(၁၄)ဝယ်သူ ဦးအောင်ကျော်မင်းတို့က တစ်စုံတစ်ရာ ပျက်ကွက်ခြင်းမရှိေ ကြာင်း တွေ့ရသည်။

(၁၅) ဦးအောင်ကျော်မင်းတို့က ဦးစိုးမြင့်သို့ ရောင်းကြေးငွေ တစ်သိန်းေ လးသောင်း ကျပ် အပြည့်အဝ ပေးအပ်ခဲ့ပြီးဖြစ်သဖြင့် ထိုငွေကို ဦးစိုးမြင့် က ပြန်လည် ပေးစေသင့်သည်ဟု သုံးသပ်ပြီး ဦးစိုးမြင့်က ဦးအောင်ကျော် မင်းတို့ကို ရောင်းကြေးငွေ ကျပ် တစ်သိန်းလေးသောင်းကိုပြန်ပေးစေရန် အမိန့် ချမှတ်ခဲ့ပေသည်။

ထို့အတူ အပျောက်စနစ်ဖြင့် တိုက်ခန်း ဝယ်ယူရာတွင် အမှန်တကယ်
ရောင်းပိုင်ခွင့်ရှိသူထံမှ မဟုတ်ဘဲ ပိုင်ရှင်အစစ်ဟုထင်၍ ဝယ်မိသဖြင့် တိုက် ခန်းမှ ဖယ်ရှားပေးခဲ့ရသော အမှုတစ်ခုကို ဖော်ပြ လိုပါသည်။

'ဒေါ်တင်မော်၊ ပါ (၂) နှင့် ဦးမြင့်သိန်း၊ ပါ (၂)။၂ဝဝ၄ ခုနှစ်၊ မြန်မာနိုင်ငံ တ ရားစီရင်ထုံး စာမျက်နှာ ၈၉' အမှုတွင်

- ရန်ကုန်တိုင်းတရားရုံး၌ ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့က ဦးမြင့် သိန်းနှင့် ဒေါ်ဆွေဆွေမြင့်တို့အပေါ် တရားလိုများ ပိုင်ဆိုင်သော တိုက်ခန်း အတွင်းသို့ ကျူးကျော် ဝင်ရောက်နေထိုင်သည့် တရားပြိုင်များအား ဖယ် ရှားထွက်ခွာပေးစေလိုမှု စွဲဆိုရာ အနိုင်ဒီဂရီ ရခဲ့သည်။

- တိုင်းတရားရုံး၏ စီရင်ချက်နှင့် ဒီဂရီကို ဦးမြင့်သိန်းတို့က တရားရုံးချုပ်သို့ အယူခံဝင်ရာ မူလ ဒေါ်တင်မော်တို့ စွဲဆိုသည့် အမှုကို ပလပ်ကြောင်း အ မိန့် ချမှတ်ခဲ့သည်။

- ယင်း အမိန့်ကို ဒေါ်တင်မော်တို့က မကျေနပ်၍ အထူး အယူခံခုံရုံးသို့ အယူခံဝင်လာခြင်းဖြစ်သည်။

အထူးအယူခံခုံရုံးက သုံးသပ် ဆုံးဖြတ်သည်မှာ ဤအမှုတွင်

- ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့သည် ရန်ကုန်မြို့၊ ပန်းဘဲတန်း မြို့ နယ်၊ (၈) ရပ်ကွက်၊ လမ်း ၃ဝ၊ ပထမထပ်၊ ၂၃၂ အချင်းဖြစ် တိုက်ခန်းကို ၂၈-၄-၉၄ နေ့တွင် ဒေါ်လှလှစိန်ထံမှ တန်ဖိုးငွေကျပ် တစ်ဆယ့်သုံးသိန်း
ငါးသောင်းဖြင့် သက်သေခံ တိုက်ခန်း အရောင်းအဝယ် ကတိစာချုပ်အရ ဝယ်ယူခဲ့သည်။

- ဝယ်ယူပြီးနောက် ဒေါ်တင်မော်တို့သည် အချင်းဖြစ်တိုက်ခန်းကို ဦးချင် တိန်ဟောက်အား ငှားရမ်းထားခဲ့သည်။
- အိမ်ငှား ဦးချင်တိန်ဟောက် ပြောင်းရွှေ့ချိန်တွင် ဒေါ်တင်မော်၏ သားဖြစ်သူ ဦးတင်ထွန်းဝင်းအား ခေတ္တနေထိုင်ခွင့်ပြု ခဲ့သည်။

- ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့သည်နိုင်ငံခြားသို့ သွားရောက် လည်ပတ်ပြီး ပြန်ရောက်လာသည့်အခါ အချင်းဖြစ် တိုက်ခန်းသို့ သွားေ ရာက်ကြည့်ရှုသည်။

ဤတွင်

- တိုက်ခန်း၌ ဦးမြင့်သိန်းတို့ မိသားစုက ကျူးကျော်ဝင်ရောက် နေထိုင်လျက် ရှိသည်ကို တွေ့ရ၍ ဦးမြင့်သိန်းတို့အပေါ် တိုက်ခန်းမှ ဖယ်ရှားထွက် ခွာပေးေ စလိုမှု စွဲဆိုခြင်း ဖြစ်သည်။

- အချင်းဖြစ်တိုက်ခန်း ပါဝင်သော တိုက်အမှတ် ၂၃၂ ၏ မြေပိုင်ရှင် ဦးရာ ကွတ်မောင်မောင် က ၁၉၉၃ ခုနှစ်တွင် အချင်းဖြစ် တိုက်ခန်းကို ဒေါ်လှလှ စိန်က ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့ထံ ရောင်းချခဲ့သည်။

- ဒေါ်လှလှစိန်က ကျွန်တော့်အား အမည်ပြောင်းခ ခြောက်သောင်းပေး သဖြင့် ကျွန်တော်သည် တိုက်ခန်း ပိုင်ရှင်အဖြစ် ဒေါ်လှလှစိန်အမည် မှ ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းအမည် သို့ ပြောင်းပေးလိုက်သည်။

- ဒေါ်တင်မော်နှင့် ဒေါ် သန်းသန်းဝင်းတို့သည် ယခုအချိန်ထိ အိမ်လခေ ပးချေရန် ပျက်ကွက်မှု လုံးဝမရှိသေးပါဟု ထွက်ဆိုထားသည်။

ယင်း အချက်ကို ထောက်ရှုခြင်းအားဖြင့်
- ဒေါ်တင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့သည် အချင်းဖြစ် တိုက်ခန်းကို အပျောက်စနစ်ဖြင့် ဝယ်ယူကြောင်း ထင်ရှားသည်။

-ဦးတင်ထွန်းဝင်းသည် မိခင်ဒေါ်တင်မော်နှင့်ဒေါ်သန်းသန်းဝင်း တို့ နိုင်ငံခြားသို့ ခရီး ခေတ္တသွားနေစဉ် အချင်းဖြစ်တိုက်ခန်းကို မိခင်ေ ဒ်ါတင်မော်နှင့် ဒေါ်သန်းသန်းဝင်းတို့၏ ခွင့်ပြုချက် သို့မဟုတ် လွှဲအပ်ချက် တစ်စုံတစ်ရာ မရှိဘဲ မိမိပိုင်ဆိုင်လေဟန်ဖြင့် လိမ်လည်၍ ဦးမြင့်သိန်းတို့အား လွှဲပြောင်းရောင်းချခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည်။

'Nemo Dat Quod non habet' ဥပဒေဆိုရိုးအရ မည်သူမျှ မိမိတွင် မရှိသော အခွင့်အရေးကို သူတစ်ပါးအား မအပ်နှင်းနိုင်ပေ။

ထို့ကြောင့်
- ပစ္စည်းလွှဲပြောင်းပေးရန် အခွင့်အရေးမရှိသူက လွှဲပြောင်းပေးခြင်းသည် တရားဝင် အတည်မဖြစ်ပေ။

- ဦးတင်ထွန်းဝင်းသည် အချင်းဖြစ် ဥပစာနှင့် စပ်လျဉ်း၍ စီမံခန့်ခွဲနိုင်သည့် အခွင့်အရေး တစ်စုံတစ်ရာရှိသူ မဟုတ်သဖြင့် ဦးမြင့်သိန်းတို့သည် ၄င်းထံမှ အချင်းဖြစ်တိုက်ခန်းကို လွှဲပြောင်း ရယူခြင်းသည် ဥပဒေနှင့် ညီညွတ်ခြင်း မရှိသည့်အပြင် ၄င်းတို့အနေဖြင့် တရားဝင် လက်ရှိထားပိုင်ခွင့်လည်း
ရှိမည် မဟုတ်ပေ။

- ဦးမြင့်သိန်းတို့အနေဖြင့် ရောင်းသူ ဦးတင်ထွန်းဝင်းအပေါ်တွင်သာ မိမိတို့ နစ်နာမှုအတွက် ထိုက်သင့်သော သက်သာခွင့်ကို တောင်းဆိုရန်သာ ရှိပေ သည်။

အထက်ပါ အကြောင်းများကြောင့်
- ဒေါ်တင်မော်တို့သည် အချင်းဖြစ် တိုက်ခန်းကို လက်ရောက် ရထိုက်ခွင့် ရှိသည်ဟု ဆုံးဖြတ်ခဲ့ပေသည်။ ထို့ကြောင့် အိမ်ခြံမြေ တိုက်ခန်းများ ဝယ်ယူ ရာတွင် ရောင်းချသူသည် အမှန်တကယ် ပိုင်ရှင်ဖြစ်သူ ဟုတ်၊ မဟုတ် ကို သေချာလေ့လာ စုံစမ်းဖို့ လိုအပ်ပေသည်။ပိုင်ရှင် အစစ်အမှန် မဟုတ် သူထံမှ မှားယွင်းဝယ်ယူမိပါလျှင် ပစ္စည်းဆုံးရှုံး နစ်နာသည် အထိ ဖြစ်နိုင်ေ ကြာင်း သတိပေး ရေးသားလိုက်ပါသည်။

Credit - Zaygwet Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြောဆိုကြ၊ ဘီလ်ဂိတ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ကျည်ကာကားဖြင့် သွားရောက်ခဲ့...
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service