စာချုပ်ပါ သက်သေ

စာချုပ်ပါ သက်သေ - Property Knowledge in Myanmar from iMyanmarHouse.com
5 Jun 2017 11:49 am တွင် တင်ခဲ့သည်
2412 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

စာချုပ်များ ချုပ်ဆိုကြရာတွင် အသိသက်သေသည် မပါမဖြစ် ပါရှိရမည့် ကိစ္စ ရပ်ဖြစ်ပါသည်။ ကတိပြုသူ၊ ကတိရသူများအပြင်အသိသက်သေများပါ စာချုပ် တွင် ပါဝင်လက်မှတ်ရေးထိုးကြရပါသည်။

အဆိုပါ အသိသက်သေများသည် ကတိပြုသူ၊ ကတိရသူတို့၏ကတိပြုချက်၊ သဘောတူညီချက်၊ အာမခံချက်၊ စည်းကမ်းချက် စသည်တို့ကို အမှန်တကယ် သိရှိထားဖို့ လိုအပ်ပါသည်။

“အောက်ပါ အသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုကြ ပါသည်။” ဟူ၍ စာချုပ်များပေါ်တွင် ဖော်ပြပါရှိလေ့ရှိပြီး နှစ်ဘက် လက်မှတ်ေ ရးထိုးကာ အသိသက်သေများ ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည် ဖြစ်သော် လည်း ပြဿနာများပေါ်ပေါက်၍အသိသက်သေများကို စစ်ဆေးမေးမြန်းသော အ ခါတွင်မူ သက်သေအဖြစ် ရေးထိုးခဲ့သော စာချုပ်ပါ အချက်များကို ပြန် လည် ပြောပြနိုင်သည့်အသိသက်သေမျိုးမှာ အတော်ပင် ရှားပါးတတ်ပါသည်။

- အချို့က မိမိ ရေးထိုးခဲ့သည့် လက်မှတ်ကို ပြန်ကြည့်ကာ မိမိလက်မှတ် ဟုတ် မဟုတ်၊ မိမိရေးထိုးခဲ့ခြင်း ဟုတ် မဟုတ် ဇဝေဇဝါဖြစ်နေတတ်ကြပါ သည်။
- အချို့ကလည်း သက်သေအဖြစ် မိမိလက်မှတ်ရေးထိုးခဲ့သည် မှန်သော် လည်း စာချုပ်ပါအချက်များကို မသိကြောင်း ပြောပါသည်။
- သက်သေအဖြစ် လက်မှတ်ထိုးဆို၍ ရေးထိုးပေးခဲ့ခြင်းသာ ဖြစ်ပါသည်ဟု အချို့ကလည်း ဆိုပါသည်။
- အချို့ကမူ စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးပေးခဲ့သည် မှန်သော်လည်း စာချုပ်ကို မိမိ မဖတ်ကြည့်ကြောင်း၊သက်သေအဖြစ် အကူအ ညီပေးသည့်အနေဖြင့် ရေးထိုးပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောဆိုပါသည်။
- မိမိကိစ္စ မဟုတ်၍ မမှတ်မိဟု ပြောသူကလည်း ပြောပါသည်။

စာချုပ်နှင့်ပတ်သက်၍ မသေချာ မရေရာသော ထွက်ဆိုချက်များကိုသာ ပြော ဆိုပြီး စာချုပ်ပါအချက်များနှင့် ပတ်သက်၍ တိတိကျကျ မပြောနိုင်၊ မဖြေနိုင် သည်ကို ဆင်ခြေအမျိုးမျိုးပေး ဖြေရှင်းတတ်ကြပါသည်။ ၎င်းတို့အား အပြစ်မ ဆိုသာဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် – ၎င်းတို့အနေဖြင့် လူမှုရေး အရ အကူအညီပေးသည့် သဘောဖြင့် ပါဝင်လာခဲ့ခြင်းဖြစ်သောကြောင့် ဖြစ် ပါသည်။

စာချုပ်ချုပ်ရာတွင်

- အမှန်တကယ် ကြပ်မတ်ဆောင်ရွက်ရမည့်သူမှာ စာချုပ်ချုပ်ဆိုပေးသူ အကျိုးဆောင် (သို့မဟုတ်) ကာယကံရှင်များ ဖြစ်သည်ဟု ဆိုရပါမည်။
- ဥစ္စာရင်လို ဥစ္စာရင်ခဲ သက်သေများကို တကူးတကန့် အကူအညီတောင်းဖို့ လိုအပ်ပါသည်။
- စာချုပ်ချုပ်ရသည့် ကိစ္စရပ်များကို စာချုပ်မချုပ်မီ ရှင်းလင်းပြောပြဖို့ လိုအပ်ပါ သည်။
- စာချုပ်တွင် လက်မှတ်မရေးထိုးမီ စာချုပ်ကို အရင်ဖတ်စေခြင်း (သို့မဟုတ်) ဖတ်ပြခြင်းများ ရှိသင့်သည်ဟု ဆိုရပါမည်။

ကာယကံရှင်များ သဘောတူချုပ်ဆိုသည့် အချက်များကို သိရှိသဘောပေါက်ြ ပီးနောက် လက်ခံသောအခါတွင်မှ အသိသက်သေနေရာတွင် ပါဝင် လက် မှတ်ရေးထိုးစေသင့်ပါသည်။ ထို့ပြင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ေ ရးထိုးပေးသူအား ထိုက်သင့်သောချီးမြှင့်မှုကိုလည်း ပြုရန် ဝန်မလေးသင့်ဟု အကြံပြုလိုပါသည်။

အဘယ်ကြောင့်ဆိုသော်

တစ်စုံတစ်ရာ ပြဿနာပေါ်ပေါက်လာသောအခါ ကြုံကြိုက်သက်သေတစ်ဦး၏ ထွက်ဆိုချက်သည် လွန်စွာတန်ဖိုးနည်းပါးသောကြောင့် ဖြစ်ပါသည်။သို့ဖြစ်ရာ စာချုပ်ချုပ်ပြီဆိုမှဖြင့် ချုပ်ရကျိုးနပ်စေရန် တိတိကျကျ ထိထိမိမိ အဖြေရှိနိုင် ရန် ဖြစ်သလို ကြုံသလို မလုပ်မိကြဖို့၊ မချုပ်မိကြဖို့ တိုက်တွန်းရပေသည်။

Credit: ဦးကျော်ဇေယျ(ဥပဒေ)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service