ကမ္ဘောဒီးယားတွင် ၂၀၂၃ ဆီးဂိမ်းကစားကွင်း ဒုတိယဆင့် ဆောက်လုပ်မှုများ စတင်

ကမ္ဘောဒီးယားတွင် ၂၀၂၃ ဆီးဂိမ်းကစားကွင်း ဒုတိယဆင့် ဆောက်လုပ်မှုများ စတင် - Property News in Myanmar from iMyanmarHouse.com
12 Apr 2017 11:11 am တွင် တင်ခဲ့သည်
713 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ၂၀၂၃ ခုနှစ်တွင် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) ကိုလက်ခံကျင်းပသွားမည်ဖြစ်ရာကစားကွင်းများဆောက်လုပ်ရေးစီမံကိန်းဒုတိယဆင့်သို့ ရောက်ရှိလာပြီဖြစ်ပြီးဆောက်လုပ်မှုလုပ်ငန်းများစတင်သည့်ဖွင့်ပွဲအခမ်းအနားကိုMorodokTecho National Sports Complexတွင် ကျင်းပခဲ့ရာကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်ဟု ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ဆီးဂိမ်းပြိုင်ပွဲကျင်းပရန် မြန်မာ၊ ကမ်ပူးချား (ယခုကမ္ဘောဒီးယား)၊ လာအို၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ကစတင်ကမကထပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲများ ၂ နှစ်လျှင် တစ်ကြိမ်ကျင်းပရန် ၁၉၅၉ ခုနှစ်၊ ဇွန်လတွင် သဘောတူခဲ့ကြသည်။ (ကိုးကား- ဝီကီပီဒီယာ)
ဆီးဂိမ်းကစားကွင်းများကိုမြေအကျယ်အဝန်း ၈၅ ဟက်တာပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီးကန်ဒေါ်လာ ၁၅၇ သန်းခန့် ကုန်ကျမည် ဖြစ်သည်။

ယခုဆောက်လုပ်မည့် အဆင့် ၂ တွင် ဘောလုံးကွင်းပါဝင်မည်ဖြစ်ပြီးပွဲကြည့်ပရိတ်သတ်ပေါင်း ၅၅၀၀၀ ခန့် ကြည့်ရှုနိုင်မည့် ကစားကွင်းကြီးအဖြစ် တည်ဆောက်မည် ဖြစ်သည်။
အဆင့် ၂ ဆောက်လုပ်ရန်အတွက် ကြာချိန်မှာလပေါင်း ၃၀ ရည်မှန်းထားပြီး ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်နိုင်ရန် မျှော်မှန်းထားသည်။
ကမ္ဘောဒီးယားဆီးဂိမ်းကစားကွင်းများစီမံကိန်းကိုအဆင့် ၃ ဆင့် ခွဲခြားထားသည်။

ဝန်ကြီးချုပ်ဟွန်ဆန်ကဆောက်လုပ်ရေးစီမံကိန်းများ နှောင့်နှေးနေရခြင်းအပေါ် တောင်းပန်စကားပြောကြားခဲ့သည်။

“ဆီးဂိမ်းအတွက် ကုန်ကျရမယ့်ငွေဟာမဲခေါင်မြစ်မှာတံတာကြီးတွေ လေးငါးစင်းလောက် ထိုးလို့ရတဲ့ငွေပါ။ ကျွန်တော့်အနေနဲ့ ပြည်သူတွေအတွက် အခြေခံအဆောက်အအုံတွေကိုပထမဦးစားပေးခဲ့တဲ့အတွက် ဆီးဂိမ်းကိုလက်ခံကျင်းပရေးအိပ်မက်နှောင့်နှေး သွားခဲ့ရတာဖြစ်ပါတယ်” ဟုဟွန်ဆန်ကပြောကြားသည်။

အားကစားကွန်ပလက်စ်ကိုသင်္ဘောတစ်စင်းပုံဒီဇိုင်းရေးဆွဲထားပြီးကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့အကြား နှစ်ပေါင်းထောင်ချီခဲ့သည့် ဆက်ဆံရေးနှင့် ရေကြောင်းပိုးလမ်းမကြီးကိုဂုဏ်ပြုခြင်းဖြစ်သည်ဟုဆိုသည်။

ရေကူးအားကစားကွင်းမှာပရိသတ်ပေါင်း ၃၀၀၀ ကြည့်ရှုနိုင်ပြီးမိုးလုံလေလုံအားကစားကွင်းများမှာမူပရိသတ် ၅၀၀၀ ဝင်ဆံ့နိုင်ရန် ဒီဇိုင်းရေးဆွဲထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ကမ္ဘောဒီးယားတွင် ၂၀၂၃ ဆီးဂိမ်းကစားကွင်း ဒုတိယဆင့် ဆောက်လုပ်မှုများ စတင် - Property News in Myanmar from iMyanmarHouse.com
ကမ္ဘောဒီးယားတွင် ၂၀၂၃ ဆီးဂိမ်းကစားကွင်း ဒုတိယဆင့် ဆောက်လုပ်မှုများ စတင် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service