မစ္စကျောင် (MS. ZHOU) စက်ရုံအလုပ်သမားဘ၀မှ တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ

မစ္စကျောင် (MS. ZHOU) စက်ရုံအလုပ်သမားဘ၀မှ တရုတ်ပြည်၏ အချမ်းသာဆုံးအမျိုးသမီးဖြစ်လာသူ - Property Knowledge in Myanmar from iMyanmarHouse.com
24 May 2017 2:22 pm တွင် တင်ခဲ့သည်
2819 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ငယ်စဉ်က တရုတ်တောင်ပိုင်း ရှန်ကျန်း (Shenzhen) မြို့လေးက ဆင်းရဲနွ မ်းပါးလှတဲ့ စက်ရုံအလုပ်သမားတစ်ဦး ဖြစ်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် မစ္စေ ကျာင် (Ms. Zhou) ဟာ ယနေ့ဆိုရင်တော့ ဟူနန်အခြေစိုက် Lens Technology ရဲ့ Chairman နဲ့ President ဖြစ်နေပါပြီ။ သူ့ရဲ့ အဲဒီကုမ္ပဏီ ဟာ မိုဘိုင်းဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ ကင်မရာတွေအတွက် Touch Screen မှန်မျက်နှာပြင်တွေကို ထုတ်လုပ်ပေးနေတာ ဖြစ်ပါတယ်။ ကုမ္ပဏီလုပ်ငန်းရဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံခန့် ရှိနေပါပြီ။ ဒါ့အပြင် သူ့ရဲ့ နာမည်ဟာဆိုရင်လည်း အမေရိကန်ဒေါ်လာ ၂၄.၅ ဘီလီယံခန့် တန်ကြေးရှိ တဲ့ ဧရာမ e-commerce လုပ်ငန်းကြီး Alibaba ကို တည်ထောင်ထားသူ တရုတ်စွန့်ဦးတီထွင် လုပ်ငန်းရှင်ကြီး မစ္စတာ ဂျက်မ (Jet Ma) တို့နဲ့ မကြာခ ဏ ဆိုသလို ယှဉ်တွဲပြီး ဖော်ပြခံနေရပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မတ်လက သူ့ရဲ့ကုမ္ပဏီကို ရှန်ကျန်း စတော့အိပ်ချိန်းဈေးကွက်မှာ တင်ခဲ့တဲ့နောက်ပိုင်း မစ္စကျောင်ရဲ့ ကြွယ်ဝမှုဟာ ယခုလိုမြင့်တက်လာခဲ့ တာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ရှယ်ယာတွေဟာ (၁၀) ရက်ဆက်တိုက်ဆိုသလို တစ်ဟုန်ထိုး တိုးတက်လာခဲ့ကာ ယခုလို ဒေါ်လာ ၇.၆ ဘီလီယံထိ တန်ဖိုး မြင့်တက်လာခဲ့တာပါ။ သူ့ရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၇.၁ ဘီလီယံခန့် ချမ်းသာတဲ့ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူ ချန်လိုင်ဝါးကိုတောင် ကျော်လွန်သွားခဲ့ တာဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ စွမ်းအင် လုပ် ငန်းသူဌေးကြီးဖြစ်တဲ့ လီဟီဂျန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကြွယ်ဝချမ်းသာမှုက အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံထိ ရှိပါတယ်။

ပြောရမယ်ဆိုရင် မစ္စကျောင်ရဲ့ ဘ၀အစပိုင်းဟာ ဘီလီယံနာသူဌေးကြီး တစ်ယောက်ဖြစ်ရေး အိပ်မက်ဆိုတာထက် အိပ်မက်ဆိုးကြီးတစ်ခုလို့ ဆိုရမှာ ပါ။ သူ့ကို ဟူနန်ပြည်နယ်ထဲက ရွာငယ်လေးတစ်ရွာမှာ ဆင်းဆင်းရဲရဲ နဲ့ မွေးဖွားခဲ့တယ်။ အသက် ၅ နှစ်အရွယ်မှာပဲ မိခင်ရဲ့ စွန့်ပစ်ခြင်း ခံခဲ့ရသလို ဖခင်ဖြစ်သူကလည်း လုပ်ငန်းခွင် မတော်တဆမှုကြောင့် မျက်စိနှစ်ကွင်းလုံး လုံးဝနီးပါး အလင်းမရနိုင် တော့တဲ့ ဒုက္ခိတအခြေအနေပါ။ ဒါပေမဲ့ ဒီလိုအခြေ အနေ ဆိုးကပဲ ဘ၀မှာ အောင်မြင်ရမယ်ဆိုတဲ့ သူ့ရဲ့သန္နိဋ္ဌာန်ကို ပိုမိုပြတ် သားစေခဲ့ပါတယ်။ အသက် ၂၀ အရွယ်မှာပဲ ကုန်ပစ္စည်းထုတ်လုပ်မှုရဲ့ အ ချက် အချာဒေသဖြစ်တဲ့ ရှန်ကျန်းကို သူထွက်ခွာလာခဲ့တယ်။ အဲဒီနောက် မှန်ထုတ်လုပ်တဲ့စက်ရုံမှာ အလုပ်ဝင်လုပ်ခဲ့တယ်။ သူ့ရဲ့အလုပ်က နာရီတွေ အတွက် မှန်လုပ်ရတာ ဖြစ်ပါတယ်။“မိသားစုက ဆင်းရဲပေမဲ့ ကျွန်မမှာ ကိုယ့် ကိုယ်ကိုယ်လေးစားတဲ့စိတ်ကတော့ အရမ်းကို ရှိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်မဖေဖေနဲ့ အဖွားက ကျွန်မကို အရမ်းချစ်ခဲ့ကြလို့ပါ” လို့ သူက အစော ပိုင်း အင်တာဗျူများမှာ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့အလုပ်ဟာ အပြောင်းအလဲမရှိလို့ စိတ်ဝင်စားစရာ မေ ကာင်းတဲ့အတွက် အလုပ်ကနေ နုတ်ထွက်စာ တင်ခဲ့ပါတယ်။ ဘော့စ်အနေနဲ့ သူ့ကို ဌာနသစ်ဆီ ပြောင်းရွှေ့ပေးဖို့ ကျပြန်တော့လည်း မစ္စကျောင်ရဲ့ လုပ် သက် က ၃ လပဲ ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် ရွာငယ်လေးတစ်ရွာက မိန်း ကလေးတစ်ယောက်က စာကို ကောင်းကောင်းရေးတတ်တဲ့အတွက် အထက် လူကြီးတွေက သူ့ကို သတိထားမိလာခဲ့တယ်လို့လည်း သူက မီဒီယာတွေ ကို ပြောခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစပြီး မစ္စကျောင်တစ်ယောက် ရာထူးေ တွ တစ်ဆင့်ပြီးတစ်ဆင့် အလျင်အမြန် တိုးတက်လာခဲ့ပြီး ကုန်ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုလုံးရဲ့ ဒါရိုက်တာရာထူးအဆင့်ကိုပါ ရရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၃ ခုနှစ်မှာတော့ သူဟာ ကိုယ်ပိုင် မှန်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခု ထူေ ထာင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့အသက်က ၂၂ နှစ်ပဲ ရှိပါေ သးတယ်။ သူ့အတွက် အရာအားလုံးက ပန်းခင်းလမ်းလို ချောေ မွ့နေခဲ့တာေ တာ့ မဟုတ်ပါဘူး။ မစ္စကျောင်ဟာ ကုမ္ပဏီပေါင်း ၁၁ ခု တည်ထောင်ခဲ့ဖူးပြီး အဲဒီလုပ်ငန်းတွေအားလုံး မအောင်မြင်ဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီလိုနဲ့ ၂၀၀၃ ခုနှစ် Lens Technology ကုမ္ပဏီကျမှ လုပ်ငန်းကနေ အမြတ် အစွန်းရရှိလာခဲ့ပါတယ်။ တစ်ပြိုင်နက်တည်းလောက်မှာပဲ သူဟာ မိုဘိုင်း ဖုန်းတွေအတွက် မှန်မျက်နှာပြင်ထုတ်လုပ်တဲ့ နယ်ပယ်ထဲ ကိုပါ ၀င်ရောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ “၀န်ထမ်းတွေကို လစာပေးဖို့ ကျွန်မ အိမ်ကို ၂ ကြိမ်တောင် ရောင်းခဲ့ရဖူးတယ်”လို့ သူက ခါးသီးလှတဲ့ ဘ၀အတွေ့ အကြုံ ကို ပြန်ပြောင်းပြောပြခဲပါ့တယ်။ ဒါတင်မကသေးပါဘူး။ မနာလိုတဲ့ ပြိုင်ဘက်ေ တွရဲ့ တိုက်ခိုက်မှုကြောင့် သူ့ကုမ္ပဏီမှာ ကုန်ကြမ်းပြတ်မလို ဖြစ်ခဲ့ရတဲ့ အ တွက် စိတ်ဖိစီးမှုတွေများပြီး မစ္စကျောင်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် သေေ ကြာင်းကြံဖို့ စိတ်ကူးမိတဲ့အထိ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ အခက်အခဲအဖုံဖုံကြားကနေ ယခုလို အောင်မြင်လာခဲ့တာဟာ သူမရဲ့ မဆုတ် မနစ် စွဲစွဲမြဲမြဲလုပ်တတ်တဲ့ ၀ီရိယကြောင့်လို့ မကြာခဏ ထုတ်ဖော်ြေ ပာလေ့ ရှိပါတယ်။“တောင်တက်သလိုပါပဲ၊ ရှင့်ကို ထိပ်ဆုံးရောက်စေမယ့် အရာက ရှင့်ရဲ့ ရုပ်ပိုင်းကြံ့ခိုင်မှု မဟုတ်ပါဘူး။

ရှင့်ရဲ့ မလျှော့သော ဇွဲ၊ လုံ့လတို့ပဲ ဖြစ်ပါတယ်” လို့ သူ့ရဲ့ကုမ္ပဏီ အချမ်း သာဆုံး စာရင်းဝင်ခဲ့တဲ့နောက် ရုပ်သံအစီအစဉ်တစ်ခုရဲ့ အင်တာဗျူးမှာ သူ့ရဲ့ ဘ၀ဒဿနကို ဝေမျှခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဖောက်သည်တွေရဲ့ ယုံကြည်မှု ရအောင် ကြိုးပမ်းနေရတဲ့ အစောပိုင်း ကာလတွေတုန်းကဆိုရင် မစ္စကျောင် ဟာ သုံးရက်ဆက်တိုက် စက်ရုံမှာပဲနေပြီး စံချိန်စံညွှန်းပြည့်မီအောင် အရည် အသွေး စမ်းသပ်မှုတွေကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်ခဲ့တယ်။ အဲဒီလို ကြိုး ပမ်းအားထုတ်ခဲ့တဲ့အတွက် Lens Technology ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်မှာ ၀င်ငွေ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံအထိ ရရှိခဲ့ပြီး ၀န်ထမ်းပေါင်း ၈၀၀၀၀ ခန့် ရှိတယ်လို့ Bloomberg က ထုတ်ပြန်ခဲ့ပါတယ်။ သူ့ရဲ့ ကုမ္ပဏီ ဟာ Apple ၊ Samsung တို့လို နိုင်ငံစုံလုပ်ငန်းကြီးတွေရဲ့ ဖုန်းတွေအတွက် မှန်မျက်နှာပြင်တွေ ထုတ်လုပ်ပေးနေတာဖြစ်ပြီး ကမ္ဘာပေါ်က စမတ်ဖုန်း ၅ လုံးမှာ ၁ လုံးက သူ့ကုမ္ပဏီကထုတ်တဲ့ မှန်မျက်နှာပြင်ကို အသုံးပြုထားတြာ ဖစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမဲ့ ခင်ပွန်းဟောင်းနဲ့ ရခဲ့တဲ့ သမီး တစ်ယောက်ရှိတဲ့ မစ္စကျောင်ဟာ ဘ၀မမေ့သလို သူ့ကို ဘ၀တစ်လျှောက်လုံး ကူညီခဲ့သူတွေကိုလည်း မမေ့ပါဘူး။

သူဟာ ကုမ္ပဏီအတွက် စတော့ဈေးကွက်နဲ့ ပတ်သက်တာတွေကို ကြိုတင်ေ လ့လာဖို့ တိုက်တွန်းခဲ့တဲ့ သူ့ရဲ့ ဘာသာစကားသင် ဆရာဟောင်းတစ်ဦး ကိုလည်း ဖိတ်ကြားခဲ့ပါတယ်။ “ကျွန်မရဲ့ မူလတန်းကျောင်းက ဆရာကသာ ကျွန်မကို စတော့ဈေးကွက် လေ့လာဖို့ သတိမပေးခဲ့ရင် ကျွန်မလည်း ဒီတီ ထွင်မှုကို စဉ်းစားဖို့ စိတ်ကူးမိမှာ မသေချာပါဘူး” လို့ သူက မူပိုင်ခွင့် မှတ်ပုံ တင်ထားတဲ့ ခြစ်ရာစင်းရာ မထင်ကြောင်း အာမခံနိုင်တဲ့ မှန်မျက်နှာပြင်ေ တွကို ရည်ညွှန်း ပြောဆိုခဲ့ပါတယ်။ ယခုဆိုရင် ဒီတီထွင်မှုကနေ ကုမ္ပဏီအ တွက် ဒေါ်လာဘီလီယံပေါင်းများစွာ ရရှိစေခဲ့ပါပြီ။သူ့ရဲ့ဘ၀ဟာ မိုးစက်ထိ တာနဲ့ ချက်ချင်းပွင့်တဲ့ ပဒုမ္မာကြာပန်းပွင့်လိုပါပဲ၊ ငယ်စဉ်ကလေး ဘ၀ က ကျေးလက်ဒေသမှာ ဆင်းရဲပင်ပန်းစွာ ကြီးပြင်းလာခဲ့ရပေမဲ့ ခုဆိုရင်တော့ တရုတ်ပြည်ရဲ့ အချမ်းသာဆုံး အမျိုးသမီးတစ်ဦး ဖြစ်နေခဲ့ပါပြီ။

သူ့အနေနဲ့ ယခုလို အောင်မြင်မှုတွေ ရရှိလာခဲ့တာဟာ ငယ်စဉ်က သူ့ရဲ့ေ ဘာ့စ်တွေနဲ့ အိပ်ခဲ့လို့၊ သူအလုပ်လုပ်ခဲ့တဲ့ ပထမဆုံးကုမ္ပဏီက ဖောက် သည်တွေကို သူ့ဆီပါလာအောင် ဆွဲဆောင်ခဲ့လို့ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့ပေမဲ့ မစ္စကျောင်ကတော့ အားလုံးကို ပယ်ချခဲ့ပါတယ်။“ကျွန်မ အကြောင်း ကို မသိတဲ့သူတွေက ကောလာဟလတွေကို ယုံကြလိမ့်မယ်။ ဒါတွေကို ကျွန် မ ကိုယ်တိုင် ရှင်းပြနေလို့ ဘာမှအသုံးမ၀င်သလို အဲဒီလို လိုက်ရှင်းပြနေ ဖို့လည်း မလိုပါဘူး” လို့ သူက ခပ်ပြတ်ပြတ်ပဲ တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Credit : ဗန်းမော်သိန်းဖေ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service