သတိပြုဝယ်ယူသင့်သည့် ပါမစ်မြေများ

သတိပြုဝယ်ယူသင့်သည့် ပါမစ်မြေများ - Property Knowledge in Myanmar from iMyanmarHouse.com
17 Jul 2017 11:42 am တွင် တင်ခဲ့သည်
1326 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

အိမ် ခြံ မြေ အရောင်းအဝယ် ပြုကြရာတွင် ဂရန်မြေ၊ ဘိုးဘွားပိုင် မြေ၊ ပါမစ်မြေ၊ စလစ်မြေဟု အမျိုးမျိုး ရှိသည့်အနက် ပါမစ်မြေကို အရောင်း အဝယ် အများဆုံးပြုလုပ်ကြသည်ကို တွေ့ရသည်။

ရောင်းအားကောင်းရသည့်အကြောင်းအရင်း

ပါမစ်မြေရောင်းအားကောင်းရ ခြင်းမှာ စရိတ်ကုန်ကျမှုနည်းခြင်း သည် အဓိကအချက်ဖြစ်သည်။ အရောင်းအဝယ်စာချုပ်ကို အရပ်ကတိ စာချုပ်ဖြင့် ချုပ်ဆိုနိုင်သည်။ အဆင့် ဆင့်လွှဲပြောင်း ရောင်းချနိုင်သည်။ အရောင်းအဝယ် အဆက်အစပ် ကွင်း ဆက်မပြတ် အရောင်းအဝယ် ကတိစာချုပ်များ ရှိရန်သာလိုသည်။

ဂရန်သစ်လျှောက်ထားနိုင်ခြင်း

မြေချပါမစ် စာရွက်စာတမ်းကို ကိုင်ထားပြီး လက်လွှဲရောင်းချနိုင်ခွင့် ရှိသကဲ့သို့ မိမိအမည်ပေါက် နှစ် ၆ဝ ဂရန်လည်း လျှောက်ထားနိုင်သည်။ တရားဝင်ကုန်ကျစရိတ် သုံးသိန်းနီး ပါးသာ ကုန်ကျနိုင်ပေသည်။ အခြား သူအမည်ပေါက် ဂရန်မြေကို ဝယ်ယူ အမည်ပြောင်းပါက မြေ၏ ရောင်းဖိုး ငွေကာလတန်ဖိုးပေါ်မူတည်ပြီး အခွန်ဆောင်ရခြင်း၊ မှတ်ပုံတင် အ ရောင်းအဝယ် စာချုပ် ချုပ်ရခြင်းဖြင့် ကုန်ကျစရိတ် အလွန်မြင့်မားသွား မည် ဖြစ်သည်။ ထိုကြောင့် ပါမစ်မြေ ကွက်ကို ဝယ်ယူစုဆောင်းထားကြ ခြင်းဖြစ်သည်။

ပါမစ်မြေရောင်းအားနည်းလာခြင်း

လက်ရှိအခြေအနေတွင် အိမ် ခြံ မြေ ဈေးနှုန်းများမှာ အကျဘက်သို့ ဦးတည်နေသည်ဟု ဆိုရမည်။ ပါမစ် မြေအများအပြား ဝယ်ယူမြှုပ်နှံထား သူများသည် ဈေးကွက်အမြင့်ကို စောင့်၍ ထိန်းထားကြသည်။ အမှန် တကယ်ငွေလိုအပ်သူများသာထုတ် ၍ ရောင်းချသည်ကို တွေ့ရသည်။ မြေချပါမစ် လက်ဝယ်ရှိသူ အချို့က လည်း ဂရန်မြေလျှောက်ထား၍ အဆင့်မြင့်တိုက်များ ဆောက်လုပ်ခဲ့ သည်များလည်း ရှိပေသည်။ ထို့ ကြောင့် ပါမစ်မြေရောင်းအားကျဆင်းသွားသည့် အခြေအနေတွင်ရှိသည်။

ပါမစ်မြေကွက်အသစ်များ

ဈေးကွက်အတွင်း ပါမစ်မြေ ကွက်များနည်းပါးလာသည်နှင့်အမျှ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြေချပါမစ် အသစ်များရရှိရန် ကြိုး ပမ်းလာကြသည်ကို တွေ့ရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန (ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန) မှ မြေယာသစ်များ ဖော်ထုတ်အကွက် ရိုက်ကာ မြေချပါမစ် အသစ်များ ထုတ်ပေးလာသည်ကို တွေ့ရပါသည်။

မြေချပါမစ် မှန်ကန်မှု ရှိ မရှိ စိစစ်ပေးခြင်း

စာရွက်စာတမ်းများတွင် အတု အစစ်ရှိနိုင်သဖြင့် မြေချပါမစ်မှန်ကန် မှု ရှိ မရှိ စစ်ဆေးလိုကြပေသည်။ ထို့ ကြောင့် ပါမစ်မြေကွက်ကို ဝယ်ယူရန် စရန်ပေးလိုက်သည်နှင့် ရောင်းသူ၏ လက်ဝယ်ရှိ မြေချပါမစ်မှာ အစစ် အမှန်ဖြစ်ကြောင်း သက်ဆိုင်ရာ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၊ မြေယာ ရုံးခွဲများသို့ ပြသစစ်ဆေးခြင်းများပြု ကြသည်။

သက်ဆိုင်ရာ မြို့နယ် မြေနှင့် အခွန်မြေယာရုံးခွဲတာဝန်ရှိသူတို့က မိမိတို့ ရုံးရှိ လက်ခံစာအုပ်နှင့် တိုက် ဆိုင်စစ်ဆေးဆောင်ရွက်ပေးပါသည်။ ထို့ကြောင့် မြေဝယ်လိုသူများအနေ ဖြင့် ပါမစ်မြေကွက်ကို ပိုမိုနှစ်သက်ပြီး ဝယ်ယူကြခြင်းဖြစ်သည်။

မြေချပါမစ် စစ်ဆေးရန် ခက်ခဲလာခြင်း

ခေတ်စနစ်၊ လုပ်ထုံးလုပ်နည်း တို့သည် အမြဲတည်မြဲနေသည် မရှိ ပေ။ အထူးသဖြင့် ဌာနတွင် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည်
အပြောင်းအလဲ မြန်ဆန်တတ်ပါသည်။

ယခုအခါ အချို့မြို့နယ်များတွင် မြေယာရုံးခွဲများမထားတော့ဟု သိရ သည်။ မြေချပါမစ်အတု၊ အစစ် ခွဲခြား စိစစ်မှုကိုတော့ မည်သည့် မြို့ နယ်မြေယာရုံးခွဲများကမှ စစ်ဆေးပေး ခြင်းမရှိတော့ပေ။

ထို့ကြောင့် မြေချပါမစ်ဝယ်သူ များအနေဖြင့် အစစ်အမှန်ဟုတ်၊ မဟုတ် စစ်ဆေးရန် ခက်ခဲသွားပြီဖြစ် ၍ အရောင်းအဝယ်တန့်သွားပေ သည်။

မြေချပါမစ်ဝယ်သူများအနေ ဖြင့် ယခင်ကမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေး မှူးလက်မှတ်နှင့် စည်းတံဆိပ်ရိုက် နှိပ်ထုတ်ပေးသော ပါမစ်မြေနှင့် ယခု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး လက်မှတ်နှင့် စည်းတံဆိပ်ရိုက်နှိပ်ထုတ်ပေးသော ပါမစ်မြေဟု ပုံစံ နှစ်မျိုးရှိနေသောကြောင့် သတိပြုဝယ်သင့်ပေသည်။

စည်ပင်အမည်ပေါက် ပါမစ်မြေ

ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးသော မြေချပါမစ်များ အမှန်အကန် ဟုတ်မဟုတ် စစ်ဆေးရန် ခက်ခဲနေသော အချိန်တွင် ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီမှ မြေကွက်အမည်ပေါက် ပါ မစ်မြေများဘက် ဦးလှည့်လာသည် ကို တွေ့ရသည်။ သို့သော် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာနတွင် ဂရန်အမည်ပေါက်မြေများ အဖြစ် ပြောင်းလဲချပေးထားသည် သာ များပြားပါသည်။

မည်သို့ပင်ဖြစ်စေ၊ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန တွင် အမည်ပေါက်မှန်ကန်ခြင်းရှိ မရှိကို တရားဝင်လျှောက်ထားကြည့် ရှုနိုင်မည်ဖြစ်သဖြင့် စည်ပင်အမည် ပေါက် ပါမစ်မြေများကို ယခုအခါ ပို၍ ဝယ်သင့်ပါကြောင်း အကြံပြုရေး သားလိုက်ပါသည်။

Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service