Landmark Development Yoma Central စီမံကိန်း၂၀၂၀တွင်ပြီးစီးရန် လျာထား

Landmark Development Yoma Central စီမံကိန်း၂၀၂၀တွင်ပြီးစီးရန် လျာထား - Property News in Myanmar from iMyanmarHouse.com
21 Mar 2017 10:14 am တွင် တင်ခဲ့သည်
2319 ကြိမ် ကြည့်ရှု့ပြီး
FMI ကတည်ဆောက်နေသည့် Landmark Development Yoma Centralစီမံကိန်း၂၀၂၀တွင် အပြီးသတ်နိုင်ရန် လျာထားကြောင်း
သတင်းရရှိသည်။

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရားလမ်းထောင့်ရှိ သမိုင်းဝင် မြန်မာ့မီးရထားရုံးချုပ်ဟောင်းကို ရှေးမူမပျက် ပြင်ဆင်၍ ဟိုတယ် အဖြစ် အကောင်အထည်ဖော် ခြင်း အပါအဝင် လူနေအိမ်၊ ရုံးခန်းများ ပါဝင်သောLandmark Development Yoma Central တည်ဆောက်ရေး စီမံကိန်း စတင်နေပြီဖြစ်သည်။

FMI ကုမ္ပဏီက တည်ဆောက်သည့် အဆိုပါစီမံကိန်းကို
အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆောက်အအုံ ပန္နက်တင် အခမ်းအနားကို ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၆ ရက်က ကျင်းပခဲ့သည်။

ရန်ကုန်မြို့လယ်ရှိ မြေ ၁၀ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ရင်းနှီးမြှုပ်နှံ မည့်အဆိုပါစီမံကိန်း၌မီးရထားရုံးချုပ်ဟောင်းကို မူလလက်ရာအတိုင်း ပြန်လည် ပြင်ဆင်ပြီး The Peninsula
ဟိုတယ်အဖြစ် အကောင်အထည် ဖော်မည်ဖြစ်
ကြောင်းသတင်းထုတ်ပြန်ထား သည်။
ထို့အပြင် စီမံကိန်းတစ်ခုလုံးတွင် ရုံးခန်းများပါရှိသော တာဝါ နှစ်လုံး၊ ဟိုတယ်တစ်လုံးနှင့်
လူနေအိမ်ခန်း (Apartment)များ ပါဝင်မည်ဖြစ်သည်။

စတော့အိတ်ချိန်းဝင် FMI ကုမ္ပဏီ၏ ယခုစီမံကိန်းသည် သန်လျင်မြို့နယ် စတားစီးတီး အိမ်ရာစီမံကိန်းကဲ့ သို့ ပမာဏများ ပြားသည့် ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ဖြစ်ပြီး ဟိုတယ်နှင့် အဆောက်အအုံများ တည်ဆောက်မှုတွင် FMI အတွက် ပွဲဦးထွက် စီမံကိန်း ဖြစ်သည်။
‘‘အိမ်ရာဖော်ထုတ်ရေး ကဏ္ဍမှာ ရန်ကုန်အတွက် ဒီစီမံကိန်းကတော့ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်လာ မယ့် စီမံကိန်း ဖြစ်လာနိုင်ပါတယ်’’ ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူး ဦး အောင်နိုင်ဦးက ပြောသည်။

အဆိုပါစီမံကိန်းတွင် မြန်မာ ဘက်မှ FMI က ၁၂ ရာခိုင်နှုန်းနှင့် Yoma Strategic က ၄၈ ရာခိုင်နှုန်းဖြင့် ရင်းနှီးမြှုပ်နှံမှု ၆၀ ရာခိုင် နှုန်းဖြစ်ပြီး ဂျပန်နိုင်ငံ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းက ၃၀ ရာခိုင်နှုန်း၊ The International Finance Corporation (IFC)က
၅ ရာခိုင် နှုန်းနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ၅ ရာခိုင်နှုန်းဖြင့် ပူး ပေါင်းဆောင်ရွက်ထားသည်။

Peninsula Yangon ဟိုတယ်စီမံကိန်းကို FMI က ၆ရာခိုင်နှုန်း၊ Yoma Strategic က ၂၄ ရာခိုင်နှုန်း၊ Hongkong and ShanghaiHotels Limited က ၇၀ ရာခိုင်နှုန်းဖြင့် ပူးပေါင်းဆောင်ရွက်ထား ကြောင်းသတင်းရရှိသည်။

နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင်္ဂလာပွဲတက်ရောက်လာမည့် အကျော်အမော်ဧည့်သည်တော်တို့အား တောင်းဆို...

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့စုံတွဲ၏ မင်္ဂလာပွဲကြို မြင်ကွင်းများ

သြစတေးလျတွင် စွန့်ပစ်ခံ အပန်းဖြေစခန်းတစ်ခုပါဝင်သော လူသူကင်းမဲ့နေသည့် ကျွန်းတစ်ကျွန်း အရောင်းဈေးကွက်ဝင်လာ...

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်...

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလာရာ တစ်ဦးလျှင် ဒေါ်လာ ၁၃၂ သန်းခန့် ရရှိဖွယ်ရှိ...

အမေရိကန်ပြည်၊ ကင်တပ်ကီပြည်နယ်မှ မြို့ငယ်လေးတစ်ခုက ၎င်းတို့ထံ ပြောင်းရွှေ့နေထိုင်ကြရန် ဒေါ်လာ ၆၅၀၀ ဖိုးခန့် မက်လုံးများပေးကာ ဆွဲဆောင်လျက်ရှိ...

Mel Gibson က လော့စ်အိန်ဂျလိ တောမီးတွင် မီးသင့်ခဲ့ရသည့် နန်းတော်တမျှ ခမ်းနားသော စံအိမ်ကြီးကို ပြန်လည်ဆောက်လုပ်လျက်ရှိ...

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က ၎င်းတို့၏ မင်္ဂလာပွဲအတွက် အီတလီမှ ကျွန်းတစ်ကျွန်းလုံးကို ၆ ရက်ငှားရမ်းထား...

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်မည်...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်

ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ

ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင

တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service