အိမ်ဈေးများကို တရုတ်အစိုးရ ဆက်လက်ထိန်းချုပ်မည်

အိမ်ဈေးများကို တရုတ်အစိုးရ ဆက်လက်ထိန်းချုပ်မည် - Property News in Myanmar from iMyanmarHouse.com
21 Mar 2017 10:28 am တွင် တင်ခဲ့သည်
1189 ကြိမ် ကြည့်ရှု့ပြီး
တရုတ်အစိုးရသည် နိုင်ငံ၏ အိမ်ခြံမြေပူဖောင်းဖြစ်စဉ် (အိမ်ခြံမြေစီးပွားရေးရုတ်ချည်း
ကျဆင်းယုတ်လျော့သွားမှုကပ်ပါလာတတ်သည့် အလွန်တက်ကြွလှုပ်ရှားမြင့်တက်နေ
သော ဈေးကွက်အခြေအနေ) ကို ဟန့်တားရန် ရည်ရွယ်သော
မူဝါဒများကို ဆက်လက်အကောင်အထည်ဖော်ချမှတ်သွားမည်ဖြစ်သည်။

ထိန်းချုပ်မှုများအကြား ယခုနှစ် ဖေဖော်ဝါရီတွင် ဈေးနှုန်းမြင့်တက်မှုများရှိခဲ့သော အိမ်ခြံမြေဈေးကွက်အခြေအနေရှိခဲ့သည့် တရုတ်တွင် အစိုးရက အိမ်ခြံမြေကဏ္ဍသို့
ငွေကြေးစီးဆင်းမှုလျင်မြန်မှုအခြေအနေကို လျှော့ချဟန့်တားရန် အစီအစဉ်များကိုထုတ်ပြန်ခဲ့သည်။

"အိမ်ခြံမြေကဏ္ဍကို ငွေကြေးအလွန်အကျွံစီးဆင်းနေမှုကို
ကျွန်တော်တို့ ထိန်းချုပ်သွားမှာ
ပါ" ဟု တရုတ်အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ပြုပြင်ရေးကော်မရှင် ဥက္ကဋ္ဌဟဲလီဖိန်းက မြို့တော်ပေကျင်းတွင် သုံးရက်ကြာကျင်းပပြုလုပ်ခဲ့သော၊ ယမန်နေ့ (မတ်၂၀) က ပြီးဆုံးခဲ့သည့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု
ဖိုရမ်တွင် ပြောကြားခဲ့သည်။

အိမ်ခြံမြေဈေးကွက်တွင် ငွေကြေးအလွန်တရာဝင်ရောက်နေသဖြင့် ပထမတန်းစားနှင့်အချို့ဒုတိယတန်းမြို့ကြီးများတွင် အိမ်ခြံမြေဈေးများ ဆက်တက်နေပြီး အိမ်ခြံမြေ
စီးပွားရေးကဏ္ဍကို ထိခိုက်စေသည်ဟုလည်း သူက ပြောကြားခဲ့သည်။

အိမ်ဝယ်ယူမှုအပါအ၀င် အိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများက အိမ်ဝယ်ယူမှုချေးငွေဖွံ့ဖြိုးမှုကို တစ်စုံတစ်ရာအတိုင်းအတာနှေးကွေးသွားစေမည်ဖြစ်သော်လည်း ယင်းအိမ်ချေးငွေများသည် မြန်ဆန်သည့်နှုန်းတစ်ခုတွင် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟု ခန့်မှန်းကြောင်း
တရုတ်ဗဟိုဘဏ်အုပ်ချုပ်ရေးမှူး ကျိုးရှောင်ချွမ်ကလည်း ယခုမတ်လ အစောပိုင်းက ပြောကြားခဲ့ပြီး ဖြစ်သည်။

တရုတ်တွင် ၂၀၁၆ ခုနှစ်က အိမ်ဝယ်ယူမှုဆိုင်ရာ ချေးငွေများသည် ချေးငွေစုစုပေါင်း၏၃၉ ရာခိုင်နှုန်း ရှိခဲ့သည်။
"ဒီအခြေအနေကို မကိုင်တွယ်နိုင်ရင် အဲ့ဒီမြို့တွေက အိမ်ခြံမြေဈေးကွက်တွေမှာ အိမ်ခြံမြေပူဖောင်းတွေ ဖြစ်လာနိုင်ပါတယ်" ဟုလည်း ကျန်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် လအနည်းငယ်အတွင်း နိုင်ငံရှိ အိမ်ခြံမြေဈေးမြင့်တက်ခဲ့သည့် မြို့ကြီးအများအပြားမှ အစိုးရများက အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန်နှင့် ဈေးကစားမှုများအား ထိန်းချုပ်လျှော့ချရန် ၀ယ်ယူခွင့်နှင့် ပိုင်ဆိုင်ခွင့်ဆိုင်ရာ အိမ်ခြံမြေစည်းမျဉ်းများအားပြီးခဲ့သည့် စက်တင်ဘာနှောင်းပိုင်းမှစတင်၍ တင်းကျပ်လာခဲ့သည်။

မြန်မာနိုင်ငံသားများအကြား လူသိများသည့် နန်ကျင်းမြို့နှင့် တရုတ်အရှေ့ပိုင်းဆိပ်ကမ်း
မြို့ ဖြစ်သည့် ချင်းသောင်မြို့တို့တွင် ယခုနောက်ဆုံးတင်းကျပ်လိုက်သည့် မြို့များအဖြစ်ပြီးခဲ့သည့် သီတင်းပတ် (မတ် ၁၆) က တင်းကျပ်ခဲ့သည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ

ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင

လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service