ပေးကမ်းခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ

ပေးကမ်းခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2017 11:28 am တွင် တင်ခဲ့သည်
2186 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ပေးကမ်းခြင်းဆိုသည်မှာ တည်ရှိသည့် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်း(သို့) မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ပေးသူ(Donor) က လက်ခံ ရယူသူ (Donee)သို့ အဖိုးစားနားမပါဘဲ မေတ္တာသက်ဝင်၍ အလိုအလျောက် လွှဲပြောင်းပေး၍ လက်ခံယူသူက(သို့) ၎င်း၏ ကိုယ်စားလှယ်က လက်ခံ ရ ယူလျှင် ထိုသို့လွှဲပြောင်းပေးခြင်းကို ပေးကမ်းခြင်းဟု ခေါ်သည်။

ထိုသို့ ပေးကမ်းခြင်းကို လက်ခံယူမည့်သူ အသက်ရှိနေစဉ် လက်ခံယူခြင်ြး ဖစ်ရမည်။ လက်ခံယူခြင်းမပြုမီ လက်ခံမည့်သူ သေဆုံးလျှင် ပေးကမ်းခြင်း ပျက်ပြယ်သည်။ (ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ-၁၂၂)

၁၉၂၂ ခုနှစ်၊ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအရ မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်စုံတစ်ရာကို ပေးကမ်းလိုလျှင် ပုဒ်မ-၁၂၂ အရ ပေးကမ်းခြင်း အထမြောက်ရန်အလို့ငှာ-

➢ ပေးကမ်းသူနှင့် လက်ခံသူ ရှိရမည်။
➢ ပေးကမ်းသည့် ပစ္စည်းသည် ပေးကမ်းသူ၏ လက်ရှိပစ္စည်းဖြစ်ရမည်။
➢ ပေးကမ်းသူက အလိုအလျောက် အဖိုးစားနားမရှိဘဲ ပေးကမ်းခြင်းဖြစ်ရမည်။
➢ ပေးကမ်းသူက မိမိပိုင်ပစ္စည်းကို လွှဲပြောင်းပေးရမည်။
➢ ပေးကမ်းသောပစ္စည်းကို လက်ခံသူက ပေးသူအသက်ရှင်ဆဲ ပေးနိုင်သည့် အခြေအနေရှိစဉ်က လက်ခံရမည်။
➢ ပေးကမ်းခြင်းကို မှတ်ပုံတင် စာချုပ်ဖြင့် ပြုလုပ်၍ အသိသက်သေနှစ်ဦး လက်မှတ်ရေးထိုးရပါမည်။

စိန်၊ ရွှေ အစရှိသော ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းကို ပေးကမ်းလျှင် စာချုပ်ပြုလုပ်၍ဖြစ်စေ၊
လက်ရောက်ဖြစ်စေ ပေးပါက ခိုင်မာတည်မြဲပါသည်။

ပေးကမ်းခြင်းနှင့် လှူဒါန်းခြင်းမှာ အတူတူဖြစ်၍ လှူဒါန်းခြင်းကိုလည်း ပေးကမ်းခြင်းအတိုင်း ဆောင်ရွက်ရပါမည်။

ပေးကမ်းခြင်းကို အောက်ပါကိစ္စများပေါ်ပေါက်က ရပ်ဆိုင်း/ဖျက်သိမ်းနိုင်သည်။

➢ ပေးကမ်းသူ၏ ဆန္ဒအရမဟုတ်ဘဲ အကြောင်းတစ်စုံတစ်ရာပေါ်ပေါက်က ပေးကမ်းခြင်းကို ရုပ်သိမ်းနိုင်သည်ဟု သဘောတူညီထားခြင်း။
➢ ပေးကမ်းသူတစ်ဦးတည်း၏ ဆန္ဒအရ အားလုံးသော်လည်းကောင်း၊ တစ်ချို့တစ်ဝက်သော်လည်းကောင်း ပျက်ပြယ်စေရန် သဘောတူညီချက်ဖြင့် ပေးကမ်းခြင်း။
➢ ပျက်ပြယ်စေနိုင်သော ပဋိညာဉ်ပါ အကြောင်းတစ်ရပ်ရပ်ကြောင့် ပြုလုပ်ခဲ့ရလျှင် (ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ-၁၂၆)

တံဆိပ်ခေါင်းဥပဒေအရ တန်းဖိုးငွေအလိုက် မိသာစုခံဝန်ချုပ်ဖြင့် ပေးကမ်းခြင်း ၁.၅% ထမ်းဆောင်
ရမည်။

မှတ်ပုံတင်ခမှာ စာချုပ်တန်ဖိုးငွေ၏ ပထမ ၁၀၀၀၀၀ိ/- အတွက် (၃၁၀ိ/-)နှင့် ကျန်တန်ဖိုးငွေများကို ၁၀၀၀ိ/- လျှင် (၂ိ/-) နှုန်းဖြင့် ပေးဆောင်ရပါမည်။

မှတ်ပုံတင် စာချုပ်စာတမ်းပြုလုပ်၍ ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေနှင့်အညီ ပေးကမ်းသော်လည်း
အမွေခံ အမွေစားများ၏ အခွင့်အရေးဆုံးရှုံးလောက်အောင် ရှိသမျှပစ္စည်းအားလုံးကိုမူကား မပေးကမ်းနိုင်။(ဒေါ်သိုင်းနှင့် ဒေါ်ငွတ်၊ ၁၉၄၉ ၊ မတစ၊ လွှတ်တော် ၄၇၁)

မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်ခုခုကို မှတ်ပုံတင်စာချုပ်မပြုလုပ်ဘဲ ပေးကမ်းလျှင် တရားမဝင်၊ ပစ္စည်းရသူသည် မှတ်ပုံတင်စာချုပ်မရှိဘဲ ပစ္စည်းကို တောင်းဆိုပိုင်ခွင့်မရှိပေ။ (မောင်ပုနှင့် ဦးသာပြေ၊ ၁၉၄၈၊ မတစ၊ ၇၁၇)


Credit : U Myint Lwin

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service