အချီကြီးအောင်မြင်ဖို့ စောင့်မနေပါနဲ့။ ချက်ချင်းအကောင်အထည်ဖော်ပါ

အချီကြီးအောင်မြင်ဖို့ စောင့်မနေပါနဲ့။ ချက်ချင်းအကောင်အထည်ဖော်ပါ - Property Knowledge in Myanmar from iMyanmarHouse.com
12 May 2017 12:05 pm တွင် တင်ခဲ့သည်
1611 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဈေးကွက်သစ်ထွင် စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဟာ နောက်ဆုံးပေါ်အဆင်မြင့်ထုတ်ကုန်တစ်ခုကို ဖန်တီးပြီး ဈေးကွက်သစ်တစ်ခုကို စတင်နိုင်ရမယ်လို့ ပြောလေ့ရှိကြပါတယ်။ ပြောရရင် ဒီအဆိုက မှားယွင်းနေပါတယ်။ ဈေးကွက်သစ်ထွင် လုပ်ငန်းရှင်တစ်ယောက်ဟာ ဒေါ်လာဘီလံယံချီတဲ့ နည်းပညာသစ်တစ်ခုနဲ့ ကမ္ဘာကြီးကို ပြောင်းလဲစေပြီး စီးပွားရေးကဏ္ဍသစ်တစ်ခုကို ဖန်တီးနိုင်ဖို့ဆိုတာ ရှိတော့ရှိပေမယ့် အရမ်းကို ရှားပါတယ်။ စတင်တည်ထောင်တဲ့ လုပ်ငန်းအားလုံးထဲက အချို့ပဲ အခုချိန်မှာ အောင်မြင်တဲ့လုပ်ငန်းတွေ ဖြစ်နေတာပါ။ သင်လည်း ဒီလိုအောင်မြင်လာမယ်လို့ တရားသေယူဆထားလို့ မရနိုင်ပါဘူး။ သင့်ကို မိုးကြိုးပစ်ခံရဖို့က အခွင့်အလမ်းပိုများပါတယ်။

စွန့်ဦးလုပ်ငန်းရှင်တွေ အများစုမမြင်ကြတဲ့ အချက်တစ်ခုရှိပါသေးတယ်။ ဒါကတော့ ဘီလီယံချီတန်တဲ့ ကုမ္ပဏီကြီးတည်ထောင်ဖို့၊ ဈေးကွက်သစ်တစ်ခုကို ဖော်ထုတ်ဖို့ ဒါမှမဟုတ် အဆင့်မြင့်ထုတ်ကုန်တစ်ခုကို ဖန်တီးဖို့ လုပ်စရာမလိုတာပဲဖြစ်ပါတယ်။

သင် သဘောကျပြီး တတ်ကျွမ်းနားလည်ထားတဲ့ တစ်ခုခုကနေ စတင်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ရှိပြီးသား ထုတ်ကုန် ဒါမှမဟုတ် ၀န်ဆောင်မှုကို ကော်ပီကူးပြီး ပိုပြီး ဆန်းသစ်တီထွင်တဲ့ပုံစံကို စဉ်းစားအားထုတ်ရမှာ ဖြစ်ပါတယ်။ဒီလိုချဉ်းကပ်မှုမျိုးက သင့်အတွက် ပိုပြီးသက်တောင့်သက်သာဖြစ်စေမှာပါ။ ထုတ်ကုန်သစ်တစ်ခုကို ထုတ်လုပ်ပြီး ဈေးကွက်အလားအလာကို ချင့်တွက်နေရတာထက် ရှိပြီးသားဈေးကွက်မှာ ထိုးဖောက်ဖို့က ပိုလွယ်ပါတယ်။ ဒီလိုချဉ်းကပ်မှုရဲ့ စိန်ခေါ်မှုကတော့ ကြီးမားပြီးပြိုင်ဆိုင်မှုများတဲ့ ဈေးကွက်ဖြစ်တာကြောင့် ငွေကြေးနဲ့ အမှတ်တံဆိပ်ပိုင်းဆိုင်ရာ အားသာချက်ရှိထားနှင့်တဲ့ လုပ်ငန်းကြီးတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာတစ်ခုက အခုမှစတင်တဲ့လုပ်ငန်းလေးတွေမှာ အမြန်နှုန်းနဲ့ အပြောင်းအလဲမြန်နိုင်တဲ့ အားသာချက်နှစ်ခုရှိနေတာပဲ ဖြစ်ပါတယ်။ စတင်ထူထောင်စလုပ်ငန်းတွေဟာ ဆုံးဖြတ်ချက်ချပြီးတာနဲ့ နာရီပိုင်းအတွင်းမှာ အကောင်အထည်ဖော်နိုင်ပါတယ်။ ကုမ္ပဏီကြီးတွေကတာ့ စွန့်စားရမယ့် အလားအလာကို ရှောင်ရှားချင်တာနဲ့ ဆုံးဖြတ်ရာမှာ နှောင့်နှေးကြန့်ကြာမှုတို့ကြောင့် အမြန်ပြောင်းလဲလို့ မရပါဘူး။

အမြန်ဆုံးပြောင်းလဲနိုင်မယ်ဆိုရင် အခြားပြိုင်ဘက်တွေဆီက အသံတွေထွက်မလာခင်နဲ့ ၀ယ်သူသုံးစွဲမယ့်သူတွေက စိတ်ဝင်စားမှုရှိနေချိန်ဖြစ်တာကြောင့် တကယ်အကျိုးရှိမှာ ဖြစ်ပါတယ်။ မကြာသေးချင်ကပဲ နာမည်ကျော်လူမှုကွန်ယက်ဖြစ်တဲ့ Facebook မှာ newsfeed စနစ်ကို ပြောင်းလဲခဲ့ပြီး အလိုအလျောက်ဖြေကြားမှုတွေနဲ့ instant ariticle စနစ်တွေကိုလည်း ထည့်သွင်းခဲ့ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ အားလုံးက စတင်ထူထောင်ကာစ လုပ်ငန်းငယ်လေးတွေအတွက် ပိုပြီးဆန်းသစ်တဲ့ ဈေးကွက်ပုံစံမျိုးကို ပြောင်းလဲဖို့ အခွင့်အရေးပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ ဒေါ်လာသန်းချီတန်တဲ့ စိတ်ကူးကိုအကောင်အထည်ဖော်ဖို့ အာရုံစိုက်နေတာထက် ရှိနှင့်ပြီးသား ဈေးကွက်ထဲမှာ ဘယ်လိုစမတ်ကျကျကစားနိုင်မလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။ အခုချိန်မှာ လူမှုကွန်ယက်တွေနဲ့ မားကတ်တင်းပလက်ဖောင်းတွေ အများကြီးရှိနေတာဖြစ်တဲ့အတွက် ဆန်းသစ်တီထွင်မှုတွေနဲ့ ဈေးကွက်ရှာဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service