ဘဝမစခင် လုပ်သင့်တဲ့အရာများ

ဘဝမစခင် လုပ်သင့်တဲ့အရာများ - Property Knowledge in Myanmar from iMyanmarHouse.com
21 Jun 2017 10:57 am တွင် တင်ခဲ့သည်
1424 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

အသက် (၄၀) မှ ဘဝစတယ်လို့ ဆိုကြတဲ့အတွက် အသက် (၃၀)
ဆိုတာကို ဘဝမစခင် အရှိန်ယူနေဆဲအဆင့်လို့ ပြောရင်လည်းရပါတယ်။

အသက် (၄၀) မှ ဘဝစတယ်လို့ ဆိုကြတဲ့အတွက် အသက် (၃၀) ဆိုတာကို ဘဝမစခင် အရှိန်ယူနေဆဲအဆင့်လို့ ပြောရင်လည်း ရပါတယ်။ ဘဝဆိုတာကြီးကို မျက်ဝါးထင်ထင်မမြင်ရခင် အသက် (၃၀) နဲ့ (၄၀) ကြားအရွယ်ဟာ လောကဓံအောက်မှာ လှုပ်ရှား ရုန်းကန်ကြရတဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ခက်ခဲကြမ်းတမ်းတဲ့ အသက်
(၃၀) မတိုင်ခင်မှာ အောက်ပါအချက်တွေကို လုပ်ထားသင့်ပါတယ်။

၁။ ခရီးများများထွက်သင့်

အသက် (၂၀) နဲ့ (၃၀) ကြားဆိုတာ လူငယ်လူရွယ်ဘဝထဲမှာပဲရှိသေးတဲ့အတွက် ငယ်တုံးရွယ်တုံးမှာ ဒေသန္တရဗဟုသုတ များများရှာဖွေသင့်ပါတယ်။ ခရီးတစ်ခုထွက်ခြင်းကရတဲ့ ဗဟုသုတဟာ စာအုပ် (၁၀) အုပ်ဖတ်ခြင်းက ရတဲ့ဗဟုသုတထက်ပိုတယ်ဆိုတဲ့ ဆိုရိုးလည်းရှိပါတယ်။ အသက် (၃၀) နောက်ပိုင်းမှဆိုရင် ပုခုံးပေါ်မှာထမ်းပိုးထားရတဲ့ လုပ်ငန်းတာဝန်တွေ၊ အိမ်ထောင့်တာဝန်တွေနဲ့ ခရီးတစ်ခုကို စိတ်အေးလက်အေးထွက်နိုင်တော့မှာ မဟုတ်ပါဘူး။

၂။ စာအုပ်များများဖတ်သင့်

အသက် (၃၀) မတိုင်ခင်အချိန်တွေဟာ စိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွပြီး မှတ်သားနိုင်စွမ်းလည်းကောင်းမွန်တဲ့အရွယ် ဖြစ်ပါတယ်။ ဒီအရွယ်မှာ စာအုပ်များများဖတ်ထားပေးခြင်းဖြင့် ကိုယ့်ရဲ့အသက်မွေး ဝမ်းကြောင်းလုပ်ငန်းကိုပါ အထောက်အကူပြုနိုင်ပါတယ်။ အသက် (၃၀) နောက်ပိုင်းရောက်ရင် များပြားလှတဲ့တာဝန်ဝတ္တရားတွေကြောင့် စာအုပ်တစ်အုပ်ကို အရသာခံဖတ်ဖို့အချိန် ရှားပါးလာတာကို တွေ့ရှိရပါလိမ့်မယ်။

၃။ ကျန်းမာရေးလိုက်စားသင့်

ငယ်ရွယ်စဉ်ကတည်းက ကျန်းမာရေးလိုက်စားတဲ့အလေ့အကျင့်ကိုမွေးတဲ့လူတွေဟာ အသက် (၃၀) ကျော်ပြီးရင် အလေ့အထတစ်ခုအဖြစ်ပါလာပြီး ကျန်းမာရေးအတွက်ကော၊ ကိုယ်ကာယအလှအပအတွက်ပါ အသုံးဝင်ပါတယ်။ အသက် (၂၅) နှစ်ကျော်လာလို့ ပုံမှန်လေ့ကျင့်ခန်းမလုပ်ရင် သောက်ထားစားထားတဲ့အရှိန်လေးတွေကြောင့် ဘီယာဗိုက်လေးတွေထွက်လာတတ်ပြီး အသက် (၃၀) ကျော်တာနဲ့ ဘီးကျဲ ရုပ်ထွက်နေတတ်ပါတယ်။ ဒါကိုရှောင်ရှားဖို့အတွက် အသက် (၃၀) မတိုင်ခင်ကတည်းက ကျန်းမာရေးပုံမှန်လိုက်စားသင့်ပါတယ်။

၎။ အလုပ်အကိုင်အတည်တကျရှိသင့်

ငယ်တုံးရွယ်တုံးပဲ career jump (အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းခြင်း) လုပ်လို့ကောင်းပါတယ်။ အသက်လေးရလာတဲ့အချိန်ထိ အလုပ်အကိုင်အတည်တကျ မရှိသေးဘူးဆိုရင် ရေရှည်အလုပ် လုပ်စားဖို့ ခဲယဉ်းလာပါလိမ့်မယ်။ ဒါကြောင့် အသက် (၃၀) မပြည့်ခင် ကိုယ်ဘာအလုပ်လုပ်ပြီး ထမင်းရှာစားမယ်ဆိုတာကို ရှင်းအောင်စဉ်းစားဆုံးဖြတ်ပြီး အလုပ်အကိုင်အတည်တကျရှိအောင် ကြိုးစားသင့်ပါတယ်။

၅။ ငွေကြေးစုဆောင်းသင့်

ပိုက်ဆံရှာနိုင်စဉ်အချိန်မှာ တစ်လ တစ်လစုမိဆောင်းမိဖို့ဆိုတာ တော်တော်မလွယ်တဲ့ကိစ္စတစ်ခုပါ။ အပေါင်းအသင်းတွေနဲ့လည်ရင်းပတ်ရင်း၊ သုံးရင်းဖြုန်းရင်းနဲ့ပဲ တစ်လစာဝင်ငွေဟာ လမကုန်ခင် ပြောင်နေတော့တာပါပဲ။ ငယ်ရွယ်စဉ်မစုမိ မဆောင်းမိတဲ့ဒဏ်ကို အသက်ကြီးမှသိရမှာပါ။ အသက် (၃၀)ကျော်ပြီဆိုရင် အိမ်ထောင်သားမွေးကိစ္စတွေနဲ့ ငွေလိုအပ်လာတဲ့အချိန်မှာ စုမိဆောင်းမိထားတာမရှိရင် ချေးရငှားရနဲ့ တော်တော်လေး ကသီလင်တနိုင်ပါတယ်။ ဒါကြောင့် အသက် (၃၀) မတိုင်ခင်လုပ်သင့်တဲ့အလုပ်ထဲမှာ ငွေကြေးစုဆောင်းတာလည်း ပါပါတယ်။

၆။ မိဘကိုပြန်ကြည့်သင့်

အသက် (၃၀) ကျော်ပြီဆိုရင် အများစုကတော့ အိမ်ထောင်ရက်သားကျကုန်ကြတာများပါတယ်။ ကိုယ့်အိမ်ထောင်နဲ့ကိုယ် ဖြစ်လာပြီဆိုရင် မိဘကိုပြန်ကြည့်နိုင်ဖို့ ခဲယဉ်းလာပါတယ်။ ဒါကြောင့် ကိုယ်လည်း ရှာနိုင်ဖွေနိုင်၊ ပေးနိုင်ကမ်းနိုင်တုံး မိဘကိုပြန်ကြည့်ပေးပါ။ ပြန်လည်စောင့်ရှောက်ပေးပါ။

Credit: Duwun
ဘဝမစခင် လုပ်သင့်တဲ့အရာများ - Property Knowledge in Myanmar from iMyanmarHouse.com
ဘဝမစခင် လုပ်သင့်တဲ့အရာများ - Property Knowledge in Myanmar from iMyanmarHouse.com
ဘဝမစခင် လုပ်သင့်တဲ့အရာများ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service