မိဘပိုင်အိမ်ရောင်းခြင်းကို သားသမီးကန့်ကွက်ခြင်း တရားဝင်မှုမရှိ

မိဘပိုင်အိမ်ရောင်းခြင်းကို သားသမီးကန့်ကွက်ခြင်း တရားဝင်မှုမရှိ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jun 2017 11:26 am တွင် တင်ခဲ့သည်
32559 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

မရွှေ့ပြောင်းနိုင်သော ပစ္စည်း ဖြစ်သည့် အိမ်ခြံမြေ၊ တိုက်ခန်းများ ရောင်းဝယ် ရာတွင် အမွေဆိုင် သားသမီးများက ကန့်ကွက်ခြင်းသည် မြန်မာ့ဓလေ့ ထုံး တမ်း ဥပဒေအရ တရားမဝင်ကြောင်း ဥပဒေပညာရှင်များက ပြောသည်။

အိမ်ခြံမြေ၊ တိုက်ခန်း၊ ကွန်ဒို၊ ကား အစရှိသည့် ပိုင်ဆိုင်မှုများကို မိဘနှစ်ပါး သက်ရှိထင်ရှား ရှိနေစဉ်အတွင်း ထုခွဲရောင်းချခြင်းအပေါ် သားသမီးများက ကန့်ကွက်ခြင်း၊ အနှောင့်အယှက်ပေးခြင်းတို့မှာ မြန်မာ့ဓလေ့ ထုံးတမ်းဥပေ ဒနှင့် မကိုက်ညီသည့်အပြင် သက်ဆိုင်သူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်း ချက်များကို သိရှိမှုအား နည်းခြင်းကြောင့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများ၊ မိသားစု ဝင်အချင်းချင်း အပြန်အလှန် တရားစွဲမှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း ဥပဒေပ ညာရှင်များထံမှ သိရသည်။

မိဘပိုင် အိမ်ခြံမြေကို ရောင်းချရာတွင် သားသမီးများက တားမြစ် ကန့်ကွက်ြ ခင်း၊ ငွေကြေးတောင်းခံ ခြင်းတို့ ပြုလုပ်လာခဲ့ခြင်းကြောင့်အရောင်းအဝယ် ပျက်ပြားရသည့် ဖြစ်စဉ်များ အိမ်ခြံမြေအရောင်းအဝယ် ဈေးကွက်အတွင်း များပြားစွာဖြစ်ပွားခဲ့ကြောင်း၊ နောင်လည်း ဖြစ်ပွားနေဦးမည်ဖြစ်ကြောင်း၊ မိ ဘနှစ်ပါး သက်ရှိထင်ရှားရှိစဉ် ရောင်းဝယ်မှုများကို သားသမီးများက ဥပဒေေ ကြာင်းအရ ကန့်ကွက်ပိုင်ခွင့် ရှိမရှိနှင့် ပတ်သက်၍ အိမ်ခြံမြေအကျိုးဆောင် များ ကိုယ်တိုင် နားလည်သိရှိမှုအားနည်းလျက်ရှိကြောင်း သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

”ဗုဒ္ဓဘာသာမှာ လင်သေရင်မယား၊ မယားသေရင် လင် ဆိုပြီး ပြဋ္ဌာန်းထား တယ်။ မိဘနှစ်ပါး ပိုင် ဆိုင်မှုက မိဘနဲ့ပဲ ဆိုင်တယ်။ သူအသက်ရှိစဉ်မှာ ကြိုက်သလို စီမံခန့်ခွဲခွင့် ရှိတယ်။ သေသွားရင် မိဘရဲ့ ပိုင်ဆိုင်မှုကို သားသ မီးတွေပဲ ရတယ်။ ဗုဒ္ဓဘာသာမှာက သေတမ်းစာရေးခွင့်မရှိဘူး။ ခရစ်ယာန် မှာတော့ ရှိတယ်။ မိဘသေရင် မိဘပိုင်ဆိုင်တာကို သားသမီးတွေ ဆက်ခံခွင့် ရှိတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ မှာ ဒါကို အတိအလင်းပြဋ္ဌာန်းထား တယ်။ မိဘသက်ရှိထင်ရှားရှိစဉ်မှာ တော့ သူပိုင်တဲ့အိမ်ခြံမြေ သူ့သဘောနဲ့ သူရောင်းတာကို သားသမီးတွေကန့်ကွက်နေတာတွေက မှားနေတယ်။ ကိုယ့်အတွက် မိဘစေတနာရှိ အောင်နေပြီး ကြိုးစားဖို့ပဲ လိုတယ်”ဟု ၎င်း က ပြောသည်။

မိဘများ ကွယ်လွန်ပြီးနောက် ပိုင်းတွင် ကျန်ရစ်သူ အမွေဆိုင်သားသမီးများ အနေဖြင့် ပိုင်ဆိုင်မှုတန်ဖိုး ပိုမိုရရှိစေခြင်းငှာ တရားတပေါင် ဖြစ်ပွားကြရာ တွင် အမှုသက်တမ်း ရှည်လျားသဖြင့် အချိန်ကုန်၊ လူပန်းဖြစ်ပြီး အားလုံးအကျိုး မရှိ ဖြစ်ရ ကြောင်း၊ ထို့ကြောင့် အမွေဆိုင်သားသမီးအချင်းချင်း ညှိနှိုင်းပြီး သဘောတူမှုဖြင့် ခွဲဝေခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း မဏ္ဍိုင်ဥပဒေ အကယ်ဒမီမှ တရားလွှတ်တော်ရှေ့နေ လုပ်သက် နှစ် ၂ဝ ကျော် ရှိသည့် ရှေ့ နေ ဦးမောင်မောင်ဝင်းက ပြောသည်။

”တစ်ခါတလေ အမှုက သိပ်ရှုပ်ထွေးလာရင် အမှုပြီးဖို့က ၁ဝ နှစ်လောက် အ ထိ ကြာတတ်တယ်။ နှစ် ၃ဝ လောက်အထိ ကြာတဲ့အမှုတွေတောင် ရှိနေ တယ်။ အမွေပုံ ကုန်မှအေး ဆိုတဲ့ စကားတောင် ရှိသေးတယ်” ဟု ၎င်း က ပြောသည်။

မိဘနှစ်ပါး သက်ရှိထင်ရှားရှိနေစဉ်အတွင်း သားသမီးများကို ခွဲခြားကာ နှုတ်ြ ဖင့် ပေးကမ်းခဲ့မှုများ၊ စာချုပ်စာတမ်းဖြင့် ပေးကမ်းခဲ့မှုများကြောင့် မိဘများ ကွယ်လွန်သည့်အခါ သွေးသားရင်းချာ မောင်နှမများ အချင်းချင်း တရားတေ ပါင် ရင်ဆိုင်ရခြင်း၊ အမှုများ နှစ်ရှည်ကြာမြင့် ရခြင်းတို့မှာ မြန်မာဓလေ့ ထုံး တမ်း ဥပဒေကို နားလည်သိကျွမ်းမှု အားနည်းသည့်အတွက် ဖြစ်ပွားရခြ င်ြး ဖစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင် မိဘများအနေဖြင့် နှုတ်ဖြင့် ပေးကမ်းခြင်း၊ အ ရပ် စာချုပ်များဖြင့် နှစ်သက်ရာသားသမီးများကို ပေးကမ်းခြင်းမှာလည်း တရားဝင် မှု မရှိကြောင်း၊ ထိုသို့ ပေးကမ်းခဲ့ခြင်းကြောင့် မိဘများကွယ်လွန်ပါက ပိုင်ဆိုင် မှုများ လက်ဝယ်ရရှိထားသည့် သားသမီးများနှင့် ကျန်မိသားစုဝင်များ အ ကြား ပြဿနာများဖြစ်ပွားကာ တရားရုံးများတွင် အမွေပုံစီမံခန့်ခွဲမှု အတွက် ဦး တိုက်လျှောက်ထားမှုများတစ်နေ့တခြား များပြားလာခြင်းဖြစ်ကြောင်း ဥပဒေ ပညာရှင်များက ပြောသည်။

ကွယ်လွန်သူမိဘ၏ ကျန်ရစ်သူသားသမီးများအကြား ပိုင်ဆိုင်မှုအငြင်းပွာြး ခင်းကြောင့် သတင်းစာ များတွင် ကြော်ငြာထည့်သွင်းကာကန့်ကွက်ခြင်း၊ အြ ပန်အလှန် တရားစွဲဆိုခြင်း၊ လက်ရှိ လက်ရောက်နေထိုင် ပိုင်ဆိုင်ထားသူက အမှုမပြီးပြတ်အောင် လုပ်ပိုင်ခွင့်များအတွင်းမှ အချိန်ဆွဲခြင်းတို့ကြောင့် ဝယ် ယူသည့်သူများ အတွက် နှောင့်နှေးကြန့်ကြာမှုများနှင့် အတူ ငွေကြေး ဆုံးရှုံး မှုများ တွေ့ကြုံရကြောင်း၊ ယင်းအမွေမှုများ ပြီးပြတ်ရန် နှစ်နှင့်ချီ ကြာမြင့် မည်ြ ဖစ်ကြောင်း၊ လက်ရောက်ပိုင် ဆိုင်ထားသူအနေဖြင့် စိတ်ကြိုက် အနေအထား မရောက်မချင်း အမှုကိုဆွဲဆန့်ထားလေ့ရှိကြောင်း၊ အမွေပုံစီမံခန့်ခွဲမှုသည် ရာဇဝတ်ကြောင်းနှင့် မဟုတ်ဘဲ တရားမကြောင်းနှင့်သာ သွားရခြင်းကြောင့် အချိန်ပေးပြီး တရားရင်ဆိုင်ခြင်းပြုနိုင်သူက တရားခွင် တွင် တစ်နည်းတစ် လမ်း အားဖြင့် အရေးသာလေ့ရှိကြောင်းသိရသည်။

”အများအားဖြင့် ပိုင်ဆိုင်ထားတဲ့သူက ခွဲမပေးချင်၊ ဒီနေရာကနေဖယ် မပေး ချင်လို့ မကြာကြာအောင် သူ့ရဲ့ရှေ့နေတွေနဲ့ လုပ်ထုံးလုပ်နည်းအတိုင်း အချိန်ဆွဲပြီး လုပ်လာကြတယ်။ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ အတိုင်း မလုပ် ကြလို့ ပြဿနာတွေက မများသင့်ဘဲ များနေတာ” ဟု ဦးမောင်မောင်ဝင်းက ဆက်လက် ပြောသည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
Magical World
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service