လယ်မြေ ၀ယ်ရောင်း ပိုင်ဆိုင်မှု မစစ်လို့ ပြဿနာတွေ ကြုံနေရ

လယ်မြေ ၀ယ်ရောင်း ပိုင်ဆိုင်မှု မစစ်လို့ ပြဿနာတွေ ကြုံနေရ - Property Knowledge in Myanmar from iMyanmarHouse.com
25 May 2017 12:07 pm တွင် တင်ခဲ့သည်
2822 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အကွက်ရိုက်ရောင်းချတဲ့ လယ်မြေကွက်တွေကို ပိုင်ဆိုင်မှု မစစ်ဆေးပဲ တန်ဖိုး သက်သာတယ်ဆိုပြီး ၀ယ်ပြီးမှ အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ မြေကွက်
တွေ မဟုတ်တာကို သိရကြောင်း ကိုယ်တိုင်ဝယ်ယူထားသူ တချို့ဆီက သိရ ပါတယ်။

ရွှေပြည်သာမြို့နယ်အတွင်းရှိ သမင်တက်ကွင်း၊ တံတားကြီးကွင်း၊ သာဓု ကွင်း၊ လှော်ကားကွင်း၊ သံဒင်း အစရှိတဲ့ နေရာတွေမှာ အစိုးရပိုင်မြေကွက်ေ တွကို တောင်သူပိုင် ပိုလျှံပလပ်မြေဆိုပြီး ရောင်းချ ကြတာလို့ သိရတယ်။

သိမ်းဆည်းမြေတွေ ဖြစ်တာကြောင့် လယ်အမည်ပေါက်တွေကို လယ်ယာ လုပ်ပိုင်ခွင့် ပြန်လည် မရရှိသေးတဲ့ မြေတွေဖြစ်ကာ လယ်ပွဲစားတစ်ချို့က ဧကအလိုက် ၀ယ်ယူပြီး တရားဝင် မဟုတ်တဲ့ မြေပုံတွေမှာ အကွက်တွေ ခွဲပြီး အခိုင်အမာပုံစံမျိုးနဲ့ ရောင်းချနေကြတာလို့ သိရပါတယ်။

“၂၀၁၃ ခုနှစ်နှစ်လယ်ပိုင်း ဇူလိုင်လ၀န်းကျင်က လယ်ပွဲစားဆီကနေ တစ် ဆင့် ၀ယ်ခဲ့တာ၊ ဈေးကလည်း သက်သာတယ်ဆိုပြီး စာရွက်စာတမ်း တောင်း ကြည့်တော့ မြေခွန်စာရွက်ရယ်၊ အိမ်ထောင်စုစာရင်း စာရွက်တွေပြတယ်၊ ကိုယ်ကလည်း ယုံပြီးဝယ်ခဲ့တာ၊ အခုသေချာစုံစမ်းကြည့်တော့မှ တရားဝင် ချပေးထားတဲ့ အကွက်တွေ မဟုတ်ဘူး၊ စာချုပ်ချုပ်တော့လည်း ကို့ရဲ့ အား နည်းချက်လည်း ပါပါတယ်၊ တစ်ခါမှ ကိုမသိတဲ့ နာမည်နဲ့လူက လက်မှတ် ထိုးပေးတာ” လို့ ရွှေပြည်သာမြို့နယ်ရှိ အကွက်ရိုက်မြေကို သိန်း ၁၀၀ ဖိုး ၀ယ်ခဲ့တဲ့ ဒေါ်ခင်ခင် (အမည်လွှဲ)က သူကြုံတွေ့ခဲ့ရတာကို ပြောပြပါတယ်၊

ဆွဲဆောင်နည်းက

လယ်မြေ တွေကို ရောင်းချစဉ်က တညင်းကုန်းလမ်းဆုံမှ ရွှေပြည်သာမြို့နယ် ကို ဖြတ်ပြီးမှော်ဘီတိုင်အောင် လမ်းဖောက်မယ်၊ ဓာတ်တိုင်တွေ စိုက်တော့ မှာ၊ နေပြည်တော်ကို လူလွှတ်ပြီး ပိုင်ဆိုင်ခွင့်ရဖို့ ငွေပေးပြီး အချိန် နှစ်လ၊ သုံးလ အတွင်းကျမယ်ဆိုပြီး ဆွဲဆောင်ကြသလို လယ်မြေအတွက် ပြဿနာေ ပ်ါပေါက်လာပါက ငွေပြန်လျော်ပေးနိုင်တယ်။

ရပ်ကွက်တာဝန်ရှိသူတွေ၊ တာဝန်ခံတွေကလည်း သိရှိအသိအမှတ် ပြုထား တယ်လို့ ၀ယ်ယူသူတွေကို အတိအကျပြောဆိုပြီး ရောင်းချထားတာ လို့ သိ ရပါတယ်။

ဌာနကချပေးထားတဲ့ အကွက်တွေလိုမျိုး တရားဝင် မဟုတ်ပဲ မြေပုံတွေ နဲ့ အကွက်တွေဆွဲပြီး ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေ ပြသတယ်၊ အကွက်ဆွဲ ထားတာက ပေ၂၀x ပေ ၆၀၊ပေ၂၀x ပေ ၈၀ ၊ပေ၂၀ x ပေ ၁၅၀၊ ပေ၂၀ x ပေ ၁၀၀ စတဲ့ နံပါတ်တွေ တပ်၊ တိုင်းတာပြီး ရောင်းချတာလို့ ဆိုတယ် ။ မြေတစ်ကွက်ကို သိန်း ၂၀၊၂၅ သိန်း၊ သိန်း၃၀ စသည်ဖြင့် ဈေးနှုန်း သက် သက်သာသာနဲ့ ရောင်းချတာဖြစ်ပါတယ်။

“လူသိရှင်ကြားရောင်းချနေတာ ၊ ဒါကြောင့်လည်း တရားဝင်ရောင်းချတာလို့ ထင်မိတာ၊ သေချာမသိတော့ တကယ်ထင်ပြီး၊ ယုံကြည်မှု့နဲ့ဝယ်ခဲ့တာ၊ ၀ယ် ယူစဉ်မှာ လဲရပ်ကွက်တာဝန်ရှိသူတွေက တစ်စုံတစ်ရာ သတိပေးတားမြစ် တာမျိုး မရှိဖူး၊ ၀ယ်ပြီး လေးလ၊ငါးလအကြာမှာ သက်ဆိုင်ရာဌာနကနေ မ ကျူးကျော်ရဆိုပြီး ခြံခတ်သွားတယ်၊ ရှိစုမဲ့စု ၀ယ်ထားကြတာဆိုတော့ သက် ဆိုင်ရာ ဌာနတွေအထိ တိုင်ကြားထားတယ်” လို့ မြေကွက်ဝယ်ယူမိသူ ဒေါ် ရီရီ (အမည်လွှဲ)ကပြောပါတယ်။

ထပ်မံလိမ်လည်

လယ်ယာလုပ်ပိုင်ခွင့် မကျသေးတဲ့ မြေတွေကို ရောင်းချတယ်။ လုပ်ပိုင်ခွင့် မကျသေးတဲ့ မြေမှန်းသိရှိတဲ့ သူတွေကို ၀ယ်ရောင်းလုပ်နေတဲ့ မြေ ပွဲစားတွေ က အထူးဂရံ လျှောက်ခွင့်ပေးထားတယ်။ ဌာနဆိုင်ရာတွေ အကြီးအကဲတွေရဲ့ အမည်တွေကို သုံးပြီး ဂရန်လျှောက်ထားဖို့အတွက် မြေ၀ယ်ထားသူတွေကို အခိုင်အမာ ပုံစံနဲ့ ဌာနဆိုင်ရာနာမည် တွေတပ်ပြီး စာရွက်စာတမ်းတွေေ ပးကာ ဆန္ဒ္ဒ္ဒတောင်းခံမှုဆိုပြီး လက်မှတ်ထိုးခိုင်းတယ်။

ထိုသို့လျှောက်ထားမှုအတွက် ကုန်ကျစရိတ်အတွက် ငွေဖြတ်ပိုင်းစာရွတ်နဲ့ အတိအလင်း ပုံစံ စာရွတ်စာတမ်းအတု ပြုလုပ်ပြီး ငွေတောင်းခံတယ်လို့ သိရပါတယ်။ လိမ်လည်ထားတဲ့ စာရွတ်စာတမ်း အားလုံးကို အတိအကျ အ ခိုင်အမာ တရားဝင်ကဲ့သို့ ပြုလုပ်ပြီး လိမ်လည်တာလို့ ဆိုတယ်။

ဒေါ်ခင်ခင်က “အန်တီလဲ အသုံးမကျတာပါ၊ ကိုယ့်အမှားလည်း ပါတယ်၊ ပ ထမ မြေကွက်ဝယ်ဖို့ လာပြောတဲ့သူနဲ့ ခင်နေတော့ ယုံမိလိုက်တာနဲ့ ပိုက်ဆံ ပုံပေးလိုက်မိတာ၊ ကျန်းမာရေးကြောင့် ဆေးရုံတက်နေစဉ်မှာပဲ စာရွတ် စာ တမ်းလာပို့တော့ စာချုပ်မှာက ကိုယ်မတွေ့မမြင်ဖူးတဲ့သူ နာမည်နဲ့ စာချုပ်ပါ အကြောင်းအရာတွေကလဲ သူတို့ဘက်ပါအောင် ရိုက်နှိပ်ထားတယ်၊ ကိုယ့်မှာ လဲ ဘာမှမလုပ်နိုင်ဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ငွေပြန်အမ်းပေးတယ်

ဝယ်ယူထားမိတဲ့ သူတစ်ချို့ထဲက မခံနိုင်တဲ့ သူတချို့က စာရွတ်စာတမ်းတွေ အကုန်စုပြီး ခံရတဲ့သူတွေ စုပေါင်းပြီး တိုင်းဒေသကြီး ရုံးတွေ အထိ စာတင်ပြီး တိုင်ကြားထားတယ်။ မတိုင်ကြားခင်က ထိုသို့ပြုလုပ်ရောင်းချတဲ့သူဆီ သွားေ ရာက်ညှိုနှိုင်းပေမယ့် မပြေလည်တာကြောင့်လို့ ဆိုတယ်။ တိုင်ကြားတဲ့ သ တင်းကြောင့် တချို့ကို ငွေပြန်အမ်းတယ်လို့ သိရတယ်။

“တိုင်းဒေသကြီးကို စာတင်တယ်ကြားတော့မှ ပြန်ပြီး ပိုက်ဆံပြန် အမ်းပေး တယ်၊ ဒါပေမယ့် အကုန်လုံးမဟုတ်ဘူး၊ ၀ယ်ထားတဲ့ သူတွေ အားလုံး မဟုတ် ဖူး၊ တစ်ချို့ဆို ဂရန်လျှောက်ဖို့ ငွေသုံးသိန်းပါ ထပ်ပေးထားတာတွေ ရှိတယ်၊ အခု စည်ပင်ရုံးကြီးကနေ တစ်ဆင့် အဲ့လို လူလိမ်တွေ စီးပွားရေးလုပ်လို့ မရအောင် ဌာနတွေ အဆင့်ဆင့် တိုင်ကြားသွားမှာ၊ လိုအပ်ရင် နေပြည်တော် အထိ စာတင်မှာ”လို့ ဒေါ်ရီရီက ပြောပါတယ်။

အခုလို လိမ်လည် ရောင်းချမှုတွေကို ၀ယ်ယူမိသူတွေ တစ်နေ့တစ်ခြား များ လာတယ်။ ဒေါ်ခင်ခင်၊ ဒေါ်ရီရီတို့ ၀ယ်ထားတဲ့ မြေရောင်းသူထံမှ ၀ယ်ယူ မိထားသူက ခုနစ်ဦးလောက်ရှိပြီး တန်ဖိုးမှာသိန်းထောင်ဂဏန်းဖိုး ရှိတယ်လို့ သိရပါတယ်။

Credit: The Kumudra

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service