မြေယာနှင့် အဆောက်အအုံများ အ၀ယ်မမှားစေဖို့

မြေယာနှင့် အဆောက်အအုံများ အ၀ယ်မမှားစေဖို့ - Property Knowledge in Myanmar from iMyanmarHouse.com
10 Jul 2017 12:54 pm တွင် တင်ခဲ့သည်
1370 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

မြေငှားဂရန်သက်တမ်းကုန် မြေနှင့် အဆောက်အအုံကို ဝယ်မည်ဆိုလျှင် ဦး စွာ ပထမအနေဖြင့် မြေငှားဂရန် သက်တမ်းတိုးဖို့ လိုပေသည်။

အကယ်၍ မြေကွက် အမည်ပေါက်သူမှာ ကွယ်လွန်သွားပါက တရားရုံး၏ အ မိန့်ဒီဂရီအရဖြစ်စေ၊ အမွေထိန်းစာတို့အရ ဖြစ်စေ၊ ဂရန်သက်တမ်း တိုးနိုင်ပါ သည်။

ဂရန်သက်တမ်းတိုးပြီးမှသာ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ကို ချုပ်ဆိုနိုင် မည် ဖြစ်သည်။ သို့ရာတွင် တရားရုံး၏ အမိန့်ဒီဂရီအရဆိုလျှင် ဂရန်သက် တမ်း ကုန်သော်လည်း မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုနိုင်ပေ သည်။

ဤသည်နှင့် စပ်လျဉ်း၍ " ဦးစိန့် (၄င်း၏ အထွေထွေကိုယ်စားလှယ်စာရသူ
ဦးဝင်းကျော်) နှင့် ဒေါ်ခင်ငြိမ်း၊ ၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာ မျက်နှာ ၂၆" အမှုမှာ-
- မန္တလေးတိုင်း တရားရုံးတော်၌ ဒေါ်ခင်ငြိမ်းက ဦးစိန့်အပေါ် မန္တလေး အေ နာက်မြောက် မြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ အကွက် အမှတ် (၃)၊ ဦးပိုင်အ မှတ် ၁၂၈ ရှိ မြေနှင့် ယင်းမြေပေါ်ရှိ အကျိုးခံစားခွင့် အရပ်ရပ်တို့ကို ပိုင် ဆိုင်ကြောင်း မြွက်ဟကြေညာ ပေးရန်နှင့် ပဋိဥာဉ်အရ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆို ပေးရန် စွဲဆိုရာ အနိုင်ဒီဂရီ ရရှိခဲ့သည်။
- ဒေါ်ခင်ငြိမ်းက ယင်းအနိုင်ဒီဂရီကို မန္တလေးတိုင်း တရားရုံး ဇာရီမှုတွင် အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေရန်နှင့် တရားစရိတ်များ
ပေးစေရန်အတွက် အတည်ပြု ဆောင်ရွက်ခဲ့သည်။
- ဦးစိန့်က အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်နှင့် ပတ်သက်၍ အချင်းဖြစ်မြေ ၏ ဂရန် သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့် မြေနှင့် စပ်လျဉ်း သည့် အခွင့်အရေး တစ်စုံတစ်ရာ မရှိတော့၍ ဥပဒေနှင့်အညီ တရားဝင် လွှြဲေ ပာင်း ရောင်းချနိုင်တော့မည် မဟုတ်ကြောင်းဖြင့် ကန့်ကွက်သည်။
- တိုင်းတရားရုံးမှ ဦးစိန့်၏ ကန့်ကွက်ချက်ကို လက်မခံ၊ ပယ်လိုက်သဖြင့် ဦး စိန့်မှ တရားရုံးချုပ်သို့ အယူခံဝင်လာခြင်း ဖြစ်သည်။

တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ
- ဒေါ်ခင်ငြိမ်းနှင့် ဦးစိန့်တို့ အရောင်းအဝယ်ပြုလုပ်ခဲ့သည့် ၂၇-၁-၈၄ နေ့က ဂရန် သက်တမ်း ကုန်ဆုံးခြင်း မရှိပေ။
- သို့ဖြစ်၍ ရောင်းချစဉ်က ဦးစိန့်သည် ဂရန်သက်တမ်း ကုန်ဆုံးခြင်း မရှိေ သာ မြေကို ရောင်းချခဲ့ပြီး ဒေါ်ခင်ငြိမ်းက လက်ရောက်ဝယ်ယူခဲ့သည်ဖြစ်၍ တရားဝင် ပိုင်ဆိုင်မှုရှိသော အခြေအနေတွင် ရောင်းချခဲ့သည်ဟု ဆိုရ မည် ဖြစ်သည်။
- ထို့နောက်တွင်မှ ဦးစိန့်က မှတ်ပုံတင် အရောင်းအဝယ် စာချုပ် ပြုလုပ်ချုပ် ဆိုပေးရန် ပျက်ကွက်သဖြင့် ဒေါ်ခင်ငြိမ်းက တရား စွဲဆိုရခြင်းဖြစ်ရာ
- နောက်ပိုင်းတွင် ဂရန်သက်တမ်း ကုန်ဆုံး၍ မှတ်ပုံတင် ပြုလုပ်ပေးရန် အ ခွင့်အရေး မရှိတော့ကြောင်း ဦးစိန့်၏ ကန့်ကွက်ချက်ကို လက်ခံနိုင်ရန် အေ ကြာင်း မရှိနိုင်ပေ။
- ဒေါ်ခင်ငြိမ်းက ဦးစိန့် အပေါ် စွဲဆိုခဲ့သော မူလတရားမကြီးမှု၏ အနိုင် ဒီဂ ရီမှာ တည်မြဲလျက်ရှိသဖြင့် ဦးစိန့်သည် ယင်း အမိန့်ဒီဂရီကိုလိုက်နာရန် တာ ဝန်ရှိသည်။
- ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဦးစိန့်မှ ဒီဂရီအတိုင်း လိုက်နာရန် တာဝန်မရှိဟု ဆိုရန် အကြောင်းမရှိပေ။
- အရောင်း အဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီး နောက်တွင် ဂရန်သက်တမ်း တိုး ရရှိရေးအတွက် ဆောင်ရွက်ရန်မှာဒေါ်ခင်ငြိမ်း၏ တာဝန်သာ ဖြစ်သည်။
- သို့ဖြစ်၍ ဂရန်သက်တမ်း ကုန်ဆုံးနေခြင်းကြောင့် ဦးစိန့်က အမိန့်ဒီဂရီ အ တိုင်း အရောင်းအဝယ်စာချုပ် ချုပ်ဆိုပေးရန် အခွင့်အရေးမရှိဟူသော အ ချက်မှာ မှန်ကန်မှုမရှိချေ။
- ထို့ကြောင့် မူလတရား ရုံး၏ အမိန့်ကို အတည်ပြုပြီး ဤ အယူခံမှုကို ပလပ် လိုက်သည်ဟု ဆုံးဖြတ်ခဲ့ပေသည်။

ထိုအချက်များကြောင့် မြေဂရန်သက်တမ်း ကုန်သော်လည်း ဥပဒေနှင့်အညီ အရောင်း အဝယ်ပြုလုပ်နိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

ဤတွင် ဆက်စပ်၍ သတိပြုရမည့်အချက်မှာ 'မြေငှား ဂရန်မိတ္တူဖြင့် အေ ရာင်း အဝယ် ပြု ကြသည့်ကိစ္စ' ဖြစ်သည်။

အကြောင်းအမျိုးမျိုး ကြောင့် မြေငှားဂရန်မူရင်း ပျောက်ဆုံးသွားပါက သက် ဆိုင်ရာမြို့ပြ မြေယာဌာနတွင် မြေငှားဂရန်မိတ္တူ ထုတ်ပေးရန် လျှောက် ထားနိုင်သည်။

ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြမြေ ယာဌာနတွင် လည်းကောင်း၊ မြို့ရွာ အိုးအိမ်ဦးစီးဌာနတွင် လည်းကောင်းေ လျှာက်ထား နိုင်ပါသည်။

ထိုကဲ့သို့မြေငှားဂရန် မိတ္တူ လျှောက်ထားရာတွင်
- အမည်ပေါက် ကိုယ်တိုင်လျှောက်ထားရမည် ဖြစ်ပြီး
- ပိုင်ဆိုင်ကြောင်း မှတ်ပုံတင်စာချုပ် စာတမ်းများ၊
- ရဲစခန်း တိုင်တန်းချက်တို့နှင့်အတူ သက်ဆိုင်ရာသို့ လျှောက်ထားရသည်။

အကယ်၍ မြေကွက်အမည်ပေါက်သူ ကွယ်လွန်သွားပါက
- တရားရုံး၏ အမိန့်ဒီဂရီ အရ ဖြစ်စေ၊
-အမွေထိန်းစာတို့အရ ဖြစ်စေ မြေငှားဂရန်မိတ္တူကို လျှောက်ထားနိုင်ပေသည်။
အဆိုပါလျှောက်ထားချက်ကို သက်ဆိုင်ရာ မြေယာဌာန သို့မဟုတ် ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသော လျှောက် လွှာ ပုံစံနှင့် ပိုင်ဆိုင်မှု အထောက်အထားများကိုပြည့်စုံမှု ရှိ၊ မရှိ စိစစ်ပြီး
လက်ခံ ဆောင်ရွက်ပေးပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအရ မြေငှားဂရန်မိတ္တူ ထုတ်ေ ပးနိုင်ရန်အတွက် ကန့်ကွက်လိုပါက ကန့်ကွက်နိုင်ရန် နေ့စဉ်ထုတ် သတင်း စာ တစ်စောင်တွင် ကြော်ငြာတစ်လ ထုတ်ပြန် ပါသည်။

ကြော်ငြာတစ်လထုတ်ပြန်ပြီး ကန့်ကွက်သူမရှိပါက မြေစာရင်းနှင့် ပိုင်ဆိုင်မှု စာရွက်စာတမ်းများ၊ စာချုပ်စာတမ်းများ၊ တရားရုံး ၏ အမိန့်ဒီဂရီများကို စိစစ် ကာ သက်ဆိုင်ရာမှ လျှောက်ထားသူအား မူလဂရန်အမည်ပေါက်ဖြင့် ဂရန် မိတ္တူကို ထုတ်ပေးပါသည်။

"ဤတွင်ဖြစ်တတ်သည်မှာ ရောင်းသူအနေဖြင့် မြေငှားဂရန်မူရင်းကို ပေါင်နှံထားပြီး ပျောက်ဆုံးသည်ဟု ဆိုကာ ဂရန်မိတ္တူကို လိမ်လည်လျှောက်ထား ရယူတတ်ကြသဖြင့် အထူးဂရုပြုဖို့ လိုအပ်ပေသည်။"

မိတ်ဆွေတစ်ဦးက ၄င်း၏ အတွေ့အကြုံကို ပြောပြရာတွင်
- ၄င်းဝယ်ယူသောမြေကွက်၏ မူရင်းဂရန်ကို ရောင်းချသူမြေရှင်က ဘဏ် တွင် ပေါင်နှံထားသည်။
- မိတ်ဆွေက ပေါင်နှံထားမှန်းမသိဘဲမြေရှင်ပြသသည့် ဂရန်မိတ္တူပေါ် အခြေ တည်၍ မြေကွက်နှင့် အဆောက်အအုံကို ဝယ်လိုက်သည်။
- နောက်ပိုင်း ဘဏ်က ချေးငွေ အကြွေး မပေးဆပ်သဖြင့် မြေကွက်ကို ဝရမ်း ကပ်မှ အခြေအနေမှန်ကို သိရတော့သည်။
- မိတ်ဆွေသည် ရောင်းသူကို ဆက်သွယ်ရှာသော်လည်း မတွေ့တော့သြ ဖင့် နောက်ဆုံးတွင် ၄င်းကိုယ်တိုင်ကပင် ဘဏ်ချေးငွေကို ပေးဆပ်ခဲ့ရသည် ဟု ပြောဖူးပါသည်။

ထို့ကြောင့် မြေငှားဂရန် မိတ္တူဖြင့် အရောင်းအဝယ်ပြုပါက ဝယ်သူအနေဖြင့် အဝယ်မမှားစေရန် သက်ဆိုင်ရာ မြေယာဌာန (ရန်ကုန်မြို့တွင် ရန်ကုန်မြို့ေ တာ် စည်ပင်သာယာရေးကော်မတီ မြေယာ ဌာန) သို့ မြေကွက်နှင့် စပ် လျဉ်း၍ သေချာစုံစမ်းစိစစ်ပြီးမှ ဝယ်သင့်ပါသည်။

ထို့ပြင် အဆိုပါမြေကွက်ကို အရောင်းအဝယ်ပြုလုပ်ရန် နှစ်ဖက်သဘောတူ ညီကြကာ စရန်ငွေ တစ်စိတ်တစ်ပိုင်း ပေးချေ ပြီးပါက အဆိုပါမြေကွက် အရောင်းအဝယ်ကို ကန့်ကွက်ရန် ရှိ၊ မရှိ နေ့စဉ်ထုတ် သတင်းစာတွင် ထည့် သွင်း ကြေညာသင့်ပေသည်။

အရောင်းအဝယ်စာချုပ် ချုပ်ဆိုလျှင်လည်း အရှုပ်အရှင်း တစ်စုံတစ်ရာ ရှိပါ က ရောင်းသူက ဖြေရှင်းပေးရန်နှင့် ဝယ်သူ၏ နစ်နာကြေးကို ပေးလျော် မည်ဖြစ်ကြောင်း ဝန်ခံကတိစာချုပ် ချုပ်ဆို သင့်ပါကြောင်း အကြံပြု ရေးသား လိုက်ပါသည်။

Credit - Zaygwet Journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service