မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ်

ပြည်ပ အိမ်ခြံမြေ သတင်း | 21 Mar 2017 11:24 am | 1573 ကြိမ် ကြည့်ရှု့ ပြီး
Posted by နှင်းအိခင် (iMyanmarHouse.com) | အနှစ်သက်ဆုံးစာရင်းသို့ထည့်ရန်

မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com
မလေးရှားအိမ်ခြံမြေဈေးကွက်တွင် နေအိမ်များငှားရမ်းရာ၌
လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာပေါ်ပေါက်လျက်ရှိပြီး
အချို့သောနိုင်ငံသား များကို နေအိမ်ငှားရမ်းခြင်းမရှိကြကြောင်း R.AGE
သတင်းအေဂျင်စီက ဖော်ထုတ်တွေ့ရှိခဲ့သည် ဟု မလေးရှားအခြေစိုက်
သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

R.AGE သတင်းအေဂျင်စီမှ သတင်းထောက် ၃ ဦးသည်
အိမ်ငှားရန် ကြေညာထားသည့် ကြော်ငြာ ၃၀ ကို တစ်ဦးချင်းစီ ဆက်သွယ်မေးမြန်းခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့ ၃ ဦးသည် လူမျိုး တစ်မျိုးချင်းစီ ဖြစ်ကြသည်။

ယင်းသို့ စုံစမ်းရာတွင် အိမ်ခြံမြေအကျိုးဆောင် (သို့မဟုတ်) အိမ်ရှင်များ၏
၅၀ ရာခိုင်နှုန်းက အိမ်ငှားရန် ငြင်းဆန်ကြကြောင်း၊ ၎င်းတို့အနေဖြင့် မည်သို့သောလူမျိုးစုကိုသာ ငှားရမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်
ဟု ဆိုသည်။

ယင်းသို့ စုံစမ်းမှုကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းဖြစ်ပြီး ဆက်သွယ်မေးမြန်းထားပုံကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးထား
ကာ R.AGE က ၎င်းတို့၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်လိုက်ရာ မလေးရှားနိုင်ငံသားတို့အကြား
များစွာပျံ့နှံ့လျက် ရှိနေသည်ကို တွေ့ရသည်။

မလေးရှားအိမ်ခြံမြေအကျိုးဆောင်တို့၏ ပြောကြားချက်အရ ယင်းသို့လူမျိုးရေးခွဲခြားမှုမှာ မလေးရှားတွင်
ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိသည့် အလေ့အထတစ်ခုဖြစ်ကြောင်း ပြောကြားသည်။မည်သည့်လူမျိုးဆိုလျှင် ချက်ချင်းငြင်းပယ်ရမည်
ဟု အိမ်ခြံမြေပိုင်ရှင်တို့က အကျိုးဆောင်တို့ကို
ညွှန်ကြားထားသည်ဟုလည်း ဆိုသည်။

R.AGE က ဖေ့စ်ဘုတ်တွင် လွှင့်တင်ခဲ့သည့် ဗွီဒီယိုကို
လက်ရှိအချိန်အထိ ပြန်လည်ဝေမျှသူ ၃၇၇၁ ဦးနှင့်
ဝင်ရောက်ဝေဖန် ရေးသားမှုပေါင်း ၄၆၃ ကြိမ်ရှိနေသည်။

Dhibeshiny K. Jaya Raman အမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူ
တစ်ဦးက ၎င်းအိမ်ငှားရန် ဆက်သွယ်စုံစမ်းရာတွင်
အိမ်ရှင်က ခွေးဖြစ်လျှင်ပင် ကိစ္စမရှိကြောင်း ပြောကြားခဲ့ပြီး လူချင်းတွေ့သောအခါတွင်မူ နေအိမ်ငှားရမ်းတော့ခြင်းမရှိကြောင်း၊ အခြားအိမ်ငှားများက အိန္ဒိယနိုင်ငံသားကို အလိုမရှိကြကြောင်း
အိမ်ရှင်က ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

Shoban Raveendran အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူက ရေးသားထားရာတွင်
မူ မိမိသည် အိမ်ခြံမြေပိုင်ရှင်ဖြစ်ကြောင်း၊
မိမိကို အိမ်ခြံမြေအကျိုးဆောင်များက မကြာခဏမေးမြန်းလေ့ရှိသည့် မေးခွန်းမှာ မည်သည့်လူမျိုးကို ငှားချင်သနည်း၊ မည်သည့်လူမျိုးကို မငှားလိုသနည်းဟူသည့် မေးခွန်းဖြစ်ကြောင်း၊ မည်သည့်လူမျိုးပင်ဖြစ်စေ ပြဿနာမရှိပါဟု ပြန်လည်ပြောကြားသည့်တိုင်
အိမ်ခြံမြေအကျိုးဆောင်တို့က အချို့သောလူမျိုးများကိုသာ
ငှားရမ်းစေလိုသည့် သဘောရှိကြသည်ကို ရိပ်စားမိလာကြောင်း ဝင်ရောက်ဝေဖန် ရေးသားထားသည်ကို တွေ့ရသည်။

Wong Weng Fai အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူကမူ အိမ်ခြံမြေပိုင်ရှင်တို့ကို အကာအကွယ်ပေးမည့် ဥပဒေမရှိကြောင်း၊ သို့အတွက် နံပါတ် ၁
အနေဖြင့် အိမ်ရှင်တို့၏အခွင့်အရေးကို ကာကွယ်ပေးမည့်
ဥပဒေပြဌာန်းပါ၊ နံပါတ် ၂ အနေဖြင့် လူမျိုးရေးခွဲခြားမှုကို
တားဆီးမည့် ဥပဒေပြဌာန်းပါဟု ဝင်ရောက်ရေးသားထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com
ဥပဒေ အိမ်ခြံမြေဈေးကွက် အိမ် အငှါး

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိမ်ခြံမြေ သတင်းများကို Email ဖြင့် ဖတ်ရန်

ငှါးရန်ရှိသော အိမ်ခြံမြေများ

တာမွေအ၀ိုင်းလေးအနီးရှိ တိုက်ခန်းငှားရန်ရှိပါသည်။

 တာမွေ |  ရန်ကုန်တိုင်းဒေသကြီး
 3 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
တာမွေအ၀ိုင်းလေးအနီးရှိ တိုက်ခန်းငှားရန်ရှိပါသည်။

တာမွေ အရှေ့မျဉ်းပြိုင်ကွင်းလမ်း ၊ဘောက်ထော်အ၀ိုင်းလေး ရဲစခန်းရှေ့၊ 7-လွှာ၊(20'x60') အိပ်ခန်း 2 ခန်း ၊ဧည့်ခန်း 1 ခန်း၊မီးဖိုခန်း၊(ရေချိုးခန်း ၊အိမ်သာ တွဲလျက်မဟုတ်...

အသေးစိတ်ကြည့်ရန်

တိုက်ခန်းငှါးမည်

 ချမ်းအေးသာဇံ |  မန္တလေးတိုင်းဒေသကြီး
 3.50 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
တိုက်ခန်းငှါးမည်

ငှားမည်။ မန္တလေးမြို့ လမ်း(၃၀) (၆၄&၆၅)ကြား MBOA တိုက်ခန်း တတိယထပ် (၂၁'&၅၅') တောင်လှည့် တလ (၃.၅)သိန်း ဆသရ

အသေးစိတ်ကြည့်ရန်

လှိုင်မြို့နယ် ပါရမီစိန်ဂေဟာအနီး ပထမထပ်၂၅x၅၀ တိုက်ခန်းငှါးဖို့ရှိပါသည်။

 လှိုင် |  ရန်ကုန်တိုင်းဒေသကြီး
 5 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
လှိုင်မြို့နယ် ပါရမီစိန်ဂေဟာအနီး ပထမထပ်၂၅x၅၀ တိုက်ခန်းငှါးဖို့ရှိပါသည်။

ပါရမီစိန်ဂေဟာနဲ့နီး အခန်းအားလုံးပြင်ဆင်ပြီး ရေ မီး စုံ ပေ ၂၅x၅၀ ပထမထပ် ဈေးနီး ကျောင်းနီး လမ်းသန့်

အသေးစိတ်ကြည့်ရန်

ပထမထပ် ဟောင်ကောင် ၂လွှာ တိုက်ခန်းငှါးရန်

 ဗဟန်း |  ရန်ကုန်တိုင်းဒေသကြီး
 4 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
ပထမထပ် ဟောင်ကောင် ၂လွှာ တိုက်ခန်းငှါးရန်

သျှင်ပါဂူ ဆေးရုံအနီး ဖိုးစိန်လမ်းထိပ် လမ်မတန်း အချက်အချာနေရာကျ ပထမထပ် ဟောင်ကောင် ၂လွှာ ၁၆ X ၅၀ပေ ငှါးရန်ရှိပါသည်

အသေးစိတ်ကြည့်ရန်

လှိုင်မြို့နယ်တွင်တိုက်ခန်းငှားရန်ရှိသည်

 လှိုင် |  ရန်ကုန်တိုင်းဒေသကြီး
 4 သိန်း (ကျပ်) (တစ်လ) |  တိုက်ခန်း
လှိုင်မြို့နယ်တွင်တိုက်ခန်းငှားရန်ရှိသည်

(25×50)' 3 လွှာ အင်းစိန်လမ်းမကြီးပေါ် ဘူတာရုံလမ်းမှတ်တိုင်အနီး ကျွန်းပါကေးခင်းထားပြီး အိပ်ခန်း 3 ခန်း ဘိုထိုင်တစ်လုံး ရိုးရိုးတစ်လုံး

အသေးစိတ်ကြည့်ရန်

အငှားကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ပထမထပ်‌တိုက်‌ခန်းပိုင်‌ရှိင်‌ကိုယ်‌တိုင်‌‌ရောင်းမည်‌

 လှိုင် |  ရန်ကုန်တိုင်းဒေသကြီး
 480 သိန်း (ကျပ်) |  တိုက်ခန်း
ပထမထပ်‌တိုက်‌ခန်းပိုင်‌ရှိင်‌ကိုယ်‌တိုင်‌‌ရောင်းမည်‌

‌နေရာ‌ကောင်းရှာ‌နေသူများအတွက် အင်းယားကန်‌အနီးပထမထပ်‌တိုက်‌ခန်း ‌ရောင်းမည်‌။ပွဲစားမလို၊အ၀ယ်‌တိုက်‌ရိုက်‌‌ဈေးညှို‌ပေးမည်‌။ ‌ အင်းယားကန်‌အနီး၊ ၆မိုင်‌ခွဲ...

အသေးစိတ်ကြည့်ရန်

အိမ်​​ရောင်းရန်​ရှိသည်

 သာကေတ |  ရန်ကုန်တိုင်းဒေသကြီး
 340 သိန်း (ကျပ်) |  တိုက်ခန်း
အိမ်​​ရောင်းရန်​ရှိသည်

အိမ်​သန့်​သန့်​နဲ့ပြင်​ဆင်​ပြီး အသင့်​တက်​​နေရန်​ အိမ်​​ရောင်းရန်​ရှိပါသည်

အသေးစိတ်ကြည့်ရန်

ရပ်ကွက်ကောင်းမနော်အနီး၆၂လမ်းအနီးပေ၂၀ပေ၆၀ကိုအလွန်တန်သောဈေးနှင့်ရောင်းမည်

 အောင်မြေသာဇံ |  မန္တလေးတိုင်းဒေသကြီး
 900 သိန်း (ကျပ်) |  မြေကွက် ၊ ခြံကွက်
ရပ်ကွက်ကောင်းမနော်အနီး၆၂လမ်းအနီးပေ၂၀ပေ၆၀ကိုအလွန်တန်သောဈေးနှင့်ရောင်းမည်

ရပ်ကွက်ကောင်းမနော်အနီး ၆၂လမ်း အနီး အကျယ်အ၀န်း (ပေ၂၀×ပေ၆၀) ကိုအလွန်တန်သောဈေးနှင့်ရောင်းမည်။

အသေးစိတ်ကြည့်ရန်

အရောင်းတင်ခွင့်ပြု ပါရန်ခွင့်တောင်းအပ်ပါသည်။ တန်ဖိုးနည်းမြေကွက်များပိုင်ရှင်ကိုယ်တိုင် အရစ်ကျရောင်းမည်။ ပုံစံ(၁၀၅)ကျပြီး💲💲ဈေးနှုန...

 ထန်းတပင် |  ရန်ကုန်တိုင်းဒေသကြီး
 15 သိန်း (ကျပ်) |  မြေကွက် ၊ ခြံကွက်
အရောင်းတင်ခွင့်ပြု ပါရန်ခွင့်တောင်းအပ်ပါသည်။ တန်ဖိုးနည်းမြေကွက်များပိုင်ရှင်ကိုယ်တိုင် အရစ်ကျရောင်းမည်။  ပုံစံ(၁၀၅)ကျပြီး💲💲ဈေးနှုန...

အရောင်းတင်ခွင့်ပြု ပါရန်ခွင့်တောင်းအပ်ပါသည်။ တန်ဖိုးနည်းမြေကွက်များ ပိုင်ရှင်ကိုယ်တိုင် အရစ်ကျရောင်းမည်။ ပုံစံ(၁၀၅)ကျပြီး 💲💲ဈေးနှုန်း - ပေ(20×60) တစ်ကွက်လျင် =(15)သိန်း(20) ...

အသေးစိတ်ကြည့်ရန်

စံရိပ်ငြိမ် ရတနာမြိုင်အိမ်ယာရှိ အသင့်နေထိုင်နိုင်သော တိုက်ခန်းရောင်းရန်ရှိပါသည်။

 ကမာရွတ် |  ရန်ကုန်တိုင်းဒေသကြီး
 450 သိန်း (ကျပ်) |  တိုက်ခန်း
စံရိပ်ငြိမ် ရတနာမြိုင်အိမ်ယာရှိ အသင့်နေထိုင်နိုင်သော တိုက်ခန်းရောင်းရန်ရှိပါသည်။

ကမာရွတ်မြို့နယ် /စံရိပ်ငြိမ် ရတနာမြိုင်အိမ်ယာရှိ (၁၅ ပေx၅၅ ပေ ) အကျယ်ဝန်းရှိသော အသင့်နေထိုင် နိုင်သောတိုက်ခန်းရောင်းပါမည်။ air con (၁)လုံး/ RC ခင်းပြီး(ဖယောင်းပုဆိုးပါ)၊ဘိုထိုင်အိမ်သာ...

အသေးစိတ်ကြည့်ရန်

အရောင်းကြော်ငြာများ အားလုံးကိုဆက်လက်ကြည့်ရှု့ရန် ဤနေရာကိုနှိပ်ပါ

အိမ်ခြံမြေများကို ရှာဖွေရန်