လယ်ယာမြေ ဝယ်ရောင်း လုပ်ကြရာမှာ မသိမဖြစ် လိုအပ်တာ ခွင့်ပြုမိန့်(ပုံစံ-၁၅)ပါ

လယ်ယာမြေ ဝယ်ရောင်း လုပ်ကြရာမှာ မသိမဖြစ် လိုအပ်တာ ခွင့်ပြုမိန့်(ပုံစံ-၁၅)ပါ - Property Knowledge in Myanmar from iMyanmarHouse.com
18 Jul 2017 11:45 am တွင် တင်ခဲ့သည်
3444 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပြီးနောက် ပိုင်း မှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှာ လယ်ယာမြေများကို အကွက် ရိုက်ပြီး ပြန်လည် ရောင်းချကြလို့ ဝယ်ယူနေထိုင်ကြတာကို ခရီးလမ်းတစ်ေ လျှာက်မှာ တွေ့မြင်ရပါတယ်။

တကယ်တော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရတဲ့ မြေဖြစ်ဖို့ဆိုတာ အ ဆင့်ဆင့် ဆောင်ရွက်ရတာဖြစ်လို့ အပြောလွယ်သလောက် အလုပ်ခက်ပါ တယ်။ အငိုလွယ်လို့ အရှိုက်ခက်ပါတယ်။ ယနေ့အချိန်အခါမှာ တောေ ရာမြို့ ပါမကျန် လယ်ယာမြေတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြတာကို စာ ဖတ်သူများလည်း တွေ့မြင်ရမှာပါ။

မသိမဖြစ် ပုံစံ(၇)နဲ့ မြေစာရင်းပုံစံ (၁၀၅)

ဒီတော့ လယ်ယာမြေကနေ လူနေထိုင်ခွင့်ရဖို့အတွက် အဆင့်ဆင့် ကျော်ြ ဖတ်ရပုံလေးတွေကို သိထားရင် ကောင်းတာပေါ့။ အိမ်ခြံမြေ အရောင်းအ ဝယ်နဲ့ မကင်းနိုင်တဲ့ သူတို့အတွက်လည်း လေ့လာထားသင့်ပါတယ်။ လယ် ယာမြေအကြောင်း ပြောပြီဆိုတာနဲ့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ပုံစံ (၇) ရယ်၊ သက်သေခံ မြေပုံလို့ခေါ်တဲ့ မြေစာရင်းပုံစံ(၁၀၅)ရယ် လယ်ယြာေ မ စိုက်ပျိုးမှုအပ အခြားနည်း အသုံးပြုရန် လျှောက်ထားချက် ပုံစံ-၃၀(က)နဲ့ ပုံစံ(၁၅) ခွင့်ပြုမိန့် ရရှိနိုင်ပုံတို့ကို ပြောပြလိုပါတယ်။

ပုံစံ (၇)နဲ့ တွဲလျက်သာ သက်သေခံ မြေပုံလည်းပါ၊ မြေ(၅)မျိုး ရှိနေတာ

ပုံစံ(၇)ဆိုတာ "လယ်ယာမြေ လုပ်ပိုင်ခွင့် လက်မှတ်" ကို ဆိုလိုတာပါ။ အဲ့ဒီ ပုံစံ(၇)နဲ့ တွဲလျက် မြေစာရင်း ပုံစံ(၁၀၅) လို့ ခေါ်တဲ့ မြေပုံ၊ မြေရာဇဝင်လည်း ပါရမယ်။ အဲ့ဒီစာရွက်က "အဖြူရောင်" ပါ။ အခြားကိစ္စအတွက် ထုတ်ယူသုံးစွဲ လို့ မရပါဘူး။ ပုံစံ(၇) ထုတ်ပေးတဲ့ မြေကွက်တွေကတော့.....

(က) လက်ရှိ အသုံးပြုခွင့် ရရှိထားတဲ့ လယ်ယာမြေ
(ခ)လွှဲပြောင်းလက်ခံတဲ့ သူတွေ၊ အမွေဆက်ခံတဲ့ သူတွေအတွက် ထုတ်ပေး ထားတဲ့ လယ်ယာမြေ
(ဂ) မြေလွတ်မြေလပ်မြေရိုင်းကနေ ပြောင်းလဲ သတ်မှတ်ပေးလိုက်တဲ့ လယ် ယာမြေ
(ဃ)ပြန်လည် သိမ်းယူထားတဲ့ လယ်ယာမြေ နှင့်
(င)အသစ် ဖော်ထုတ်လိုက်တဲ့ လယ်ယာမြေ ဆိုပြီး (၅)မျိုး ရှိပါတယ်။

အဲ့ဒီ လယ်ယာမြေတွေကို တောင်သူ လယ်သမားတွေနဲ့ လူပုဂ္ဂိုလ်/ အဖွဲ့အ စည်း တို့ကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ထုတ်ပေးပါတယ်။

လယ်ယာမြေ ဥပဒေပုဒ်မ ၉(ခ)အရ ခံစားခွင့် မရှိသေးတဲ့ အခြေအနေ

လယ်ယာမြေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊ လုပ်ပိုင် ခွင့်ေ ပးထားတဲ့ စည်းကမ်းချက်တွေနဲ့အညီ ရောင်းချခွင့် ပေါင်နှံခွင့် ငှားရမ်းခွင့် လဲ လှယ်ခွင့် ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့်လည်း ဒီနေ့အထိ အ ထက်ဆင့်ဆင့်က အမိန့် ညွှန်ကြားချက် တစ်စုံစတ်ရာ ထုတ်ပြန့်ပေးခြင်း မရှိသေးတဲ့အတွက် တောင်သူ လယ်သမားတွေ ဒီအခွင့်အရေးကို မခံစား ရသေးဘူး

ဥပမာ....ပုံစံ(၇)နဲ့ ဘဏ်ပေါင်လို့ မရဘူး။ ပုံစံ(၇)နဲ့ ပြန်ရောင်းရင် ဝယ်သူက သူ့နာမည်ပြောင်းလို့ မရသေးတဲ့ အခက်အခဲတွေ ရှိပါတယ်။

ပုံစံ(၁၀၅) ဆိုတာ အဖြူရောင် စာရွက်ပေါ်က မြေပုံပါ

ပုံစံ(၁၀၅)ဆိုတာ "သက်သေခံ မြေပုံ" ကို ပြောတာပါ။ ပိုင်ဆိုင်မှုအတွက် အထောက်အထား မဟုတ်ဘူးနော်။ မြေစာရင်း ပုံစံ(၁၀၅)လို့ လည်း ခေါ်ကြ တယ်။ (အဖြူရောင်ကွာတိုဆိုဒ် စာရွက်ပေါ်မှာ မြေပုံ ရေးဆွဲပြထားတာပါ။) ပုံစံ(၇)နဲ့ ပူးတွဲထားတာ ဖြစ်တယ် နောက်တစ်ကြိမ်ထုတ်သုံးလို့ မရတဲ့ (Death Certificate) ဖြစ်ပါတယ်။

အပြာရောင်ပုံစံ (၁၀၅) မြေပုံကတော့ အထောက်အထား တစ်ခုအတွက်ပါ

နောက်ထပ် မြေစာရင်းပုံစံ (၁၀၅) လို့ ဆိုတဲ့ သက်သေခံ မြေပုံစံမျိုးလည်း ရှိသေးတယ်။ (အပြာရောင် စာရွက် ကာရှည်ဆိုဒ်) ပုံစံပေါ့။

"ဝမ်းနော့ဖိုက်" လို့ အင်္ဂလိပ်လိုလည်း ခေါ်ကြတယ်။ ကိစ္စတစ်ခု (ဥပမာ.. ဘဏ်ငွေ ချေးရန်) အတွက် လျှောက်ထားတဲ့အခါမှာ ပူးတွဲတင်ပြရတဲ့ စာရွက် တစ်မျိုးဖြစ်ပါတယ်။ အချို့ကလည်း ဒါကိုပဲ ပိုင်ဆိုင်မှု အထောက်အထား ထင်ပြီး သိမ်းဆည်းခံထားတတ်ကြတယ်။

ပုံစံ ၃၀(က) ဆိုတာကျပြန်တော့ လယ်မြေကို စိုက်ပျိုးမှုမှအပ၊ အခြားနည်း အ သုံးပြုရန် လျှောက်ထားချက်ပါ။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် လယ် ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ စိစစ်ထောက်ခံချက်နဲ့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့က ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရန် အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရတဲ့ လုပ်ငန်း စာတွဲ ဖြစ်ပါတယ်။ ခွင့်ပြုမိန့် မဟုတ်ပါ။

ခွင့်ပြုမိန့်ဆိုတာ ပုံစံ(၁၅) ကို ပြောတာပါ

ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ လယ်မြေကို အခြားနည်း အသုံးပြုဖို့ ခွင့်ြ ပုတဲ့ အသုံးပြုခွင့်လက်မှတ်က ပုံစံ(၁၅) ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင် လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့် လျှောက်လွှာ မှာ ပုံစံ(၁၄) နဲ့ မြေစာရင်းပုံစံ (၁၀၅) အပါအဝင် အခြးအထောက်အကူပြု စာရွက်စာတမ်းတွေ ပြည့်စုံတဲ့ လုပ်ငန်းစာတွဲ ပုံစံ-၃၀(က)နဲ့ လျှောက်ထားရ မယ်။ အဲ့ဒီလျှောက်ထားချက်အတိုင်း အရေးယူ ဆောင်ရွက်ပေးမှသာ ပုံစံ (၁၅) ခွင့်ပြုမိန့် ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံစံ(၁၄) လျှောက်ထားပြီးကြောင်း လျှောက်လွှာပြသပြီး ပုံစံ-၃၀ (က) လုပ်ငန်းစာတွဲ(အမှုတွဲ) ဓါတ်ပုံမိတ္တူ ပြသပေးလိုက်တာနဲ့ လယ်ယာမြေ ကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ရပြီလို့ မထင်လိုကကြပါနဲ့ ပုံစံ(၁၅) ပြ မှသာ ခွင့်ပြုမိန့်ရတာ ဖြစ်ပါတယ်ဆိုတာ သတိပေးလိုက်ပါရစေ။

ပုံစံ (၁၅) ခွင့်ပြုမိန့်ဆိုတာ လယ်မြေကို အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့် ကို ပြောတာ။ လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေဆိုတာလည်း ရှိသေး တယ်။ ဥပမာ...ယာမြေ/ဥယျာဉ်ခြံမြေဈ စနိမြေ၊ ကိုင်း၊ ကျွန်းမြေတို့ကို အခြား နည်း အသုံးပြုခွင့်ရအောင် လျှောက်ထားဆောင်ရွက်လို့ ရပါတယ်။

အဲ့ဒီလို လယ်မြေမဟုတ်တဲ့ အခြားလယ်ယာမြေတွေကို အခြားနည်းဖြင့် အ သုံးပြုရန် ထုတ်ပေးတဲ့ လက်မှတ်ကိုတော့ ပုံစံ-၁၅(ခ) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပေးပါတယ်။

အခုလို အိမ်ခြံမြေ အရောင်းအဝယ် လုပ်ကိုင်နေကြတဲ့ ဝယ်ရောင်း အ ကျိုးေ ဆာင်ပွဲစားများအနေနဲ့ လယ်ယာမြေတွေကို လူနေထိုင်ခွင့် ရဖို့ လျှောက် ထားရယူတဲ့ နည်း ပုံစံ၁၅(က) "လယ်ယာမြေများအား အခြားနည်း အသုံးပြု ခွင့်ပြုမိန့်" နဲ့ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့မှ ထုတ်ပေးတဲ့ ပုံစံ-၁၅(ခ) တို့ အကြောင်း နားလည်သွားပြီဆိုတော့ လယ်ယာမြေတွေ ဝယ်ရင်း ခွဲခြမ်း စိတ်ဖြာဆုံးဖြတ်ချက် ချနိုင်ပြီလို့ ယုံကြည်လိုက်ပါပြီ။

"ရောင်းပန်းသာလို့ ဝယ်ပန်းလပြီး ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက် ကြပါစေ"

မှီငြမ်း။ ။၂၀၁၇ မြေယာနှင့် သက်ဆိုင်သော ဥပဒေဆောင်းပါးများ စု စည်းမှုစာအုပ်

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service