မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com
2248 Views

မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ်

မလေးရှားအိမ်ခြံမြေဈေးကွက်တွင် နေအိမ်များငှားရမ်းရာ၌
လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာပေါ်ပေါက်လျက်ရှိပြီး
အချို့သောနိုင်ငံသား များကို နေအိမ်ငှားရမ်းခြင်းမရှိကြကြောင်း R.AGE
သတင်းအေဂျင်စီက ဖော်ထုတ်တွေ့ရှိခဲ့သည် ဟု မလေးရှားအခြေစိုက်
သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

R.AGE သတင်းအေဂျင်စီမှ သတင်းထောက် ၃ ဦးသည်
အိမ်ငှားရန် ကြေညာထားသည့် ကြော်ငြာ ၃၀ ကို တစ်ဦးချင်းစီ ဆက်သွယ်မေးမြန်းခဲ့ကြသည်ဟု ဆိုသည်။
၎င်းတို့ ၃ ဦးသည် လူမျိုး တစ်မျိုးချင်းစီ ဖြစ်ကြသည်။

ယင်းသို့ စုံစမ်းရာတွင် အိမ်ခြံမြေအကျိုးဆောင် (သို့မဟုတ်) အိမ်ရှင်များ၏
၅၀ ရာခိုင်နှုန်းက အိမ်ငှားရန် ငြင်းဆန်ကြကြောင်း၊ ၎င်းတို့အနေဖြင့် မည်သို့သောလူမျိုးစုကိုသာ ငှားရမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်
ဟု ဆိုသည်။

ယင်းသို့ စုံစမ်းမှုကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းဖြစ်ပြီး ဆက်သွယ်မေးမြန်းထားပုံကို ဗွီဒီယိုမှတ်တမ်းရိုက်ကူးထား
ကာ R.AGE က ၎င်းတို့၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာတွင် လွှင့်တင်လိုက်ရာ မလေးရှားနိုင်ငံသားတို့အကြား
များစွာပျံ့နှံ့လျက် ရှိနေသည်ကို တွေ့ရသည်။

မလေးရှားအိမ်ခြံမြေအကျိုးဆောင်တို့၏ ပြောကြားချက်အရ ယင်းသို့လူမျိုးရေးခွဲခြားမှုမှာ မလေးရှားတွင်
ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိသည့် အလေ့အထတစ်ခုဖြစ်ကြောင်း ပြောကြားသည်။မည်သည့်လူမျိုးဆိုလျှင် ချက်ချင်းငြင်းပယ်ရမည်
ဟု အိမ်ခြံမြေပိုင်ရှင်တို့က အကျိုးဆောင်တို့ကို
ညွှန်ကြားထားသည်ဟုလည်း ဆိုသည်။

R.AGE က ဖေ့စ်ဘုတ်တွင် လွှင့်တင်ခဲ့သည့် ဗွီဒီယိုကို
လက်ရှိအချိန်အထိ ပြန်လည်ဝေမျှသူ ၃၇၇၁ ဦးနှင့်
ဝင်ရောက်ဝေဖန် ရေးသားမှုပေါင်း ၄၆၃ ကြိမ်ရှိနေသည်။

Dhibeshiny K. Jaya Raman အမည်ဖြင့် ဖေ့စ်ဘုတ်သုံးစွဲသူ
တစ်ဦးက ၎င်းအိမ်ငှားရန် ဆက်သွယ်စုံစမ်းရာတွင်
အိမ်ရှင်က ခွေးဖြစ်လျှင်ပင် ကိစ္စမရှိကြောင်း ပြောကြားခဲ့ပြီး လူချင်းတွေ့သောအခါတွင်မူ နေအိမ်ငှားရမ်းတော့ခြင်းမရှိကြောင်း၊ အခြားအိမ်ငှားများက အိန္ဒိယနိုင်ငံသားကို အလိုမရှိကြကြောင်း
အိမ်ရှင်က ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

Shoban Raveendran အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူက ရေးသားထားရာတွင်
မူ မိမိသည် အိမ်ခြံမြေပိုင်ရှင်ဖြစ်ကြောင်း၊
မိမိကို အိမ်ခြံမြေအကျိုးဆောင်များက မကြာခဏမေးမြန်းလေ့ရှိသည့် မေးခွန်းမှာ မည်သည့်လူမျိုးကို ငှားချင်သနည်း၊ မည်သည့်လူမျိုးကို မငှားလိုသနည်းဟူသည့် မေးခွန်းဖြစ်ကြောင်း၊ မည်သည့်လူမျိုးပင်ဖြစ်စေ ပြဿနာမရှိပါဟု ပြန်လည်ပြောကြားသည့်တိုင်
အိမ်ခြံမြေအကျိုးဆောင်တို့က အချို့သောလူမျိုးများကိုသာ
ငှားရမ်းစေလိုသည့် သဘောရှိကြသည်ကို ရိပ်စားမိလာကြောင်း ဝင်ရောက်ဝေဖန် ရေးသားထားသည်ကို တွေ့ရသည်။

Wong Weng Fai အမည်ရှိ ဖေ့စ်ဘုတ်သုံးစွဲသူကမူ အိမ်ခြံမြေပိုင်ရှင်တို့ကို အကာအကွယ်ပေးမည့် ဥပဒေမရှိကြောင်း၊ သို့အတွက် နံပါတ် ၁
အနေဖြင့် အိမ်ရှင်တို့၏အခွင့်အရေးကို ကာကွယ်ပေးမည့်
ဥပဒေပြဌာန်းပါ၊ နံပါတ် ၂ အနေဖြင့် လူမျိုးရေးခွဲခြားမှုကို
တားဆီးမည့် ဥပဒေပြဌာန်းပါဟု ဝင်ရောက်ရေးသားထားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
မလေးရှားတွင် နေအိမ်ငှားရမ်းရာ၌ လူမျိုးရေးခွဲခြားမှုများ ကျယ်ပြန့်စွာ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းထောက်များဖော်ထုတ် - Property News in Myanmar from iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service