Steve Job ထံမှ ရရှိသော ဘ၀နှင့်လုပ်ငန်းခွင် သင်ခန်းစာ (၁၀)ခု

Steve Job ထံမှ ရရှိသော ဘ၀နှင့်လုပ်ငန်းခွင် သင်ခန်းစာ (၁၀)ခု - Property Knowledge in Myanmar from iMyanmarHouse.com
7 Jun 2017 11:35 am တွင် တင်ခဲ့သည်
3963 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

၁။ ဈေးရောင်းရာတွင် ကိုယ်ချင်းစာ တရားထားရှိပါ။

ဈေးရောင်းရာမှာတင်မကပဲ ၀န်ဆောင်မှု တစ်ခုခု ပေးရာတွင်ဖြစ်ဖြစ်၊ အကြံပေးလုပ်ငန်းလုပ်ရာတွင်ဖြစ်ဖြစ် အရေးအကြီးဆုံးက ကိုယ့် customers အပေါ်မှာ ကို၁။ ဈေးရောင်းရာတွင် ကိုယ်ချင်းစာ တရားထားရှိပါ။

ဈေးရောင်းရာမှာတင်မကပဲ ၀န်ဆောင်မှု တစ်ခုခု ပေးရာတွင်ဖြစ်ဖြစ်၊ အကြံပေးလုပ်ငန်းလုပ်ရာတွင်ဖြစ်ဖြစ် အရေးအကြီးဆုံးက ကိုယ့် customers အပေါ်မှာ ကိုယ်ချင်းစာတရားထားပြီး နားလည်နိုင်ဖို့ ပဲဖြစ်ပါတယ်။
သင်ကိုယ်တိုင် သူ့ နေရာမှာ ၀င်နေပြီး သင်ပေးနေတဲ့ ၀န်ဆောင်မှု ကို ပြန်လည်သုံးသပ်ကြည့်ပါ။ သင့်ဝန်ဆောင်မှုကို ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ အကြံဥာဏ်ကောင်းများ ပိုမိုရရှိလာပါလိမ့်မည်။

၂။ ကိုယ်လုပ်လို့ ပျော်သည့် အလုပ်ကိုသာလုပ်ပါ။

Steve jobs သည် သူ့ ဘ၀တစ်လျှောက်လုံးတွင် Company ကို ဦးဆောင်ခြင်းမှလွဲပြီး ကျန်သည့်အအချိန်တွင် သူ့ စိတ်ဝင်စားသည့် နည်းပညာပိုင်းကို သာလုပ်ကိုင်ခဲ့ပါသည်။
လူတိုင်းမှာ အဆင်နေတဲ့ အလုပ်နဲ့ အဆင်မပြေတဲ့ အလုပ်ရှိနေနိုင်ပေမယ့် သင့်ကိုယ်သင် မေးရမှာက ဒီအလုပ်ဟာသင်လုပ်ချင်တဲ့အလုပ်လား ဆိုတာပါပဲ။ လုပ်နေတဲ့အလုပ်မှာပျော်ရဲ့လားဆိုတာကို မေးသင့်ပါတယ်။ သင့်ကို ပျော်ရွှင်စေတဲ့ အလုပ်မှာသာ လုပ်ပါ။

၃။ သင့်ရောင်းကုန်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။ဒါပေမယ့်သုံးရ အခက်အခဲဆုံးနဲ့ဈေးအကြီးဆုံးမဖြစ်ပါစေနဲ့ ။

နည်းပညာကုန်ပစ္စည်းတွေ၊ ၀န်ဆောင်မှုတွေနဲ့ ပိုပြီးသက်ဆိုင်ပါတယ်။သင်ဟာသင့်ရဲ့ နည်းပညာနယ်ပယ်မှာအကျွမ်းကျင်ဆုံးဖြစ်ပါစေ။ဒါပေမယ့် အဲ့ဒီကျွမ်းကျင်မှု အားလုံးကိုသင့်ရဲ့ရောင်းကုန်မှာ မထည့်လိုက်ပါနဲ့ ။ဘာလို့ လဲ ဆိုတော့ လူတိုင်းကသင့်ရဲ့နည်းပညာကို လိုက်လို့ မမှီလို့ ပါ။ ဒါ့အပြင် ဈေးကိုလည်း လူတိုင်းတတ်နိုင်သော ဈေးဖြစ်အောင် သတ်မှတ်ပါ။

၎။ တုံးအသော၊ ပျင်းသောလူများကို သင့်ပတ်ဝန်းကျင်မှာ မရှိပါစေနဲ့ ။

တုံးအသော၊ပျင်းသောလူများကို ဘယ်တော့မှ သည်းမခံပါနဲ့ ။ ဘယ်တော့မှ သင့်ရဲ့  company ကိုအ၀င်မခံပါနဲ့ ။ မဟုတ်လျှင် သင့်company မှာရှိတဲ့ အခြားသူများကိုပါ သူတို့ ၏ တုံးအခြင်း၊ ပျင်းရိခြင်းများ ကူးစက်ကုန်ပါလိမ့်မယ်။

၅။ ဘယ်လိုဦးဆောင်ရမလဲဆိုတာကို လေ့လာသင်ယူပါ။

သင့်ရဲ့ company ကို ကြီးကြီးမားမားအောင်မြင်စေချင်တယ်ဆိုလျှင်တော့ အရာအားလုံးကို သင်တစ်ယောက်တည်း လုပ်လို့ မရတော့ပါ။ တာဝန်တွေ ခွဲဝေယူဖို့ ကျွမ်းကျင်တဲ့ သူတွေလိုလာပါပြီ။ အဲ့လိုလူတွေကို ဦးဆောင်ပြီး စီမံနိုင်ဖို့ ရာ သင့်မှာ ခေါင်းဆောင်ကောင်း၊မန်နေဂျာကောင်း အရည်အသွေးတွေလိုအပ်လာပါပြီ။

၆။ သင့်ကျန်းမာရေးကို ဘယ်တော့မှ အလောင်းအစားမထပ်ပါနဲ့ ။

အလုပ်ကြိုးစားတာကောင်းပါတယ်။ ဒါပေမယ့် သင့်ခန္ဓာကိုယ်က လုပ်နိုင်တာထက်ပိုပြီး မကြိုးစားလိုက်ပါနဲ့ ။ အထူးသဖြင့် သင့်ရဲ့ ဆရာဝန်က သင့်ကို ကျန်းမာရေးအတွက် သတိပေးစကားတွေ ပြောထားပြီးသား ဖြစ်နေတယ် ဆိုလျှင်ပေါ့။ Steve Jobs သာ သူရဲ့ကင်ဆာကို ဆရာဝန်ကုသ ချင်တဲ့အတိုင်း ကုသမှု ခံယူခဲ့မယ်ဆိုလျှင် အခုအချိန်အထိ အသက်ရှင်ကောင်းရှင်နေပါလိမ့်မယ်။

၇။ company ရဲ့ အောက်ခြေပိုင်းအလုပ်များကိုလည်း မျက်ခြေမပျက်စေပါနဲ့ ။

သင်လုပ်နေတဲ့အလုပ်တိုင်းမှာ ဘယ်လောက်ပင်သေးတော့ အလုပ်ဖြစ်ပါစေ ဂုဏ်ယူလိုက်ပါ။ ဘာကို ဆိုလိုသလဲဆိုတော့ company ဒါရိုက်တာကြီးဖြစ်နေတဲ့အတွက် အောက်ခြေပိုင်းအလုပ်တွေကို မျက်နှာလွှဲထားလို့ မရပါဘူး။ အောက်ခြေပိုင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို အမြဲသိနေဖို့ လိုပါတယ်။

၈။ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ကစားပွဲတွေမှာ ပြိုင်ဖက်ကို အနိုင်ယူဖို့ ထက် ကစားပွဲ စည်းကမ်းကို ပြင်နိုင်အောင်ကြိုးစားပါ။

Apple စတင်နာမည်ပြန်ကြီးချိန်မှာအဓိကပြိုင်ဖက်သည် Dell ပါ။ဒါပေမယ့် Steve Jobs အနေနဲ့ Dell နဲ့ သူနိုင်ကိုယ်နိုင်ကျဲဖို့ ထက်အကြံဥာဏ် အသစ်တွေနဲ့သီးခြားထိုးထွက်အောင်မြင်ခဲ့ပါတယ်။

၉။ ရည်မှန်းချက်တစ်ခုပြီးမြောက်ပါက နောက်ရည်မှန်းချက် တစ်ခုချမှတ်ပါ။

အကယ်၍များ သင့်ရည်မှန်းချက်တစ်ခု အောင်မြင်ခဲ့ပါက နောက်တစ်ခုချမှတ်ပါ။ CEO တော်တော်များများဟာ ရည်မှန်းချက် တစ်ခုပြည့်ခဲ့ပါက အဲ့ဒီအောင်မြင်မှုတွေနဲ့ပျော်ရွှင်ယစ်မူးနေပြီး နောက်ထက်တစ်ဆင့် တတ်ဖို့ ကို မေ့လျော့သွားတတ်ကြပါတယ်။

၁၀။ သင့်ကုန်ပစ္စည်းရဲ့ ထုတ်ပိုးမှု နဲ့ ဆွဲဆောင်မှုတွေကလည်း တစ်ခါတစ်ရံမှာ အရေးကြီးတတ်ပါတယ်။

သင့်ကုန်ပစ္စည်းအရည်အသွေး ဘယ်လောက်ကောင်းကောင်း ကြော်ငြာအားကလည်း အမြဲအရေးကြီးပါတယ်။
ဒါကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့ marketing plan လုပ်ရာမှာ advertising အတွက်ဘယ်တော့မှ မမေ့ပါနဲ့ ။အားလုံးကို ကျေးဇူးတင်ပါတယ်။

Credit: Prospect Myanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service